မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 April 2010

16 မိုးခေါင်လို့ ထွက်တဲ့ “ ဆား ”


အမှန်အတိုင်း ဝန်ခံရရင် ဒီရက်ပိုင်းမှာ ကျွန်တော် နေလို့မကောင်းပါ။ လူက အကောင်းကြီး ဖြစ်သော်လည်း မျက်လုံးက မကောင်း။ မျက်ရိုးတွေ ကိုက်ပြီး မျက်လုံးတွေ အောင့်နေတယ်။ ဒါကြောင့် မဖြစ်နိုင်တဲ့ အဆုံး ဆေးခန်းသွားပြတော့ ဆရာဝန်က ကွန်ပျူတာ ကြည့်လားတဲ့။ အဟင်း . . . အဟဲ.. . နည်းနည်းတော့ ကြည့်ရတယ်လို့ ပြောလိုက်တယ်။ မင်း အလုပ်ကရော ကွန်ပျူတာ နဲ့ လုပ်ရတာလားတဲ့။ အင်း . . ဒါလည်း ပါတယ် လို့။ ဒါဆိုရင် ကွန်ပျူတာ မကြည့်ပဲ တစ်လ နားရမယ် တဲ့။

ဘာ. . . . တစ်လ ဟုတ်လား။

တကယ်တော့ ကျွန်တော်ကလည်း လွန်တာတော့ လွန်တယ်။ တစ်နေ့မှာ အိပ်ချိန်ကလွဲလို့ သူ့ကိုပဲ မျက်နှာမူထားတာ. . ။ အခု နောက်ပိုင်း တရုတ်က ထုတ်တဲ့ ဆော့ဝဲလ် လေးတစ်ခုနဲ့ ဘောပွဲတွေကိုလည်း တိုက်ရိုက် ကြည့်လို့ရနေတော့ ပိုဆိုး။ နောက်ပြီး နောက်ထပ် ဆော့ဝဲလ်လေး တစ်ခုကလည်း ထွက်သမျှ ရုပ်ရှင်တွေကို တိုက်ရိုက်တင်ပေးထားတယ်။ တရုတ်လိုတွေ အောက်က စာတန်းထိုး ဖြစ်နေတာ တစ်ခုပဲ။ ဒီတော့ ကျွန်တော့်မှာ အရင်လိုလည်း ခွေတွေ ဝယ်မကြည့်ရတော့ဘူး။ ဒီမှာ တော်တော်ကို အဆင်ပြေနေတာ။ ( အဲဒီဆော့ဝဲလ်တွေ အားလုံး ကျွန်တော် Side Bar က “ ကိုဇော် မျှဝေသည်။ ” နေရာမှာ တင်ပေးထားပါတယ်။ တချို့ကတော့ ဆိုက်က သွားဆွဲရင် နောက်ဆုံးဗားရှင်း ရနိုင်လို့ ဆိုက်ကိုပဲ တိုက်ရိုက် ချိတ်ပေးထားတယ်။ လိုချင်ရင် အဲဒီက တဆင့် သွားဆွဲပါ။ )

ဒီတော့ တစ်နေ့ကို ၁၈ နာရီလောက်က သူနဲ့ပဲ မျက်နှာချင်း ဆိုင်နေမိတယ်။ ဒီတော့ ကြာတော့. . . ဖြစ်ပြီပေါ့။ လွန်ခဲ့တဲ့ ၄ လလောက်ကလည်း တစ်ခါ Warning ပေးသေးရဲ့ ၊ ဟိ. . ၁၀ ရက်လောက် နားလိုက်ပါတယ်။ အခုတော့ သိသိသာသာကို မျက်လုံးတွေက ဝါးတားတား ဖြစ်လာတယ်။ ငါတော့ “ မျောက်မှန် ” တော့ တပ်ရတော့မယ် ထင်တယ်။ ဆရာဝန်ကလည်း ပြောလိုက်တယ်လေ. . မနားရင်တော့ မျောက်မှန် ဆိုပဲ။

ဒါကြောင့် ခုတလော အရင်က ရေးထားတာလေးတွေပဲ ကျွန်တော် တင်နေတာ. . ။ ကျွန်တော့်ညီမ မွေးနေ့ ပို့စ်လေးတောင်မှ အရင်က ရေးထားတာနဲ့ အပေါ်က စာလေးတွေ ဖြည့်ပြီး တင်လိုက်တာ။ အရင်က ရေးထားတာလေးတွေကို ဖတ်ပြီး Publish လုပ်ပေးလိုက်တာတွေပဲ များနေတယ်။ ဒါကြောင့် ညှစ်ပြီး သိပ်မရေးဖြစ်ပဲ ဖာသိဖာသာပဲ “ ဆား ” ချက်နေမိတာဗျ။ ဒီအချိန်မှာ ကွန်ပျူတာ ကျွန်တော် သိပ်မကြည့်ပဲ။ ဘာတွေ လုပ်ဖြစ်လဲ ဆိုတော့ စာအုပ်ပုံကြီးထဲ ဒိုင်ဗင် ပစ်ထိုးမိတယ်။

ဖူး . . . ဖုံတွေ။ 

ဖုံတွေတောင်မှ တော်တော် တတ်နေပါရောလား။ ဟုတ်ပါ့ဗျာ။ အရင်က အမြဲလိုလို ဖတ်ဖြစ်တဲ့ စာအုပ်လေးတွေတောင်မှ အခုနောက်ပိုင်း သိပ်မကိုင်ဖြစ်ဘူး။ ဒီလို မွှေရင်း ၊ နောက်ရင်းနဲ့ ကျွန်တော့်စာအုပ် အဟောင်းလေး တစ်အုပ်ကို သွားတွေ့တယ်။ စာအုပ်နာမည်က . .

“ ကျွန်တော့် အတွေးမှတ်စုများ ”

ဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ ဒီတော့မှ ဒီစာအုပ်လေးကို ကျွန်တော် ပြန်သတိရတယ်။ နောက် ဒီစာအုပ်လေး ရေးဖြစ်စေတဲ့ စာလေး တစ်ခုကိုလည်း သတိရတယ်။ ဒီစာလေးကို ကျွန်တော် ဒီစာအုပ်လေး ဖြစ်လာစေလို့ အမှတ်တရ ပထမဦးဆုံး စာမျက်နှာမှာ တင်ထားတယ်။

အဲဒီစာလေးဟာ ဂျာနယ် တစ်စောင်မှာ ဆရာ တာရာမင်းဝေ ရေးထားတဲ့ အတွေးလေး တစ်ခုပါ။ လူသိနည်းလှပါတယ်။ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်း အိမ်က ဂျာနယ်မှာ သွားတွေ့လို့ တောင်း ဖြတ် ပြီး စာအုပ် ပထမဆုံး မျက်နှာမှာ စာရွက်ကို ဓါးနဲ့ လေးဘက် အကွက်လေးတွေ လှီးပြီး အဲဒီ စာရွက်လေးကို ညှပ်ထားခဲ့တာ။

သတိရလို့ ဖွင့်ကြည့်လိုက်တော့ “ ဟာ . . ” ခနဲပဲ။ မရှိတော့ဘူး။ အဲဒီ စာရွက်လေး မရှိတော့ဘူး။ လေးဘက် လေးတန်စလုံး ညှပ်ထားတာ ဆိုတော့ ထွက်တော့ မကျနိုင်ပါ။ တစ်ယောက်ယောက် စာအုပ်ကို ယူဖတ်ပြီး နှုတ်များ ယူသွားတာလား။ အဲဒီစာလေးက ကျွန်တော့်အတွက် တော်တော်ကို တန်ဖိုးရှိပါတယ်။ အဲဒီစာလေးကြောင့် တခြားသော အတွေးလေးတွေကို လျှောက်တွေးဖြစ်ခဲ့တာ. . .။ အခုတော့ မရှိတော့ဘူး။

ဒါကြောင့် ကျွန်တော်. . . “ ကျွန်တော့် အတွေးမှတ်စုများ ” စာအုပ်ကိုလည်း မတော်လို့ ပျောက်ရှသွားရင် ဆိုပြီး မဖြစ်သေးပဲ နှမြောလာမိတယ်။ ဒါကြောင့် ဘလော့ပေါ် တင်ထားရင် ကောင်းမလားလို့ တွေးမိပြန်တယ်။ ဒါပေမဲ့ ဒါတွေက ကိုယ့်အတွက်ပဲ မှန်နိုင်ပါတယ်။ သူများ အတွက်ကျတော့ “ ရယ်စရာ မဟုတ်ဘူး ရူးစရာ ” ဖြစ်များနေမလားရယ်လို့လည်း တွေးမိပြန်ပါလေရော။ ဒါကြောင့် တင်ရနိုးနိုး မတင်ရနိုးနိုး ဖြစ်နေတယ်။

တင်. . . . .

မတင်. . . . . 

ချီတုံချတုံ ဖြစ်နေတယ်။ ဒါကြောင့် ဒီလိုလုပ်မယ်ကွာ ဆရာတာရာမင်းဝေ ရဲ့ စာလေးကို အရင်တင်ကြည့်မယ်။ ဒါကို စာဖတ်သူတွေ အနေနဲ့ ဖတ်လို့ အဆင်ပြေတယ် ဆိုမှ တခြားသော အကြောင်းအရာတွေကို ဆက်တင်မယ် လို့ စဉ်းစားဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီမှာလည်း ပြောစရာ ရှိလာတာက ဆရာတာရာမင်းဝေ စာကို လူသိနည်းတယ် ဆိုပြီး ကိုယ့်စာလိုလိုလည်း ကျွန်တော် မလုပ်ချင်ပါဘူး။ 

ဒါပေမဲ့ မူရင်းအတိုင်းဖော်ပြဖို့ကလည်း ကျွန်တော့်မှာ မူရင်းစာရွက်လေးက ဘယ်ကို ခရီးထွက်သွားမှန်း မသိဘူး။ ဒါပေမဲ့ ကျွန်တော် အလွတ်တော့ မှတ်မိနေပါတယ်။ အဲ. . မမှတ်မိတာက အဲဒီ စာလေးထဲက သီအိုရီ နှစ်ခု နဲ့ ထို သီအိုရီ ကို ဖော်ထုတ်သူ ရဲ့ နာမည်။ ဒါတွေကိုတော့ ကျွန်တော် မမှတ်မိတော့လို့ မဖော်ပြနိုင်တော့ဘူး။ ဘာလိုလဲ ဆိုတော့ အဲဒီစာလေးက ၁၉၉၈ ခုနှစ်က ဆိုတော့ ၁၂ နှစ် ကြာနေခဲ့ပြီဗျ။

ဒီတော့ ကျွန်တော် နားလည်သလိုနဲ့ ဆရာတာရာမင်းဝေ ရဲ့ မူရင်းအတိုင်း အတတ်နိုင်ဆုံး ရအောင် ဖော်ပြပါ့မယ်။ စာဖတ်သူများ ဖတ်လို့ အဆင်ပြေတယ် ဆိုမှ နောက်ဆက်တွဲတွေ. . . . .။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အင်ဖစ်နတီ ( Infinity )



တစ်ခါက မျဉ်းပြိုင်နှစ်ကြောင်းက တစ်ယောက်နဲ့ တစ်ယောက် အချင်းများကြတယ်။

“ ငါကတော့ မျဉ်းပြိုင် ဆိုတာ အင်ဖစ်နတီ မှာ ဆုံတယ် လို့ ဆိုတဲ့ သီအိုရီ ကို လက်ခံတယ်ကွာ။ ”

ဒီတော့ နောက်ထပ် မျဉ်းပြိုင်လေးကလဲ . . ခေါင်းလေး တရမ်းရမ်းနဲ့။

“ ငါကတော့ လက်မခံဘူး။ မျဉ်းပြိုင်မှန်ရင် အင်ဖစ်နတီ ပဲ ဖြစ်ဖြစ် ၊ ဘယ်မှာပဲ ဖြစ်ဖြစ် ဘယ်တော့မှ မဆုံဘူး ဆိုတဲ့ သီအိုရီ ကိုပဲ လက်ခံတယ်။ ”

ဒီတော့ အရင် ပြောတဲ့ မျဉ်းပြိုင်လေးက. . .

“ မျဉ်းပြိုင်ဆိုတာ အင်ဖစ်နတီ မှာ ဆုံပါတယ် ဆိုမှ . . .။ ”

“ မဟုတ်ဘူး. . ၊ မျဉ်းပြိုင်မှန်ရင် ဘယ်တော့မှ မဆုံဘူး။ ”

ဒီလို သူတို့ တစ်ယောက်နဲ့ တစ်ယောက် အပြင်းအထန် ငြင်းခုန်ကြပြီး ကြာလာတော့ မောလာကြတယ်။

“ ဒါဆို ဒီလို လုပ်မလား။ ငါတို့ မျဉ်းပြိုင် ဆိုတာ အင်ဖစ်နတီ မှာ ဆုံတယ် ၊ မဆုံတယ် ဆိုတာ ကိုယ်တိုင် သိရအောင် မင်းနဲ့ ငါ အင်ဖစ်နတီ ကို ရောက်အောင် သွားကြမယ်။ အဲဒီကို ရောက်မှ ငါတို့ ဆုံတယ် ၊ မဆုံဘူး ဆိုတာကို ဆုံးဖြတ်ကြမယ်။ ”

“ အေး ကောင်းတယ်။ အဲဒီလို ကောင်းတယ်။ မင်းနဲ့ ငါနဲ့ အင်ဖစ်နတီကို ရောက်အောင် သွားကြမယ်။ ”

ဒီလိုနဲ့ သူတို့ဟာ အင်ဖစ်နတီကို ရောက်အောင် ပြေးလာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာလာကြတယ်။ ဒါကြောင့် သူတို့လည်း အသက်တွေ ကြီးလာကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ အင်ဖစ်နတီ လို့ ခေါ်တဲ့ နေရာကြီးထဲကို ရောက်လာတယ်။ အဲဒီနေရာမှာ သူတို့လိုပဲ မျဉ်းပြိုင်တွေ ၊ မျဉ်းကွေးတွေ ၊ မျဉ်းပြတ်တွေ ၊ စက်ဝိုင်းတွေ အစရှိသဖြင့် အများကြီးကို တွေ့လိုက်ကြရတယ်။

နှစ်ပေါင်းများစွာ ဖြတ်သန်းလာကြရပြီး သူတို့ကလည်း အသက်တွေ ကြီးရင့်လာတော့ သူတို့ရဲ့ ရုပ်သွင်ကလည်း ပြောင်းလဲလာခဲ့ပြီ။ သူတို့ အင်ဖစ်နတီထဲ ရောက်တော့ တစ်ယောက်ကို တစ်ယောက် တွေ့အောင် လိုက်ရှာကြပေမဲ့ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မြင်ရင်တောင်မှ သူတို့ ရုပ်သွင်တွေက ပြောင်းလဲသွားကြတော့ မမှတ်မိကြတော့ဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ဆုံလား ၊ မဆုံလား ဆိုတာလည်း သူတို့ကိုယ်တိုင်လည်း မသိတော့ဘူး . .တဲ့။

ဒါကြောင့် မျဉ်းပြိုင် တစ်ခုဟာ အင်ဖစ်နတီမှာ ဆုံတယ် ၊ မဆုံတယ် ဆိုတာလဲ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မမှတ်မိကြတော့ အခုထိ သက်သေ မပြနိုင်သေးဘူး။
(တာရာမင်းဝေ)


ကိုဇော် ထပ်ဆင့် ခံစားတင်ပြသည်။
26.4.2010 - 6.01 AM

.
Share/Bookmark

16 ယောက် ရဲ့ ထင်မြင်ချက်:

ရွှေရတုမှတ်တမ်း said...

ကိုဇော်ရေ..ဓါတ်ရှင်ကြည့်လို့ရတယ်လား...
ဒီလိုဆိုရင်..တိုင်းကျူး..

ချစ်သမီး said...

မြင်းခွါရွက် များများစားပါ။
ကျနော်ဖြစ်တုန်းက တနေ့ ကို စားနိုင်သလောက် စားတယ်။
ထမင်းစားတိုင်း မြင်းခွါရွက် ၂ စည်းလောက် ရေဆေးထည့်ထားတယ်။ တနေ့ ကို မစားဘူးဆို ၅ စည်းကနေ ၆ စည်းလောက် စားဖြစ်တယ်။ သူငယ်ချင်းတွေက သုပ်စားဖို့ အကြံပေးပေမယ့် အလုပ်ရှုပ်လို့  ဒီအတိုင်းပဲ စားဖြစ်တယ်။ တလပြည့်တဲ့အချိန်မှာ တပ်ထားတဲ့ မျက်မှန် ဖြုတ်လို့ ရသွားတယ်။ အရင်က စာဖတ်ချိန်ပဲ တပ်တဲ့မျက်မှန်ကို ဆရာဝန်က မချွတ်တမ်းတပ်မှ ရမယ်ပြောလို့  မြင်းခွါရွက်တွေ တအားစားတာ။ စားစေချင်ပါတယ်။ အိပ်ချိန် ပုံမှန်ရအောင် ထားပေးဖို့ အကြံပေးချင်ပါတယ်။

ချစ်ကြည်အေး said...

ငယ်တုန်းက အမ သိတ်ကြိုက်တဲ့ ဖီးစစ် ကျူရှင်ဆရာ ဦးယုံဝေး ပြောတာ သွားသတိရတယ်...
အချစ်ရယ် မင်းနဲ့တို့ဘဝဟာ ဘယ်တော့မှ မဆုံနိုင်တော့ပါဘူးကွာလို့ တယောက်သောသူက ပြောလာရင် အားမလျှော့ပါနဲ့ ဆုံနိုင်ပါသေးတယ်လို့ ပြန်ပြောလိုက်တဲ့ အင်ဖနတီမှာ ဆုံကြတာပေါ့တဲ့ အင်ဖနတီက ဘယ်မှာလဲဆိုတော့ သင်္ချိုင်းကုန်းမှာ တဲ့လေ....ဟားဟား ဆရာက ရယ်စရာသိတ်ပြောတာ....အဲဒါ သတိရသွားတယ်....မျက်မှန်ကတော့ မတပ်ရရင် ပိုကောင်းတယ်ဟေ့....:)

မကေ said...

မျောက်မှန် မတပ်ရအောင် ဂရုစိုက် ကိုဇော်ရေ တပ်ရရင် ပါဝါက ထပ်တိုးလာအုံးမှာ

what is good things said...

မျောက်မှန်ကတော်ပါသေးတယ်။ ပုလင်းဖင်ကမှ အတော်ဆိုးတား))) (နောက်သွားတယ်)

တာရာမင်းဝေရေးထားတာလေး မျှဝေတာကျေးဇူးပါ။ မျဉ်းပြိုင်၂ကြောင်းက ၁ကြောင်းနဲ့၁ကြောင်းမမှတ်မိတော့ ဘူးကိုး။ ဖတ်ပြီးသဘောကျမိတယ်။း))

ချော (အစိမ်းရောင်လွင်ပြင်) said...

အော်
မန့်လို့ရသွားပြီ။
မိဇော်ရေ ကျန်းမာရေးဂရုစိုက်ဟ.
ကျန်းမာရေးကောင်းမှ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်မှာ
စာရေးတာနဲ့ ကွန်ပျူတာကြည့်တာ နည်းနည်းလျှော့
ကျုပ်တောင် ၃ရက်မှ တစ်ပုဒ်ဖြစ်နေပြီ..
စံချိန်တွေ လျှော့လိုက်ပြီဟ...
တစ်ခါတစ်လေလဲ ကိုယ်လုပ်ချင်တာလေးတွေလဲ
လျှောက်လုပ်ဦးမယ် စာချည်း ဖိရေးနေရတာ ပျင်းလာပြီ..
မျောက်မှန်တော့ လိုအပ်ရင်တတ်
မတတ်ရရင်တော့ အကောင်းဆုံးပေါ့..
တော်ကြာ သရဲ မကြောက်တော့ဘဲ ဖြစ်နေမယ်..း)း)
ကျန်းမာပျော်ရွှင်ပါစေဝေ့.....

မြသွေးနီ said...

ဟုတ်တယ်။ တစ်ခါ တစ်ခါမှာ မှန်ကန်ကြောင်း သက်သေပြကြရင်းနဲ့ ဆုံမှတ်တွေ လွဲကုန်ကြတယ်။

ရွှေနတ်သား said...

အတူတူပါဘဲ..ကိုဇော်ေ၇..
ကျောင်းစာလုပ်တော့လည်း...ဒီကျွန်ပျူတာ
ချက်တော့လည်း ...ဒီကျွန်ပျူတာ
ကြည့် စ၇ာ ရှိတော့လည်း...ဒီကွန်ပျူတာ
ပျင်းလို့ ထိုင်မိတော့လည်း..ဒီကွန်ပျူတာ
တစ်နေ့ တစ်နေ့ ဒင်းေ၇ှ့ မှာ ငုတ်တုတ်ထိုင်နေ
တဲ့ အချိန်ကိုက နည်းတာမှမဟုတ်တာ...
ခံနိုင်ရိုးလား ...ဒီမျက်လုံးတွေ..
အခုတောင်ခပ်တည်တည်လုပ်နေတာ
ဝါးတားတားဖြစ်ချင်တယ်

လသာည said...

မျက်လုံးကတော့ တကယ်အရေးကြီးတယ်..
ကျွန်မလည်း အခု မျက်လုံးအတွက် နားနေရတယ်။

တာရာမင်းဝေရဲ့စာတွေ ကျွန်မ အရမ်းကြိုက်တယ်။ အခုလို မျှဝပေးတာ ကျေးဇူးပါ

မောင်မိုး said...

မျောက်မှန်မတပ်ချင်ရင်တော့ လုံးဝနားပေးလိုက်ပါဗျာ။ ကျွန်တော့်မှာလဲ မျောက်မှန်နဲ့ဆိုတော့ ကိုယ့်ဒုက္ခကိုယ်သာသိပါတယ်။

ကလူသစ် said...

အတိအကျမမှတ်မိရင် စာတပုဒ်လုံး မတင်တာကောင်းမယ်ထင်တယ်။ လိုချင်တာလေး ဖြတ်ပြီး ကိုးကားတာဆိုရင်တော့ တမျိုးပေါ့။ ခုနေတော့ ကိုယ်က အကျိုးအကြောင်းပြပြီး ရေးထားတော့ ပြသနာမရှိဘူး။ ဒါပေမဲ့ ကာလရွေ့လျောလာတဲ့အခါ နဲနဲရှုပ်ထွေးလာနိုင်တယ်။ ထင်မိတာပြောတာပါ။

♥ကိုဇော်♥ said...

အတိအကျ မမှတ်မိဘူးလို့ ကျနော် မပြောမိပါဘူး။
ရူပဗေဒဆိုင်ရာ သီအိုရီကို ရှာဖွေ ဖော်ထုတ်သူ နှစ်ယောက် နာမည်နဲ့ သူတို့ရဲ့ သီအိုရီ နာမည်ပဲ ကျနော် အတိအကျ မပြောနိုင်လို့ ကျနော် ထည့်မရေးတာပါ။ ဒါနဲ့ ပတ်သတ်ပြီး ကျနော် ညွှန်းဆိုလိုတာကိုများ ထိခိုက်သွားသလား မသိဘူး။
တကယ်လို့ ကျနော်က ရိုးသားစွာ ဝန်မခံပဲ ကိုယ်ရေးသလိုလိုနဲ့ ရေးထားရင်လည်း တော်ရုံတန်ရုံ သိကြမယ် မထင်ပါဘူး။ အတွေးတစ်ခုကို ချပြတာ ဖြစ်လို့ ကာလအလျှောက် ရွေ့လျောပြောင်းလဲ သွားနိုင်တယ် ဆိုတာကတော့ ပြောဖို့ မလိုအောင် မှန်လွန်းလှပါတယ်။
ဘာပဲ ပြောပြော ကျေးဇူး..ကိုကလူသစ်

~ဏီလင်းညို~ said...

ကိုဇော်.......
ခင်ဗျား..... မျက်စိကို သေချာဂရုစိုက်ဗျာ......။
ကျွန်တော်...... မျက်စိအားလုံးဝမကောင်းခဲ့ရလို့ စိုးရိမ်မိတာ........။
(ချစ်လို့၊ ခင်လို့.... ပြောတာမှတ်ပါဗျာ........)

ခင်မင်တဲ့
ဏီလင်းညို

zinmar said...

ကိုဇော်ရေ
ရေးထားတာတွေအားလုံးကြိုက်ပါတယ်
ကောင်းတယ်
ကိုဇော်ကို လဲကျေးဇူးတင်ပါတယ်
အခုလိုဖတ်စရာလေးတွေတင်ပေးထားတဲ့အတွက်
သမီးအ အခုမှ အွန်လိုင်းစသုံးတာဆိုတော့ သူငယ်ချင်း မရှိတဲ့သမီးအတွက် ကိုဇောက် ၀က်ဆိုက်က သူငယ်ချင်းတစ်ယောက်လို အဖော်ရပါတယ်ရှင်

ma ma said...

ဘ၀ပေါင်း များစွာ ရေတွက်ရင် ဆုံဘူးတာပေါ့ ကိုဇော်ရယ် ခုခဏ ကြည့်တာ မဟုတ်ဘူးနော်

တရားတော် အတိုင်းပြောတာပါ ။ကောင်းတယ် မှတ်မိသလိုတင်တာ တူတာ မတူတာက အရေးမကြီးဘူး စာကောင်းလေးတွေ ဖတ်ရတာပေါ့နော
မျက်စေ့ ကကွမ်းရွက် မျက်စေ့နဲ့ မျက်ခုံးမွေးနားက
နှာခေါင့်းထိပ်မျက်ရိုးနားကိုကွမ်းရွက်ကပ်ပေးပါ သေးသေးလေးကပ်ထားပါ။
အိပ်ချိန်ကိုတော့ အုပ်ထားလိုက်ကွမ်းရွက်ကို တအားကောင်းပါတယ် သေချာလုပ်ပါနော်။

ဒုတိယလူ said...

မျောက်မှန် မတက်ချင် ရင်
အကောင်းဆုံးက ကသိုင်းရှု့ အကိုရာ
.အကောင်းဆုံးက တော့ မီးကသိုင်း လို့ ပြောတယ်
ဟီးးး
ခင်မင်လေးစားလျှက်
(ဒုတိယ)

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.