မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 April 2010

4 ဒါ အရေးကြီးလား။




လူတွေမှာ သူတို့အတွက် ဘာတွေက အရေးတကြီး ဆိုပြီး ဖြစ်နေတယ် ဆိုတာတွေ ရှိတယ်။ သတိထားမိလား။

ကိုယ့်ပြိုင်ဘက်က ကိုယ့်ထက် သာသွားမယ် ဆိုရင် ဒါ ကိုယ့်အတွက် တကယ် အရေးကြီးလား။ တခြားသူ တစ်ယောက်ရဲ့ ပြောနေ ဆိုနေတာတွေက ကိုယ့်အတွက် အရေးကြီးလား။ ကိုယ့်အိမ်နားနီးချင်းက ကိုယ့်ကို မနှုတ်ဆက်ပဲ မမြင်ချင်ယောင် ဆောင်သွားတယ် ဆိုရင် ဒါ ကိုယ့်အတွက် အရေးကြီးလား။ ကိုယ်စားဖို့ မှာထားတာ သူများက ယူစားသွားရင် ဒါ ကိုယ့်အတွက် တကယ် အရေးကြီးလား။

တကယ်တော့ လူတွေ အားလုံးဟာ ဒီနေ့ရာကို တစ်ဘဝစာ မျှသာ ရောက်လာခဲ့ကြရတာ ဖြစ်တယ်။ ကိုယ့်ခေါင်းပေါ်မှာ ပထမဆုံး ဆံပင်ဖြူ ပေါက်လာခဲ့တာ ကိုယ့်အတွက် တကယ် အရေးကြီးလား။ ဘယ်သူမှ အစဉ်နိုပျို မနေနိုင်ပါ။ ဒီလိုပဲ ဘယ်သူမှလည်း နှစ်ကာလတွေကို ဆွဲဆန့်ထားလို့ မရနိုင်ပါ။ စိတ်ဆိုးသော မျက်နှာ အမူအရာ ၊ မျက်ဝန် ၊ မျက်မှုန်ကြုတ်ခြင်း ၊ မျက်ရည်ကျတာတွေက ဘယ်သူ့ကိုမှ အလှတိုးအောင် မလုပ်ပေးနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးဟာ ဒီနေရာကို ဒီဘဝ တစ်ဘဝစာ အတွက်ပဲ ရောက်လာခဲ့ရတာပါ။ ဘဝဆိုတာ တိုတိုလေးပါ။ အချိန်ဆိုတာလည်း ကုန်လွယ်လွန်းလှတယ်။ ဒီလို ဘဝတိုတို နဲ့ ကုန်လွယ်တဲ့ အချိန်မှာ မျက်မှောင်ကြီး ကြုတ်ပြီး ပူပန်သောကတွေကို မွေးမြူထားပြီး အချိန်ဖြုန်းမဲ့ အစား ၊ ဟိုး မိုးကုတ်စက်ဝိုင်းက အလင်းရောင် လှလှလေးတွေကို မျှော်ငေးရင်း ပြုံးရွှင်သော မျက်နှာ ၊ တောင်ပသော အပြုံးနဲ့ မြင်လူတကာ ကျေနပ် နှစ်သိမ့်ပေးနိုင်အောင် မျက်နှာကို ပြုံးထားလိုက်ပါလား။

source; Does It Matter? By Patience Strong
ကိုဇော် တင်ပြသည်။
23.4.2010 - 7.10 AM

.
Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

ကျွန်တော့်အတွက် အရေးကြီးဆုံးက ထမင်း ၂ နပ်ကို အေးအေးလူလူ အပူအပင်မရှိစားနိုင်ဖို့ပဲ။ အဲ...ကြားထဲမှာ တီးလေးတစ်ခွက်လောက် ဆွဲလိုက်ချင်သေးတယ်။ ဒါပါပဲ။

မြစ်ကျိုးအင်း said...

ဒီပို့စ်ဖတ်ပြီး ဘယ်လိုမန့်ရင် ကောင်းမလဲတွေးရတာ
ဒါ အရေးကြီးလား ?

(ခင်လို့စတာ)

ဟုတ်တယ်ဗျ သိပ်အဓိက မကျတာတွေကို ဆင်ခြင်ဆုံးဖြတ်ပြီး အရေးမကြီးရင် စိတ်ထဲ အကြာကြီး မထားတာ အကောင်းဆုံးပါပဲ

မြသွေးနီ said...

ဘယ်အရာမှ မမြဲ...
ဘယ်အရာမှ အစိုးမရ...
ဒီတော့..သေချာစဉ်းစားလိုက်ရင် ဘာမှ အရေးမကြီး။
အချိန်တန်ရင် အဆုံးသတ်ရမှာ။
ဖြစ်ပြီးရင်... ပျက်..တဲ့ ။

ရွှေနတ်သား said...

ပြုံးနိင်အောင်ကြိုးစားနေပါတယ်ကိုဇော်
တခါတလေတော့လည်းအဆင်မပြေတာတွေ
တွေ့ လာတော့လည်း မချိပြုံးလေးနဲ့ ပေါ့ဗျာ