မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 April 2010

2 ပြောင်းလဲနေသော ဘဝ ရှုခင်းများ




ဘဝဆိုတာ သူ ဖြတ်သန်းကျော်လွန်ခဲ့တဲ့ နေရာ ၊ အဆင့် တစ်ခုစီမှာ သူ့ရဲ့ အမှတ်ရစရာ တစ်ခု မဟုတ် တစ်ခုကို ချန်ထားခဲ့မြဲ ၊ သယ်ဆောင် လာတတ်မြဲ ဖြစ်တယ်။ ဧပြီလရဲ့ အိပ်မက်တွေ ၊ ဇွန်လရဲ့ ကြည်နူးပျော်ရွှင်မှုတွေ ၊ စက်တင်ဘာလရဲ့ ဂုဏ်ဆန်းတင့်မှုတွေ ၊ ဒီလို သူ့ဖာသာ ပြောင်းလဲနေခြင်းက အရင်က ကုန်ဆုံးခဲ့တဲ့ ဆောင်းဦးအလှက မရယူလိုက်ရတဲ့ ဆုံးရှုံးမှုကို အစားထိုး ပြန်လျော်ပေးနေသလိုပါပဲ။

နွေရာသီကလည်း တည်ကြည်မှု နဲ့ ခပ်ပြပြ လောင်ကျွမ်းတယ်။ မိုးရာသီကလည်း စိုစိုရွှဲရွှဲ နဲ့ လွမ်းမောစရာ ကောင်းတယ်။ ဆောင်းရာသီကလည်း နှလုံးသားကို အေးဆေးမှုနဲ့ အတူ ဆိတ်ငြိမ်တဲ့ နှစ်သိမ့်မှုတွေကို ပေးတယ်။ ဒီလိုနဲ့ ရာသီတွေ ပြောင်းလဲ သွားတိုင်း ပေါ်ပေါက်လာတဲ့ ရှုခင်းတွေကို ကျွန်တော်တို့ လက်ခံ ကြိုဆိုလိုက်ပါ။ နှစ်သက်ကြည်နူးလိုက်ပါ။ ထိုအခါမှာ ဖြတ်သန်း ကုန်ဆုံးသွားသော အချိန် ၊ ရာသီ ၊ နှစ်ကာလ နဲ့ အတူ ဖြတ်သန်း ကုန်ဆုံးသွားသော အရာများမှ ချန်ရစ်ခဲ့သော အမှတ်တရများနှင့် နောက်ထပ် ဖြစ်ပေါ်လာသော အမှတ်တရများက ဘဝမှာ ပြည့်စုံစေတယ် ဆိုတာ တွေ့လာရပါလိမ့်မယ်။



source; Life's Changing Scenes By Patience Strong
ကိုဇော် ခံစားပုံဖော်သည်။
7.4.2010 – 2.11 AM




.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဟုတ်တယ်နော်.. ရှောင်လွှဲလို့မရတဲ့ ဒီအမြဲပြောင်းလဲနေတဲ့ ဘ၀ ရှုခင်းတွေကို လက်ခံကြိုဆိုရင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သွားရမှာပါ..........

မြသွေးနီ said...

ပြောင်းလဲမှုတချို့ကို ကြိုဆိုချင်တယ်...
ဒါပေမယ့် ...
ပြောင်းလဲမှု တချို့ကိုတော့ မနှစ်သက်ဘူး..။
:)