မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 June 2010

5 Error Repair က ပေးသော တစ်စုံတစ်ရာ



ဒီနေ့ ကျွန်တော် တော်တော်ကို ပျင်းနေတယ်ဗျာ။ စာကို မရေးချင်ဘူး။ လူကလည်း အိပ်လိုက်တာမှ အလုပ်သွားခါနီးမှ အတင်းထရတယ်။ စားလိုက်တာလည်း ခဏနေ တစ်ခါ ဆိုသလိုပဲ။ မစားပဲ နေတဲ့ အချိန်က အိပ်ချိန်ပဲ အဲသလို ဖြစ်နေတယ်။ ဘယ်မှတောင်မှ မသွားဖြစ်ဘူး။ ဒါကြောင့် အခန်းမှာလည်း စားစရာတောင်မှ ပြတ်သလောက် ဖြစ်နေပြီ။ ကျွန်တော်က အအေး မသောက်ရရင် မနေနိုင်ဘူးဗျ ၊ အခု ဒါတောင်မှ သွားမဝယ်ဖြစ်တာ ကြာပြီ။ သွားရင်း လာရင်းပဲ တွေ့တဲ့ ဆိုင်က ဆွဲသောက်နေရတယ်။ 

ကျွန်တော် ပျင်းလွန်းရင် လုပ်ဖြစ်တဲ့ အလုပ်လေး တစ်ခု ပြောပြချင်လို့ပါ။ ကျွန်တော်က ပျင်းရင် အိမ်က စက်ကို ( ဒက်စတော့ကြီးကို ) အကုန်ဖြုတ်ပြီး ဖုန်ရှင်း တတ်တယ်။ ဒီထက် ပို၍ ပို၍ ပျင်းလာရင် ဝင်းဒိုး အသစ်ပါ တင်တယ်ဗျာ အဲသလို။ ဒါနဲ့ မှတ်မှတ်ရရ ပြောပါဦးမယ်။ အခု ကျွန်တော် ရေးနေတာ “ လက်ဆောင် ” ဆိုတဲ့ ပို့စ်ရယ် ၊ “ နောက်က လူများသို့ ” ဆိုတဲ့ ပို့စ်ပါ။ “ နောက်လိုက်များ ” ဆိုပြီးတော့ ဝတ္ထုတိုလေး တစ်ပုဒ်တော့ ရှိပါသေးတယ်။ ဒါပေမဲ့ ဒါက တစ်နေရာသို့ ရည်ရွယ်ထားတာ ဖြစ်လို့ တင်ဖြစ်ဖို့တော့ မသေချာပါဘူး။ တင်ဖြစ်တော့လည်း တင်ဖြစ်လို့ပေါ့။ ဒီသတင်း ကြေငြာချက်ကတော့  ပြောဖြစ်အောင် ပြောရပါသေးတယ် :P

ကျွန်တော် နောက်ထပ် နည်းနည်းလောက် ထပ်ပြောချင်တယ်ဗျာ။ ကျွန်တော့်အတွက် ပို့စ်တစ်ပုဒ်ဆိုတာ ဖြစ်လာဖို့ တကယ်ကို မလွယ်လှပါဘူး။ ရင်ထဲမှာ ရက်ပေါင်းများစွာ အောင်းနေတတ်ပါတယ်။ တစ်ခါတစ်လေ လနဲ့ချီပြီး အောင်းနေတတ်တယ်။ အချက်အလက် မပြည့်စုံသေးဘူးပေါ့ဗျာ။ ဒီလို ရင်ထဲမှာ . . . ကမာကောင်တွေရဲ့ ရင်ထဲ ဝင်နေတဲ့ အစိုင်အခဲလေးလို ခိုးလို့ခုလု နဲ့ နေ့ပေါင်းများစွာ မထွေးနိုင် မအန်နိုင်နဲ့ အတွေးစတွေ တစ်စနဲ့ တစ်စ ပတ်လည်ဝန်းရံပြီးမှ ဟောဗျာ . . ရော့ ပုလဲ တစ်လုံး ဆိုတဲ့ စာလေး တစ်ပုဒ် ဖြစ်တာပါ။ 

ဟိုနေ့ကတော့ ညီမတစ်ယောက်က မေးပါတယ်။ အစ်ကိုက လှိမ့်ရေးလှချည်လားတဲ့။ ဘယ်ကနေ Inspiration တွေ ရနေတာလဲတဲ့။ ကျွန်တော် တစ်ခွန်းပဲ ပြန်ဖြေမိတယ် ကျွန်တော် ပြောတတ်သလိုပေါ့။ “ အစ်ကိုက အတွေးများပြီး ကြောင်နေလို့ပါ။ ”  တကယ်ပါ ဒီအတိုင်းပါပဲ။ တကယ်တော့ ဒီနေ့ စာရေးမယ်ဟေ့ ဆိုမှ ကောင်းကင်က အချက်အလက်တွေက ကျလာပြီး ရောက်မလာပါဘူး။ ဒီလိုပဲ ရင်ထဲမှာ အစိုင်အခဲလေး တစ်ခုကို ပုလဲမွေးသလို မွေးထားရတာပါ။ အကြောင်းအရာ တိုက်ဆိုင်တဲ့ နေမှ “ ပွက် ” ခနဲ ပွင့်အန်ကျလာတာ ဖြစ်ပါတယ်။

ကျွန်တော် ရေးခဲ့သမျှတွေမှာလည်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေး ၊ အရေးတွေနဲ့ ချည်းပဲ တည်ဆောက်ထားတာ ၉၀ % နှုန်းကျော်ပါ။ တချို့ဟာတွေကို ဘာသာပြန်ပြီးတော့ မှီငြမ်းထားတာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောဖူးသလို မူရင်း အတိုင်း မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ဟိုတလောက စာလေး တစ်ပုဒ်မှာ သူ့မူရင်းက “ နွေရောက်လာလို့ စားစရာ ဘာဂါမှာ ထည့်ထားရတဲ့ အသားတွေလည်း ထွက်ပြေးကုန်ပြီ။ ” လို့ ရေးထားပါတယ်။ သူ ဖော်ညွှန်းထားတာ “ သြစတေးလျ ” ကိုပါ။ 

အဲဒီက တောကျသော ဒေသက လယ်သမားတွေက သူတို့ရဲ့ ဘာဂါအတွက် အသားကို “ ရှဉ့် ” ကို ဖမ်းပြီး လုပ်ရပါတယ်။ ဒီနေရာမှာ ကျွန်တော်က ကျွန်တော် တခြားက သိထားတာလေးကို ထည့်ပြီး “ ရှဉ့် ” ဆိုပြီး ရေးခဲ့ပါတယ်။ မူရင်း အတိုင်းဆိုရင်တော့ ကြောင်စီစီကြီးပါပဲ ဖတ်ရတာ။ သူ့အထဲမှာမှ မပါတာကိုး။ ဒီစာက သူ့တို့ ဒေသက လူတွေ ဖတ်ရင်တော့ အဆင်ပြေတာပေါ့။ ကျွန်တော်တို့လို တခြားဒေသက လူတွေ ကျတော့ သဘောမပေါက် ဖြစ်ရပါတယ်။ ဒီလို ဒီလိုလေးတွေပါ။

ဒါကြောင့် ကျွန်တော့်အတွက် စာတစ်ပုဒ်ထွက်လာဖို့ တော်တော်ကို ခက်ပါတယ်။ ရင်ထဲမှာ အောင်းထားရတဲ့ အချိန်ကလည်း မနည်းဘူး။ ဒီကြားထဲ အခုလို ရေးနေရင်း ပျင်းလာပြီး ဖီးလ်က ပျောက်သွားရင် သွားလေရော့ Draft ထဲ။ ဖီးလ်ပြန်ပေါ်လာမှ အဲဒါနဲ့ ပတ်သတ်တဲ့ စာလေးကို ပြန်ပြီး ဖုန်ခါကာ Publish လိုက်မိပါတော့တယ်။ အခုလည်း ဖီးလ်တွေ ငုတ်တယ် ဆိုတာထက် တော်တော်ကို ပျင်းနေတယ်ဗျ။ ဒါကြောင့် စက်လေးကို ဖုန်တွေ ရှင်းနေရင်း ထပ်ပြီး ပိုပျင်းမိ ပြီးတော့ ဝင်းဒိုး အသစ်တင်မယ်ကွာ ဆိုပြီင်္း  ဘာမှ ဖြစ်မနေနဲ့ ဝင်းဒိုးကို သွားပြီး ရန်ရှာမိပါလေရော။

ကျွန်တော်က ဒီဗီဒီ တစ်ချပ်ထဲမှာ For New PC ဆိုပြီး ဝင်းဒိုးအသစ်တင်ထားတဲ့ စက်တစ်လုံးအတွက် လိုအပ်တဲ့ ဆော့ဝဲလ်တွေ အကုန်လုံးကို ဘမ်းထား လိုက်လေ့ရှိတယ်။ ဒီင်္တော့ ဝင်းဒိုး တင်ပြီးရင် ဒီခွေလေးကို ထည့်ပြီး တစ်ခုပြီး တစ်ခု ထည့်သွားယုံပါပဲ။ ပြီးရင်တော့ စက်က သွေးသစ်လောင်း ပေးထားတဲ့ စစ်သူရဲကောင်းကြီးလို တတ်ကြွ မြန်ဆန် သွက်လက် နေတာပေါ့ဗျာ။ ဝင်းဒိုး ခဏခဏ တင်ရင် စက်အပျက်မြန်တယ် လို့တော့ ပြောကြတာပဲ။ ဒါပေမဲ့ အဲဒီလို ပြောတဲ့ လူတွေရဲ့စက်ပဲ ဆိုင်ရောက်တာပဲ။ ဘာဖြစ်တာလဲ ကျွန်တော်လည်း မသိဘူး၊

အခုတော့ ကျွန်တော်လည်း ပျင်းပျင်း ရှိနေတာနဲ့ စက်လေးရှင်းပြီး ဝင်းဒိုး အသစ်တင်တယ်။ ကျွန်တော့်ထုံးစံက ဝင်းဒိုးတင်ပြီးရင် Anti - Virus ကို အရင်တင်ပါတယ်။ ဘာလို့လဲ ဆိုတော့ လိုလို့ နက်ကနေ တစ်ခုခု ဆွဲရတယ် ဆိုရင် ပါလာမှာ စိုးလို့ပါ။ အခုတော့ Anti -Virus ကို တင်တော့မယ်ဆိုပြီး ဖိုဒါ တစ်ခုကို ဖွင့်လိုက်တယ် ဆိုတာနဲ့ ကျွန်တော် လက်လွန်ပြီး Run မိသွားတာက Error Repair Professional ဆိုတဲ့ ဆော့ဝဲလ်လေးပါ။ 

မှားနှိပ်လိုက်မိတယ် ဆိုပေမဲ့ ဒါကလည်း လိုတာပဲ ဆိုတာနဲ့ ကျွန်တော် Cancel မနှိပ်တော့ပဲ ဆက်ပြီး Run လိုက်ပါတယ်။ ပြီးတော့ သူ့ကို Register လုပ်ပြီး သုံးဖို့ အဆင်သင့် ဖြစ်သွားပါတယ်။ ဝင်းဒိုး တင်ပြီးပြီချင်း သူ့ကို ပထမဦးဆုံးတင်ဖြစ်တဲ့ ဆော့ဝဲလ်ပဲ ဖြစ်ပါတယ်။ သူ့က စက်တစ်လုံးမှာ မရှိမဖြစ်အောင်ကို လိုအပ်ပါတယ်။ ဆော့ဝဲလ်တွေ တင်လိုက် ၊ ဖြုတ်လိုက် လုပ်တတ်သူတွေ အတွက်ဆိုလည်း ပိုတောင်မှ လိုအပ်ပါသေးတယ်။ သူက မှားနေတာတွေကို အလိုလို ပြင်ပေးသွားတယ်။ လိုနေတာတွေ ၊ ပြတ်နေတာတွေကို ပြန်ပြီး ဖြည့်ပေးသွားတယ်။

ဒါလေး တင်ပြီးလို့ Anti - Virus ကို တင်တော့မယ် ဆိုတော့မှ ကျွန်တော့်စိတ်ကုးလေး တစ်ခု ရတယ်။ ဝင်းဒိုး တင်သမျှ ကာလတစ်လျှောက်လုံး တစ်ခါမှ သူ့ကို အရင် မတင်ဖူးလေတော့ အခု ဝင်းဒိုး အသစ်မှာ Error ကို စစ်ကြည့်လိုက်ရင် ဘယ်လိုများ နေမလဲပေါ့။ ဒါနဲ့ ဘာဆော့ဝဲလ်မှာ ထပ်မတင်ပဲ ကျွန်တော် Error စစ်လိုက်မိတယ်။ ဝင်းဒိုး အသစ်ကြီး ၊ အခုပဲ တင်ထားတာကို ဘယ်ကလာပြီး Error က ရှိပါ့မလဲ။ တစ်ခါမှ မစမ်းဖူးလို့သာ ပျင်းပျင်းရှိလို့ ကြောင်ကို ရေချိုးပေးမိတာ။ 

ဒါပေမဲ့ အံ့သြစရာပါပဲဗျာ။ အသစ်စက်စက် ဝင်းဒိုးကြီးမှာ Error ပေါင်း ၇ ခုကို တွေ့လိုက်ရတယ်။ ဒီ Error တွေက ဘယ်က ဘယ်လို ရောက်လာတာလဲ။ ဝင်းဒိုးက အသစ်မှ အသစ်စက်စက်ကြီး။ ဒါကြောင့် ကျွန်တော် စဉ်းစားလိုက်မိပါတယ်။ သူ့ဖာသာသူ Error မရှိပဲ အဆင်ပြေနေတဲ့ ဝင်းဒိုးအသစ်ထဲကို ဒီ  Error Repair Professional ထည့်လိုက်မှ သွားပြီး Error တွေ ဖြစ်သွားတာလားပေါ့။ 

ဒါကို ကျွန်တော်တို့ မြန်မာ စကားမှာ “ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ၊ ဆေးကြောင့် လေး ” ဆိုသလိုပေါ့။ အခုတော့ ကောင်းနေတဲ့ ဝင်းဒိုး ၊ အမှားစစ်တဲ့ ဆော့ဝဲလ် ထည့်တော့မှ အမှားတွေ့လို့ ပြောရတော့မှာပဲဗျာ။ ဘာပဲ ပြောပြော ဒါ ကွန်ပျူတာတစ်လုံးမို့လို့သာ တော်တော့တယ်ဗျာ။ ကွန်ပျူတာ ဆိုတာက ဘာမှ မဖြစ်ပါဘူး။ မကျေနပ်ရင် နောက်တစ်ခါ Format ထပ်ချ ၊ ထပ်ပြီးတော့ ဝင်းဒိုး တင်လို့ ရတာပါပဲ။ 

ကျွန်တော်တို့ ဘဝတွေမှာတော့ သွားပြီး မစမ်းသပ်လိုက်ပါနဲ့။ ဘဝဆိုတာ နောက်ပြန်ဆုတ်လို့ မရတဲ့ ရထားတစ်စီးပါ။ 

“ အချိန်ဆိုတာ တန်ဖိုး ရှိသလို ၊ အချိန်ဆိုတာ ကုန်လွယ်တယ်။ ”


နောက်ဆက်တွဲ . . . .

အခု ကမ္ဘာ့ဖလား ဘောလုံးပွဲကလည်း နီးလာတော့ ကျွန်တော့်ကို အွန်လိုင်းကနေပြီး ဘောပွဲကြည့်လို့ ရတဲ့ ဆိုက်ဆိုပြီး မေးလ်ကနေ တောင်းထားသူတွေကို ကျွန်တော် မေးလ်ကနေလည်း ပို့ပေးထားပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေအောင် ကျွန်တော် ဆိုက်ဘားနေရာက “ ကိုဇော် မျှဝေသည်။ ” နေရာမှာ တင်ပေးထားပါတယ်။

အဲဒီမှာ ကျွန်တော် တင်ပေးထားတာတွေ အကုန်လုံးက ကျွန်တော့် အကြိုက် ၊ ကျွန်တော့် လက်စွဲတွေ ချည်းပါပဲ။ နောက်လည်း အားရင် အားသလို ဆက်ပြီး တင်ပေးပါ့မယ်။ အခု တင်ပေးထားတာမှာတင် တော်တော်များပါတယ်။ ဘောလုံးပွဲတိုက်ရိုက် ကြည့်ဖို့ ဆိုတဲ့ ဆော့ဝဲလ်နဲ့ပဲ ကျွန်တော် ပရီးမီးယား လိဂ် ၊ ချန်ပီယံ လိဂ်တွေ ကြည့်လာတာပါ။ အထူးသဖြင့် စင်္ကာပူက သူငယ်ချင်းတွေ အနေနဲ့ ဒီဆော့ဝဲလ်နဲ့ ကြည့်ရင် ဘာလိုင်းမှ တပ်စရာ မလိုပဲ လုံးဝ ပိုက်ဆံ မကုန်ပါဘူး။ မော်နီတာ ၁၉ လက်မ အထိ မြင်ကွင်းရှင်းပါတယ်။ အဲ . . အလကား ဆော့ဝဲလ်ဆိုတော့လည်း Resolution နည်းနည်းတော့ ကျတာပေါ့ဗျာ။ ဒါပေမဲ့ ကြည့်ပျော်ပါတယ်။ 

ရုပ်ရှင်တွေ ကြည့်ဖို့ ဆိုတာကတော့ တရုတ်က ထုတ်တဲ့ ဆော့ဝဲလ်လေးပါ။ ဂျိန်းစဘွန်း ကားတွေကို ဆိုရင် ရှိသမျှ အတွဲလိုက် တင်ပေးထားပါတယ်။ တခြားကားတွေလည်း အစုံရှိပါတယ်။ တစ်ခုပဲ သူက စာတွေ အားလုံး ဘူးသီးကြော် တွေ ဖြစ်နေတာပါပဲ။ ဒါကြောင့် မဖတ်တတ်ရင် နားမလည်ပါဘူး။ ဒါပေမဲ့ စာပေါ်မှာ မောက်ကာဆာလေး တင်ထားလိုက်ရင် ဘာဇာတ်ကားဆိုတာ ပုံလေးနဲ့ ပေါ်လာပါတယ်။ ဒါလေးကလည်း ခွေဝယ်ကြည့်စရာ မလိုအောင် ဇာတ်ကားများစွာကို ကြည့်နိုင်ပါတယ်။ 

အဲဒီမှာ ကျွန်တော် Converter ၊  စက်ထဲမှာ Driver မရှိလို့ အသံမထွက်ဘူး ဆိုသူတွေ အတွက် Driver Checker ၊ ကိုစိုးမင်းရဲ့ အင်္ဂလိပ် <=> မြန်မာ အဘိဓာန် PDF လုပ်ပေးတဲ့ ဆော့ဝဲလ် ၊ အခုပို့စ်နဲ့ ဆိုင်တဲ့ Error Repair Professional  ၊ ရှိထားသင့်တဲ့ Ebook တွေ စတာ စတာတွေ ကျွန်တော် တင်ပေးထားပါတယ်။  နောက်လည်း အားရင် အားသလို ထပ်ပြီး တင်ပေးပါ့မယ်။ ဒီနေ့တော့ဗျာ။ ပို့စ်မတင်တော့ဘူး ဆိုပြီး ပျင်းပျင်း နဲ့ စက်ကို ကလိလိုက်တာ တစ်ခုတော့ ရေးဖြစ်သွားသေးတယ်။ 

ပျင်းတယ်ဗျာ။ နေရတာ တကယ်ကို ပျင်းစရာကြီး။ အဲ . . စားဖို့ သောက်ဖို့ မောလ်လေး ပြေးလိုက်ဦးမယ်ဗျာ။

ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

အခုလောက်ဆို ဈေးကပြန်လာလို့ စားသောက်ပြီး နှပ်နေရောပေါ့နော်

လိုတာတွေ လာယူမယ် ကျေးဇူး
သြ..နောက်ပြီး လူတွေ အတွက် ERROR REPAIR လေးရှိရင်လည်း လမ်းညွှန်ပါအုန်းလို့..ဟား ဟား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်သီဟ said...

ရသလေးနဲ့ အလှူလေးတွဲထားတာကိုး
ဆော့ဝဲတွေလာယူအုံးမယ် ဟေးဟေးး)

အတွေးကမ္ဘာ..မှတ်တမ်း said...

ကောင်မလေး ၂ယောက် ၃ယောက် လောက်တပြိုင်ထဲ ရည်းစား ထားလိုက်လေဗျာ...ကိုဇော် ပျင်းချိန်ရှိတော့ မှာမဟုတ် ဘူး...ဟားးး:P

Unknown said...

နာလဲ ပျင်းပျင်း ရှိတာနဲ့ နင့်ဆိုက်လေးထဲ ၀င်လာပြီး ဒီပို့စ်လေး ဖတ်သွားတယ်သယ်ချင်း..

လသာည said...

ERROR REPAIR လေးကို ခေါင်းထဲ ခဏထည့်ချင်နေတယ်။ ဘယ်လို ERROR တွေထွက်လာမလဲ သိချင်တာ..။ စိတ်ဝင်စားစရာတော့ တော်တော်ကေင်းမယ်..