မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 June 2010

20 Happy Birthday Mom . . .





မယုံမရှိလေနဲ့. . .

လောကမှာ လူတွေက တော်တော်ထူးဆန်းတယ်။ အံ့သြဖို့လည်း ကောင်းတယ်။ ကျွန်တော့် အမေမှာ သားသမီး ( ၃ ) ယောက်ရှိတယ်။ “ မေမေ . . ၊ သားမွေးတဲ့ အချိန်က ဘယ်နှစ်နာရီလဲ။ ” ကျွန်တော် မေးတိုင်းမှာ မနက် ၄း၂၀ လို့ မေမေက ဒက်ခနဲ ဖြေနိုင်တယ်။ “ မေမေ . . ၊ သမီး မွေးချိန်က ဘယ်နှစ်နာရီလဲ။ ” လို့ ကျွန်တော့် ညီမတွေက မေးလာတဲ့ အခါမှာလည်း သူတို့ အချိန်ကို မေမေက ဒက်ခနဲ ဖြေနိုင်တယ်။ ကျွန်တော့် အမေက အဲဒီလို ဖြစ်တယ်။

ဒါပေမဲ့ ကျွန်တော့် ဘဝမှာ ၄ ၊ ၅ ကြိမ်ထက် မနည်း မေမေ့ မွေးချိန်က ဘယ်နှစ်နာရီလဲ လို့ မေးခဲ့ဖူးတယ်။ မေးတာကလည်း မှတ်မှတ်ရရတော့ မဟုတ်ပါဘူး။ ဟိုစကား ဒီစကားလေး ပြောရင်း အမှတ်တမဲ့ မေးလိုက်မိတာပါ။ မေမေကတော့ ပြန်ဖြေပါတယ်။ “ xxxxx ” တဲ့။ အကြိမ်ကြိမ် မေးခဲ့ရင်လည်း မေမေက အကြိမ်ကြိမ် ဖြေနေဦးမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အခုအချိန်ထိ “ မေမေ့ မွေးနေ့ကိုသာ မှတ်မိပြီး မေမေ့မွေးချိန်ကို မမှတ်မိပါ။ ” 

အခု ကျွန်တော် ခေါင်းကုတ်ကာ စဉ်းစားနေရပါတယ်။ “ မေမေ့ မွေးနေ့တော့ ဟုတ်တယ်။ မေမေ့ကို ဘယ်နှစ်နာရီမှာ မွေးတာလဲ။ ” အဲဒီလို  အများက တစ်ယောက်အတွက်ကို မေ့မေ့ နေပြီး တစ်ယောက်က အများအတွက် မှတ်မိနေတတ်တယ်။ အဲဒါကို “ အမေ ” လို့ ခေါ်တယ်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

မယုံမရှိလေနဲ့. . .

လောကမှာ လူတွေက တော်တော် ထူးဆန်းတယ်။ အံ့သြဖို့လည်း ကောင်းတယ်။ ငယ်ငယ်က ကျွန်တော် မူကြိုတတ်တော့ မေမေက လိုက်ပို့တယ်။ နောက်တော့ မူလတန်း ကျောင်းတတ်တော့လည်း လိုက်ပို့တယ်။ “ မေမေ လိုက်ပို့မှ ကျောင်းသွားမယ်။ ” ဆိုပြီး အာပြဲနဲ့လည်း ငိုယို ဂျီကျဖူးပါတယ်။ “ ဖေဖေလည်း လိုက်ပို့။ ” ဆိုပြီး ကဗျစ်ကညစ် အချိန်အခါတွေလည်း ရှိခဲ့ဖူးတယ်။ ဒါ မထူးဆန်းလှပါဘူး လို့ ထင်ပါတယ်။ ဒါပေမဲ့. . . . 

ကျွန်တော့်တို့ အိမ်နားမှာ “ အမေတစ်ခု ၊ သမီးတစ်ခု ” လို့ လူတွေ ပြောပြောနေတဲ့ သားအမိ နှစ်ယောက်ရှိတယ်။ ဒီကောင်မလေးက ငယ်ငယ်ကတည်းက သူ့ကို ကျောင်းလိုက်ပို့ ၊ ကျောင်းလိုက်ကြိုဖို့ ဒီအမေပဲ ရှိတော့ သူ့မှာ ရွေးခြယ်စရာ မရှိပါဘူး။ ဒါကြောင့် သူမက “ မေမေ ကျောင်းလိုက်ပို့ ။ ” ဆိုပြီး ဈေးရောင်း မသွားခင် အမေကို ဂျီကျတတ်တယ်။ သူ့အမေကလည်း သူ့သမီးလေးကို ချစ်ရှာတော့ လိုက်ပို့ပြီးမှ ဈေးရောင်း ထွက်ရှာပါတယ်။

“ မျက်စိအောက် ”  ဆိုတာကို ကျွန်တော် နားမလည်ပေမဲ့ သူများတွေ ပြောသလိုပါပဲ ဒီကောင်မလေးက ကျွန်တော်တို့ မျက်စိအောက်မှာတင် ကြီးလာပါတယ်။ ကျွန်တော့် မျက်စိရှေ့မှာ ၊ မျက်စိကွယ်ရာမှာလည်း အသက်ရော အရွယ်ရော ကြီးလာတာနဲ့ အမျှ ဒီကောင်မလေးက ကလေးလေးကနေ ၁၀ တန်းတတ်ရတဲ့ ကလေးကြီး ဖြစ်လာခဲ့ပြီ။ သူ့ကိုတော့ သူ့အမေက ငယ်ငယ်ကလို ကျောင်းအထိ အရောက် မပို့နိုင်တော့သလို ၊ ကျောင်းကို အရောက်လည်း သွားမကြိုနိုင်တော့ဘူး။ ဒါပေမဲ့ အမေဆိုတော့လည်း သမီးလေး ပြန်လာမဲ့ ကားဂိတ်မှာ စိတ်ပူတကြီး သွားကြိုနေတတ်တယ်။ 

“ အာ . . အမေကလည်း ဘာလို့ လာကြိုတာလဲ။ သမီး ဖာသာ ပြန်လာမှာပေါ့ ကလေးမှ မဟုတ်တော့တာကို. . . ”

ဒီလို ပြောပြီး လာကြိုနေတဲ့ အမေကို နောက်မှာ ချန်ထားပြီး ခြေဆောင့်ကာ သူမက ထွက်သွားတယ်။ သူမစီးလာတဲ့ ကားပေါ်မှာ ကျွန်တော်ကလည်း ပါလာတယ်။ ဒီလိုပဲ ကောင်မလေးနဲ့ အတူတူ ကောင်လေး တစ်ယောက်ကလည်း ကားပေါ်မှာ အတူတူ လက်ချင်းချိတ်ပြီး စီးလာခဲ့တယ် ဆိုတာ ကျွန်တော် မြင်နေခဲ့တယ်။ သူ့အမေကတော့ မမြင်ရှာပါဘူး။ ဒါကြောင့် တိုးတိုးလေးပြောတယ်။

“ အေးပါ သမီးရယ် ၊ အမေကြောင့် သမီး အနှောင့်အယှက် ဖြစ်တယ် ဆိုရင် နောက်ဆို အမေ လိုက်မပို့ ၊ လာမကြိုတော့ပါဘူး။ ”

တဲ့။ အမေရော ၊ သမီးရော အသက်ကြီးသွားပေမဲ့ ရင်ထဲက ဆန္ဒ နဲ့ မျက်ဝန်းထဲက အမြင်တွေကျတော့ တစ်ယောက်က ပြောင်းပြီး ၊ တစ်ယောက်က မပြောင်းလဲသေးပါဘူး။ အဲဒါကို “ အမေ ” လို့ ခေါ်တယ်။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 
မယုံမရှိလေနဲ့. . . . 

လောကမှာ လူတွေက တော်တော် ထူးဆန်းတယ်။ အံ့သြဖို့လည်း ကောင်းတယ်။ လူသားတိုင်းမှာ အမေ တစ်ယောက်စီ ရှိတယ်။ ဒါပေမဲ့ အဲဒီအမေ တစ်ယောက်မှာ သားသမီး တစ်ယောက် နဲ့ အထက် ရှိနေနိုင်တယ်။ ဒါကြောင့် လူတိုင်း လူတိုင်းမှာ အကြွေး နှစ်မျိုး ရှိနေတယ်။ ဒါကို “ ကြွေးဟောင်း ” နဲ့ “ ကြွေးသစ် ” လို့ ဆိုတယ်။

ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ကမ္ဘာကြီး တိုးတတ်ဖွံ့ဖြိုး လာတာနဲ့အတူ ပိုပိုပြီး များလာခဲ့တယ်။ ဟန်းဖုန်း လိုချင်တယ်။ လက်တော့လေး တစ်လုံးလောက်တော့ လိုချင်တယ်။ အင်တာနက်ကလည်း ရှိချင်တယ်။ ဟိုမင်းသား ၊ မင်းသမီး ဝတ်သွားတာလေးလည်း ဝတ်ချင်တယ်။ ဒီလို ဒီလိုတွေနဲ့ ကျွန်တော်တို့က “ ကြွေးဟောင်း” တွေကို ဆပ်ဖို့ သတိမရကြတော့ဘူး။ ဒါပေမဲ့ အဲဒီလို ကျွန်တော်တို့ကို “ ကြွေးဟောင်း ” အဖြစ်ပေးနေတဲ့ “ မှီရှင် ” တွေကတော့ သူတို့က ပြန်ရလိုမှု မရှိပဲ “ ကြွေးသစ် ” တွေကိုသာ ဆက်လက်ပြီး ပေးချင်နေကြတယ်။ 

“ အယူပဲ ရှိပြီး ပြန်ဆပ်မှု မရှိ ” လို့ ဝမ်းနည်းကြေကွဲမှု ကို ခံစားကြရမယ် ဆိုရင် “ မိဘ ” တွေကို ဘယ်သူမှ မှီမှာ မဟုတ်ဘူး ဆိုတာ ကိုယ်တိုင် မိဘ ဖြစ်လာကာ ကိုယ့်သားသမီးတွေကို ပြုစု ပျိုးထောင်ပေးပြီး ကိုယ်တိုင် “ မှီစား ” အဖြစ်မှ “ မှီရှင် ” အဖြစ် “ ကြွေးသစ် ” တွေကို ချပေးနေရတဲ့ အချိန်မှ ကိုယ်တိုင် နားလည်ရတော့တယ်။ ဒီအချိန်မှာတော့ ကိုယ်တိုင် “ ကြွေးသစ် ” တွေကို ချပေးနေရလို့ အရင်က “ ကြွေးဟောင်း ” ကို သတိရတယ် ဆိုရင်တောင်မှ မလှည့်နိုင်ဘူးဆိုတာ ဖြစ်ခဲ့ကြရပြီ။

ဘယ်လိုပဲ ကိုယ့်ဘက်က “ ကြွေးသစ် ” တွေကို ချပေးနေရလို့ “ ကြွေးဟောင်း ” ကို မဆပ်နိုင်ပါစေ “ မှီရှင် ” ဖြစ်တဲ့ “ မိဘ ” တွေကတော့ သူတို့နဲ့ ဆုံကြုံလာရင် သူတို့ဆီက “ ကြွေးသစ် ” တွေပဲ သူတို့ သားသမီးတွေဆီကို ချပြီး အမြဲတမ်း “ ထာဝရ မှီရှင် ” ပဲ ဖြစ်ချင်ခဲ့သူတွေပါပဲ။ ဒီလိုလူတွေက ဘယ်တော့များမှ “ မှီစား ” ဖြစ်ရပါမလဲလို့ မတွေးမိကြပါဘူး။

ဒါကြောင့် သူတို့ကို “ မိဘ ” လို့ ထိုက်ထိုက်တန်တန် ခေါ်ဆိုပြီး အဲဒီအထဲမှ တစ်ယောက်ကို “ အမေ ” လို့ ခေါ်တယ်။ 

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ 

မယုံမရှိလေနဲ့. . . . 

လောကမှာ လူတွေက တော်တော် ထူးဆန်းတယ်။ အံ့သြဖို့လည်း ကောင်းတယ်။ ကျွန်တော့်မှာ လူသားတွေရဲ့ သာမာန် ဖြစ်စဉ်အတိုင်း အဖေ တစ်ယောက်နဲ့ အမေ တစ်ယောက် ရှိပါတယ်။ အဖေက ဘဝမှာ “ လမ်းညွှန်မှု ” တွေနဲ့ ဆုံးမပြီး ၊ အမေကတော့ ဘဝမှာ “ အားပေးမှု ”  တွေနဲ့ သွန်သင်ပါတယ်။ အမေ ကျွန်တော့်ကို အမြဲတမ်းပြောလေ့ ရှိတဲ့ စကားကတော့ . . . . .

“ ဒီတစ်ခါ မဖြစ်ရင် နောက်တစ်ခါတော့ သေချာ ဖြစ်မှာပေါ့ သားရယ်။ ”

တဲ့။ အဲဒီစကားက ကျွန်တော် ငယ်ငယ်ကတည်းက အခုအချိန်အထိ ရာဇဝင်တွေ လောင်ကျွမ်းပြီး ၊ သမိုင်းတွေ ပြိုကျရင်တောင်မှ ကျွန်တော့် အတွက် မပျောက်ပျက်နိုင်သော ၊ မရိုးနိုင်သော အားပေး စကားလေးပါပဲ။

အမေများနေ့မှ  “ အမေ ” ဆိုပြီး ယောင်ရမ်း အော်တတ်တဲ့ လူတွေ ကြားထဲမှာ ကျွန်တော် မပါချင်ဘူး အမေ။ အဖေများနေ့မှ ဝိုးတဝါးနဲ့ သူများ အော်သံကို ပဲ့တင်ထပ်ပြီး “ အဖေ ” လို့ ခေါ်တဲ့ လူတွေကြားမှာ ကျွန်တော် မပါချင်ဘူး အဖေ။ ကျွန်တော့်အတွက်ကတော့ “ မိဘ ” ကို သတိရနေတဲ့ နေ့တိုင်းက “ မိဘများနေ့” ပါပဲ။

ဒါဆို ကျွန်တော့် အတွက်က ပြက္ခဒိန်ရဲ့ အကွက်တိုင်းက . . . . 
  • “ မိဘများနေ့ ” 
  • “ အဖေများနေ့ ” 
  • “ အမေများနေ့ ” ပါပဲ။

အမေ

ကျွန်တော့်မှာ အမေ တစ်ယောက်ရှိတယ်။
ကျွန်တော့် အမေက . . . 
ကလီယို ပက်ထရာပဲ ဖြစ်ဖြစ်. . .
မာသာ ထရီဇာပဲ ဖြစ်ဖြစ်. . . 
ဖလောရင့် နိုက်တင်ဂေးလ်ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
x x x x x x x x ပဲ ဖြစ်ဖြစ်. . .
ကျွန်တော် “ မှီစား ” ကနေ
“ မှီရှင် ” ကို ပြောင်းပြီး
“ ကြွေးဟောင်း ” ကို မဆပ်နိုင်ဘဲ  
“ ကြွေးသစ် ” တွေကို ချနေရပါစေ။
ကျွန်တော့် အတွက်တော့  . . .
ကျွန်တော့်အမေက “ အမေ ” ပါပဲ။


  HAPPY    BIRTHDAY      TO     MOm.....  

ာ်ရွှင်မွန့စ်ပါ . . . . .

မှတ်ချက်။   ။ ကျွန်တော့် အမေ ၅၅ နှစ်မြောက် မွေးနေ့ အမှတ်တရ အနေနဲ့ လက်တန်း ချရေးလိုက်တာပါ။ ဘာမှ ကြိုတင် စဉ်းစားချိန်တော့ မရှိခဲ့ပါဘူး။ ဒါကြောင့် စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အတိုင်းပဲ ရေးလိုက်ပါတယ်။ 

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...

ကိုဇော်

ကျနော့် အများကြီး ပြောချင်ပေမယ့်....
အဖေ အမေ တို့ရဲ့ နောက်ဆုံးထွက်သက်တိုင်အောင် ပြုစုစောင့်ရှောက် ကြွေးဟောင်း ကြွေးသစ်တွေ ပေးဆပ်နိုင်ပါစေဗျာ။

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုကြီး { ကိုရီး } said...

စားတယ် ကိုဇော်ရေ ...
ဘာပြောရမှန်းကို မသိတော့ဘူး ....
ကြွေးဟောင်း ကြွေးသစ် ပေးဆပ် နိုင်သူဖြစ်ပါစေ ..
ကိုဇော် အမေလည်း {၅၅ } နှစ်မြောက်မွေးနေ.မှသည် အသက်ထက်ဆုံးပျော်ရွှင်ပါစေဗျာ ..

ကိုအောင် said...

ကိုဇော့် မေမေ အသက်ရာကျော်ရှည်ပြီး ပျော်ရွှင်ပါစေ။

khin oo may said...

့happy birthday mom..

ကလူသစ် said...

ဒီပို့စ်လေးဖတ်လိုက်ရရင် ကိုရင့်အမေ တော်တော် ၀မ်းသာပီတိဖြစ်နေလောက်ပြီဗျ။

မိုးခေတ် said...

အစ်ကို့ မေမေ ရဲ့ မွေးနေ့မှာရော..မွေးနေ့မဟုတ်တဲ့ နေ့တွေမှာပါ အရာရာ အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်ကို ရေ.....

SHWE ZIN U said...

ကိုဇော် မေမေ နဲ့ အမေ များအားလုံး ကျမ်းမာချမ်းသာ ပါစေ

နှစ်ပေါင်းများစွာ ချစ်သော မိသားစုနဲ့ အတူ ကျမ်းမာချမ်းသာ စွာနေနိုင်ဘို့ ဆုတောင်း ပေးပါတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

"မရိုးနိုင်သော အမေ့ရဲ့အားပေးစကားသံတွေဟာ
ရာဇ၀င်တွေ လောင်ကျွမ်းလို့၊သမိုင်းတွေ ပြိုကျခဲ့ရင်တောင် ကျွန်တော့်အတွက်တော့ပျောက်ပျက်မသွားနိုင်ဘူး"
အဲဒီနေရာလေးထိရောက်မူ့ရှိတယ်ဗျာ။
ဘလောပ့်ဝင်ဝင်ချင်း ထိပ်ဆုံးကရောက်နေတဲ့ကိုဇော်အမေရဲ့
မွေးနေ့ကို အရောက်လာလို့ဆုတောင်းပေးသွားပါတယ်။
"ကြွေးဟောင်း" "ကြွေးသစ်" အကြေပေးဆပ်နိုင်တဲ့သားကောင်းရတနာဖြစ်ပါစေ။
ကိုဇော်၏မိခင်အတွက်ဆုမွန်ကောင်းကြောင့် ........
ကိုဇော်အမေ၏ ၅၅ နှစ်မြောက်မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွါထိ
ကိုယ်စိတ်နှစ်ပါးကျန်းမာ၊ချမ်းသာစွါနဲ့အသက်ရာကျော်ရှည်ပါစေသော်။

ချစ်ကြည်အေး said...

Happy Birthday to Your Mom Mg lay Zaw...:)

မြတ်မွန် said...

ဟက်ပီ ဘက်ဒေးပါ ကိုဇော် မေမေ..
ကျန်းမာ ချမ်းသာပါစေ..။

Unknown said...

ကိုဇော်ရေ ငါတော့ လောကမှာ ရှိသမျှ အမေ အားလုံးရဲ့ မေတ္တာတရားကို လေးစားစွာ ဦးညွတ်ရင်း ကိုဇော်မေမေ ဒီနေ့ မွေးနေ့မှ 120 ပြည့်မွေးနေ့ထိ ချစ်သောမိသားစုနဲ့ ကျန်းမာပျော်ရွှင်စွာ ရှိနေပါစေလို့ ဆုတောင်းလိုက်ပါတယ် ....

Anonymous said...

၅၅ ဆိုတော့ ကျနော့် အမေနဲ့တူတူပဲပေါ့။ ကျနော်လည်း အခုအချိန်ထိ ကြွေးဟောင်းတွေနဲ့ ရုန်းမထွက်နိုင်သေးပါဘူး။

ပျော်ရွှင်းရာ မွေးနေ့ဖြစ်ပါစေလို့ ကြည်နူးစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

Angel Shaper said...

မယုံမရှိလေနဲ့... ကိုဇော်ကြီး မေမေ ကျေနပ်ပီတိဖြစ်နေပါလိမ့်မည်.........
ဟက်ပီဘတ်ဒေးပေါ့......
ကိုဇော့် မေမေ ကျန်းမာ အသက်ရှည်လို့ ပျော်ရွှင် ကြည်နူးပါစေ။ အမြဲတမ်းချမ်းမြေ့ပါစေနော့်။

Nge Naing said...

ကိုဇော့်မေမေ မွေးနေ့အနှစ်တရာ တိုင်အောင် ကျန်းမာရွှင်လန်းစွာနဲ့ ဖြတ်သန်းရပါစေ။

yagusa said...

Nice Birthday present for u Parents.
Brother i hope u mom healthy and wealthy for long life

ရွှေရတုမှတ်တမ်း said...

ကြွေးဟောင်းလဲဆပ်..ကြွေးသစ်လဲပေး..
အကြွေူးသံသရာမှာ လည်နေကြရတာပဲလေ...

Unknown said...

ကိုဇော့် မေမေ အတွက်လည်း happy birthday
ပါ။ ဇွန်လ ၁၉ ရက်နေ့ မှာကျရောက်မဲ့ democracy အမေစု အတွက်လည်း happy birthday ပါ။

မြစ်ကျိုးအင်း said...

သူငယ်ချင်းရဲ့ မေမေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း ဆုတောင်းပေးပါတယ်။

မိုးခါး said...

၁ရက်နောက်ကျသွားတယ်ရှင့် ..

ကိုဇော်မေမေ သက်ရှည် ကျန်းမာပြီး သာသနာ့အကျိုးသယ်ပိုးထမ်းရွက်နိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ..

ကြွေးဟောင်းတွေ ဆပ်ရဦးမယ် .. ဘယ်တော့မှလည်း ကုန်အောင် ဆပ်နိုင်မယ် မထင်ပါဘူး ..

မောင်သီဟ said...

မွေးနေ့တွေ့ပြီ အခုမှမန့်နိုင်တယ်ဗျာ
သားကောင်းရတနာပီသနိုင်ပါစေ ကိုဇော်ရေ
း) အားလုံးအဆင်ပြေပါစေဗျာ