မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 June 2010

23 Shakira - Waka Waka နောက်ဆက်တွဲ



ဒီနှစ် ကမ္ဘာ့ဖလားပွဲရဲ့ သီချင်း Waka Waka ( This time for Afirca ) ကို Shakira က ဆိုခဲ့ပါတယ်။ ဒီသီချင်းက အခု လောလောဆယ် နံပါတ် ( ၁ )  အအောင်မြင်ဆုံး သီချင်းပါပဲ။ အားလုံးလည်း နားထောင်ပြီးပြီလို့ ထင်ပေမဲ့ နှိုင်းယှဉ်ပြစရာလေးတွေ ရှိလာလို့ ဒီမှာ ထပ်ပြီး တင်ပေးလိုက်ပါတယ်။ 


ဒီသီချင်းလေးရဲ့ စာသားတွေကိုတော့ ညီလေး တစ်ယောက်က ပို့ပေးလို့ သူပို့ပေးတဲ့ အတိုင်းပဲ တင်လိုက်ပါတယ်။  ( တချို့စာမချောတာတော့ ပြင်ထားပါတယ်။ စာလုံးပေါင်း အမှားများလည်း ရှိနေနိုင်ပါသေးတယ်။ )

Shakira -  Waka Waka (This time for Africa)အာဖရိကအတွက် ဒီအချိန် You're a good soldierChoosing your battlesPick yourself upAnd dust yourself offAnd back in the saddle မင်းဟာ စစ်သည်ကောင်းတစ်ယောက်ပါမင်းရဲ့ စစ်မြေပြင်ကို ရွေးချယ်မင်းကိုယ်မင်း ထူမမင်းကိုယ်မင်း ဖုန်ခါမင်းကိုယ်မင်း တည်ဆောက်ပါ။ You're on the front lineEveryone's watchingYou know it's seriousWe're getting closerThis isn't overမင်းက ရှေ့တန်းမှာအားလုံးက စောင့်ကြည့်နေဒါဟာ အရေးကြီးမှန်း မင်းသိတယ်ငါတို့ ရှေ့တိုးနေကြပြီနောက်မကျသေးပါ။ The pressure is onYou feel itBut you've got it allBelieve itဖိအားတွေ များလွန်းတယ်မင်းလည်း ခံစားနားလည်ဒါပေမယ့် အားလုံးကို ကျော်လွှားမယ်မင်းယုံထားလိုက် When you fall get upOh oh...And if you fall get upEh eh...လဲကျတိုင်း ပြန်ထအို အိုး .....ထပ် လဲကျတိုင်း ပြန်ထအေ့ အေ့ ..... Tsamina mina ZangalewaCuz this is AfricaTsamina mina eh ehWaka Waka eh ehဆာမီနာ မိနာ ဇန်ဂလဲဝါးဒါဟာ အာဖရိကဆာမိနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ့ Tsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက်
 Listen to your godThis is our mottoYour time to shineDon't wait in lineYvamos por Todoဘုရားစကားကို နားထောင်ပါဒါဟာ ငါတို့ဆောင်ပုဒ်ပါမင်းတောက်ပရမယ့် အချိန်မှာစောင့်မနေတော့နဲ့ကွာယဗာမိုစ် ပိုတိုဒို People are raisingTheir ExpectationsGo on and feed themThis is your momentNo hesitationsလူသားအားလုံး မြင့်တင်နေကြသူတို့ရဲ့ မျှောင့်လင့်ချက်များရှေ့ဆက်ကာ သူတို့အတွက် ဖြည့်ဆည်းပေးဒါဟာ မင်းအချိန်ပဲတုန့်ဆိုင်းမနေနဲ့ Today's your dayI feel itYou paved the wayBelieve itဒီနေ့ဟာ မင်းရဲ့နေ့ပါငါခံစားမိတယ်မင်းက လမ်းခင်းခဲ့ပြီယုံလိုက်တော့ If you get downGet up Oh oh...When you get downGet up eh eh...မင်းလဲကျတဲ့အခါ ထပါအို အိုးမင်းလဲကျတဲ့အခါ ထပါအိုအိုး Tsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက် Tsamina mina eh ehWaka Waka eh ehဆာမီနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ့ Tsamina mina zangalewaAnawa aaTsamina mina eh ehWaka Waka eh ehTsamina mina zangalewaThis time for Africaဆာမီနာ မီနာ ဇန်ဂလဲဝါအနာဝ အားဆာမီနာ မီနာ အေ့ အေ့ဝါကာ ၀ါကာ အေ့ အေ ဆာမီနာ မီနာ ဇန်ဂလဲဝါဒီအချိန်ဟာ အာဖရိကအတွက်ဒီအချိန်ဟာ အာဖရိကအတွက်။ 
** ကျွန်တော် ထပ်ပြောပါမယ်။ တချို့စကားလုံးများ အမှားများ ရှိနေနိုင်ပါတယ်။ ကျွန်တော် နားမလည်သော နောက်ခံ သီဆိုမှုတွေလည်း မထည့်ထားပါဘူး။ အဓိက သီချင်းနေရာတွေကိုသာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကာရာအိုကေ လိုမျိုး သီချင်းစာသားတွေကို မြင်ရရင်တော့ အတိအကျဖော်ပြနိုင်ပါလိမ့်မယ်။ **

သီချင်းထဲမှာ မြန်မာမလေး နှစ်ယောက်ပါတယ် ဆိုတာလည်း အားလုံး သိပြီး ကြမှာပါ။ အပြာရောင် ထမီဝမ်းဆက်နဲ့ သူတို့လိုပဲ လိုက်ကနေတာပါ။ ဒီသီချင်းနဲ့ ပတ်သတ်ပြီး ကျွန်တော် ရေးချင်တာ တစ်ခု ရှိပါတယ်။ ဒါပေမဲ့ မရေးတော့ပါဘူး။ အခုကတော့ ဒီသီချင်း မူရင်းကို ကြည့်ပြီးရင်လည်း ထပ်ကြည့်ရအောင် တင်ပေးလိုက်တာပါ။

ဒါပေမဲ့ Shakira - Waka Waka သီချင်းကိုပဲ နောက်ခံဖွင့်ပြီး မြန်မာမော်ဒယ် ( Dancer ) တစ်ယောက်က ကထားတာကို အတော်များများ မကြည့်ရသေးဘူးလို့ ယုံကြည်လို့ ဒါကိုပါ တွဲပြီး တင်ပေးလိုက်ပါတယ်။ ရှာကီယာတောင်မှ သူ့လောက် မဆိုးပါဘူးဗျာ။ ကျွန်တော့် အပြော မဟုတ်ပါဘူး ကြည့်လိုက်ပါဦး။






အခု ဒီလို ကနေတာထက် စာရင် Shakira နဲ့ အတူတူ မြန်မာလို ထမီနဲ့ ဝတ်ပြီး ကနေတဲ့ မြန်မာမလေး နှစ်ယောက်ကို ကျွန်တော် ဂုဏ်ယူပါတယ်။ အခုတော့ ဒီလို ကနေတာ မြင်ရရင် ကျွန်တော် တကယ်ကို စိတ်မချမ်းသာ ဖြစ်မိတယ်။ ဒါပေမဲ့လည်း ပေါ့လေ။ အင်း . . . . ထား . . လိုက် . . ပါ . . ပြီ။

ဒီပို့စ်လေး ရေးမယ် လို့ စဉ်းစားနေချိန်မှာ ညီတစ်ယောက်က လာပြီး မေးလ်ပို့တယ်။ အဟီး။ သူကလည်း   Shakira - Waka Waka သီချင်းကို မြန်မာလို စာသားသွင်းပြီး သီချင်းစပ်ထားတယ်တဲ့ဗျာ။ အကုန်လုံးတော့ ပြီးအောင် စပ်တုန်း ဆိုပဲ။ အခုလောလောဆယ်တော့ အဓိက ကောရပ်ပုဒ်လေးပဲ ဆိုပြီး ပေးပို့လာပါတယ်။ အားလုံးဆိုချင်လည်း လိုက်ဆိုလို့ ရအောင် ဒီသီချင်းလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကြံကြံဖန်ဖန်လည်း ရေးတတ်ပလေတယ်။

ရှပ်ကီသမားများ အရက်သောက်ပြိုင်ပွဲ 

အာမီရမ် အာမီရမ် အေ့ အေ့ 
ဝီစကီ ၀ီစကီ အေ့ အေ့
သောက်မလား ဟေ့ ဟေ့
This time for ယမကာ


တဲ့။ ကဲ . . ကြည့်ဦး။ သူ့သီချင်းစာသားကို ဖတ်ပြီးတော့ လူတောင်မှ တအေ့အေ့ ဖြစ်လာသေးတယ်။ ရေးလည်း ရေးတတ်ပါ့ဗျာ။

ပျော်ရွှင်ကြပါစေ . . ဝီစကီ ဝီစကီ အေ့ အေ့. . . အဲလေ . . . :P


လေးစားစွာဖြင့်
ကိုဇော်
.


Share/Bookmark

23 ယောက် ရဲ့ ထင်မြင်ချက်:

ကူးလွေ့ said...

ကမ္ဘာကို ရင်ပေါင်တန်းဖို့ ကြိုးစားတာမို့ မကဲ့ရဲ့ပဲ ကြိုဆိုလက်ခံသင့်တယ် လို့ ဆိုသူများလဲ ရှိသဗျ။ ဟူးး....

လသာည said...

မြန်မာလိုစာသားသွင်း စပ်ထားတာလည်း ကောင်းသားပဲ..။ ဖတ်ရင်း ပြုံးမိတယ်။ သူ့အလိုက်နဲ့သူဟုတ်နေတာပဲလေ တော်လိုက်တား))

ခိုင်နုငယ် said...

shakira waka waka
သီချင်းကိုဘာသာပြန်ထားတာဖတ်သွားပါတယ်။
ကောင်းအိ။
ဖတ်ရင်းနဲ့ရွှေပြည်ကြီးတိုးထွက်နေတာကိုလည်း
ကြည့်သွားဒယ်။
အတုမြင်အတတ်သင် ရွှေပြည်ကဒါမျိုးသိပ်တော်တာ။

ပိုးဟပ်လေး said...

မော်တော်ပီကယ်တောင် ခပ်လှုပ်လှုပ် ရယ်.... :)

သိင်္ဂါကျော် said...

ဒီသီချင်းလေးက စာသားလေးရော.. အလိုက်ကလေးရော ကောင်းတာကိုးနော်..

သဒ္ဓါလှိုင်း said...

သီချင်းလေးကိုပြန်ပေးထားတာကောင်းပါတယ်.။
ရှပ်ကီသမားတွေအတွက်စာသားလေးကပိုကောင်းသလိုပဲ.

ခင်မင်စွာ
သဒ္ဓါ

Angel Shaper said...

မူးနောက်သွားတာပဲ
အာမီရမ် အာမီရမ် အေ့ အေ့
ဝီစကီ ဝီစကီ ဟေ့ ဟေ့
ကြောင့်တော့မဟုတ်ဘူးး ခေမီကိုကတာာကြည့်ပြီးးတော့ မူးးတာာ :P
ကိုဇော်ကြီးးးရေ့ ရေ့
ပြန်ပြီ ဟေ့ ဟေ့
အဟိ

မိုးယံ said...

အစ်ကိုဇော်ရေ သီချင်း အားလုံးရရင်လည်းတင်ပေးဦးနော်
အခု ဒီသီချင်းကို ဖတ်ရတာတော့ ရီဝေေ၀ပဲရှိသေးတယ်။
အက နဲ့ ပေါင်းလိုက်တော့မှ မူးနောက်နောက်ပဲ ဟဲဟဲ
ပျော်ရွှင်ပါစေ

မောင်သီဟ said...

ဟဟ အမှန်တွေမပြောနဲ့ဗျား)း)

ကိုအောင် said...

အရက်သောက်ပြိုင်ပွဲ သီချင်းတော့ အရမ်းသဘော
ကြတယ်ဟေ့ ...း)

sosegado said...

ကျေးဇူးပါ၊ မြန်မာလိုလေးကြည့်လိုက်ရတာ၊ မော်ဒယ်လေးက အရပ်နဲနဲမြင့်ရင်ပိုကောင်းမယ်

နေ၀သန် said...

တွေ့ပြီ.. တွေ့ပြီ... ဟီးဟီး။ အရင်က ဘယ်သူပြပြ မြန်မာမလေးနှစ်ယောက်ကို အသေလိုက်ရှာတာ မတွေ့ဘူး...။ ခုတော့ ထမီအပြာလေးနဲ့ဆိုမှ တွေ့တယ်...။


ခင်မင်တဲ့
နေ၀သန်

ဖိုးသား said...

အာမီရမ်လေးတောင်ဝေးကွာနေတာတစ်နှစ်ရှိလှပါပြီ။အစ်ကိုပြောမှပဲပြန်သတိရမိတယ်။☺ဖိုးသားလေး

ကိုရီး{ကိုကြီး} said...

ဒါလဲတစ်မျိုး ကောင်းတာပဲလေ ဦးဇော်
သူကတော့လဲ ကျနော်တို့က ကြည့်ပေးရတာပေါ့ဗျာ....

SHWE ZIN U said...

ကိုဇော်ရေ

အကြိုက်ဆုံးကတော့ အေ့အေ့ ဟေ့ဟေ့ ဘဲ

ဗဟုသုတ လေးတွေအတွက်ကျေးဇူးပါ

Unknown said...

အောင်မလေး...
ကမ္ဘာကို မြန်မာကရင်ဘောင်တန်းနိုင်ဖို့  ဟုတ်လား။
အဲ့သည် တင်လှုပ်တဲ့အကမှာ Shakira လောက်တောင် Professional ကျအောင် မကနိုင်တဲ့လူကများ...ကမ္ဘာမှာမြန်မာဟေ့ဆိုပြီး
အရှက်ကွဲအောင်လုပ်နေတာ။
ဟာဝိုင်အီကျွန်းက အကကိုမြင်ဖူးကြလား။
အဲ့ဒီဟာတွေ ကမှ တကယ်ပညာသားပါတာ။
ဗိုက်ကကြွက်သားတွေကိုပါ စည်းချက်ကျကျလှုပ်တာ။
အဲ့လောက်အပေါစားဆန်တဲ့ ပညာရပ်မျိုးနဲ့ စင်ပေါ်တက်တာ ရည်လည်စိတ်ကုန်တယ်။ :(
ဓာတ်ပျက်တယ်...

မြစ်ကျိုးအင်း said...

ပြည်တွင်းနဲ့ ပြည်ပ မြန်မာအမျိုးသမီး ကွာခြားချက်လို့ပဲ ပြောရမလားဘဲ။
ဘီယာဆိုင်နဲ့ အမျိုးသားဇာတ်ရုံ မှားကတာနေမှာပါ။

Unknown said...

ကိုဇော်ကြီး...စာလာဖတ်သွားပါတယ်...စိတ်ညစ်သွားဘီ...
ကနေတဲ့တစ်ယောက်က ခေမီကို နဲ.တူတယ်...ရွံဆြာကြီး....အေ့ အေ့ ဝေါ့

Unknown said...

အော် မင်းဒုက္ခကလည်းမသေးပါလား ခေမိကို...
Shakira ရူးရူးရင်လည်း ကြည့်ရူးပါလား ....
ကိုယ်နဲ့တန်ရာတန်ရာပေါ့ .... အခုဟာက တုမယ့် တုတော့ Shakira တဲ့
Shakira က ရင်သားလှလှပပရှိတယ် နင်ကဖော့အထူကြီးပါတဲ့ ဘရာစီယာကြီး ၀တ်ပြီး လှုပ်နေလို့လှမလား တောသူမရဲ့.....(ရိုင်းလိုခြင်းသဘောမပါပါ)
ဝတ်စားထားတာတွေကိုက တောမှာဇတ်လိုက်ကတဲ့သူတွေ ၀တ်တဲ့အ၀တ်အစားမျိုး Shakira ကတာက ကြည့်ကောင်းတယ် နင်ကနေတာက ဆင်အောက်ကကြည့်နေသူတွေကို ဆဲနေသလိုလို(ဒါပဲလို့)နင်ကိုနင် ကြော်ငြာနေသလိုပဲ....
SEXYပုံကြီးနဲ့ ....ကြည့်ရတာ ဇတ်ခေါင်းကွဲပြီးဒီဘက်အကတွေဘက် ရောက်လာတာလား....မသိဘူး ....

Unknown said...

အယ်........ဒီအမတော့ ကိုယ့် စတိုင်နဲ့ကိုယ်နေဘူးးးခုတော့ လူပြောစရာဖြစ်ရဘီ...
မြန်မာမလေး 2ယောက်အရမ်းချစ်ဖို့ကောင်းတယ်နော်...မြန်မာအ၀တ်အစားလေးဝတ်ထားတော့ပိုချစ်ဖို့ကောင်းတယ်..

Unknown said...

ကတာကတေ့မိုက်တယ်ဟေ့....ငပြေမကို ဆားလူးထားသလိုပါလား....ရွစိရွစိ....နဲ့ ဒါပယ်မဲ့သူမှာကြည့်လို့ကောင်းတာတစ်ခုရှိတယ် သူ့အပေါ်ပိုင်းလေးလှုပ်ပြီးကတာ...ကြည့်လို့ကောင်းတယ်
ကိုဇော်ကြီးရေ လမ်းမှာ ခေမီကိုယ် ကိုတွေ့ရင်ပြောပေးပါ အပေါ်ပိုင်းကို သိပ်မလှုပ်နဲ့လို့ မတော်လို့လုပ်နေရင်းနဲ့ပြုတ်သွားရင်ပြသနာ လမ်းမှာသူ့ကိုတွေ့ရင်ပြောပြပေးပါနော် ဟဲဟဲ

ဆောင်းနှင်းရွက် said...

စာဖတ်သွားတယ် ကိုဇော်ရေ ...

kh said...

သူ့ဟာက ကတာနဲပမတူဘူး
စွပ်ခါနေတာပဲ
တစ်လျှောက်လုံး ခါလိုက် ကော့ပြလိုက်နဲ့
ဘိုလိုမှန်းနတိပါဝူး.....

ထက်သူရ