မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 April 2010

5 ရိုးပြတ်များ




ဟိုးအဝေးမှာ မြင်နေရတဲ့ အဝါရောင် ဝင်းဝင်းတွေဟာ ပြောင်းခင်းက ရိတ်သိမ်းပြီးလို့ ကျန်နေခဲ့တဲ့ ရိုးပြတ်တွေသာ ဖြစ်တယ်။ ရိုးပြတ်တွေ ၊ ဖုန်ဆိုးတွေ ၊ ရေမရတဲ့ မြေယာတွေ ဆိုတာ ခြောက်သွေ့ အထီးကျန်လှတယ်။

ပူနွေးခြောက်သွေ့မှ နိုးကြားရှင်သန်လာတတ်ကြတဲ့ ပေါ်ပီပန်းတွေလည်း ပွင့်လာကြပြီ။ လူတွေ ပေါင်မုန့်ကြားမှာ ညှပ်ပြီး အစားခံရဖို့ သတ္တဝါ လာဖြစ်နေရတဲ့ အမွှားဖားဖားနဲ့ သားကောင်တွေလည်း ထွက်ပြေးသွားကြပြီ။ တသွင်သွင်နဲ့ ရွှေအိုရောင် စီးဆင်းနေတဲ့ ဟိုးပင်လယ်လို ကျယ်ပြောလှတဲ့ မြေတွေကလည်း ကျိုးပြတ်နေတဲ့ ရိုးတံတွေသာ ကျန်ခဲ့တော့တယ်။

ဒါပေမဲ့ ဒီမြေယာတွေကို ထွန်ယက် စိုက်ပျိုးဖို့ တောင်သူကြီးက ဒီဘက်လာပြီး မြေစိုင်ခဲတွေကို နောက်တစ်ဖန် ထိုးလှန်ပြီး လွင်ထီးခေါင်ကနေ အသီးအပွင့်တွေနဲ့ ကမ္ဘာကြီး လှပလာအောင် စိုက်ပျိုးဦးမယ်။ ဒါဆို ဒီဖုန်ဆိုးမြေတွေကလည်း စိမ်းလန်းစိုပြေပြီး လှပဖူးဝေနေတဲ့ သီးနှံထွက်ကောင်းသော လယ်ယာမြေ ဖြစ်လာဦးမယ်။

ဒီလိုပါပဲ. . .

ကျွန်တော်တို့ ဘဝတွေမှာ ဝေဒနာဆိုး တစ်ခုက ကျွန်တော်တို့ကို ထိခိုက်ခံစားရစေတယ် ဆိုရင်လည်း ကျွန်တော်တို့ ပြိုကွဲသွားတဲ့ အိပ်မက်တွေ ၊ မျှော်လင့်ချက် နဲ့ ချစ်ခြင်းမေတ္တာတွေ ပျက်သုန်းပြီး ရိုးပြတ်တွေသာ ကျန်တဲ့ အခါမှာ လက်ဗလာနဲ့ မတ်တပ်ရပ်ပြီး မျက်ရည်တွေ ကျကာ ပူဆွေးနေမယ် ဆိုရင် ဖုန်ဆိုး ၊ ရိုးပြတ်များ နဲ့ တင်ကျန်နေခဲ့တဲ့ ဘဝက ဘာများ အကျိုးထူးတော့ မှာလဲ။

ဒါကြောင့် နောင်နှစ်တွေမှာ လှပသော အသီးအပွင့်များ ဖူးပွင့်ဝေဆာပြီး စိမ်းလန်းစိုပြေစေဖို့ အခုပဲ ရိုးပြတ်တွေလို ပူဆွေးမှုတွေကို ခုတ်ထွင်ရှင်းလင်း ၊ ဖုန်ဆိုးမြေတွေလို ကြေကွဲမှုတွေကို ပျောက်သွားစေဖို့ အခုပဲ ထယ်ကြောင်းသစ်တွေ ထွန်ယက်ကြည့်ပါတော့လား။

source; Stubble By Patience Strong
ကိုဇော် တင်ပြသည်။
18.4.2010 - 4.50 AM

.
Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ထွန်ယက်မယ် အစ်ကိုရေ ...
အကောင်းဆုံးကို ထွန်ယက်ဖြစ်မှာ ...
ဥပမာ အပေးကောင်းတယ်ဗျ ...

ဏီလင်းညို said...

ကိုဇော်ရေ.......
စာဖတ်သွားတယ်.....။
ဖြစ်သင့်တဲ့ အလုပ်တစ်ခုပါပဲ......။
နှစ်သစ်မှာ အဆင်ပြေပျော်ရွှင်ပါစေ.......။
စာများများ ရေးနိုင်ပါစေ.....။
ခင်မင်တဲ့
ဏီလင်းညို

ရွှေပြည်သူ (ShwePyiThu) said...

ရိုးပြတ်တွေက ပေးတဲ့ message လေးက တကယ်ကို အားဖြစ်စေပါတယ်။ ကျေးဇူးပါ အစ်ကိုရေ...

Unknown said...

ထွန်ယက်ဖို့ ကြိုးစားနေပါတယ်အကိုဇော်ေ၇

Unknown said...

ငါလည်း စိမ်းစိုလှပတဲ့ စိုက်ခင်းလေး ရဖို့ အကောင်းဆုံး မျိုးစေ့တွေနဲ့ ကြိုးစားပြီး ထွန်ယက်စိုက်ပျိုးနေဆဲ....