မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 April 2010

2 ပျော်ရွင်မှု ရှာဖွေပုံ



ကိုယ့်ဆီမှာ သောကတွေ ဝန်းရံနေချိန်မှာ ဘယ်သူမှတော့ ပျော်နေနိုင်လိမ့်မယ် မဟုတ်ပါ။  သို့သော် ဒါတွေကို မေ့ကြည့်ပါ။ ကိုယ့်မှာ ခံစားနေရတဲ့ ဝေဒနာတွေက ကြီးမားချင် ကြီးမားနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်တွေကို တခြားသော အရာတွေဘက်ကို ပြောင်းကြည့်ပါ။

ကိုယ် ကိုယ်တိုင် ကိုယ်ခန္ဓာကိုယ်ကို ရှုမြင်နေရတာကနေ အပြင်လောကမှာ ရှိနေတဲ့ လူတွေဆီကို လှမ်းမျှော် ကြည့်လိုက်ပါ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ သောက ခံစားနေရတာပါလား လို့ မြင်နေမိတတ်တယ်။ တကယ်လို့ ကိုယ်ကိုယ်ကိုယ် ရှုမြင်နေရာ ကနေ အပြင်ကို လှမ်းမြင်ကြည့်လိုက်မယ် ဆိုရင် တခြားသူတွေလည်း ဒုက္ခတွေနဲ့ ကိုယ်လိုပဲ ခံစားနေရတာကို မြင်ရပါလိမ့်မယ်။ ဒါဆို ငါ့လို လူမျိုးတွေ အများကြီး ပါလားလို့ မြင်လာပါလိမ့်မယ်။

မိမိဖာသာ တစ်ယောက်တည်း ကြေကွဲ ဝမ်းနည်းမှုထဲမှာ ချောင်ပိတ်မိပြီး စိတ်အကျဉ်းခန်းထဲမှာ မိမိကိုယ်ကို ပိတ်လှောင်မထားပါနဲ့။ ထိတ်မိနေတဲ့ နေရာကနေ ထွက်ပေါက်ကို ဖွင့်နိုင်တဲ့ “ သော့ ” ကို ကိုယ်တိုင်ပဲ ပိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေရုံဖြင့် ပျော်ရွှင်သုခ မခံစားရနိုင်ပါ။ အခြားသူတွေရဲ့ လိုအပ်ချက်တွေကို သတိထားကြည့်ပါ။ ဒါတွေကို မြင်မိတာနဲ့ ပျော်ရွှင်မှု ဆိုတာကို တွေ့လာရပါလိမ့်မယ်။ တကယ်တော့ ပျော်ရွှင်မှု ဆိုတာ သူများ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်နိုင်တဲ့ “ ပီတီ ” တစ်မျိုးပါ။

လူတွေမှာ သူတို့ ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မနိုင်မနင်း ထမ်းနေရတာနဲ့ တခြားသူတွေကို ပျော်ရွှင်အောင် လုပ်ပေးဖို့ သတိမရတတ်ကြဘူး။ တကယ်လို့ သူများတွေ ပျော်ရွှင်အောင် ဖြန့်ဝေနိုင်တဲ့ အခါမှာ မိမိကိုယ်တိုင်လည်း ပျော်ရွှင်မှုကို ခံစားလာရမှာ ဖြစ်တယ်။

မိမိကိုယ်တိုင် အပြင်ကို လှမ်းကြည့်ပြီး သူများတွေ ပျော်ရွှင်မှု ၊ မျှော်လင့်ချက် ၊ အခြားသော အရာများအတွက် ကိုယ်က မြင်ပေးနေမိပြီ ဆိုရင် ကိုယ်တိုင်လည်း မျှော်လင့်ချက်များနဲ့ ပြည့်ဝနေတဲ့ ပျော်ရွှင်မှုကို ခံစားလာရပါစေလိမ့်မယ်။

source; Looking For Happiness By Patience Strong
ကိုဇော် ပုံဖော်သည်။
18.4.2010 - 2.01 AM

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

စာကောင်းလေးတွေပါဆက်လက်ေ၇းသားနိုင်ပါစေ
အကောင်းဆုံးblogတခုပါဘဲ

Unknown said...

ကျွန်တော်ကတော့ တတ်နိုင်သမျှ အကောင်းမြင်
စိတ်နဲ့ ကြည့်နိုင်အောင်ကြိုးစားပါတယ်ဗျာ