မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 April 2010

1 ရိတ်သိမ်းချိန်




ဟိုးမှာ မြင်နေရတဲ့ ကောက်ပင် ၊ ပြောင်းပင်တွေ အတွက် ကမ္ဘာကြီးကို လေးစား ချီးမွမ်းရမယ်။ ကမ္ဘာဆိုတာ  ကြွယ်ဝလှတဲ့ သိုလှောင်ရုံကြီးပါပဲ။ ကမ္ဘာကြီးကနေ ဂျုံ ၊ ပြောင်း ၊ ဘာလီ နဲ့ တခြား အရာပေါင်းများစွာ ရရှိစေတယ်။ ဒီတော့ ရွှေရောင်ဝင်းနေတဲ့ စားနပ်ရိက္ခာ ပင်လယ်ကြီး တစ်ခု မြေပြန့်မှာ ၊ တောင်စောင်းမှာ ၊ တောင်ကုန်းမှာ ၊ တောင်ကြားမှာ ၊ တောင်ပေါ်ကွင်းတွေမှာ ဖြစ်ပေါ် စီးဆင်းနေကြတယ်။ 

ကောက်ပင်တွေ ခူးဆွတ်ရိပ်သိမ်းပြီး သီးနှံတွေ ရရှိလာတယ်။ နေရောင်နဲ့ မိုးရေတို့က အသီးအပွင့် ဖြစ်စေဖို့ အားပြုပေးတယ်။ နွေဦးရဲ့ ခြောက်သွေ့မှုမှာ ဖြစ်ပေါ်လာတဲ့ မျိုးစေ့လေးတွေရဲ့ အံ့သြဖွယ်ရာတွေပဲပေါ့။ ကောင်းမွန်စွာ စိုက်ပျိုးမှု အတွက် ကောင်းမွန်တဲ့ အသီင်္းအပွင့်တွေ ခံစားရလာခဲ့ရတာပေါ့။ ဒါဆို တုံ့ပြန် မေတ္တာဖလှယ်ပွဲလို့ ဆိုရမယ်။

ဘဝတွေမှာလည်း နှစ်ကာလနဲ့ အလိုက် ထွက်ရှိလာတဲ့ ကောက်ရိတ်သိမ်းချိန် ဆိုတာ ရှိတယ်။ လုပ်ရပ်ကောင်းတွေက ပျော်ရွှင်မှုကို ဆောင်ကြည်းပေးတယ်။ လုပ်ရပ်ဆိုးတွေက မျက်ရည်တွေကို ဆောင်ကြည်းပေးတယ်။ မုန်းတီးမှုတွေက ကြေကွဲစရာကို ယူဆောင်ပေးတယ်။ အချိန်ကာလက ကျွန်တော်တို့ကို စိတ်ရှည်သည်းခံပြီး စုဆောင်းရှာဖွေတတ်ဖို့ သင်ကြားတယ်။ 

ဘယ်လိုပဲ ဖြစ်နေပါစေ. . .ကျွန်တော်တို့ စိုက်ပျိုးတာ ကျွန်တော်တို့ ရိပ်သိမ်းရမှာပဲ ဖြစ်တယ်။ 

source; Harvest By Patience Strong 
ကိုဇော် တင်ပြသည်။
19.4.2010 - 2.42 AM

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမည်မဲ့ said...

ကိုယ်စိုက်ပျိုးတာကို ကိုယ့်ဘာသာရိတ်သိမ်းရမှာဆိုတော့
ကောင်းမွန်တဲ့အသီးအပွင့်တွေ သီးပွင့်ဖို့လည်း
လိုသေးတာပေါ့နော်။
ဒါမှ အသီးအပွင့်ကောင်းကိုခံစားရမှာပေါ့။
အသိတရားတခုရစေလို့ကျေးဇူးပါ။