မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 June 2010

2 Urban Night



ကျွန်တော့်မေးလ်ထဲကို ညီလေး တစ်ယောက်က မေးလ်တစ်စောင်နဲ့ အတူတူ သီချင်းလေး တစ်ပုဒ် ပို့ထားပါတယ်။ ကျွန်တော် တစ်ခါမှာ နားမထောင်ဖူးပါ။ သူပြောထားသလိုပါပဲ သီချင်းရဲ့ စာသားတွေနဲ့ အဓိပ္ပါယ်က ကောင်းလွန်းတော့ ကျွန်တော်လည်း ကြိုက်မိပါတယ်။ ဒီလိုပဲ အားလုံးကိုလည်း နားထောင်စေချင်လို့ အခု တင်ပေးလိုက်ပါတယ်။

သူ့ကိုလည်း ကျေးဇူးတင်တဲ့ အနေနဲ့ သူ့ရဲ့ သူများ အပေါ်ထားတဲ့ စိတ်ဓါတ်ကို ပေါ်လွင်မြင်သာစေအောင် သူ ကျွန်တော့်ဆီ ပို့ပေးတဲ့ မေးလ်လေးကိုလည်း ဖော်ပြပါရစေ။

အစ်ကိုဇော်...

ကျွန်တော်က အစ်ကို့ရဲ့ စိတ်ထဲ ထင်ဟပ် ဖော်ပြချက်လေးတွေကို   အမြဲတမ်းအားပေးနေတဲ့ silent reader တစ်ယောက်ပါ..။ ကျွန်တော် အဲဒီလိုဖတ်နေတာ အစ်ကိုတို့ အွန်လိုင်းစာရေးသူတွေကို စော်ကားသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်...။ အမြဲတမ်း လိုလို အစ်ကို့ရဲ့ စာလေးတွေကို ၀င်ဖတ်ဖြစ်ပါတယ်..။ ဗဟုသုတ နဲ့ တခြား မှတ်သားစရာတွေကို ရခဲ့ပါတယ်...။ 

အစ်ကိုလည်း ကျွန်တော်တို့လို အိမ်နဲ့ ဝေးနေရသူ တစ်ယောက်ဖြစ်တာရယ်.. သီချင်းစာသားလေးတွေ ကောင်းတာရယ်ကြောင့် အခု ကျွန်တော် ဒီသီချင်းလေးကို လက်ဆောင်အဖြစ် ပေးပါရစေ..အစ်ကို။ အစ်ကို သိပြီးသား သီချင်းလည်း ဖြစ်ချင်ဖြစ်ပါမယ်..။ အစ်ကို့ရဲ့ စိတ်နဲ့ ကိုက်ညီမူ မရှိခဲ့လို့ အနှောက်အယှက် ဖြစ်ခဲ့မယ်ဆို ဆောရီးပါ..အစ်ကို...။ စင်္ကာပူက အဖွဲ့တွေ စပ်ထားတဲ့ သီချင်းလေးထင်ပါတယ်။
                                                                                                                         
လေးစား ခင်မင်လျက်
ကိုသန့်


ကျေးဇူးတင်ပါတယ် ကိုသန့်ရေ. . 

ကျွန်တော် လုံးဝ နားမထောင်ဖူးသေးပါဘူး။ ပိုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ တကယ်ပါ ကျွန်တော် ဘယ်လိုပြောရမလဲ ၊ ကျွန်တော် ရေးနေကြ ပို့စ်ခေါင်းစဉ်လေး အတိုင်းရေးရရင် “ ဒီလိုလူတွေ ရှိနေလို့ ကျွန်တော် အသက်ရှင်နေတာ ” လို့ပဲ ပြောရတော့မယ် ထင်တယ်။ ဒီလို အားပေးတဲ့ အတွက် ကျေးဇူးပါ။

Silent Reader အဖြစ် ဖတ်နေလို့လဲ ဘာမှ စိတ်မဆိုးပါဘူးဗျာ။ ကျွန်တော်လည်း ဒီလိုပဲ တချို့နေရာတွေမှာ ဖတ်နေတာပါပဲ။ အရာရာတိုင်းက ကိုယ့်အကြိုက် ၊ ကိုယ့်စိတ် ၊ ကိုယ့်အယူအဆ နဲ့ မကိုက်ညီနိုင်ဘူး ဆိုတာ သိထားမိလေတော့ လိုချင်တာ ၊ မှတ်သားစရာလေးတွေ ယူပြီး သဘောမကျစရာတွေကိုတော့ ဒီအတိုင်းပဲ ထားခဲ့လိုက်ပါတယ်။ ဒါကတော့ ဒီလိုပဲ ဖြစ်သင့်တယ်လို့ပဲ ထင်ပါတယ်။

လူတိုင်းကိုတော့ စိတ်ကျေနပ်အောင် ပို့စ်တိုင်းမှာ ဘယ်သူ့မှတော့ ရေးနိုင်မယ် မထင်မိပါဘူး။ သူ ဘာကို အဓိက ရေးချင်တာလဲ ဆိုတာကို မြင်အောင် ကြည့်ပြီး ကိုယ်နဲ့ တိုက်ဆိုင်သွားတဲ့ ပို့စ်လေးတွေနဲ့တင် ကျွန်တော်ကတော့ ကျွန်တော် သွားဖတ်မိတဲ့ နေရာလေးတွေကို ကျေးဇူးတင်ပါတယ်။ အခု အဓိက ပြောချင်တာကတော့ ကိုသန့် ပို့ပေးတဲ့ သီချင်းလေး အတွက် စိတ်အနှောင့်အယှက် မဖြစ်ပဲ ကျေးဇူးတင်ပါတယ် လို့ ပြောချင်တာပါပဲ။

အားလုံး နားထောင်ရအောင်  တင်ပေးလိုက်ပါတယ်။ 





သီချင်းကို လိုချင်သူများ ဒီနေရာ  ကနေ ဒေါင်းနိုင်ကြပါတယ်။ ကိုယ့်ဘလော့ နေရာမှာ တင်ချင်သူများကလည်း အောက်က ကုတ်ကို ယူပြီး ဟိုနေ့က  ဒီနေရာက ပို့စ်မှာ ကျွန်တော် ရေးပြထားသလို တင်လိုက်လို့ ရပါတယ်။ ထပ်ပြီး Upload လုပ်စရာ မလိုတော့ဘူးပေါ့။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင် said...

သီချင်းလေး နားထောင်သွားတယ် ကိုဇော်၊ ကောင်းပါတယ်။

Unknown said...

သီချင်းလေး နားထောင်သွားတယ်ကိုဇော်