မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 April 2010

1 အလည်တစ်ခေါက် ရောက်လာသော်



ဝမ်းနည်းစေမှုများကို သယ်ဆောင်လာတတ်တဲ့ ကံကြမ္မာဆိုး လမ်းထဲကို ရောက်လာတယ်။ မထင်မှတ်စွာပဲ သူက ကျွန်တော် ခြံတံခါးဆီသို့ လှည့်လာတယ်။ သူက ကျွန်တော့်ဆီကို လာတယ်ဆိုတာ သေချာသွားပြီ။ 

“ ငါ့ဆီကို မလာနဲ့။ ”

လို့ နာနာကျည်းကျည်းနဲ့ ကျွန်တော် အော်လိုက်တယ်။ 

“ ငါ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်တောင်မှ မနေရပါသေးဘူး။ ပျော်ရွှင်မှုလေးတွေကို ဒီထက် ပိုပြီး ခံစားပါရစေဦး။ ”

“ မင်း ဝင်လို့မရအောင် ငါ့တံခါးတွေပါ သေချာ ပိတ်ထားလိုက်ပြီ။ မင်း တံခါးကို ချိုးဖျက် ဝင်လာရင် ငါ ထွက်ပြေးပြီး ပုန်းနေလိုက်မယ်။ ” 

လို့ ကျွန်တော် တွေးထားမိတယ်။ ကံကြမ္မာဆိုး ဝင်မလာနိုင်အောင် တံခါးပိတ်ထားလို့ ရတယ်လို့ ကျွန်တော် ရူးရူးမိုက်မိုက် ထင်ခဲ့မိတယ်။ ကြေကွဲဝမ်းနည်းမှုက အိမ်တိုင်း အိမ်တိုင်းကို ကံကြမ္မာဆိုး အဖြစ် ဝင်လာတတ်တယ်။ သူ လာမယ် ဆိုတာကို ကျွန်တော်တို့ မပြောင်းလဲ ပစ်နိုင်ဘူး။ ဒါကြောင့် သူလာမယ် ဆိုတာကို ကျွန်တော်တို့ လက်သင့်ခံရမှာ ဖြစ်တယ်။ 

တကယ်တော့လည်း သူလာတယ် ဆိုတာ ကျွန်တော်တို့ ဘဝမှာ အရေးအကြီးပါဘူး။ သူရောက်လာပြီး ကျွန်တော်တို့ဆီမှာ ဘာတွေ ချန်ထားခဲ့လဲ ၊ ဘာတွေ ကျန်နေခဲ့လဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ ဘာတွေ ဖြစ်ကျန်နေခဲ့တယ် ဆိုတာက ပိုပြီးတော့ အရေးပါ ပါတယ်။

ကံကြမ္မာဆိုး ဆိုတဲ့ သူကတော့ သူ့အတိုင်းပဲ စိတ်ညစ်စရာတွေ ၊ ဝမ်းနည်းမှုတွေ ၊ ကြေကွဲစရာတွေ ချန်ထားခဲ့မှာပါ။ သူက ကိုယ်က နောင်တတွေ ၊ မျှော်လင့်ချက် သေဆုံးမှုတွေ ၊ ခံစားချက် ကင်းမဲ့မှုတွေ ဖြစ်နေမိလား။ ကံကြမ္မာဆိုး ချန်ထားခဲ့တဲ့ အရာတွေကို ကိုယ်က လက်သင့်ခံရင်း ဘဝအတွက် သင်ခန်းစာ ယူနိုင်မယ် ဆိုရင် ကံကြမ္မာဆိုး ဆိုတာကလည်း သိပ်မဆိုးတော့ပါဘူး။ 

ဒါဆိုရင် ကံကြမ္မာဆိုး ရဲ့ အလည်အပတ် လာရောက်ခြင်းဟာ ကျွန်တော်တို့ကို အတွေ့အကြုံသစ်တွေ လာသင်ပေးတာနဲ့ မတူဘူးလား။ ဒီလိုပါပဲ ကျွန်တော်တို့ ဘဝမှာ မကြာခဏ အတွေ့အကြုံတွေ သင်ယူနေရဦးမှာပါ။

source: Visitation By Patience Strong
ကိုဇော်
1.4.2010 – 4.49 AM



.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအတွက် ကောင်းတဲ့ကံတွေ ခံစားရသလို ပြုခဲ့တဲ့ မကောင်းမှုအတွက်လည်း မကောင်းမှုဒဏ်တွေ ရောက်လာခဲ့ရင် ဘယ်လိုမှ ပြေးလို့ မလွတ်ဘူးဆိုတာ ကံ..ကံ၏အကျိုးအတိုင်း ယုံကြည်စွာ လက်ခံရမှာပါ... ပြီးခဲ့တဲ့ အတိတ်ကံကို ပြုပြင်လို့ မရပေမယ့် အခုလက်ရှိ ဘ၀ကိုတော့ ဒို့တွေ မကောင်းမှုတွေ တက်နိုင်သရွေ့ရှောင်ကြဉ်ရင်း သံသရာ ကောင်းဖို့ ကြိုးစားကြတာပေါ့.....