မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 June 2010

6 ခေတ်မှီချင်တယ်. . တဲ့။



မရွှေစင်ဦး နေရာလေးကို ရောက်သွားတော့ သူက ခေတ်မှီချင်တယ် လို့ ဆိုတယ်။ ဘာလဲဟ ဆိုပြီး ဖတ်ကြည့်လိုက်တော့ ဟိုသတင်းဗျ။ ဒါနဲ့ အောက်က လင့်လေးပေးထားတာကို နှိပ်ပြီး ကြည့်လိုက်တော့ ဒေါင်းဖို့ ဟာလေးကို တွေ့တယ်။ ဒါနဲ့ နားထောင်ကြည့်လိုက်တော့ ဟိုသတင်းကို ပြန်ပြီးတော့ ဟိုဟာ ပြန်ပြုထားတာ . . ၊ ဒါနဲ့ ကျွန်တော်လည်း ဟိုဟာ ပြုသွားတာနဲ့ ၊ အစ်မကြီး မရွှေစင်ဦးကို အသာလေး Comment ပေးပြီး တောင်းယူလာတယ်။ ပြီးတော့ ဒီမှာ လာတင်လိုက်တာ. . .ဟိဟိ။

ဒါပေမဲ့ နားထောင်ပြီးရင် ဘာဘာညာညာ လျှောက်မပြောရဘူးနော်။ ငြိမ်ငြိမ်လေးပဲ နားထောင် :P ဒါပေမဲ့ ကျွန်တော်ကတော့ နည်းနည်းတော့ ဘာဘာညာညာ ပြောလိုက်ဦးမယ်။

တကယ်တော့ဗျာ။ သူ့နေရာမှာ ငါသာ ဆိုရင် ဆိုပြီး စဉ်းစားကြည့်မယ် ဆိုရင် အရာရာ အဆင်ပြေနိုင်ပါတယ်။ အခုတော့ လူတွေမှာ ဒီလိုမဟုတ်ပဲ “ ငါမေးချင်တာ မေးမယ် ၊ ဖြေကို ဖြေရမယ် ။ ” ဆိုပြီး အတင်းအကြပ်ကြီး ကိုယ်ချင်းစာ တရား မရှိလေတော့ ဖြစ်လာရတာတွေပါ။ သူ့နေရာမှာ ကိုယ်သာ ဆိုရင် ဘယ်လိုများ တုံ့ပြန်လေလိမ့်မလဲ ဆိုတာကို သိချင်တယ်ဗျာ။

ဆရာ မင်းသိင်္ခ ရဲ့ စာအုပ်လေး တစ်အုပ်ကို သွားသတိရတယ်ဗျာ။ အားလုံး အတွက်ပါ။

မင်းမေးတိုင်း ငါ ဖြေရမှာလား။ ” တဲ့။

( စာအုပ်နာမည်ကို ရှာကြည့်တာ  ဒီမှာ    “ မင်းမေးတိုင်း ငါ ဖြေရမှာလား။ ” လို့ တွေ့တဲ့ အတွက် ဒီလိုပဲ ရေးလိုက်ပါတယ်။ ကျွန်တော်က “ မင်းမေးတိုင်း ဖြေရမှာလား။ ” လို့ မှတ်ထားမိလို့ပါ။ )

ကဲ . . . တိုးတိုးတိတ်တိတ် နားထောင်ကြနော်။




စဉ်းစား ခံစား စရာလေးပါပဲ။


မှတ်ချက်။ ။ ဒီလို အသံဖိုင် တင်တာလေးကို မေးထားသူများ အတွက် ကျွန်တော် ရေးနေပါပြီ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

အင်း ကိုဇော်ရေ အဲလို အသံဖိုင်လေး တော့ လုပ်တတ်ချင်တယ် ကျေးဇူး

ရွှေစင်ဦး

မောင်သီဟ said...

မင်းမေးတိုင်းငါမဖြေနိုင်ပါဖူး ဟူးဟူးးးးးး)

Unknown said...

ကိုဇော်ရေ
တိုးတိုး တိတ်တိတ်လေး နားထောင်ပီး
တိုးတိုး တိတ်တိတ်လေး ခေတ်မှီသွားတယ် ဟဲဟဲ

ခိုင်နုငယ် said...

ဟုတ်ပ
မင်းတို့မေးတိုင်း ဖြေရမှာလား။
ထက်ထက်ရဲ့ရိုက်ချက် အဲလေထက်ထက်ရဲ့
အသံလေးနားထောင်းသွားတယ်ဗျို့...
သိုင်းကျူးပါ..ကိုဇော်...

သိင်္ဂါကျော် said...

ထက်ထက် ခံစားချက်ကို အစကတည်းက နားလည်ပါတယ်.. ဒီဟာ နားထောင်ပြီးတော့ ပိုသနားသွားတယ်.. ဒါပေမယ့် သူလွန်တာလည်း လွန်တာပါပဲလေ..

မြတ်မွန် said...

ကျေးဇူးတင်ပါတယ်..ကိုဇော်..
တိုးတိုးလေးနားထောင်ပါတယ်။:P