မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 April 2010

2 အဖိုးတန်သော ကျောက်စရစ်ခဲများ



ဒါတွေက ဘာအတွက် အသုံးဝင်မှာ မို့လို့လဲ ၊ ဒါကရော ငါ့တို့ ဘဝမှာ ဘာအတွက်ကြောင့်များ အသုံးကျမှာ မို့လို့ သင်ရမှာလဲ ၊ လေ့လာရမှာလဲ လို့ ကျွန်တော့်ကို မေးတတ်ကြပါတယ်။ ဒီလို မေးလာတိုင်းလည်း ကျွန်တော် ပြောနေကြ စကားလေး တစ်ခွန်း ရှိပါတယ်။ ဒါကတော့. . .

“ လောကမှာ အသုံးမကျတဲ့ ပညာ ၊ အရာ ဆိုတာ မရှိပါဘူး။ တကယ်လို့ ဒီပညာ ၊ အရာကို အသုံးမကျဘူးလို့ ထင်ခဲ့ ၊  မြင်ခဲ့တယ် ဆိုရင်တော့ ဒီလူဟာ အသုံးမချတတ်တာပဲ။ ”

တကယ်လည်း ကျွန်တော်တို့ ဘဝမှာ ၊ လောကကြီးမှာ ဒီအတိုင်းပဲ ရပ်တည်လျှက် ရှိပါတယ်။ ဒီအတွက် ပုံပြင်လေး တစ်ခုက ဒီလို ပြောတယ်။

တစ်ခါက . . .

အခြေချနေထိုင်းခြင်း မရှိပဲ နေလှည့်နေတဲ့ လူမျိုးတစ်စုဟာ သွားလာရင်းနဲ့ စခန်းချ ရပ်နားဖို့ ပြင်ဆင်နေတုန်း သူတို့နေရာနားကို အလင်းတန်းတစ်ခုက ထိုးကျလာတယ်။ ဒီတော့ သူတို့က . .

“ ဟာ . . .ဒါကတော့ ကောင်းကင်က ဖန်ဆင်းရှင်က တန်ခိုးပြတာပဲ ။”

သူတို့အတွက် လမ်းခရီးမှာ ဘာများ မှာကြားမလဲ ဆိုပြီး ငြိမ်ပြီး နားထောင်နေကြတယ်။ အတော်ကြာတဲ့ အချိန်မှာ ကောင်းကင်ထံမှ တန်ခိုးရှင်ဆီကနေ အသံထွက်ပေါ်လာတယ်။

“ မင်းတို့တွေ အားလုံး အခုက စပြီး ကျောက်စရစ်ခဲတွေ ရသမျှ ကောက်ပြီး မင်းတို့နဲ့ အတူ မင်းတို့ ခရီးဆောင်အိတ်ထဲ ထည့်ပြီး သယ်သွားကြတော့။ မင်းတို့ တစ်နေ့တာမျှ ဒီကျောက်စရစ်ခဲလေးတွေကို သယ်သွားပြီးရင် မင်းတို့ ပျော်ရွှင်ကြရလိမ့်မယ်။ ပြီးရင်တော့ မင်းတို့ ဝမ်းနည်းကြ ရလိမ့်မယ်။ ”

ကောင်းကင်ယံမှ တန်ခိုးရှင်က ဒီလို ပြောပြီး ပျောက်ကွယ်သွားတယ်။ တန်ခိုးရှင်က သူတို့ကို ဘာများမှာကြားမလဲ ဆိုတဲ့ မျှော်လင့်တကြီး စောင့်ဆိုင်းနေသူတွေ အားလုံး သူတို့ကို ကျောက်စရစ်ခဲတွေပဲ ကောက်ခိုင်းတယ် ဆိုပြီး စိတ်ပျက်ကာ အချင်းချင်းတီးတိုး ပြောဆိုလျှက် ကျန်ခဲ့တယ်။

သူတို့ကတော့ ကောင်းကင်က တန်ခိုးရှင်က သူတို့ ကြီးပွားတိုးတတ်ဖို့ ၊ စိတ်ချမ်းသာ ပျော်ရွှင်ဖို့ ၊ ဥာဏ်ပညာများ တိုးတတ်ဖို့ မပြောကြားသွားပဲ ၊ ဘာမဟုတ်တဲ့ ကျောက်စရစ်ခဲလေးတွေကိုပဲ ကောက်ခိုင်းသွားခဲ့တယ် လို့ မကျေမနပ် ဖြစ်ကြတယ်။ ဒါပေမဲ့ ကောင်းကင်က ကျလာတဲ့ အလင်းတန်းနဲ့ အသံဆိုတော့လည်း သူတို့ တန်ခိုးရှင် ပြောတာကို လျစ်လျှူရှု မထားနိုင်ကြဘူး။ တန်ခိုးရှင်ရဲ့ မှာကြားချက် အတိုင်းတော့ ကျောက်စရစ်ခဲလေးတွေကို စတိအဖြစ်နဲ့  တစ်လုံး ၊ နှစ်လုံး နဲ့ အနည်းငယ်သာ ကောက်ယူပြီး တီးတိုး ဝေဖန်ပြောဆို၍ ကောက်ပြီး သူတို့ ခရီးဆောင် အိတ်ထဲကို သယ်ယူလာကြတယ်။

နောက်တော့လည်း သူတို့ ကျောက်စရစ်ခဲလေးတွေကို သယ်လာတယ် ဆိုတာကို သတိမမူမိတော့ပဲ တစ်နေ့လုံး ခရီးနှင်လာလိုက်ကြတာ ညဘက် ရောက်တော့ ခရီးတစ်ထောက်နားတဲ့ စခန်းမှာ သူတို့ သယ်လာတဲ့ ခရီးဆောင် အိတ်ထဲကို နှိုက်လိုက်မိတဲ့ အခါမှာ သူတို့ သယ်ယူလာခဲ့တဲ့ ကျောက်စရစ်ခဲလေး တွေက တစ်လုံးချင်းစီ အလိုက် စိန်တုံးတွေ ဖြစ်နေတာ တွေ့လိုက်ရတယ်။

ဒီလို သူတို့ မထင်မှတ်ပဲ ကောက်ယူလာတဲ့ ကျောက်စရစ်ခဲလေးတွေက စိန်တုံးလေးတွေ ဖြစ်လာတော့ သူတို့ ဝမ်းသာကြတယ်။ သို့သော် သူတို့ ချက်ချင်းပဲ ဝမ်းနည်းသွားကြရတယ်။ သူတို့ ဘာလို့ ဝမ်းနည်းပြီး စိတ်မချမ်းသာ ဖြစ်ကြရတာလဲ ဆိုတော့ . . . .

“ ဒီလို အဖိုးတန် ဖြစ်လာစေမဲ့ ကျောက်ခဲလေးတွေကို များများ မကောက်ခဲ့မိလို့။ ” တဲ့။

ဒီပုံပြင်လေး ကတော့ ဒါပါပဲ။ 

ဒါပေမဲ့ တကယ့် အပြင်က လောကကြီးမှာလည်း လူတွေက ပုံပြင်လေးထဲက အတိုင်း မိမိနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ နေရာက အရာတွေကို တန်ဖိုး မရှိတာလို့ ယူဆပြီး အမှတ်တမဲ့ များများစားစား မသင်ယူမိတတ်ကြဘူး။

နောင်တစ်ချိန် ဘဝမှာ လိုအပ်လာတော့မှ “ ဟာ . .ဒါများကွာ။ အရင်က ငါ နဲ့ အမြဲထိတွေ့နေတာ အဲဒီတုန်းက မသင်ယူလိုက်မိခြင်း ” ဆိုပြီး နောင်တကြီးစွာနဲ့ စိတ်မချမ်းမသာ ဖြစ်ကြရတယ်။


source; Chicken Soup For The Soul မှ အပိုင်းအစ တစ်ခုပါ။
ကိုဇော် ခံစားပုံဖော်သည်။
13.4.2010 - 4.56 AM
.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မောင်မိုး said...

သိပ်မှန်တဲ့ အကြောင်းအရာတစ်ခုပါပဲ ကိုဇော်ရေ..။ ဒီလို နောင်တမျိုးတွေ ရခဲ့၊ ရဆဲ ပါပဲ။ နောင်လည်း ရနေဦးမှာပါပဲ။ အသိခေါက်ခက် အ၀င်နက်တဲ့ လူတွေကိုးဗျ။

KO GYI said...

ဖြစ်တတ်တဲ့ လူ့သဘော လူ့သဘာဝတွေပေါ့ဗျာ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.