မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 June 2010

12 ပုံ ၊ အသံ ၊ ဗီဒီယို တင်ကြမယ်



*** မသိသေးသူများ အတွက်သာ ရည်ရွယ်ပါတယ်။ ***


တချို့ကလည်း ပြောကြပါတယ်။ မြန်မာနိုင်ငံကနေပြီးတော့ Blogspot ကို ဖွင့်ရင် ပိတ်ထားလို့ ဝင်လို့ မရပါတဲ့။ ဒီတော့ အဆင်ပြေသူများက ကိုယ့်ရဲ့ Blogspot ကို ဒိုမိန်းပြောင်းပြီး .com ၊ .net ၊ .org ၊ .info ဆိုပြီး ပြောင်းလိုက်ကြတယ်။ ဒီတော့ မြန်မာနိုင်ငံက စာဖတ်သူများ အလွယ်တကူ ဝင်ဖတ်လို့ ရသွားပါတော့တယ်။

ဒါပေမဲ့ Blogspot ကို ပိတ်ထားတာ ဖြစ်လေတော့ မြန်မာနိုင်ငံက လူတွေ ဝင်ဖတ်တော့ စာကိုသာ မြင်ရပြီး သူနဲ့ ပတ်သတ်ပြီး တင်တဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေကို မမြင်ရပဲ ဗလာကြီးပဲ မြင်ရပါတယ်။ တချို့သော နေရာတွေမှာပါ။ ဒီအတွက် ကျွန်တော် တင်နေတဲ့ ပုံတွေ ၊ အသံတွေ ၊ ဗီဒီယိုတွေ တင်နည်း ( လူပြိန်းနည်း ) ကို ပြောပြပါမယ်။ လွယ်ပါတယ်ဗျ။

ပုံတင်နည်း

ပုံကို ရိုးရိုးတင်မယ် ဆိုရင် Upload လုပ်ပြီးတော့ တင်ရပါတယ်။ ဒါဆို ဘာပဲ ပြောပြော ကြာပါတယ်။ ကျွန်တော်ကတော့ Google က ရှာတာ ဆိုရင် ဒီလိုပဲ တင်ပါတယ်။

၁။ ပထမဦးဆုံး ကိုယ့်ရဲ့ Post ရေးတဲ့ အကွက် ညာဘက် အပေါ်မှာ Edit HTML နဲ့ Compose လို့ ရှိပါတယ်။ ဒါကို Edit HTML ဆိုတာလေးကို ရွေးလိုက်ပါ။

၂။ ပြီးရင် ဒီကုတ်ကို ( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ ) ကို ကူးထည့်လိုက်ပါ။

ကုတ်ကြီးပဲ ဆို. . ဒါပါ ( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

၃။ ပြီးရင် ဒီနေရာမှာ ဆိုတဲ့ နေရာမှာ google က ရှာထားတဲ့ ပုံရဲ့ Link ကို ကူးထည့်လိုက်ပါ။ ဒီနေရာမှာ " " ဒါလေးတွေတော့ မပျောက်သွားပါစေနဲ့။ ဒီလိုပေါ့ဗျာ။

( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

၎။ ပြီးရင် ညာအပေါ်က Compose ဆိုတာကို ပြန်နှိပ်လိုက်ပါ။

၅။ ဒါဆိုရင် ချက်ချင်း ပုံလေးပေါ်လာပါပြီ။ ဒီပုံကို ကြီးချင် သေးချင်ရင်တော့ ပုံရဲ့ ဘေးအစွန်ကပဲ ဖြစ်ပါစေ။ ပုံကိုပဲ နှိပ်ပြီး ဖြစ်ပါစေ သေးလို့ ကြီးလို့ ရပါတယ်။ ဒါဆို ပုံလေးတွေကို တင်လို့ မြင်ရပါပြီ။


အသံ တင်နည်း

အသံတင်နည်းကတော့ နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စာဖတ်တာကို ပိုပြီး အားသန်သူ တစ်ယောက် အနေနဲ့ ဆိုက်ထဲ ဝင်တာနဲ့ သီချင်း အလိုလို ထွက်လာတဲ့ Auto Play ဆိုတာကို မနှစ်သက်ပါဘူး။ ဒါကြောင့် နားထောင်ချင်ရင် ကိုယ့်ဖာသာ နှိပ်လို့ရတဲ့ ဟာလေးကိုပဲ လုပ်နည်း တင်ပေးလိုက်ပါ့မယ်။

၁။ ပထမဦးဆုံး http://www.4shared.com သို့သွားပါ။ ပြီးရင် အကောင့်မရှိရင် Sign Up လုပ်ပါ။ ဒါမှ ကိုယ်က အသံတွေကို ပြန်ပြီး ပြင်မယ် ဆိုရင် လုပ်ပိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အားသာချက်တွေ ရှိပါသေးတယ်။ ဘယ်နှစ်ယောက် ကိုယ်တင်ထားတာကို လာနားထောင်သွားလည်း ဆိုတာကိုလည်း ပြန်ပြီး စစ်လို့ရပါတယ်။

၂။ အကောင့်လုပ်ပြီးရင် အလိုလို ကိုယ့်ရဲ့ အကောင့်ထဲကို ဝင်သွားပါလိမ့်မယ်။ တကယ်လို့ အကောင့်ရှိပြီးသား ဆိုရင် Sign In လုပ်ပြီး ဝင်လိုက်ပါ။ အထဲကို ရောက်ပြီ ဆိုရင် ဘယ်ဘက် အောက်ထောင့်မှာ Upload လုပ်ဖို့ အကွက်လေး ရှိပါတယ်။

၃။ ထိုအကွက်ထဲမှ Browse ကို နှိပ်၍ ကိုယ်တင်လိုသော အသံဖိုင် ( MP3 ) ကို ရွေးလိုက်ပါ။ ပြီးရင် အကွက်လေး ညာဘက်အောက်မှ Upload ကိုနှိပ်ပြီး တင်လိုက်ပါ။

၎။ ဒါဆို သူ့ဖာသာ Upload တင်နေပါလိမ့်မယ်။ ခဏစောင့်ပါ။

၅။ Upload တင်ပြီးရင် အလယ်က ဘောင်ကွက်ကြီးထဲမှာ မိမိ တင်ထားတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်။ ဒါအပြင် သူက တင်ပြီးကြောင်းကို ဘောင်ကွက်လေး အသစ်တစ်ခုနဲ့ ပြပေးပါလိမ့်မယ်။

၆။ အဲဒီအထဲက လင့်လေးက ကိုယ်တင်ထားတဲ့ ဖိုင်ရဲ့ လင့်ပါ။

၇။ ဒါကို ကူးယူလိုက်ပါ။ ပြီးရင် Address Bar မှာ ဖြည့်ပြီး ထည့်လိုက်ပါ။ နောက်တော့ Enter ပေါ့။

၈။ ဒါဆို သူများတွေလည်း ဒေါင်း ချင်ရင် ဒေါင်းလို့ ရအောင် လုပ်ပေးတဲ့ နေရာကို ရောက်ပါပြီ။

၉။ ဒီနေရာမှာ အသံဖိုင် ( MP3 ) အတွက် တင်ပေးထားတာ ဆိုတော့ တိုက်ရိုက် နားထောင်လို့ ရတဲ့ နေရာလေး ရှိနေပါတယ်။ သီချင်းရဲ့ နာမည်နဲ့ သူ့ရဲ့ အောက်မှာပါ။ ဒါဆို နားထောင်ချင်သူများ ထိုနေရာမှာ မဒေါင်းပဲ တိုက်ရိုက် နားထောင်နိုင်ပါတယ်။ ဒေါင်းမယ် ဆိုလည်း အပြာရောင်နဲ့ Download Now ဆိုတာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။

၁၀။ ဒါပြီးရင်တော့ ကိုယ့်ရဲ့ ဆိုက်နေရာမှာ အသံဖိုင်လေးတွေ တင်လို့ ရအောင် လုပ်ပါမယ်။ ဒါကတော့ ဒေါင်းဖို့ ရောက်နေတဲ့ နေရာရဲ့ အောက်ကို သွားလိုက်ပါ။ အဲဒီနေရာမှာ Share ဆိုပြီး ရေးထားတဲ့ အကွက်ထဲမှာ ၄ မျိုး ရေးထားပါတယ်။

URL:
HTML code:
Forum code:
Embed:   ဒီနေရာက ကုတ်ကို ယူပါ။

ကို တွေ့ပါလိမ့်မယ်။ အဲဒီ အထဲကမှ Embed ဆိုတဲ့ စာဘေး ဘောင်လေးထဲက စာလေးကို Copy ကူးလိုက်ပါ။

၁၁။ ပြီးရင် အပေါ် ပုံတင်တာမှာ ကျွန်တော် ပြောထားတဲ့ အတိုင်း Edit HTML ဆိုတာကို နှိပ်ပြီး ဝင်လိုက်ပါ။

၁၂။ ပြီးရင် ကူးလာတဲ့ ကုတ်တွေကို ကိုယ်ထည့်ချင်တဲ့ နေရာမှာ Paste လုပ်လိုက်ပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ်က Paste လုပ်ပြီးလို့ ပြန်ပြီး Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ဘာမှ မပေါ်ပါဘူး။ ဒါကြောင့် ကိုယ်က ဘာလို့ မပေါ်တာလဲ ဆိုပြီး စိတ်မရှုပ်သွားပါနဲ့။ ပို့စ်တင်ဖို့ PUBLISH POST ကို နှိပ်လိုက်ရင်တော့ ကိုယ်တင်ထားတဲ့ ပို့စ်မှာတော့ လာပေါ်မှာပါ။

၁၃။ ဒါကြောင့် ဒီလို ကုတ်လေးကို Edit HTML နေရာမှာ ကူးထည့်ပြီးရင် ကုတ်ရဲ့ အပေါ်နဲ့ အောက်မှာ ဒေါ့ ပဲ ဖြစ်ဖြစ် ၊ ( -- ) လေး ချထားခဲ့ရင် Compose ကို ပြောင်းလိုက်တဲ့ အခါမှာ ကုတ်နဲ့ ဖိုင် ဘာမှ မပေါ်ပေမဲ့ အစက်လေး နှစ်စက် ပေါ်နေတဲ့ အတွက် ကိုယ်ဆက်ရေးချင်တဲ့ စာတွေကို အောက်က အစက်လေး အောက်မှာ ဆက်ပြီး ရေးလို့ ရပါတယ်။ အားလုံးပြီးပြီ ဆိုမှ Edit HTML ထဲကို ပြန်ဝင်ပြီး အစက်လေး နှစ်ကို ဖျက်လိုက်လည်း ရပါတယ်။ ဘာလို့ Compose မှာ မဖျက်တာလဲ ဆိုရင် ကုတ်တွေကိုပါ မှားပြီး ဖျက်မိမှာ စိုးလို့ပါ။

၁၄။ ဒါဆိုရင် အသံဖိုင်လေး တင်လို့ ပြီးပါပြီ။ သို့သော် အသံဖိုင်မှာ ကြော်ငြာတွေ လာပြီး ပေါ်နေပါလိမ့်မယ်။ ( သို့ ) အသံရဲ့ နောက်မှာ နောက်ခံ လှိုင်းလေးတွေ ပေါ်ပါလိမ့်မယ်။ ဒါဆို မျက်စိ နောက်စရာပါ။ ဒါကြောင့် ဒါကို ဖျောက်ပါမယ်။

၁၅။ မူရင်း ကုတ်တစ်ခုဟာ ဒီလိုပါ။

( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

ဒါဆိုရင် သီချင်းပေါ်လာတဲ့ အခါမှာ ဒီလို ပေါ်လာပါလိမ့်မယ်။

------


------

၁၆။ ဒီလို height နေရာမှာ 250 ကို 20 လို့ ပြင်လိုက်ပါ။ ဒါဆိုရင် အမြင့်က 20 ပဲ ရှိတော့ပြီး ကြော်ငြာတွေ ၊ လှိုင်းတွေ မမြင်ရတော့ပါဘူး။ ဒါဆိုရင် ရပါပြီ။

( ဒီနေရာမှာ ကုတ် ရေးပြထားပါတယ်။ )

-----




-----
၁၇။ ထိုကဲ့သို့ပဲ width=”420” ဆိုတဲ့ နေရာမှာလည်း အတို အရှည်ကို ဝင်ပြီး ပြင်လို့ရပါတယ်။ တကယ်လို့ 40 ပဲ ထားရင် တိုတိုလေးပဲ တွေ့ရမှာပေါ့။ ဒါဆိုရင် ကိုယ်တင်ချင်တဲ့ သီချင်းတွေကို အဲဒီလို ကုတ်လေးကို ပြောင်းပြီး ကိုယ့်ဘလော့ရဲ့ ဆိုက်ဘားမှာ တင်လို့ရပါပြီ။

ဗီဒီယို တင်နည်း

ဒါကတော့ အထွေအထူး ပြောဖို့ မလိုတော့ပါဘူးဗျာ။ အသံဖိုင်လေး တင်တတ်သွားပြီ ဆိုရင် ဗီဒီယိုက အမြင့် ကုတ်ကို ပြောင်းစရာ မလိုပါဘူး။ အတို အရှည် ကုတ်ကိုပဲ ပြောင်းဖို့ လိုရင် လိုပါလိမ့်မယ်။ သို့သော် ကျွန်တော် တင်မိသမျှတော့ အားလုံး အဆင်ပြေပါတယ်။ စမ်းလုပ်ကြည့်ပါ။

ပုံတွေ ကျွန်တော် ဒီမှာ ပြည့်ပြည့်စုံစုံ မထည့်ထားပါဘူး။ PDF ဖိုင်ထဲမှာတော့ အားလုံး ပြည့်စုံအောင် ထည့်ပေးထားပါတယ်။ ဒီမှာက ကုတ်တွေနဲ့ ရှုပ်နေမှာ စိုးလို့ပါ။ နောက်ပြီး PDF ဖိုင်ထဲမှာ ပြုံးစရာ တစ်ခုကိုလည်း ထည့်ထားလို့ပါ :P

pdf ဖြင့် ဒီမှာ    ယူပါ။


အဆင်ပြေကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

ဖိုးသား said...

ကြိုက်တယ်ဗျ...........pdfလေးတော့ဒေါင်းလိုက်ပြီနော်

မိုးခေတ် said...

ကျေးဇူးပါ...ကိုဇော်ရေ...
ဒေါင်းသွားတယ်ဗျ...

SHWE ZIN U said...

ကိုဇော် ရေ

အခုလို ရေးပြထားတဲ့ အတွက်ကျေးဇူးနော် လိုအပ်တဲ့ အခါ အသုံးပြုပါမယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

သေသေချာချာ ဖတ်မှတ်သွားတယ်.. ဒေါင်းလဲ ဒေါင်းသွားပါတယ် သယ်ချင်း... ကျေးဇူးဘဲနော်....

သက်ဝေ said...

ကျေးဇူးပါ..
လိုတဲ့အခါ သုံးရအောင် မှတ်သွားတယ်နော်...

မောင်သီဟ said...

ကျေးဇူးပဲကိုဇော်ရေ

Angel Shaper said...

ကျေစ်းးးးးးးးးးး ကိုဇော်ရေ....
ဒေါင်းသွားသည်။
ကျွမ်းသွားမှ အသံနဲ့ ရုပ်နဲ့ကို နှိပ်စက်ပစ်မယ်.... ခစ်ခစ် (လန့်မသွားရန်) :P

Nge Naing said...

ဖတ်တော့ ဖတ်သွားတယ် ကွန်ပြူတာ Skill က အဲဒီလောက်အထိ မရှိလို့ ပြောထားတဲ့အတိုင်း လိုက်လုပ်လို့ တခါမှ အဆင်မပြေတတ်ဘူး။ တကယ် အသုံးပြုဖို့ လိုရင်တော့ ပြန်လာဖတ်ပြီး လုပ်ကြည့်မယ်။ စုစည်းတင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်။

Nge Naing said...

ပြောဖို့ မေ့ကျန်ခဲ့လို့ ပို့စ်နဲ့တော့ မဆိုင်ပါဘူး။ ကိုယ့်နာမည်နဲ့ တခြားလူတွေရဲ့ C-Box မှာ သွားရေးသလို ကိုယ့် C-Box မှာလည်း လာရေးနိုင်ပါတယ်။ ကိုဇော်ဘလော့ဂ်က လူကြိုက်များလာလို့ ဖြစ်တယ်။ အဲဒါ အစပဲ ရှိသေးတယ်။ ဘလော့ဂ်တခုကို လူလာများလာပြီဆိုတာနဲ့ သ၀န်တိုပြီး စားမ၀င် အိပ်မပျော် တချိန်လုံး လိုက်ဖျက်ဆီးနေတတ်တဲ့ ရှေးဘ၀၀ဋ်ကြွေး ပါလာသူတွေ ဘလော့ဂ်လောကမှာ အများကြီး ရှိနေပါတယ်။ ကိုဇော်ဘလော့ဂ်မှာက လူကြိုက်များလာလို့ သ၀န်တိုခံရတာပဲ ရှိမယ်။ အစ်မဆီမှာတော့ ဘ၀ဖြတ်သန်းမှုကို အဓိကရေးတော့ အဲဒီထဲမှာ ပါနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြဿနာရှာချင်သူတွေရဲ့ နှောင့်ယှက်တာကိုပါ ကောင်းကောင်း ခံရတော့ ပိုဆိုးပါတယ်။ ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ အစကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လာရေးရင် ဘန်းလို့ရပေမဲ့ သူများဘလော့ဂ်မှာ ကိုယ့်နာမည်နဲ့ လိုက်ရေးနေတာကိုတော့ ရေးထားတဲ့ ဘလော့ဂ်တွေမှာ သွားပြီး အဲဒါ ကျွန်မမဟုတ်ဘူး ဖျက်ပေးပါ သွားအသိပေးတာ ထပ်ရေးလို့ ပိုတောင် များလာသေးတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတယ်။ နောက်မှ အဲဒီကတဆင့် လာလည်တဲ့ သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် အပေါ်မှာ အခုလိုရေးပြီး အသိပေးတဲ့ နည်းကို အကြံရသွားတယ်။ အဲဒီ Link ကတဆင့် ရောက်လာသူတွေလည်း တခါတည်း သိသွားမှာ ဖြစ်လို့ ကိုဇော်လည်း အခုလို ရေးထားပေးတာ သိပ်ကောင်းပါတယ်။

မင်းဒင် said...

ကွန်ပြူတာ ဆိုတာ လက်နှိပ်စက်နဲ့ တီဗွီတွဲထား တာလို့ထင်နေတဲ့သူမို့ သေချာလေ့လာရအုံးမယ်ဗျို့ ။ လူပြိန်းနားလည် အောင် ရေးပြပေးတာ ကျေးဇူးပါဗျာ ။

မင်းဒင်

MrANT said...

မပြုံးနိုင်ဘူးဗျ ဒေါင်းမရဘူး....
အဆက်ဒီနိင်းတဲ့ ဗျား........ >_<

SHWE ZIN U said...

ကိုဇော် ရေ

ရေးထားတဲ့ ပိုစ် လေးကြည့်ပြီး အသံတင်တာ အဆင်ပြေသွားတဲ့ ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး