မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2010

4 Webpage တွေကို တစ်ခါတည်း pdf ဖိုင်ပြောင်းရအောင်


လွန်ခဲ့တဲ့  ၆ လလောက်က အလုပ်နဲ့ ပတ်သတ်ပြီး ကျွန်တော် AutoCAD မဖြစ်မနေတတ်ဖို့ လိုလာတယ်။ ဒါပေမဲ့ ဘာမှ အခြေခံမရှိလေတော့ AutoCAD Software လေးဝယ်ပြီး စက်ထဲ ထည့်ပြီး ကျွန်တော် ဘာလုပ်ရမှန်းလဲ မသိ။ ဘာပဲကြည့်ကြည့် မည်းမည်းကြီးပဲ မြင်တယ်။ ဒါနဲ့ အွန်လိုင်းမှာ ရှိကြကုန်သော သူငယ်ချင်း အပေါင်းတို့ကို အကူအညီတောင်းတော့ ညီလေးတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ ဒါပေမဲ့ သူခမျာမှာလည်း မြန်မာနိုင်ငံမှာ ကျန်နေတဲ့ ချစ်သူကြောင့် အသည်းတွေ ကွဲနေတာနဲ့.......... မအား။
           
ဒါနဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်ပေးတဲ့ ဆိုက်လေး ကိုသွားကြည့်တော့ ကိုယ်ပိုင်ဆိုက်လေး တစ်ခု။ ဒါနဲ့ ဖတ်ကြည့်တော့ တော်တော်ကောင်းပါတယ်။ သူရေးထားတာ ကောင်းတာနဲ့ ကျွန်တော် နားလည်တာ တိုက်ရိုက်တော့ မပတ်သတ်လေတော့ ကျွန်တော် နားမလည်ဘုး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က AutoCAD ကို အခြေခံမှ မသိတာလေ။ ဒါကြောင့် သူ့မေးလ်လိပ်စာလေးကို Invite လုပ်ထားလိုက်တယ်။ နောက်တစ်နေ့တတ်တော့ သူကလည်း လက်ခံထားပါတယ်။ ကိုယ်သိချင်တော့ တော်တော်ကို စောင့်ရတယ်ဗျာ။
             
သူအားတဲ့ အချိန်လေးစောင့်ပြီး ကျွန်တော် မေးရတယ်။ အလုပ်များသူတွေရဲ့ ထုံးစံအတိုင်း သူကလည်း မအားပါဘူး။ ခဏနော် . . ခဏနော်နဲ့ ကျွန်တော် မည်းမည်းကြီးကနေ တတ်မလာဘူး။ ဒါနဲ့ စာအုပ်လေးတွေ ကျွန်တော် သက်ဆိုင်သူဆီ ကနေ မှာပြီး ကျွန်တော့်ဖာသာ လေ့ကျင့်တော့လည်း ဘာတွေမှန်းကို မသိ။ မည်းမည်းကြီးကကို မတတ်။
              
ဒါနဲ့ တစ်နေ့နေ့တော့ အခြေခံလေး သိလာရင် သူ့ရေးထားတာလေးတွေကို ကျွန်တော် လေ့လာရအောင်ဆိုပြီး သူဆိုက်မှာ ရေးထားတာလေးတွေကို ကျွန်တော် Copy လုပ်ပြီး Word ထဲမှာ ကူးထားမိတယ်။ ၄ ခုလောက်ပေါ့။ နောက်..သူနဲ့ လိုင်းပေါ်မှာတွေ့တော့ သူ့ကို ပြောပြပါတယ်။ လိုင်းပေါ်ကျွန်တော်မတတ်ဖြစ်တဲ့ အချိန်မှာ သုံးချင်လို့ပါလို့။ သူဘာမှ ပြန်မပြောပါ။ နောက်တော့ သူစစ်လိုက်ပုံရပါတယ်။ ( ကိုယ်ပိုင်ဆိုက်တွေက စစ်လို့ရတယ်။ ဘယ်က ဘယ်သူလာသွားတယ်။ IP Address ဘယ်လောက်နဲ့ ဆိုတာတွေလေ။) ဒါနဲ့ နောက်တစ်ပတ် လောက်နေတော့ သူ့ဆိုက်ကို ကျွန်တော် သွားကြည့်တာ ဆိုက်က မရှိဘူးဆိုပြီး ဝင်လို့ကို မရဘူး။ လိုင်းမကောင်းတာလည်း မဟုတ်ပါ။
              
တစ်ပတ်လောက်နေတဲ့ အထိမရ။ နောက်မှ သူနဲ့ လိုင်းပေါ်မှာ တွေ့တော့ မေးကြည့်မိတယ်။ သူက “ရပါတယ်။ ” ပဲ ပြန်ဖြေခဲ့တယ်။

နောက်တော့ ဘာရယ် မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲရောက်ရင်း ဆိုင်က သုံးရင်းနဲ့မှ သူ့ဆိုက်လေးကို ဖွင့်ကြည့်တော့ ဖွင့်လို့ရနေတယ်။ ဒါနဲ့ နောက်နေ့ လိုင်းပေါ်မှာ ကျွမ်းကျင်တဲ့ ညီလေးတစ်ယောက်ကို မေးကြည့်တော့ သူက .. “ ကိုယ်ပိုင် Domain တွေဆိုရင် လာလည်သူရော .. လာမလည်စေချင်တဲ့ သူကိုရော  ၊ သူတို့ဆိုက်က လာလာကူးသွားတာတွေကိုရော ကြည့်လို့ရတယ်။ ဒါကို မကျေနပ်ရင် ဒီ IP Address ကို Ban ထားလို့ရတယ်။ ” တဲ့။
                
ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဒါဆိုရင် ကျွန်တော် Copy နည်းနဲ့ သွားကူးမိလို့ ဒီလို  Ban ထားတာပေါ့။ ကျွန်တော် စိတ်မကောင်းစွာနဲ့ပဲ ဒီဆိုက်ကို မသွားဖြစ်တော့ပါ။ ကူးထားတာတွေလည်း ပိုင်ရှင်က မကြိုက်တာ သိလို့ ကျွန်တော် ဖျက်လိုက်ပါတယ်။ ဒါပေမဲ့. . ဒီလို သူတို့ မသိအောင် Copy နည်းနဲ့ မကူးပဲ မိတ္တူကူးတဲ့နည်းနဲ့ဆိုရင် သူတို့လည်း မသိနိုင်ဘူး ဆိုပြီး ကျွန်တော် လိုက်ရှာခဲ့ပါတယ်။ သေချာ မကျွမ်းကျင်သူ ဆိုတော့ ဘယ်မှာ ရှိမှန်း မသိတာကို ဘာမှန်း မသိတာကြီးက ရှာရတာ တော်တော်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့. . နောက်ဆုံးမှာ ကျွန်တော် ရခဲ့တယ်လို့ ပြောရမှာပါ။
                
အခုတော့ ကျွန်တော် သူငယ်ချင်းတွေ အားလုံးကို ကျွန်တော် ဝေမျှပါတယ်။ ဘာလို့လည်း ဆိုတော့ ဥပမာ - မြန်မာနိုင်ငံမှာ ဆိုရင် IP Address က များများမှ မရှိတာ ၊ ဒါကို သူတို့ဆီက ကူုးသွားလို့ Ban တယ်ဟေ့ ဆိုရင် မြန်မာနိုင်ငံက လူတွေ ဘယ်သူမှ ဒီလို မကြည့်ရတော့မှာ စိုးလို့ပါ။ ဒါကြောင့် ကျွန်တော် အခု ဒီ Software လေးနဲ့ အတူ  လုပ်နည်းလေးတွေပါ ပြောပြပါ့မယ်။ Word ထဲလည်း သွားကူးစရာ မလိုပါဘူး။ တစ်ခါတည်း pdf ဇိုင်လေးနဲ့ လုပ်ပေးပါတယ်။
                   
တစ်ခုပဲ သတိထားရမယ်။ အခု software လေးက ဇော်ဂျီဖောင့်ကိုပဲ အဓိက လက်ခံပြီး အလုပ်လုပ်တယ်။ ဒီတော့ ဝင်းဖောင့်တွေနဲ့ မြန်မာ ၃ ဖောင့်တွေနဲ့ ရေးထားတဲ့ ဆိုက်တွေကနေတော့ သွားမကူးနဲ့ပေါ့ဗျာ။ ဒါပေမဲ့..ကျွန်တော် သိတာကတော့ နက်ထဲက ဆိုက် ၉၅ % ကတော့ ဇော်ဂျီဖောင့်နဲ့ အလုပ်လုပ်ပါတယ်။ ကဲဗျာ. . Intro က များသွားတယ် . .စလိုက်ကြရအောင်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~
            
အရင်ဆုံး ကျွန်တော် အောက်မှာ တွဲပေးထားတဲ့ ဒီနေရာ လေးက ဒေါင်းပြီး စက်ထဲ Install လုပ်လိုက်ပါ။ ဒီ software လေးက သူ့ကို တိုက်ရိုက်သုံးစရာမလိုဘူး။ သူ့ကို နောက်ခံထားပြီး သုံးရုံပါပဲ။ ကိုယ်ကူးချင်တဲ့ ဆိုက်က မျက်နှာစာကနေ သူက နောက်ခံကနေ လုပ်ပေးတယ်။ Photoshop တို့ ၊ Word တို့လို တိုက်ရိုက်ဖွင့်စရာ မလိုဘူး။ ဒါကို ပြောတာပါ။
        
ကျွန်တော် ဆိုက်လေးနဲ့ပဲ ဥပမာ ပြမယ်ဗျာ။ ပထမဦးဆုံး ကိုယ်လိုချင်တဲ့ ဆိုက်နေရာကို ဖွင့်ပါ။ ပြီးရင် မော်ဇီလာနဲ့ ပဲ ဖြစ်ဖြစ် ၊ IE နဲ့ပဲ ဖြစ်ဖြစ် Tools Bar က File > Print ( Ctrl + P ) ကို နှိပ်လိုက်ပါ။ ကျွန်တော်ကတော့ မော်ဇီလာနဲ့ပဲ ဆက်ရှင်းပြသွားပါ့မယ်။ အောက်က ပုံလေးလိုပေါ့။ 
        
          
ဒါကို နှိပ်လိုက်ရင် အောက်ပါ ပုံလေးအတိုင်း ဆက်ဖြစ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ အခု အပြာရောင်နဲ့ ပေါ်နေတဲ့ Box လေးထဲက စာလေးတွေကို ပြောင်းရပါမယ်။ ဒါကြောင့် သူ့ဘေးက အောက်စိုက်နေတဲ့ မြားလေးကို နှိပ်လိုက်ပါ။




ဒါဆိုရင် အောက် ပုံလေး အတိုင်း ကိုယ့်စက်ထဲမှာ ထည့်ထားတဲ့ Print ထုတ်လို့ရတဲ့ တပ်ဆင်ထားသမျှ ၊ ထည့်ထားသမျှ Software တွေကို ပြပါလိမ့်မယ်။ ဒါကတော့ တစ်ယောက်စက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် စက်ထဲမှာ ထည့်ထားတာ ဘယ်လောက်ပဲ ကွာကွာ အဓိက ကတော့ doPDFv6 ဆိုတဲ့ ခုနက ထည့်ထားတဲ့ Software နာမည်လေးကို ရွေးလိုက်ပါ။ ဒါပြီးရင် အောက်နေ OK ပေါ့ဗျာ။ ဒါဆိုရင် လက်ရှိ  Box လေးပျောက်သွားပြီး နောက်ထပ် တစ်ခု ကျလာပါလိမ့်မယ်။


အခု ကျလာတဲ့ Box လေးကတော့ ကိုယ်အခု လုပ်မဲ့ PDF ဖိုင်လေးကို ဘယ်နေရာမှာ သိမ်းမှာလည်းလို့ မေးတဲ့ Box ဆိုပါတော့။ ဒီအတိုင်းသိမ်းလိုက်လည်း ရပါတယ်။ ကိုယ့်အတွက် ရှာရခက်နေမယ်။ ဆိုရင်တော့ ကိုယ်ဘယ်မှာ သိမ်းမလဲ. .ကိုယ့်ရဲ့ USB Stick ထဲ တန်းသိမ်းမလား။

ဒါမှ မဟုတ်။ Desktop ပေါ်မှာပဲ ထားမလား  Browse ကို နှိပ်ပြီး ရွေးလိုက်ပါ။ ပြီးရင်တော့ နေရာရွေးတဲ့ Box လေးကိုလည်း Save လိုက်ပြီး ပိတ်။ အခု လက်ရှိ Box ထဲက OK ကို နှိပ်လိုက်တာနဲ့ သူ့ဖာသာ အခု လက်ရှိ မြင်နေရတဲ့ ပုံတွေ ၊ စာတွေကို
PDF ဖိုင်အဖြစ် လုပ်ပေးပါလိမ့်မယ်။
                






PDF ဖိုင်ဆိုတဲ့ အတွက် အင်တာနက်နဲ့ ဆက်သုံးရတဲ့ Flash တွေကတော့ လှုပ်ရှားမှာ မဟုတ်တာ အထူးပြောစရာ မလိုဘူးလို့ ထင်ပါတယ်။ ဒါဆိုရင် ဘယ်စာမျက်နှာက မဆို။ စာတွေ ပုံတွေကို ကူးလို့ရပါတယ်။ ဘာလို့ ဒီလို ပြောတာလဲ ဆိုရင် တချို့ ပညာရှင် ဆိုက်တွေက Word ထဲကို Copy ယူပြီး သိမ်းလိုက်ရင် ပုံတွေ ပါမလာတတ်ဘူး။ ပုံတွေကို တခြား Code နဲ့ ထည့်ထားတတ်တယ်။


ကျွန်တော် အခု ပြောသလို လုပ်ယူလိုက်ရရင်တော့ ဘာ Code နဲ့ပဲ ရေးထားထား မိတ္တူကူးယူတဲ့ သဘော ဆိုတော့ ပုံတွေရော ၊ စာတွေပါ အားလုံးပါပါတယ် ၊ ပေါ်ပါတယ်။


မှတ်ချက် ။    ။ IE ကို သုံးနေသော သူငယ်ချင်းများလည်း ဒီလိုပါပဲ။ နေရာလေးသာ ကွဲသွားပါလိမ့်မယ်။ နောက်တစ်ခုက ဘယ်နေရာက စာတွေပဲ ဖြစ်ဖြစ် Print နဲ့ Print Preview ဆိုတာလေး ရှိနေရင် လုပ်လို့ရပါတယ်။ ဒါကြောင့် ကျွန်တော် မရေးပြတော့ပါ။ လွယ်ပါတယ်ဗျာ။ (  ဒါတွေသာ တတ်လာတာ.... AutoCAD ကတော့ ခုထိ မတတ်သေးဘူးဗျို့။ )


အားလုံး အဆင်ပြေကြပါစေဗျာ။

ကိုဇော် မျှဝေသည်။



http://zaw357.multiply.com/journal/item/793 မှာ 27.11.2009 က ရေးထားတာပါ။
.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

Autocad ၂၀၀၀ (လွန်ခဲ့တဲ့ ၁၀ နှစ်တုံးက) စမ်းဖူးတယ်။ ဆရာ ဦးအောင်မြင်လား။ အောင်လင်းလားပဲ။ ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။ ရှေ့ဆက်ဖို့ အခြေအနေ မဖြစ်တော့လို့ဝေးသွားပေမဲ့။ စာအုပ်တွေက အလုပ်ဖြစ်ပါတယ်။ အက်ဖ် ၁ နဲ့ အကူအညီထဲမှာတင် ရှာပြီးလုပ်ကြည့်လည်း အလုပ်ဖြစ်ပါတယ်။ အာရုံစူးစိုက်ကြည့်လိုက်ပါဦး။

ကိုဇော် said...

ကျေးဇူးပါပဲဗျာ..
အခု စက်ရုံမှာက ၂၀၀၉ တွေ သုံးနေကြတာ. .
အခုတော့ ကျနော့်ကို အွန်လိုင်းကနေ ညီမလေး တစ်ယောက်က သင်ပေးလို့ နည်းနည်းတော့ တတ်လာပါပြီ. . . .
ကျနော်က ဒီလိုပဲ အစပဲ ခက်တာပါ. . .

ပြောပြပေးတဲ့ အတွက် ကျေးဇူးပါ. . .

ချစ်သမီး said...

အော့ဖ်လိုင်း ဘရောက်ဇာနဲ့ ကူးပစ်ကွာ..
ဘလော့ဂ်တခုလုံးတောင် ပါလာဦးမယ်..
နက်မရှိလည်း ဖွင့်လို့ ရတယ်..
ပီးရော..
အော်တိုကြောင် နည်းနည်းတတ်တယ်ဆိုရင်
ပြန်မေးဦးမှပဲ
ဟိ.

nn

Anonymous said...

thin pa ma loe.
already gone.

MN