မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 April 2010

3 အမေ့မုန်ဖိုး


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

နှစ်သစ်မှာ တခြားပို့စ်တွေ မတင်ပဲ အရင်က တင်ထားဖူးတဲ့ ဝတ္ထုတိုလေးကိုပဲ တင်ချင်စိတ်ပေါ်လာတော့ ပြန်တင်လိုက်ပါတယ်။ ကျွန်တော် စိတ်ခံစားမှု အပြည့်နဲ့ ရေးထားတဲ့ ဝတ္ထုတွေထဲက တစ်ပုဒ်မို့လို့ စာဖတ်သူတွေလည်း တစ်ခုခုတော့ ရလိမ့်မယ်လို့ ထင်ပါတယ်။                            





အမေ့မုန့်ဖိုး

“ ေ ရ ာ႔. . .ယူ ေ လ သ ာ း ။ ”

ကျွန်တော် တုန်ရီစွာနဲ့ ပေးနေသော အမေ့လက်ကို ကြည့်ရင်း စိတ်တွေ အဝေးနေရာကို ပြန်ရောက်ခဲ့ပါတယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

“ မေမေ မုန့်သည် လာနေပြီ။ ”

“ သြော်..ဟုတ်လား သားရေ။ ”

“ ဟုတ်တယ်..ခေါ်လိုက်မယ်နော်။ ”

“ မခေါ်နဲ့..သားရေ ။ ဒီအသည်က ညစ်ပတ်တယ်ကွ။ နောက်အသည်မှ စားနော်။ ”

“ ဟုတ်ကဲ့။ ”

ဒါနဲ့ပဲ ကျွန်တော် ရဲ့ နေ့လည်မှာ ကျွန်တော့်ဖာသာ အိပ်ပျော်သွားခဲ့တယ်။ တကယ်တော့ မေမေက ကျွန်တော့်ကို သွားရည်စာ မစားစေချင်သေးလို့ နောက်အသည်ဆိုပြီး နှစ်သိမ့်ခဲ့တယ် ဆိုတာ နောက်မှ သိခဲ့ရတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ကြီးပြင်းခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော် ၅ နှစ်။

ကျွန်တော့်မှာ အစ်မ တစ်ယောက်နဲ့ ကျွန်တော် နှစ်ယောက်တည်းသာ မောင်နှမ ရှိပါတယ်။ ငယ်ငယ်ကတည်းက ကွယ်လွန်ခဲ့ ကျွန်တော့်အဖေကို ကျွန်တော် မမှိတ်မိလိုက်ပါ။ ဒီအတွက် ကျွန်တော့်ကို အမေက အဖေလို မေတ္တာတွေပါ ပေးခဲ့တယ်။ အေးဆေးလှတဲ့ ကျွန်တော့်အစ်မ အတွက်ကလည်း အမေ့နားမှာ ကျွန်တော် ကပ်နေလို့ သူ့မှာ မနာလို စရာ မရှိပါ။ သူ့မှာ ကျွန်တော် တစ်ယောက်ပဲ မောင်ရှိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့်ဘဝမှာ မိသားစု ဆိုတာ ဖြစ်လာခဲ့တယ်။

“ မေမေရေ ၊ သားတို့ ကျောင်းသွားတော့မယ်လေ။ လိုက်ပို့မှာ မဟုတ်လား။ ”

အိမ်ထဲရောက်နေတဲ့ မေမေ့ကို ကျွန်တော် လှမ်းအော်ပြောရင်း ကျွန်တော် ခေါ်လိုက်တယ်။

“ လာပါပြီ သားရယ်။ သားဘောင်းဘီတွေ မီးပူ တိုက်နေတာလေ။ အခု မီးပူ ပိတ်နေလို့ပါ။ ”

“ ဟုတ်..သွားမယ် မေမေ။ ”

ကျွန်တော် မေမေ့လက်ကို ဆွဲရင်း ခုန်ပေါက်ပြီး လျှောက်လိုက်လာတယ်။ မမ ကတော့ အေးဆေးသူ ပီပီ အရှေ့မှာ သူ့ဖာသာ ဟိုတွေး ဒီငေးရင်း သွားနေတယ်။

“ မေမေ ။ သား စက်ရုပ်ကြီး လိုချင်တာ ဘယ်တော့ ဝယ်ပေးမှာလဲ။ ထွန်းထွန်း ကို သူ့အမေက ဝယ်ပေးပြီးပြီး ပြောတယ်။ ”

“ ဝယ်ပေးမှာပေါ့ သားရယ်။ မေမေက သားကို ထွန်းထွန်း ထက်ကြီးတဲ့ စက်ရုပ်ကြီး ဝယ်ပေးမှာ. .။”

မေမေ ဒီလို နှစ်သိမ့်လိုက်တိုင်း ကျွန်တော် ကျေနပ် သွားစမြဲ ။ ဘာလို့လည်း ဆိုတော့ မေမေက သူဝယ်ဖို့ လမ်းကြုံတာနဲ့ ဝယ်ပေးမြဲပါပဲ။ ကျွန်တော်တို့ ကျောင်းရှေ့ရောက်လာတော့ ကျောင်းကို ကျွန်တော်တို့လိုပဲ သားသမီးတွေကို မိဘတွေက ကျောင်းလိုက်ပို့ကြတယ်။ ကျွန်တော့်မှာ ထူးခြားတာ တစ်ခုက သေချာ မမြင်ဖူးလိုက်တဲ့ အဖေကို ဘာလို့ သူများတွေလို မရှိတာလည်း ဆိုပြီး ကျွန်တော် စိတ်မကောင်းဖြစ်ပြီး မပူဆာတတ်ခြင်းပါပဲ။

ကျွန်တော့်စိတ်ထဲမှာ အဖေက သေသွားတဲ့ အတွက်ကြောင့် သူများတွေလို မရှိရကောင်းလား ဆိုပြီး ဝမ်းမနည်းမိ ။ ဒါဟာ ပိုလျှံစွာ ကျွန်တော်အပေါ် ဖိတ်ကျနေတဲ့ မိခင်ဆိုတဲ့ မေတ္တာရဲ့ အရှိန်အဟုန် ရေတံခွန်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ မေမေ မေတ္တာ ရေတံခွန်အောက်မှာ ကျွန်တော် လွန်စွာမှ အေးဆေး ပျော်ဝင်နေခဲ့ပြီ။ မရှိတော့တဲ့ ဖခင်ကို ကျွန်တော် မလွမ်းမိတော့ပါ။ ကျွန်တော်လည်း မမြင်ဖူးခဲ့။

“ သား.။ အရမ်းတွေ မဆော့နဲ့နော်။ ခုန်တွေပေါ်တတ်ပြီး မခုန်ချနဲ့။ အပင်တွေပေါ်လည်း မတတ်နဲ့။ ”

ကျောင်းရှေ့ရောက်တော့ ကျွန်တော့်ကို မေမေက မှာနေကြ အတိုင်း မေမေက မှာတယ်။ မမ ကိုတော့ အထူးအထွေ မှာ စရာမလိုပါ။ မမကတော့ ဒီလို ဘယ်တော့မှ မဆော့သူ တစ်ယောက်။ ကျွန်တော်ကလည်း မေမေမှာ ရင် ပြန်ပြောနေကြအတိုင်းပါပဲ . .

“ ဟုတ်ကဲ့..မေမေ။ ”

ဒါဆိုရင် မေမေကလည်း ထုံးစံအတိုင်း ပိုက်ဆံအိတ်ထဲက ကျွန်တော်တို့ အတွက် မုန့်ဖိုး ကို ထုတ်ပြီး မမ နဲ့ ကျွန်တော့် အိတ်ထဲကို ထည့်ပေးတယ်။ မမ ကတော့ ဘယ်တော့မှ စစ်ဆေးသူ မဟုတ်။ ကျွန်တော်ကတော့ မမ ဘယ်လောက်ရလဲလို့ သွားလုကြည့်မိတတ်တယ်။ ကျွန်တော့်ထက် နှစ်တန်းကြီးသော မမ နဲ့ ကျွန်တော် မုန့်ဖိုးက အတူတူ။ ပြီးရင် မေမေ ပြောတယ်။

“ သား. .၊ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ပြီးရင် မမ ဘက်ကို လှည့်ပြီး . .

“ သမီးရော ၊ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ဒါဆိုရင် ကျွန်တော်နဲ့ မမ အတူတူခေါင်းငြိမ့်ပြီး ပြောဖြစ်ကြတယ်။

“ ဟုတ်ကဲ့ မေမေ။ ”

ဒါပြီးရင် ကျွန်တော်တို့ ကျောင်းထဲဝင်ကြတယ်။ ကျွန်တော်တို့ကို ကျောင်းပို့ပြီးမှ မေမေက ဈေးထဲမှာ ဖွင့်ထားတဲ့ အထည်ဆိုင်ကို သွားမယ်။ မနက်ကတည်းကနေ ဆိုင်စဖွင့်ထားတာကတော့ မေမေ အစ်မ တစ်ဝမ်းကွဲ ။

မေမေက ကျွန်တော်တို့ကို ကျောင်းပို့ပြီးမှ ဈေးထဲက အထည်ဆိုင်ကို သွားတယ်။ ညနေ ကျောင်းဆင်း ကျွန်တော်တို့ကို လာကြိုတယ်။ ပြီးရင် မေမေအထည်ဆိုင်ကို သွားတယ်။ ညနေ အထည်ဆိုင် သိမ်းမှ ကျွန်တော်နဲ့ မမ မေမေနဲ့ အတူ အထည်ဆိုင်ကနေ ပြန်လာခဲ့ကြတယ်။

ဒါဟာ ကျွန်တော့်ဘဝကို အချိန်များစွာ ကြီးစိုးထားစေမှုပါပဲ။ ဘဝမှာ ဘယ်လို အပြောင်းမလဲတွေ ရှိနေတာလဲ ကျွန်တော် မသိပါ။ လောကကြီးက ဘယ်လို ဖြစ်ပျက် ပြောင်းလဲတတ်တယ် ကျွန်တော် မသိပါ။ ကျွန်တော်ဘဝ လောကကြီးမှာတော့ ဘယ်တော့မှ မပြောင်းလဲပဲ မေမေ ပြောတဲ့ စကားလေး တစ်ခွန်းကတော့ ကျွန်တော့်ကို မုန့်ဖိုးပေးပြီးတိုင်း ပြောတတ်တယ်။

“ သား... မတည့်တာတွေ မစားနဲ့နော်။ ”

တဲ့.။ ဒီစကားကို ကျွန်တော် နှစ်ပေါင်း ၁၅ နှစ်တာမျှ နေ့စဉ် ကြားခဲ့ရတယ်။ မေမေကလည်း နေ့တိုင်းလို ကျောင်းကို လိုက်ပို့နေရင်း အိတ်ထဲကို ကျွန်တော့်ကို မုန့်ဖို့ ထည့်ပေးရင်း ပြောနေကြ။

ဒီလိုနဲ့ ကျွန်တော် အရွယ် ရောက်လာသလို မေမေလည်း ငယ်ငယ်ကလိုတော့ မဟုတ်တော့ဘူး။ အရင်လို သန်မာဖြတ်လတ်မနေပေမဲ့ ကျွန်တော့်အတွက်ဆို မေမေ ကိုယ်တိုင် လုပ်ပေးရမှ ကျေနပ်တယ်။ မေမေ့မှာ တစ်ခု အားရှိစရာ ကောင်းတာက ကျွန်တော် အရွယ် ရောက်လာသလို မမ ကလည်း အရွယ်ရောက်လာတော့ အိမ်မှုကိစ္စတွေကို မေမေ့အစား မမ က ဝိုင်းလုပ်ပေးတယ်။

ဒီတော့ မေမေမှာ ကျွန်တော့်အကျီ င်္ တွေ မီးပူတိုက်ဖို့ ၊ ကျွန်တော့်ကို မုန့်ဖိုးပေးဖို့ ၊ ပြီးတော့ မုန့်ဖိုး ပေးပြီးတိုင်း “ သားမတည့်တာတွေ မစားနဲ့နော်။ ” လို့ မှာဖို့ ၊ ပြီးရင် ဈေးထဲက မေမေ့အထည်ဆိုင်ကို သွားဖို့ ဒါပဲ ရှိတော့တယ်။

ဒီအရွယ်ကြီးရောက်မှ ကျွန်တော့်ကို ကျောင်းလိုက် ပို့ဖို့ကိုလည်း မလိုအပ်တော့ဘူး လို့ ကျွန်တော် ငြင်းဆန်ခဲ့တယ်။ ဒီအရွယ်မှာ ဘယ်မိဘကမှလည်း သူတို့ သားသမီးကို ကျောင်းလိုက်မပို့ကြဘူးလေ။ ဒီအတွက် မေမေမှာ ကျွန်တော့်ကို ပြောဖို့ စကားစု တစ်စု ပိုလာခဲ့တယ်။ ဒါကတော့. .

“ သား. .။ လမ်းသွား လာတာ သေချာ ဂရုစိုက်သွားနော်။ ”

တဲ့။ ကျွန်တော်ဒီစကားကို အသက် ၂၄ မှာ နောက်ဆုံးကြားရတာပါပဲ။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ဒီနှစ်မှာ ဘွဲ့ရ ကျောင်းပြီးခဲ့ပြီ။ ဒီအချိန်အထိ မေမေဆီက ကျွန်တော် လက်ဝါးဖြန့် မုန့်ဖိုးတောင်းနေရတုန်းပါပဲ။ ကျွန်တော့်မှာ ဘာမှ အလုပ်ရယ်လို့ မလုပ်ဖူးသေးပါဘူး။ ဒါကြောင့် မေမေ့ဆီက ကျောင်းပြီးသည် အထိ မေမေ့မုန့်ဖိုး နဲ့သာ ကျွန်တော် အသက်ရှင်သန်ခဲ့သည်။

မေမေကလည်း အပြုံးမပျက် ကျွန်တော် လိုသမျှ မျက်နှာ မငယ်ရအောင် ဆောင်ရွက်ပေးရှာသည်။ ထိုနောက်တွင်တော့ မေမေ ပြောနေကြ စကားလေး ကို ပြောစမြဲ. . .

“ သား. ။ မတည့်တာတွေ မစားနဲ့နော်။ ”

ကျောင်းပြီးတဲ့ နောက်မှာတော့ ကျွန်တော် မေမေ့ အသိတစ်ယောက် အဆက်အသွယ်နဲ့ မြို့တစ်မြို့ရဲ့ GEC မှာ ဥက္ကဌ ရာထူးနဲ့ တာဝန်ထမ်းဆောင်ရသည်။ သို့သော် မေမေ့အိမ်နဲ့ ဝေးကွာလှသောကြောင့် ကျွန်တော် ထိုမြို့သို့ မေမေ သူ့အထည်ဆိုင်ကို ပစ်ပြီး ဘယ်လိုမှ မလိုက်နိုင် ၊ နောက်တစ်ခုက မမ က တက္ကသိုလ်မှာ နည်းပြ ပြန်ဖြစ်နေလေပြီ။ မေမေ ကျွန်တော် နောက်လိုက်လာတယ် ထားဦး မမ ကို ဘယ်လို ချန်ထားခဲ့မလဲ။

ဒါကြောင့် အစိုးရ ပေးတဲ့ အိမ်ကွက်မှာ ကျွန်တော် နေရင်း ဒီမြို့က GEC အလုပ်မှာ ကျွန်တော် လုပ်ခဲ့တယ်။ ပညာတတ်သာ ဖြစ်တာ ကျွန်တော် အပြင်လောက အကြောင်း ဘာမှ မသိသေးဘူးဆိုတာ လက်တွေ့မှာ ကျွန်တော် တော်တော်သိလိုက်ရတယ်။ လကုန်လို့ စာရင်းရှင်းတိုင်း ကျွန်တော် ဥက္ကဌ ရာထူးမှ ရသော လခက မလောက် ။ မလောက်တာက ကျွန်တော် သုံးလို့ မဟုတ်ပါ။ ဘယ်က လယ်လို ဖြစ်သွားမှန်း မသိတဲ့ စာရင်းကွာပြီး ကျွန်တော် လတိုင်း အမြဲစိုက်နေရတယ်။

နောက်တစ်ခုကလည်း မြို့နယ်က လူကြီးတွေ လာရင် ဧည့်ခံပွဲ လုပ်ပေးရတယ်။ ဒါကိုလည်း ကျွန်တော်က မသိ။ သူတို့ လာရင် လူကြီး လာစစ်တယ် ဆိုပြီး ကျွန်တော်ရဲ့ ခန်းမ အပြင်အဆင်ကိုပဲ ပြတယ်။ သူတို့ကို ကျွန်တော် ပိုက်ဆံထဲက အအေးတိုက်တယ်။ ဒါလောက်ပါပဲ။ ဒီထက် လိုတယ် လိုလည်း ကျွန်တော် တကယ် မသိရိုး အမှန်။ ဒါပေမဲ့ ကျွန်တော့် စိုက်ရတဲ့ ငွေက တစ်လထက် တစ်လ တိုးလာတယ်။ နောက်တော့ မေမေဆီကတောင်မှ လှမ်းပြီး ကျွန်တော် ပိုက်ဆံ လှမ်းတောင်းရတယ်။

ဒီတော့ မေမေ နဲ့ မမ ကျွန်တော် နေထိုင်ရာ မြို့ကို လိုက်လာပြီး ကျွန်တော့်ကို တွေ့တယ်။ ဒီမှာ ကျွန်တော် နေရတဲ့ အစိုးရ အိမ်ကွက်ကို ကြည့်ပြီး မေမေက စိတ်မကောင်း .

“ သားရယ် ၊ မင်းက အလုပ်လုပ်ချင်တယ် ဆိုတဲ့ အလုပ်ကလည်း နေရတာ ဆင်းရဲလိုက်တာ။ ”

တဲ့။ ဒီနောက်မှ ကျွန်တော်မှာ ကွာနေတဲ့ စာရင်းကို ဖြည့်ဖို့ မေမေ ကျွန်တော့်လက်ထဲ ပိုက်ဆံ တစ်ထပ်ကြီးပေးသွားတယ်။ ပြီးတော့ မေမေ မှာ ကျွန်တော့်ကို မတွေ့ရလို့ မပြောဖြစ်တာ ကြာနေပြီ ဖြစ်တဲ့ စကားလေးကို ပြောတယ်။

“ သား. . .။ မတည့်တာတွေ မစားနဲ့နော်။ ”

တဲ့။ မေမေကတော့ ပြောရိုးပြောစဉ်ပြောပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ တစ်မျိုး ဖြစ်သွားတယ်။

“ ကျွန်တော် မတည့်တာတွေ မစားပါဘူး. .၊ မေမေရယ်။ ”

လို့ ကျွန်တော် စိတ်ထဲကပဲ ပြောမိတယ်။ နောက်ထပ် ၂ ပတ်လောက်ကြာတော့ မေမေနဲ့ မမ မပြောမဆိုနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ဒီတော့မှ ကျွန်တော် သိတာက မေမေ က ကျွန်တော်အတွက် ဒီမြို့မှာ အိမ်တစ်လုံး ဝယ်လိုက်တယ် ဆိုတာပဲ။ ကျွန်တော် နေရာတာ ပိုအဆင်ပြေအောင်လို့တဲ့။ ဒါနဲ့ပဲ ကျွန်တော် အိမ်အသစ်လေးကို ချက်ချင်းပြောင်းလာခဲ့တယ်။ ကျွန်တော် တစ်ယောက်တည်းဆိုတော့ ပြောင်းစရာလည်း များများစားစားမရှိခဲ့ပါ။

အိမ်ထဲရောက်တော့ မေမေက ကျွန်တော့်လက်ထဲ အိမ်သော့လေး ပေးရင်း . .

“ သား. ။ သွားတာ လာတာ ဂရုစိုက်နော်။ ”

ဆိုပြီး ကျွန်တော် မနမ်းရတာ ကြာနေပြီ ဖြစ်တဲ့ ကျွန်တော် နဖူးကို နမ်းတယ်။ ဒါနဲ့ပဲ မေမေနဲ့ ကျွန်တော် ၃ လလောက် မတွေ့ဖြစ်ပြန်ဘူး။ မေမေနဲ့ ကျွန်တော် ထပ်တွေ့ဖြစ်တဲ့ အချိန်မှာ ကျွန်တော် အချုပ်ထဲ ရောက်နေပြီ။
မေမေဆီကို ကျွန်တော် အကြောင်းမကြားရဲလို့ မမ ဆီကို ဖုန်းဆက်ဖို့ ကျွန်တော့်သူငယ်ချင်းကို အကူအညီတောင်းပြီး ဖုန်းဆက်လိုက်တော့ . .ချက်ချင်းကို မျက်ဝန်းပေါ်မှာ မျက်ရည်တွေ တပ်ဆင်ပြီး မေမေ လေရဲ့ အလျင်ကို အနိုင်ပိုင်းပြီး ရောက်လာတယ်။

ကျွန်တော့်ကို တွေ့တော့ . . . .

“ ဘယ်လို ဖြစ်တာလဲ. .၊ ငါ့သား။ ”

တဲ့။ သြော်..မေမေ ဆံပင်တွေတောင်မှ ဖြူနေပါရောလား။ မေမေမျက်ဝန်းနားမှာလည်း မျက်ရစ်တွေက တင်းတင်းရင်းရင်း မရှိတော့။ မေမေ့လက်တွေလည်း လက်ပြင်းတွေနဲ့ ပျော့နေပါလား။ မေမေ့ကို ကျွန်တော် ၅ နှစ်လောက်အတွင်း သေသေချာချော ကြည့်မိလိုက်တာပါပဲ။ ဒါပေမဲ့..မေမေ့မှာ ကျွန်တော့်အတွက်နဲ့ အားတွေ ဘယ်က ရလာတာလဲ မေမေ။ ဘာမဆိုင် ရင်ဆိုင်မယ် ဆိုတဲ့ မာန်တွေနဲ့။

“ မသိဘူး မေမေ ။ သားလည်း ဘာမှ မလုပ်ပါဘူး။ အခု ခရိုင်က စာရင်း ဝင်စစ်တာလေ။ ဒီမှာ စာရင်းတွေ ကွာနေတယ် တဲ့။ ”

“ သြော်..ငါ့သားက မေမေ ပြောတဲ့ စကား မေ့သွားတာ ထင်တယ်။ ”

“ ဗျာ..ဘာလဲ မေမေ။ ”

“ ငါ့သားက မတည့်တာတွေ သွားစားမိတယ် ထင်တယ်။ ”

မေမေကတော့ ပြောရိုးထုံးစံ အတိုင်း ပြောပေမဲ့ ကျွန်တော့်မှာ ဖင်ထိုင်ကြသွားတယ်။

“ မဟုတ်တာ မေမေရယ်။ သား ဒီလို မလုပ်ပါဘူး။ ”

“ ဒါဆိုရင် ငါ့သား သွားတာ လာတာ ဂရုမစိုက်လို့ပဲ။ ”

ဒါကတော့ ကျွန်တော် မငြင်းမိတော့ပါ။ ကျွန်တော်ဟာ အရင်က မေမေ့သား ပေမဲ့ မေမေ့သားလေး မဟုတ်တော့ပဲ အရွယ်ရောက်လာတဲ့ သားဆိုတော့ လူကြီးတွေနဲ့ အတူ စားသောက်ဆိုင်တွေ ထိုင်တတ်လာပြီ ၊ ပန်းကုံးတွေ စွပ်တတ်နေပြီ ၊ ပြီးတော့ မေမေ မသိဘူး ဆိုပြီး ညနေဆို ဘီယာဆိုင်လည်း ထိုင်တတ်နေပြီ။ ဒါကတော့ ကျွန်တော့်ပတ်ဝန်းကျင်နဲ့ သတ်ဆိုင်သော ပြောင်းလဲမှု ဆိုပြီး ကျွန်တော်လည်း ဒီလိုပဲ နေလာခဲ့တာပါ။ အခုတော့....မေမေ ပြောနေပြီ။

“ ဒါကတော့ မေမေရာ.။ ”

“ ထားတော့ သား။ အခု သားကိစ္စက ဘယ်လို ဖြစ်နေလဲ။ ”

“ သားလည်း သေချာတော့ မသိဘူး မေမေ ။ ခရိုင်က ရှောင်တခင် ဝင်စစ်တယ်။ သားကလည်း ဘာမှ မလုပ်တော့ အေးဆေးပဲ ဆိုပြီး စာရင်းတွေ ပြတော့မှ ကွာနေမှန်း သိတာ။ ဒါကြောင့် သားကို အလွဲသုံးစားမှု နဲ့ အခုလို ချုပ်ထားတာ။ ”

“ ဒီတော့ ဘယ်လို လုပ်ရင် ရမလဲ။ ”

“ ဒါကတော့ သားလည်း မသိသေးဘူး မေမေ။ သူတို့ ကွာနေတဲ့ ပိုက်ဆံကို ပြန်ဖြည့်ပြီး သားအလုပ်ထွက်ရင် ရမယ် ထင်တယ်။ ”

ဒါနဲ့ပဲ ကျွန်တော် အတွက် ဝယ်ထားတဲ့ ဒီမြို့က အိမ်လေးရယ်။ ရန်ကုန်က ကျွန်တော်တို့ ဘိုးဘွားလက်ထက်ထဲက အိမ်အပို တစ်လုံးကို ရောင်းပြီး ကျွန်တော် အချုပ်အတည်းမှ လွတ်လာခဲ့တယ်။ ကျွန်တော့်အတွက် မေမေ့ပေးတဲ့ မုန့်ဖိုးတွေ များလှချည့်လား မေမေရယ်။

ကျွန်တော့်အမှုကို အားလုံး ဖြေရှင်းပြီးလို့ ကျွန်တော် ရန်ကုန်အိမ် တစ်ခါတည်းပြန်ဖို့ ကားပေါ်တတ်ခါနီးမှာ အရင် အလုပ်က အထက်လူကြီးက ကျွန်တော့်ကို စကားတစ်ခွန်းနဲ့ နှစ်သိမ့်တယ်။ ဟင့်အင်း...နှစ်သိမ့်တာ မဟုတ်ဘူး . .ဒါ. . .

“ အေးကွာ.။ ဒါ ဘဝမှာ သင်ခန်းစာလို့ မှတ်ပေါ့။ နောင် မဖြစ်အောင် ကြိုးစား ဟုတ်ပြီလား။”

ပြောပြလို့မရပေမဲ့ ကျွန်တော့်ရင်ထဲမှာ ခံရခက်တယ်။ စာရင်းတွေ အားလုံးက သူတို့ လက်ထဲမှာလေ။ ဒါနဲ့ပဲ ဒီစကားကို ကြားယောင်ရင်း ကျွန်တော် မေမေ့အိမ်သို့ ပြန်ရောက်ခဲ့ပါတယ်။ ဘဝရဲ့ အလုပ်အတွေ့အကြုံလေးကို ရဖို့ ကျွန်တော့်ကို မေမေပေးရတဲ့ မုန့်ဖိုးက များလိုက်တာ မေမေရယ်။ ဒါပေမဲ့ မေမေ မျက်နှာ မပျက်ခဲ့ဘူး။ အဲဒီညက ကျွန်တော် မေမေနဲ့ စကားပြောနေတော့ မေမေ့မှာ ကျွန်တော့်မျက်နှာကို မြင်နေရတာနဲ့ပဲ အားလုံး တန်တယ်လို့ သဘောထားနေပုံ...။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ကံကြမ္မာဆိုးဆိုတာ အချိန်အတိုင်းအတာ တစ်ခုလေး အတွင်းပါပဲ။ ပထမဦးဆုံး အတွေ့အကြုံ အမျှော်အမြင်နည်းခဲ့စွာ ဖြစ်ခဲ့ရတဲ့ ကျွန်တော့်အတွက် ကံကြမ္မာကောင်း တစ်ခု ရောက်လာပါတယ်။ ပြည်ပမှ သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတစ်ခုမှာ မမ အသိတစ်ယောက်ကြောင့် အလုပ်ရပါတယ်။ ဒီအလုပ်မှာ ကျွန်တော်ရဲ့ ပထမ အလုပ်မှာ လို မဖြစ်ရအောင် ကျွန်တော် မျှော်မျှော်မြင်မြင်နဲ့ ကြိုးစားလုပ်ကိုင်ခဲ့တယ်။ ပထမဦးဆုံးရတဲ့ လခကို ကျွန်တော် အားလုံး မေမေ့ကို ပေးခဲ့တယ်။

ပထမအလုပ်မှာ ကျွန်တော် ဒီလို ပေးဖို့လည်း နားမလည်ခဲ့ဘူး။ ဘာဆို ဘာမှ မသိခဲ့တဲ ကျွန်တော့်အတွက် ဘဝရဲ့ ထုထောင်းမှု တစ်စုံကြောင့် ကျွန်တော် သိလာခဲ့တယ်။ ကျွန်တော် လခ ပိုက်ဆံကို ကိုင်ပြီး မေမေ မျက်ရည်တွေ ကျတယ်။ သေချာ တယ် ၊ ကျွန်တော် သိတယ် ၊ မေမေမျက်ရည်တွေက ပူနေမှာ မဟုတ်ဘူး။ ဒါ ဝမ်းသာမျက်ရည်တွေ အေးမြပါတယ်။

“ မိဘ မျက်ရည် တစ်စက် သားသမီး ဆင်းရဲတစ်သက် ”

လို့ ပြောတတ်ကြပေမဲ့ အခု မိဘ မျက်ရည်ကျပေမဲ့ ကျွန်တော် ဒီအချိန်ကတည်းက မဆင်းရဲခဲ့ပါ။

ကျွန်တော် အလုပ်မှာ ရာထူးတွေ ဆက်ကာ ဆက်ကာ တတ်လာခဲ့တယ်။ ဒီလိုပဲ မေမေ ဆံပင်တွေ လည်း တစ်ပင်ပြီး တစ်ပင် ဖြူလာခဲ့တယ်။ မေမေ ဈေးက အထည်ဆိုင်ကလည်း ဆွေးမျိုးတစ်ယောက် ဆက်ဖွင့်ပါတယ်။ ကျွန်တော်နဲ့ မမ ရတဲ့ လခနဲ့ မေမေ မပူပင်အောင် နေလို့ရနေပါပြီ။ ဒါပေမဲ့ မေမေ ပူနေဆဲပါပဲ။ မေမေပူနေတာ ကျွန်တော့်ကို . . .

“ သား. ။ မတည့်တာတွေ မစားနဲ့။ ”

လို့ ပြောနေတုန်း ။

“ သား. ။ သွားတာ လာတာ သတိထားနော်။ ”

လို့ ပြောနေတုန်း။ ဒါပေမဲ့ . . ဒီစကားတွေ အခုတော့ သားနားထဲက လျှံကျမနေတော့ပါဘူး မေမေ။

အထက်တန်း အလုပ်ဌာန အတွက် စာမေးပွဲ ဖြေတော့ အသားတင် ၇ ယောက်ရွေးတာမှာ ကျွန်တော်ပါတယ် မေမေ။ ကျွန်တော် အလွန်ပျော် နေသလောက် မေမေကတော့ မျက်နှာ သိပ်မကောင်းဘူး။

“ မေမေ.။ ဘာဖြစ်လို့လဲ နေမကောင်းလို့လား။ ”

“ မဟုတ်ပါဘူး. . သားရယ်။ ”

“ မဟုတ်ပါဘူး မေမေရာ ၊ မေမေ တစ်ခုခု ဖြစ်နေတာ။ ”

“ မေမေက နင် စာမေးပွဲ အောင်လို့ နိုင်ငံခြား ထွက်မှာကို တွေးပြီး မေမေနဲ့ ဝေးဦးမှာ ဆိုပြီး ဖြစ်နေတာဟေ့။ ”

လို့ မမ က ဝင်ပြောတော့မှ ကျွန်တော် သိရတယ်။

“ သြော်..မဟုတ်တာ မေမေရယ်။ ကျွန်တော် က အခု ကလေးလည်း မဟုတ်တော့ဘူးလေ။ အခု အလုပ်မှာလည်း အထက်တန်း မန်နေဂျာတစ်ယောက် ဖြစ်နေပြီလေ။ အခုက သားအတွက် အတွေ့အကြုံရဖို့ သွားမှာပါ မေမေရဲ့။ ဘာလဲ မေမေ သဘောမတူဘူးလား။ ဒါဆိုရင်တော့ သား မလုပ်ဘူး။ ”

“ အို မဟုတ်တာကွယ်။ မေမေ သဘောတူပါတယ်။ မေမေ့သားကိုလည်း အခုက အားလုံးယုံကြည့်နေပါပြီ။ ဒါပေမဲ့ ငါ့သားလေး နဲ့ ဝေးနေရမှာ တစ်ခုကို ပဲ မေမေ စိတ်မကောင်းလို့ပါ။ ဒါပေမဲ့ မေမေ ဖြေနိုင်ပါတယ်ကွယ်။ သားကလည်း မေမေ့ဆီ အမြဲစာရေး ၊ ဖုန်းဆက်နော်။ ”

“ ဟား ဟား ဟား မေမေကလည်းဗျာ။ ကျွန်တော် အခုပဲ သွားတော့မှာ ကျနေတာပဲ။ အများကြီး လိုသေးတယ် မေမေ ၊ နောက်ထပ် အမြန်ဆုံး ၈ လလောက်မှ ထွက်ဖြစ်မှာ။ ထွက်ဖြစ်တော့လည်း မေမေရယ် ၊ သားမှာ ဖုန်းပြောဖို့ ၊ စာရေးဖို့ ဒီမေမေပဲ ရှိတာပဲလေ။ ”

ဒါပေမဲ့ ၈ လဆိုသော အချိန်ဟာ မေမေ ပူပန်နေခဲ့သလိုပါပဲ။ လျင်မြန်စွာနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ နောက်ထပ် ကျွန်တော့်စကား အမှား ဖြစ်တာ တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော် ရဲ့ ဘယ်ဘက် ရင်အုံထဲက တစ်ဖျတ်ဖျတ် ခုန်လာခြင်းပါပဲ။ ၈ လအတောအတွင်းမှာ ကျွန်တော်တို့ အတူတူ လေ့လာရသော ၇ ယောက်အဖွဲ့ထဲမှာ ကျွန်တော် ဘယ်ဘက်က လွတ်နေတဲ့ နံရိုးလေး တစ်ချောင်းပါလာခဲ့တယ်။

ဟုတ်တယ်..၊ သူက ကျွန်တော့်ဘယ်ဘက် နံရိုးလေးပါပဲ။ ကျွန်တော့်ခန္ဓာကိုယ်မှာ လွတ်နေတဲ့ ဘယ်ဘက်နံရိုးလေးကို သူပဲ ဖြည့်ပေးနိုင်မယ် ၊ ကျွန်တော့် ဘဝမှာလည်း သူရှိမှာ ပြည့်စုံမယ် ဆိုတာ ကျွန်တော် မြင်မြင်ချင်း သိလိုက်ရတယ်။

များပြားလှတဲ့ လေ့လာမှုတွေကို ကျွန်တော်တို့ အတူတူတွဲ လုပ်နေရင်း သူ့ကို ကျွန်တော် အကြည့်တွေနဲ့ပဲ စကားတွေ ပြောခဲ့တယ်။ မျက်ဝန်းတွေက စကားတွေ ၊ အသံတွေက ပိုပြီး ထိရောက်စေတယ် မဟုတ်လား။ သူ့နှုတ်ခမ်းဖျားကတော့ တင်းတင်းစေ့ထားတယ်။ ဒါပေမဲ့ သူ့မျက်ဝန်းမှာတော့ ကျွန်တော် မကျွမ်းကျင်တဲ့ ကျွန်တော့်အတွက် အဓိပ္ပါယ် တစ်ခုခု ရှိနေတယ်လို့ ထင်မိတယ်။ ဒါနဲ့ပဲ သူနဲ့ ကျွန်တော် အတူတူ တိုင်းတစ်ပါးမှာ အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။

လေယာဉ်ကွင်းကို မေမေလိုက်ပို့တော့ မေမေကြိုက်တဲ့ သစ်ခွ နှစ်ခက်ကို ပန်ရင်း မေမေကြိုက်တဲ့ အပြာရောင်ချိတ်ကို ဝတ်ထားပြီး မေမေပြုံးထားတယ်။ မေမေရင်ထဲက ဝမ်းနည်းခြင်းတွေ ကျွန်တော် လှမ်းမြင်ရတယ်။ ကျွန်တော် စိတ်မကောင်းမှာ စိုးလို့ မေမေ ဟန်လုပ်ပြုံးထားတယ် ဆိုတာကိုလည်း ကျွန်တော် မြင်ရတယ်။ ဆေးမဆိုးတတ်တဲ့ မေမေဆံပင်ကတော့ အဖြူအနက် သူတို့ နေရာ အပြိုင်လုရင်း အရောင်တွေ ကွက်နေတယ်။

ဒီနေ့ရက်ကို မေမေဘယ်လောက်များ ဝမ်းနည်းပြီး ရောက်မှာ ကြောက်နေတယ် ဆိုတာ ကျွန်တော် သိနေတယ်။ ကျွန်တော် တစ်ချိန်လုံး မေမေနားမှာပဲ ရှိနေခဲ့တယ်။ ကျွန်တော် လေယာဉ်ပေါ်တတ်တော့မယ် ဆိုမှ မေမေကို ထိုင်ရှိခိုးတော့ မေမေက ကျွန်တော့် အိတ်ထဲကို ပိုက်ဆံ ထည့်ပေးတယ်။ ပြီးတော့. .

“ သား. .။ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

ဆိုပြီး ထုံးစံ အတိုင်းမှာတယ်။

“ ဒီပိုက်ဆံက ဟိုမှာ သုံးလို့မရဘူး မေမေ ”

လို့ ကျွန်တော် မပြောဖြစ်တော့ပါ။ ဟုတ်ကဲ့လို့ ပြောပြီး ကျွန်တော် မေမေကို နှုတ်ဆက်ပြီး လေယာဉ်ကွင်းဘက်ကို ဦးတည်လိုက်တယ်။

ဒါဟာ ခဏဆိုပေမဲ့ ကျွန်တော် ၅ နှစ်ကြာသွားခဲ့ပါတယ်။ ဒီကာလ အတောအတွင်းမှာ ကျွန်တော် နှစ်ပတ်တစ်ခါ မေမေဆီ စာရေးခဲ့တယ်။ တစ်ပတ်တစ်ခါ ဖုန်းဆက်ခဲ့တယ်။ ကျွန်တော် လုံးဝ မပျက်ကွက်ခဲ့။ ဒီလိုပဲ ကျွန်တော်နဲ့ ကျွန်တော် နံရိုးလေးတို့ကလည်း နေ့စဉ် ဖုန်း အဆက်အသွယ် မပြတ်ခဲ့ပါ။

အခုတော့ ကျွန်တော် ပြန်လာခဲ့ပါပြီ။ ကျွန်တော် လက်ဝဲဘက်မှာ လွတ်နေတဲ့ နံရိုးလေးကို နေရာတကျ ဖြည့်ဖို့ ကျွန်တော် ပြန်လာခဲ့တာပါ။ ကျွန်တော်နဲ့သူ ဟိုရောက်ပြီး ၂ နှစ်ကြာမှ ချစ်သူတွေ ဖြစ်ခဲ့တယ်။ အလုပ်ကို ကြိုးစားလုပ်ရင်း ချစ်သူသက်တမ်း ၃ နှစ်ကြာတော့မှ အခုလို ကိုယ့်နိုင်ငံပြန်ပြီး ဆွေမျိုးတွေရှေ့မှာ လက်ထပ်ဖို့ ပြန်လာခဲ့တာပါ။

လေယာဉ်ကွင်းမှာ လာကြိုနေတဲ့ မေမေမျက်နှာက လွန်ခဲ့တဲ့ ၅ နှစ် ကျွန်တော် သွားတုန်းကထက် အရေးအကြောင်းတွေ ပိုများလာခဲ့တယ်။ ဒါပေမဲ့ အခု မေမေရှေ့မှာ ပျော်ရွှင်မှုတွေက အနှံ့အပြား ။ မေမေ လင်းလက်စွာနဲ့ပဲ ပြုံးနေတယ်။ မေမေမှာ ထူးခြားတာက ခုချိန်အထိ မျက်မှန် မတပ်ရသေး။ မေမေဆံပင်တွေကတော့ အဖြုရောင်တွေက အနိုင်ရသူတွေလို အနက်ရောင်တွေကို ဖုံးလွှမ်းလာနေခဲ့ပြီ။ ဒါပေမဲ့ သားကို တွေ့လို့ ပြုံးတဲ့ မေမေ အပြုံးက လင်းလက်နေဆဲ။

“ မေမေ..။ ”

ကျွန်တော် ပြေးပြီး မေမေကို ရင်ထဲ ဆွဲပြီး ဖက်ထားလိုက်တယ်။ ဟိုးအရင်ကတော့ မေမေရင်ခွင်ထဲ ကျွန်တော် ဝင်ခဲ့ရတာပါ မေမေ။

“ သား.. နေကောင်းရဲ့လား။ ”

မေမေကတော့ ထုံးစံ မပြတ်မေးပါတယ်။

“ ကောင်းတာပေါ့ မေမေရာ ။ ဒီမှာ ကြည့် ..၊ အကောင်းကြီး။ ”

“ ပေး..၊ သားအထုပ်မေမေဆွဲပေးမယ်။ ”

မေမေ..ကတော့ သားနဲ့ တွေ့ရင် အင်အားတွေ ပြည့်နေတယ် ထင်တယ်။ ဒါပေမဲ့ မေမေရယ် စိတ်ပဲ ကျန်တော့တယ် မေမေ တော်တော် ပိန်နေတယ်။

“ ရတယ် မေမေ။ အလုပ်သမားလေးတွေကို ဆွဲခိုင်းလိုက်မယ်။ မေမေ ဒါကြီးဆွဲနေရင် သားနဲ့ စကားကောင်းကောင်း ပြောဖြစ်မှာ မဟုတ်ဘူး။ ရှုပ်နေမယ်။ ”

ဒီလိုတော့ မေမေ သဘောတူတယ်။ သြော်..ကျွန်တော်လည်း တော်တော် ပြောင်းလဲ ရင့်ကျက်ခဲ့ပါရောလား။ အရင်က ဘာမှ မသိလို့ လူတွေ ချောက်တွန်းခံခဲ့ရတဲ့ ကောင်လေး တစ်ယောက်ဆိုတာ အခုနေ ယုံနိုင်ပါ့မလား။ ဒီအချိန်မှာ ကျွန်တော့်အသက် ၃၂ ရှိနေပြီ။

အိမ်မှာ တစ်ပတ်နေတော့ ကျွန်တော်နဲ့ နံရိုးလေး အစီအစဉ်ကို မေမေ့ကို ပြောပြပြီး ကျွန်တော်တို့ အလျင်အမြန် လက်ထပ်ဖို့ ပြင်ဆင်တယ်။ ကျွန်တော်တို့ ရခဲ့တဲ့ ခွင့်က ၃ လ ။ လက်ထပ်ပြီးတော့ ကျွန်တော်တို့ ဟန်းနီးမွန်း အနေနဲ့ ငပလီကို တစ်လလောက် စိတ်ပြေလက်ပျောက် သွားတယ်။ ဒါပေမဲ့ ၃ ရက်တစ်ခါ မေမေ့ကို ကျွန်တော် ဖုန်းခေါ်တယ်။ မေမေ နေကောင်းလား။

ခွင့်စေ့တဲ့နေ့ရက် မရောက်ခင် ရက်ပိုင်း အလိုမှာ မေမေ ကျွန်တော့်ကို လက်ဆောင် တစ်ခုပေးတယ်။ ဒီလက်ဆောင်နဲ့ ပတ်သတ်ပြီး မမ ကတော့ ပြောတယ်။

“ ငါ့မောင်ရေ။ နင့်ကို အနွေးထည် ပေးချင်လို့ ဆိုပြီး အခုမှ သိုးမွှေးထိုးတဲ့ သူကို ခေါ်ပြီး မေမေ့ကို သင်ခိုင်းရတယ်ဟေ့။ ”

“ ဟာ.. ဟုတ်လား မေမေ။ ”

မေမေက ရှက်ကိုး ရှက်ကန်းနဲ့ ရယ်နေတယ်။ မေမေ့မှာ ကံကောင်းတယ် သွားတော့ တစ်ချောင်းမှ မကျိုးသေး။ ဒီအတိုင်းပဲရှိတယ်။ ပြီးတော့ မေမေ့အပြုံးတွေ အသက်ဝင်နေဆဲ။

“ ဟုတ်တယ် ။ သားရယ်။ သားတို့ ဂျပန်မှာ အရမ်းအေးတယ် ကြားလို့ မေမေက သားအတွက် အနွေးထည် ထိုးထားတာကွယ့်။ ”

“ ဟုတ်လား။ လုပ်ပါဦး မေမေရာ ပြပါဦး။ ”

မေမေက သူရဲ့ ဘေးက အထုပ်လေးကို ဖြည်ပြီး ကျွန်တော့်ကို ပေးတယ်။ ကျွန်တော် ထုတ်ကြည့်လိုက်တော့ “ သိုးမွှေးဆွယ်တာလေး ” ။ သြော်. . .ဂျပန်ရဲ့ အေးပုံနဲ့ ဒီဆွယ်တာ ဆိုရင် အိမ်ထဲမှာတောင်မှ ဝတ်လို့မရဘူး။

“ ဟာ..ကောင်းလိုက်တာ မေမေရာ။ ဒါနဲ့ဆိုလို့ကတော့ ကျွန်တော် ဘယ်နေရာပဲ သွားသွား နွေးနေပြီပေါ့။ ကောင်းတယ် အခုထဲက ဝတ်ထားလိုက်တော့မယ်။ ”

ဆိုပြီး ကျွန်တော် ဆွယ်တာကို ကောက်စွပ်လိုက်ပြီး မေမေ့ကို ဖက်ထားလိုက်တယ်။ ပြီးမှ. .

“ မေမေ..သားတို့ လေယာဉ်လက်မှတ်တွေ ရပြီ။ နောက်အပတ်ထဲ ထွက်ရမယ် မေမေ။ ”

မေမေ အပြုံးတို့ ရုတ်တရက် ပြုတ်ကျသွားတယ်။ နေလာလို့ နှင်းတွေ ကွယ်သွားသလိုပါပဲ။ ပြီးမှ. .

“ အေးလေ..ဟုတ်တာပဲ။ ငါ့သားလည်း ခွင့်နဲ့လာတာပဲလေ။ ကျန်းမာရေးဂရုစိုက် သား။ ”

“ ဟုတ်ကဲ့ပါ မေမေ။ ”

“ ပြီးတော့ . .သွားတာ လာတာလည်း သတိထား ဂရိုစိုက်။ သမီးလေးကိုလည်း ဂရုစိုက်နော်။ ”

“ ဟုတ်ကဲ့ပါ မေမေရယ်။ ပေးလက်စနဲ့တော့ မုန့်ဖိုးပါ ပေး မေမေရာ။ ဒါမှ ပြည့်စုံမှာ. . ။ ”

မေမေ က လှစ်ခနဲ့ ပြုံးရင်း . .

“ မေမေလည်း ဒါပြောမလို့ပါပဲသားရယ် ။ ပထမတစ်ခါ သားသွားတော့လေ မေမေလည်း ငါ့သားလေးကို မုန့်ဖိုး မပေးရသေးပါလား ဆိုပြီး လက်ထဲမှာ ရှိတာ ပေးလိုက်တာ ၊ ဟိုမှာ သုံးမလို့ မရတာ မစဉ်းစားမိဘူး။ နောက် အိမ်ပြန်ရောက်မှ သမီးက ပြောမှ သိတော့တယ်။ ”

“ အာ..ဒီအပျိုကြီးကတော့ ဒါကြောင့်လည်း အပျိုကြီး ဖြစ်နေတာ။ ”

“ ဘာရယ်။ ”

မမ က အခန်းထဲက လှမ်းအော်တယ်။ ဒီတော့ မေမေ အပြုံးလေး ပြနှ်ရှင်သန်လာခဲ့တယ်။

“ အခုတော့ မေမေ သားအတွက် မုန့်ဖိုး လုပ်ထားပါတယ် သားရယ်။ ”

“ ဘာလဲ မေမေ။ ”

မေမေ က အိတ်ထဲက စာအိတ်တစ်ခုကို နှိုက်ပြီး ပေးတယ်။ ကျွန်တော်ဖွင့်ကြည့်လိုက်တော့ လဲပြီးသား ဒေါ်လာတွေ.. . ။

“ ဟာ .. . များလှချည်လား မေမေရ။ ”

“ အေးလေ. .မေမေလည်း ဘာမှ လုပ်စရာ မရှိတာပဲ ။ ဒါကြောင် ဘဏ်ထဲက အကုန်ထုတ်ပြီး သားကို မုန့်ဖိုးပေးတာ။ ”

ကျွန်တော့်အတွက် မလိုပါ။ သို့သော် . .ဒါဟာ “ အမေ့မုန့်ဖိုး ” ပဲလေ။

“ ဟုတ်..သားယူမှာပေါ့ မေမေရာ။ ”

နောက်မှပဲ ကျွန်တော် ပုံစံတစ်မျိုးနဲ့ မေမေလှူဖို့ဆိုပြီး ပေးခဲ့တော့မယ်။ အခုတော့ . . မေမေ စိတ်ချမ်းသာဖို့ လိုတယ်။

“ သားပို့ပေးတဲ့ ပိုက်ဆံတွေကိုလည်း မေမေ သုံးနော်။ ပြီးတော့ လှူနော်။ ဒါမှ သားလည်း ကုသိုလ်ရမှာ..။ ”

“ အေးပါ သားရယ်။ လှူတာပေါ့ကွယ်။ သား.....”

“ ဗျာ..မေမေ။ ”

“ ပြောနေကြပေမဲ့ ပြောရဦးမယ် သားရယ်။ ”

“ ဟုတ်ကဲ့..ပြောပါဗျာ။ ”

“ သား. ။ မတည့်တာတွေ ဝယ်မစားနဲ့နော်။ ”

“ ဟာ . . မေမေကလည်း။ စိတ်ချ မေမေ ။ မစားပါဘူး။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဒီလိုနဲ့ ကျွန်တော် ဒုတိယအကြိမ် နိုင်ငံနဲ့ ခွဲခွာလာခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်ကြာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အလည်တစ်ယောက် ပြန်လာခဲ့တယ်။ မေမေ ကျန်းကျန်းမာမာ ရှိနေဆဲပါ။ ဒီအချိန်မှာ ကျွန်တော်ရဲ့ မျိုးဆက်တစ်ယောက်ကတော့ နံရိုးလေး ဗိုက်ထဲမှာ ဝင်စားနေပြီခဲ့ပြီ။ မေမေရဲ့ အမှာ မေမေရဲ့ ချစ်ခြင်းတွေကို ကျွန်တော် ခွဲခွာပြီး တတိယအကြိမ် နှုတ်ဆက် ထွက်ခွာလာပြီး ကျွန်တော် ပထမ သားလေးကို မွေးတယ်။ ဒုတိယ သမီးလေးကို ကျွန်တော် နောက်ထပ် ၃ နှစ်ခြားပြီးမွေးခဲ့တယ်။

လင်မယား နှစ်ယောက်စလုံးရဲ့ လက်ရှိ အလုပ်အကိုင်နဲ့ ကလေးတွေ ပညာရေးကြောင့် ကျွန်တော်တို့ နိုင်ငံပြန်ဖို့ အရေး ဖြစ်မလာသေးဘူး။ မဖြစ်နိုင်ခဲ့ဘူး။ သားကြီးကလည်း ကျောင်းနေနေပြီ ၊ သမီးလေးတောင်မှ မူကြိုအဆင့်တတ်နေရပြီ။ အရင်လို မအားပေမဲ့ ကျွန်တော် မေမေ့ကို တစ်လတစ်ခါ ကျွန်တော် ရအောင် စာထည့်တယ်။ တစ်ပတ်တစ်ခါ ဖုန်းဆက်တယ်။ မေမေလည်း နေကောင်းနေဆဲပါပဲ။

ဒီလိုနဲ့ တစ်နေ့ ကျွန်တော့်ဘဝမှာ အပြောင်းအလဲ နေ့ရက် တစ်ရက် ရောက်လာပါတယ်။ ဒါကတော့ ကျွန်တော် ကားတိုက်ခံရခြင်းပါပဲ။

ကျွန်တော်လည်း ကားမောင်းနေရင်း မီးပွိုင့်မှာ စောင့်နေတုန်း တစ်ဖက် ကားလမ်းမှ ကားက ဟန်ချက်ပျက်ပြီး ကျွန်တော့်ကားဆီကို အသားလွတ် ဝင်တိုက်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် ဖြစ်ဖြစ်ချင်း ကားတံခါးနဲ့ညှပ်ပြီး ခြေထောက်ကျိုးသွားတယ်။ ဒီတော့ ဆေးရုံကို လူနာတင်ယာဉ်နဲ့ ကျွန်တော်ပါသွားတယ်။ ဒီအချိန်မှာ ကျွန်တော် သတိရလိုက်တာက ဒီနေ့ မေမေ့ကို ဖုန်းဆက်ရမဲ့နေ့... . .။

ဒါကြောင့် မမ ဟန်းဖုန်းကို ကျွန်တော် အရင်လှမ်းခေါ်ပါတယ်။ ဖြစ်ချင်တော့ မမ က ဖုန်းကို မကိုင်ဘူး။ နောက်တစ်ခါ ဖုန်းခေါ်လိုက်တော့ မမ ဟန်းဖုန်းကို လာကိုင်တယ်။

“ ဟယ်. . .လို ”

ဆိုတဲ့ ထူးသံကြားတော့ ကျွန်တော် သိလိုက်တယ်။ ဒါ မမ အသံ မဟုတ်ဘူး။ အိမ်က ကြီးမေ အသံ ၊ မေမေ ညီမဝမ်းကွဲ အသံ ။ ဒါကြောင့် ကျွန်တော် ဘယ်သူလို့ မပြောပဲ မမ ကိုပဲ ခေါ်ခိုင်းလိုက်တုန်း။ ကျွန်တော် ဆေးရုံက အခန်းထဲကို သူငယ်ချင်းတစ်စု ရောက်လာတယ်။ ဒီအချိန်မှာ ကျွန်တော် ခြေထောက်ကို ကျောက်ပတ်တီး ကိုင်ပြီးပြီ ၊ ဒဏ်ရာသက်သာအောင် ဆေးလည်း ထိုးပြီးပြီ။ ကျွန်တော် လိုနေတာ မမ ကို ဖုန်းပြောဖို့.။ အခုတော့ မမ ဖုန်းလာမကိုင်ခင် သူငယ်ချင်းတွေ ဝင်လာပြီး. . .

“ ဟေ့ကောင် သက်ဝေ ၊ မင်းကားတိုက်ခံရတယ် ဆိုလို့ လိုက်လာတာကွ..။ ”

ကျွန်တော် ဖုန်းကို လက်နဲ့ပိတ်လိုက်ပေမဲ့ တစ်ဖက်က ကြီးမေ ကြားသွားလား မသိဘူး။ ချက်ချင်း အသံပေါ်လာတယ်။

“ ဟဲ့..အခု ဆက်နေတာ မောင်သက်ဝေလား။ ”

ကျွန်တော် ပြန်မဖြေမိ။

“ ကျွန်တော် မခင်ထား နဲ့ စကားပြောချင်လို့ပါ။ ”

ဒါပဲ ထပ်ပြောလိုက်တယ်။ တစ်ဖက်က အရမ်းတိတ်ဆိတ်သွားတယ်။ ပြီးမှ . . ရုတ်တရက် ကျွန်တော် မမျှော်လင့်တာ ဖြစ်လာတယ်။

“ ဟဲ့..ကလေးမလေးရေ။ မောင်သက်ဝေ ကားတိုက်လို့တဲ့ ဘယ်သူလဲ မသိဘူး ဖုန်းဆက်တယ်။ မေးလို့လည်း မရဘူး။ မြန်မြန်လာကိုင်စမ်း။ ”

ကျွန်တော် ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားတယ်။ ကားတိုက်ခံရတုန်းကတောင်မှ ဒီလို မဖြစ်ခဲ့ပါ။ ပြေးသံလွှားသံတွေ ကြားလိုက်ရပြီး ကျွန်တော့်ဖုန်းကို လူတစ်ယောက် ကိုင်သံကြားလိုက်ရတယ်။

“ ဟဲလို ”

သေချာတယ် ။ ဒါ မမ ရဲ့ ခပ်ပြတ်ပြတ်အသံ။

“ မမ ၊ ကျွန်တော်ပါ။ ကျွန်တော် ကားတော့ အတိုက်ခံရတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ခြေထောက်တော့ ကျိုးသွားတယ်။ ဒါကြောင့် ခဏတော့ ဆေးရုံမှာ နေရမယ်လေ။ မေမေ့ကို ဖုန်းဆက်ဖို့ ဒီည ချိန်းထားတာ ဆိုတော့ ဒီည အနာ မနာအောင် ဆရာဝန်တွေ အိပ်ဆေးတွေ တိုက်လို့ သောက်ပြီး အိပ်လိုက်ရရင် မေမေ နဲ့ မပြောဖြစ်မှာ စိုးလို့ မမ တစ်မျိုးပြောထားပါလို့ လှမ်းပြီး ပြောတာ ၊ ဒါပေမဲ့ ကြီးမေနဲ့ သွားတိုးနေတယ်။ ”

ဟိုဘက်က ဘာမှ ပြန်ပြောသံ မကြားရ။

“ မမ ... မမ။ ဟဲလို ”

“ အေး .. မမ ကြားတယ် မောင်လေး။ ဒါပေမဲ့ ခုနက ကြီးမေ အော်လိုက်တော့ မေမေလည်း ကြားတယ်။ အခု မေမေနောက်မှ ရောက်နေတယ်။ မေမေက ဖုန်းပြောမယ်တဲ့။ ”

“ သြော်..ဟုတ်ကဲ့ ။ ဒါဆိုလည်း ပေးလိုက်ပါ မမ။ ”

ဖုန်းလွဲပေးသံ ကျွန်တော် ကြားနေရတယ်။ ပြီးတော့. . ဖုန်းထဲက စိုးရိမ်မှုတွေ အရင် စီးဝင်လာပြီး ကျွန်တော် ပါးဆီကို တိုးနေတယ်။

“ သား..........။ ”

မေမေအသံက စိုးရိမ်မှုတွေနဲ့ အားပါလှတယ်။

“ ဗျာ...မေမေ။ မေမေအိပ်နေတယ် မှတ်လို့။ သားအခု ဘာဖြစ်နေလဲ သိလား။ ”

“ အေး..ကားတိုက်ခံရတယ်ဆို။ “

“ ဟုတ်တယ် မေမေ ။ သားကလည်းကားထဲကပဲလေ။ ကားအပြင်ကို တိုက်တာ သားက ကားထဲမှာ ရိုက်သလို ဖြစ်ပြီး ခြေထောက်လေးပဲနည်းနည်း ထိတာပါ။ ဘာမှ မဖြစ်ဘူး သိလား မေမေ။ ”

“ ဘာမှ မဖြစ်မှတော့ ဆေးရုံဘယ်တတ်ရမလဲ သားရယ်။ ”

“ သြော်..မဟုတ်ဘူးလေ. . မေမေရယ်။ သားပြောတာက အခု သား မေမေနဲ့ စကားပြောနေနိုင်တယ်လေ။ ဘာမှ မဖြစ်ဘူးလေ။ ဒါကို ပြောတာ ၊ ခြေထောက်က နည်းနည်းလေး ထိသွားတာ။ သား စိတ်ပူတာက သား ညကျရင် မေမေနဲ့ ဖုန်းပြောဖို့ ချိန်းထားတာ မပြောဖြစ်မှာ စိုးလို့ အခု လှမ်းပြီး ပြောထားတာ။ ”

မေမေ ဘက်က တိတ်ဆိတ်နေတယ်။

“ ဟဲလို.. မေမေ. ။ ”

“ အေး..ရှိတယ်.သား။ မေမေ့ကို ဘာမှ မပူနဲ့ ၊ သားသာ မြန်မြန်နေကောင်းအောင် ကြိုးစား ဟုတ်ပြီလား။ ”

“ ဟုတ်ကဲ့။ ”

“ နောက်နေ့တွေလည်း သားခြေထောက်ကို ဂရုစိုက်။ အားလုံးအဆင်ပြေပြီ ကောင်းပြီ ဆိုမှ မေမေဆီဖုန်းဆက်ပေါ့ သားရယ်။ မေမေ ဘာမှ မဖြစ်ပါဘူး။ ”

“ ဟုတ်ကဲ့ မေမေ။ ”

“ ဒါဆို ဖုန်းချလိုက်တော့ သား။ သား နားတော့..။ မေမေလည်း ဘုရားမှာ ရှိခိုးပြီး ဆုတောင်းပေးမယ် ။ သားလည်း ဘုရားစာရွတ်နေနော်.။ ”

“ ဟုတ်ကဲ့ မေမေ။ ဒါဆို သားဖုန်းချလိုက်ပြီနော်။ မေမေလည်း နေကောင်းအောင်နေနော်။ ”

ကျွန်တော် ဖုန်းကို သက်ပြင်နဲ့ အတူ ချလိုက်တယ်။ ဘေးနားက သူငယ်ချင်းတွေကတော့ အားနာစွာနဲ့ တိတ်ဆိတ်ပေးနေတယ်။ မနာကျင်အောင် ထိုးထားသော ဆေးအရှိန်ကြောင့် ထင်တယ် ကျွန်တော် အရမ်းအိပ်ငိုက်လာတယ်။ ခဏကြာတော့ ကျွန်တော် အိပ်ပျော်သွားတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် အိပ်ယာက နှိုးတော့ ကျွန်တော့်ဘေးမှာ စိတ်ပူစွာနဲ့ စောင့်နေတဲ့ ကျွန်တော့်ဇနီး ဇင်မာ ၊ သားနဲ့ သမီးနဲ့ အတူ ရောက်နေတယ်။

“ ကို ဘာဖြစ်သွားလဲ။ ”

“ ခြေထောက်တော့ ကျိုးသွားတယ်။ လူတော့ ဘာမှ မဖြစ်ပါဘူး။ အခုတော့ ကျောက်ပတ်တီး ကိုင်ထားတယ်။ ဘာပဲ ပြောပြော နှစ်လလောက်တော့ ငြိမ်နေရတယ် ထင်တယ်။ ”

ဒါပေမဲ့ ကျွန်တော် အထင် မမှန်ခဲ့ပါ။ ကျွန်တော် ကျောက်ပတ်တီးစည်းပြီး ၁၀ ရက်ကျော်တော့ ကျွန်တော် ခြေထောက်ထဲက စူးစူးပြီး အောင့်တယ်။ ဘယ်လိုမှ နေလို့ မရ။ ဒါနဲ့ ကျွန်တော် ခြေထောက်က ကျောက်ပတ်တီးကို ခွာပြီး ဓါတ်မှန်ရိုက်ကြည့်တော့ ကျိုးသွားသော အရိုးမှ အစတစ်ခုက ခြေထောက်မှ အာရုံကြောတစ်ခုကို ထိုးခွဲနေတယ်။

ဒါနဲ့ ကျွန်တော့်မှာ ခွဲစိတ်မှု တစ်ခုကို လုပ်ရတယ်။ ခွဲစိတ်လိုက်တော့မှ ကျွန်တော်ခြေထောက်ထဲမှာ ကျိုးပြီး ညှပ်နေတဲ့ အရိုးလေးတွေ များစွာ ရှိနေတယ်လို့ သိရတယ်။ ဒီလိုနဲ့ ခွဲစိတ်မှု ကျွန်တော် လေးခါ လုပ်ခဲ့ရတယ်။ ပြီးတော့မှ စိတ်ချသေချာရပြီ ဆိုမှ ကျောက်ပတ်တီးကိုင်ပြီး ကျွန်တော် သေချာစွာ အနားရတယ်။ ကားတိုက်မှုလေးတစ်ခုနဲ့ ခြေထောက်လေးကျိုးတာကို ကျွန်တော့်မှာ တော်တော် အလုပ်ရှုပ်သွားတယ်။

ကျွန်တော် သေချာစွာ နားရမှ မေမေ့ဆီ ဖုန်းဆက်ဖို့ သတိရတယ်။ ဒါပေမဲ့လည်း ကျွန်တော် ဖြစ်နေတာ မေမေသိနေတာ ဆိုတော့ စိတ်လည်းမပူမိ။ အခုတော့ ကျွန်တော် မေမေ့ဆီ ဖုန်းဆက်ချင်တယ်။ ကျွန်တော် ဖုန်းလှမ်းခေါ်လိုက်တော့ အိမ်က ဖုန်းကို ကိုင်မဲ့သူ မရှိ ။ ကျွန်တော် ထပ်ခေါ်တယ်။ မရ။ ဒါနဲ့ မမ ဖုန်းကို လှမ်းဆက်လိုက်တော့ မမ ဖုန်းကိုင်တယ်။

“ မမ .. ၊ မေမေရော ကျွန်တော် အိမ်ကို ဖုန်းခေါ်တာ ကိုင်မဲ့သူ မရှိဘူး။ ”

“ သြော် .. ဖုန်းပျက်နေလို့ ဖြစ်မှာပါ။ နင့်သက်သာလား မောင်လေး။ ”

“ ဇင်မာနဲ့ တော့ မမ အမြဲ ဖုန်းပြောဖြစ်ပါတယ်။ ”

“ ဟုတ်ကဲ့.။ အခု အားလုံး အဆင်ပြေသွားပြီ။ စိတ်ချရပြီလေ။ ခြေထောက်လေး ကျိုးတာ ဒီလောက်တောင်မှ ဖြစ်ရတယ်လို့ဗျာ။ လေးခါ ခွဲခန်းဝင်ရတယ်။ ”

“ သြော်..ဒါကတော့ကွယ်.၊ လိုအပ်လို့ပေါ့.။ ”

“ မမ မေမေ နဲ့ စကားပြောချင်တယ်။ ”

“ မမ က အခု ကျောင်းမှာလေ။ နောက်နေ့ကျတော့ ပြောပေါ့ကွာ။ ”

ဒါပေမဲ့ မမရဲ့ နောက်နေ့က နှစ်ပတ်သာ ကြာသွားတယ်။ ကျွန်တော် မေမေနဲ့ စကားမပြောဖြစ်သေး။ ကျွန်တော် ဖုန်းခေါ်တိုင်း မမ ကျောင်းမှာ ၊ အပြင်မှာပဲ ဖြစ်နေတယ်။ အိမ်က ဖုန်းကိုလည်း ခေါ်လို့မရ။ ကျွန်တော် စိတ်ပူလာတယ်။ ဒါနဲ့ ကျွန်တော် ဖုန်းထပ်ခေါ်ပြီး. .

“ မမ ကျွန်တော် မေမေနဲ့ စကားပြောချင်တယ်။ ”

မမ ဘက်က ဘာမှ တုံ့ပြန်မှု မလာ။

“ မမ...ဘာဖြစ်နေတာလဲ။ ”

“ မောင်လေး။ မမ ပြောတာ သေချာ နားထောင်။ ”

“ ဟုတ်ကဲ့။ ”

ဒါပေမဲ့ ကျွန်တော် စိတ်တွေ ပိုပူလာတယ်။

“ မင်း နဲ့ မေမေ နောက်ဆုံး စကားပြောပြီးတော့ မင်းကို မေမေမှာတယ် မဟုတ်လား။ ဘုရားစာရွတ် ၊ မေမေလည်း ဘုရားရှိခိုးပြီး ဆုတောင်းပေးမယ် ဆိုတာလေ.။ ”

“ ဟုတ်ကဲ့ ။ မှတ်မိပါတယ်။ ”

“ အေး...အဲဒီအချိန်က စပြီး မေမေ မင်းအတွက် နေ့တိုင်း ၊ အချိန်တိုင်း ဘုရားရှေ့မှာ ထိုင်ပြီး ဆုတောင်းပေးနေတယ်။ မမ တို့ အိပ်ပြီ ဆိုရင်လည်း မေမေ ဘုရားရှိခိုးနေတုန်း။ မမတို့ မနက် အိပ်ယာနှိုးတော့ မေမေ ဘုရားစင်ရှေ့မှာပဲ။ ကြာတော့ မေမေရယ် ညဘက် အိပ်ရဲ့လား ဆိုတော့လည်း “ အိပ်ပါတယ် သမီးရယ်။ သမီးမောင်လေးက အဝေးမှာ ဆိုတော့ သူ့အတွက် လုပ်ပေးနေလို့ပါ။ ” လို့ပဲ ပြန်ပြောတယ်။

ဒါနဲ့ တစ်နေ့တော့ မမ အိပ်ယာနိုးတော့ မေမေ့ကို ဘုရားစင်ရှေ့မှာ ဘုရားကန်တော့နေတဲ့ ပုံစံ အတိုင်း ကုန်းကုန်းလေးတွေ့နေရတယ်။ ဒီတော့ မမလည်း ဘုရားဝတ်ပြုနေတယ်ပဲ ထင်တာပေါ့။ နောက်တစ်ခါ သွားကြည့်တော့လည်း ဒီလိုပဲ တွေ့ရတယ်။ ဒီတော့မှ မေမေ လို့ ခေါ်တော့ ပြန်မထူးဘူး။ ဒါနဲ့ မမလည်း သွားပြီး မေမေ့ကို ထိလိုက်တော့မှ မေမေ့အသားတွေ အေးစက်နေတယ် မောင်လေး။ ”

“ ဗျာ....ဒါဆို။ ”

“ နေဦး.။ လောပြီး လျှောက်မပြောနဲ့။ မမလည်း သိသိချင်း ကြီးမေတို့ တခြား အိမ်ဖော်လေးတွေကို ခေါ်ပြီး မေမေကို ပွေ့ပြီး ဆရာဝန်ခေါ်လိုက်တော့ ဆရာဝန်က ပြောတယ်။ ဆောင်းတွင်းကြီးမှာ နွေးနွေးထွေးထွေး မနေပဲ တစ်နေရာထဲမှာ ကြာကြာထိုင်နေလို့ မေမေ လေဖြတ်သွားတာတဲ့.။ ”

“ ဟာဗျာ.။ မမတို့ သိပ်ပေါ့တာကိုး ။ ”

“ အေးလေ ထားပါတော့။ မမ တို့လည်း မထင်ဘူးလေ။ ဒါနဲ့ မမလည်း မေမေ့ကို အစွမ်းကုန် ပြုစုကုသပါတယ်။ ဒါကြောင့် မေမေ အရင်လို လမ်းမလျှောက်နိုင်တော့ဘူး မောင်လေး။ စကားကိုလည်း အရင်လို မပြောနိုင်တော့ဘူး ။ ကိုယ်တစ်ခြမ်း လေဖြတ်တာ ဆိုတော့ မင်းလည်း သိပါတယ်။

ဒါကြောင့် မင်းဖုန်းပြောချင်တယ် ဆိုရင် ပြောပါ။ ဒါပေမဲ့ မင်းကို အရင်လို မြန်မြန် ဆန်ဆန် ပြန်ပြောနိုင်မှာမဟုတ်ဘူး။ ဒါကို မင်းသဘောက်ပေါက်ထားဖို့ လိုတယ်။ ”

“ ဟုတ်ကဲ့ပါ မမရာ.။ ဒါပေမဲ့ ဘာလို့ ကျွန်တော့်ကို အသိမပေးရတာလဲ။ ”

“ မင်းကလည်း ခြေထောက်ကျိုးတယ် ဆိုပြီး ပေါ့မနေနဲ့။ မင်းလို ထိခိုက်ပြီး ဖြတ်လိုက်ရတဲ့ သူတွေ ရှိတယ်။ မင်းက ရိုးရိုး ခြေထောက်ကျိုးတာ မဟုတ်ဘူး။ ဒါပေမဲ့ မေမေ အကြောင်းကို ဇင်မာ ကိုတော့ ပြောပြထားပါတယ်။ ”

“ ဟာ..သူကလည်း ကျွန်တော့်ကို ဘာမှ မပြောဘူး။ ”

“ ဟုတ်တယ်လေ။ မမ မပြောခိုင်းတာ မင်းကလည်း ဒါကို သိရင် အတင်း ပြန်လာချင်မယ်။ ဒါဆို မင်းရောဂါကလည်း အလျင်းပျောက်မှာ မဟုတ်ဘူး။ ဒါဆို မင်းခြေထောက်ပါ ဆုံးရှုံးရနိုင်တယ်။ ဒါကြောင့် မပြောတာ။ ”

“ ထားပါတော့ မမ။ ကျွန်တော် မေမေနဲ့ ဘယ်တော့ ဖုန်းပြောရမလဲ။ ”

“ အေး..မင်း ညကျရင် မမ ဟန်းဖုန်းကိုပဲ ခေါ်လိုက်။ မေမေနဲ့ ပေးပြောမယ်။ မမ ပြောတာတော့ မမေ့နဲ့။ ”

မမ နဲ့ ဖုန်းပြောပြီး ခဏနေတော့ ကျွန်တော့်ဇနီး ဇင်မာ သားနဲ့ သမီးနဲ့ အတူ ဝင်လာတယ်။

“ ကို သက်သာလား။ ဘယ်လို နေသေးလဲ။ ”

ကျွန်တော် သူ့ကို တမင် စကားပြန်မပြောပါ။ ကျွန်တော့်ကို သတင်းဝှက်ထားတယ် ဆိုပြီး ကျွန်တော် ကလေးဆိုးကြီးလို စိတ်ကောက် ပြနေလိုက်တယ်။

“ ကို ဘာဖြစ်နေတာလဲ။ ”

ဒီတော့မှ ကျွန်တော် သူ့ကို သေချာ ကြည့်ပြီး. . .

“ ကို အခုပဲ မမ နဲ့ ဖုန်းပြောပြီးပြီ။ မေမေ အကြောင်းလည်း သိလိုက်ရပြီ။ ကို ဒီလကုန် မြန်မာနိုင်ငံ ပြန်မယ်။ ”

“ ဟာ မဟုတ်တာ..။ ”

“ ဘာ မဟုတ်တာလဲ။ ရအောင် ပြန်မယ်။ ”

“ ကို့ ခြေထောက်က သာမာန်ကျိုးတာ မဟုတ်ဘူးနော်။ အရိုးစတွေက အာရုံကြောတွေကို ထိုးမိနေတာ။ အခုတောင်မှ လေးခါ ခွဲရတယ် မဟုတ်လား။ ဒီအချိန်မှာ အမေ လေဖြတ်တာကို ကို့ကို ပြောလိုက်ရင် ကို အခုလို မရရအောင် ပြန်ရင် ဘာတွေ ဖြစ်လာမလဲ။ ကိုလည်း ဒုက္ခဖြစ်မယ်။ ဒါကြောင့် မပြောတာပါ ကိုရယ်။ ”

“ အေးလေ။ ဘာပဲ ဖြစ်ဖြစ် အခု ကို ကောင်းနေပြီလေ။ ”

“ ရာနှုန်းပြည့် ပြန်ကောင်းလာတာမှ မဟုတ်တာ ကိုရယ်။ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ကြည့်ပါဦး။ ”

ကျွန်တော် ဇင်မာ့ကို ဘာမှ မပြောတော့ပဲ။ နောက်နေ့မှ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး မေးဦးမယ်လို့ တေးထားလိုက်တယ်။ ညရောက်တော့ မေမေ့ဆီ ဖုန်းဆက်တယ်။

“ မေမေ. . ။ ”

မေမေ့ဆီက အသံထွက်မလာ။ ကျွန်တော် ထပ်ခေါ်တယ်။

“ မေမေ.။ ”

“ သား . . . . . . ။ ”

မေမေ့အသံ လေးလေးကြီး ပါလား။ ဒီတော့မှ မမ ပြောတာကို သတိရတယ်။ သြော်.. ကိုယ်တစ်ခြမ်း လေဖြတ်ထားတာပဲလေ။ ဖြစ်မှာပေါ့။

“ မေမေ နေကောင်းရဲ့လား။ ”

“ေ ကာ င်း ပါ တ ယ် သား ရ ယ် .။ သ ာ း ေ ရ ာ ေ န ေ က ာ င်း လား ။ ”

“ သားက နေကောင်းနေပါပြီ မေမေရယ်။ သား မေမေ့ဆီ သား မြန်မြန် လာခဲ့မယ်နော်။ မေမေ နေကောင်းအောင်နေနော်။ ”

“ ေ အ း . . . ေ အ း . . . သ ာ း အ လု ပ် အား မှ လာ ပါ ကွ ယ်.။ ”

“ ဟုတ်ကဲ့ပါ။ မေမေ အခု နားဦးနော်.။ စကားတွေ အများကြီး ပြောလိုက်ရလို့ မောနေဦးမယ်။ သား နေကောင်းကြောင်း မေမေ့ကို လှမ်းပြောတာ။ ဒါပဲနော်. မေမေ။ ”

“ ေ အ း . . . ေ အ း . . သ ာ း .. ။ ”

ဖုန်းချပြီးတော့ ကျွန်တော် တစ်ကိုယ်လုံး နတ်ဝင်ပူးသလို တုန်တုန်ရီရီ ဖြစ်နေတယ်။ ဖြစ်ရလေ မေမေရယ်.. သားအတွက် ဆုတောင်းရင်းနဲ့မှ ဒီလို ဖြစ်ရတယ်လို့။ ကျွန်တော် မြန်မြန် မေမေ့ဆီ လာခဲ့မယ် မေမေ.။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

နောက်နေ့ မနက်ကျတော့ ကျွန်တော် ဆရာဝန်တွေနဲ့ တွေ့ခွင့်တောင်းပြီး ဆေးရုံက ဆင်းချင်ကြောင်း ကျွန်တော်ပြောတော့ ဆရာဝန်တွေက သူတို့ကတော့ ပေးမဆင်းသေးကြောင်း ကျွန်တော့်ခြေထောက်က သာမာန်ထိခိုက်တာ မဟုတ်ပဲ။ အာရုံကြောကို ထိခိုက်တာဖြစ်တော့ သေချာ မပျောက်ကင်းရင် အကြောသေပြီး ဒီခြေထောက်သေသွားနိုင်ကြောင်း ဒါကြောင့် ခဏစောင့်ပြီးမှ ဒဏ်ရာသက်သာမှ ဆင်းစေလိုကြောင်း ၊ တစ်ခု ထူးခြားတာက ဒီလို ရောဂါ ဖြစ်ရင် လူ ၁၀၀ မှာ သုံးယောက်လောက်သာ ကောင်းနိုင်ကြောင်း အခုတော့ ဒီသုံးယောက်ထဲမှာ ကျွန်တော်ပါနေလို့ အံ့သြဝမ်းသာနေမိကြောင်း ၊ အထူးဆန်းဆုံးကတော့ ခန့်မှန်းတာထက် ကျွန်တော့် ခြေထောက်က အလျင်အမြန် သက်သာလာနေကြောင်း ဒါက ဘာကြောင့်လဲတော့ မပြောတတ်ကြောင်း ကျွန်တော့်ကို ရှင်းပြပြီး စိတ်ရှည်စွာ ဆက်နေစေချင်ကြောင်း ရှင်းပြတယ်။

ကျွန်တော် သိလိုက်ပါပြီ။ ကျွန်တော့်ခြေထောက်က ဘာလို့ မြန်မြန်ဆန်ဆန် ကောင်းပြီး သက်သာနိုင်တဲ့ လူအထဲမှာ ပါနေလဲ ဆိုတော့ မေမေနေ့တိုင်း ဘုရားစင်ရှေ့မှာ ကျွန်တော့်အတွက် တောင်းပေးနေတဲ့ ဆုတွေကြောင့်ပါပဲ။ သေချာအောင်ပြောရရင် မေမေ့ကိုယ်ကို အထိခိုက်ခံပြီး ကျွန်တော့်ခြေထောက် သက်သာအောင် ဆုတောင်းပေးခဲ့တဲ့ မေမေ့မေတ္တာတွေကြောင့် ပါပဲ။

အခုတော့ မေမေ့ဆီ ကျွန်တော် မြန်မြန်သွားတွေ့ချင်ပေမဲ့ ကျွန်တော် လက်လျော့ပြီး ဆရာဝန်ကြီးတွေ ညွှန်ကြားတဲ့ အတိုင်း ကျွန်တော် လိုက်နာခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ မေမေ့ဆီကို နေ့တိုင်း ဖုန်းဆက်တော့ မပြတ် ၊ မမ ကလည်းပြောတယ်။

“ နင်နဲ့ စကားပြောနေရလို့ ထင်တယ် ၊ အခု မေမေ တော်တော် သက်သာလာတယ်..”

တဲ့။ မေမေနဲ့ ကျွန်တော့်ကြားမှာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ ရှိတယ်။

ဘာလိုလိုနဲ့ ကျွန်တော် ခြေထောက်က နောက်ထပ် ထပ်မခွဲရတော့ပေမဲ့ ကျွန်တော် အားလုံးကင်းကင်းရှင်းရှင်းပျောက်အောင် ၅ လလောက် ဆေးရုံမှာ ထပ်နေခဲ့ရတယ်။ အခုတော့ ကျွန်တော် အားလုံးကောင်းသွားခဲ့ပြီ။ ကျွန်တော် ပြန်မယ် ၊ မေမေ့ဆီ ကျွန်တော်သွားမယ်။

ဘာပဲ ပြောပြော မေမေလည်း နေကောင်းနေတဲ့ အချိန် ကျွန်တော့်ကို သတိရနေမှာပဲလေ။ ဆေးရုံက ဆင်းပြီးပြီးချင်း တစ်ပတ် အတောအတွင်း ကျွန်တော် လေယာဉ်လက်မှတ် အပါအဝင် အားလုံးကို ကျွန်တော် ပြီးအောင် လုပ်တယ်။

လာပြီ မေမေ ၊ မေမေ့ဆီ သားလာပြီ။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် လေယာဉ်ကွင်းကို ဆင်းတော့ အရင်အခေါက်တွေကလို မေမေ လာကြို မနေပါ။ မမ ကတော့ လာကြိုနေတယ်။ ကျွန်တော်လည်း မေမေ့ကို တွေ့ချင်နေတာနဲ့ ဘယ်သူ့ကိုမှ ဘာမှ မပြောမိဘူး။ ကားပေါ်ကို အထုပ်တွေ တင်ပြီး ဇင်မာ ၊ သားနဲ့ သမီးကို ခေါ်ပြီး မမကို မြန်မြန်ပဲ မောင်းခိုင်းလိုက်တယ်။

“ ရောက်နေတော့မှ သိပ်ပြီး စိတ်ပူမနေနဲ့ မောင်လေး။ မင်းနဲ့ စကားတွေ ပြောနေရကတည်း မေမေလည်း တော်တော် နေကောင်းနေတာ။ အခု ဆို ထိုင်နိုင် ၊ ထနိုင်နေပြီ။ လက်တွေလည်း လှုပ်နိုင်နေပြီ။ ”

မမ ဘာပဲ ပြောပြော ကျွန်တော် မေမေ့ဆီပဲ ရောက်ချင်နေတယ်။ အိမ်ကို ရောက်တော့ ကျွန်တော် အထုပ်တွေတောင်မှ မချနိုင်ဘူး။ အိမ်ထဲတန်းပြေးပြီး မေမေ့ဆီ သွားတော့ ကုတင်ပေါ်မှာ မေမေ့ကို တွေ့ရတယ်။ မေမေကလည်း ကျွန်တော့်ကို မျှော်နေတယ် ထင်တယ်။ လည်တဆန့်ဆန့်နဲ့။

“ မေမေ..။ ”

ကျွန်တော် ခေါ်လိုက်ရင်း မေမေ့ကို ပွေ့လိုက်တယ်။

“ မေမေရာ.။ သားကြောင့် ဒီလို ဖြစ်ရတယ်လို့.။ ”

“ မ ဟု တ် ပါ ဘူး ကွ ယ် .. . ။ ေ မ ေ မ ႕ ဖ ာ သ ာ .... .. ”

“ ဟုတ်ကဲ့ပါ . . ထားလိုက်ပါတော့ မေမေရယ်။ အခု သားလည်း ရောက်နေပြီပဲ။ ”

ဒီအချိန်မှာ မမ ၊ ဇင်မာ ၊ သား နဲ့ သမီး အခန်းထဲ ဝင်လာတယ်။ သားနဲ့ သမီးကို တွေ့တော့ မေမေ ပိုပြုံးလာပြီး

“ လ ာ ၾက ဦ း ေ ျမ း ေ လ း .... ”

ဆိုပြီးလှမ်းခေါ်တယ်။ မေမေနဲ့ သူ့မြေးတွေ မတွေ့တာ ကြာပြီပေါ့။ မေမေ တော်တော် ပျော်နေပုံရတယ်။ ကျွန်တော် မမကို လက်ဆွဲ အခန်းပြင်ထွက်လာပြီး. . .

“ မေမေ့ကို အခု ဘယ်လို ကုနေလဲ။ ဘယ်သူနဲ့ ပြနေလဲ။ ”

“ ဒီမှာ မောင်လေး။ ဒါဟာ ငါ့အမေ ဆိုတာလည်း နင် မှတ်ထားဦး။ ပြီးတော့ ငါနဲ့ အနီးကပ်နေတာ။ အခု ဖြစ်တာ ငါ့ရှိရဲ့သားနဲ့ ဆိုပြီး ငါကလည်း စိတ်မကောင်းဘူး။ ဒါကြောင့် ငါလည်း ဒီက အကောင်းဆုံး ဆရာဝန်တွေနဲ့ ပြနေတာပဲ။ ဒါကြောင့် ဒီလောက် ပြန်ကောင်းလာတာလေ။ ”

“ ဟုတ်ပါတယ် မမရယ်။ ကျွန်တော်ကလည်း အဝေးက ဆိုတော့ စိတ်ပူလို့ပါ။ ”

ဒီအချိန်မှာ ဇင်မာ က အခန်းထဲကနေ ထွက်လာပြီး . . .

“ ကို မေမေ ခေါ်နေတယ်။ ”

“ အေး အေး ။ ”

ကျွန်တော်မေမေ့ဆီသွားတော့ . . .

“ သား . . . သား တို့ ခ ရီး ပ န်း လာ တ ယ် ၊ က ေ လ း ေ တြ ေ ရ ာ . န ာ း ေ တ ာ ႕ ေ လ. . ။ ”

“ ဟုတ်ကဲ့ မေမေ။ ”

ကျွန်တော် ကလေးတွေကို ခေါ်သွားဖို့ ဇင်မာ့ကို မျက်စ ပစ်ပြလိုက်ပြီး မေမေ့ကို ကုတင်မှာ အသာအယာလှဲစေလိုက်တယ်။ နောက်ပြီး ကလေးတွေနဲ့ အခန်းပြင် လိုက်ထွက်ပြီး မေမေ့ကို နားစေတော့မယ် ဆိုပြီး ထွက်မယ် လုပ်တော့. .

“ သား . . . ။ ”

“ ဗျာ.။ ”

ကျွန်တော် ပြန်လှည့်သွားလိုက်တော့ . . . မေမေက တစ်ခုခုကို ပြောချင်နေတဲ့ ပုံနဲ့ အတင်း ထထိုင်တယ်။ ကျွန်တော်လည်း မေမေ့နား မြန်မြန်သွားလိုက်ပြီး မေမေ့ကို ဝိုင်းထူ ပေးလိုက်တယ်.။ ထိုင်မိသွားတော့ မေမေ လက်တစ်ဖက်က ခေါင်းရင်းက သေတ္တာ သေးသေးလေးထဲကို တုန်တုန်ရင်ရင်နဲ့ နှိုက်လိုက်ရင်း လက်ကိုင်ပုဝါလေး တစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့. .

“ ေ မ ေ မ က ဝ င် ငွေ မ ရှိ တာ ကြာ ပြီ သား . .၊ ဒါေ ကြာ င့် သား ကို ေ မ ေ မ မု န့် ဖိုး မေ ပး ရ တာ ကြာ ပြီ ။ သ မီး ဆီ က ပို က် ဆံေ တွ နဲ့ လ ည်း မေ ပး ချ င် ဘူး ။ အ ခု ဒါ က ေ မ ေ မ ပ ထ မ ဦး ဆံု း ေ က် ာ င်း မှာ ဆု ရ တဲ့ ပို က် ဆံ လေး ေ လ ။ ဒါ ကို ေ မ ေ မ အ မွ တ် တ ရ သိ မ်း ထား တာ ။

အ ခုေ တာ့ သား ကို မု န့် ဖိုးေ ပး လို့ ရ ပြီ ။ ဒါ ေ မ ေ မ ပို က် ဆံ အ စ စ်ေ နာ် ၊ ဘ ယ် သူ က မှေ ပး တာ မ ဟု တ် ဘူး ။ ”

“ မေမေရယ်။ ဖြေးဖြေးပြောပါ မောလိုက်တာ။ မေမေ မုန့်ဖိုး ပေးတယ် ဆိုရင် သား ယူမှာပေါ့။ ”

ဒီတော့ မေမေက သူ့ရဲ့ လက်ကိုင်ပုဝါလေးကို အသာလေးဖြေနေတယ်။ ကျွန်တော် မေမေ လက်ကိုင်ပုဝါလေးကို ဖြေပြီးတော့ မေမေထုတ်လိုက်တဲ့ ပိုက်ဆံက ၁၀၀ တန် အသစ်ကလေး တစ်ရွက်။ မေမေတို့ အချိန်က ၁၀၀ ဆိုတာတော့ တော်တော် တန်ဖိုးရှိခဲ့မှာပါ။ မေမေက တုန်တုန်ရီရီနဲ့ ၁၀၀ တန်လေးကို ထုတ်ပြီး ကျွန်တော့်ကို လှမ်းပေးတယ်။

“ ေ ရ ာ႔ . . . ယူ ေ လ သ ာ း ။ ”

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကျွန်တော် စိတ်တွေ အရင်တစ်နေရာကို ရောက်မိနေတယ်။

“ ေ ရ ာ႕ ေ လ . . .ယူ ေ လ သ ာ း ။ ”

မေမေ နောက်တစ်ကြိမ် ထပ်ပြောမှ ကျွန်တော် တွေးနေတာတွေ သတိဝင် လာတယ်။

“ ဟုတ်ကဲ့..မေမေ။ မေမေ့ဆီက မုန့်ဖိုး မရတာ ကြာတော့ အံ့သြသွားလို့ပါ မေမေ.။ ”

မေမေရယ်။ သားမှာ ရှိသမျှ ပစ္စည်းဥစ္စာတွေ ကုန်ချင်ကုန်သွားပါစေ ။ သား မေမေပေးတဲ့ ဒီ ၁၀၀ တန်လေးကို “ ထာဝရ ” သိမ်းထားမှာပါ။

“ သား . ။ ”

မေမေလေသံလေးနဲ့ ခေါ်တယ်။

“ ဗျာ.။ ”

ကျွန်တော် အလန့်တကြားထူးလိုက်တော့. . မေမေက ပြုံးပြီး .. . .

“ ငါ့ သား ေ မ ႕ ေ န ျပီ လ ာ း . ။ ”

“ ဘာကိုလဲ မေမေ။ ”

“ သား . . ။ မ တ ည့် တာေ တွ ဝ ယ် မ စား နဲ့ေ နာ် ။ ”

“ ဟာ ... မေမေရာ။ ”

ဘာကြောင့်မှန်း မသိပေမဲ့ ကျွန်တော် မျက်ဝန်းထဲမှာ မျက်ရည်တွေ အိုင်ပြည့်လာတယ်။ ပြီးတော့ မေမေ့ကို ကျွန်တော် ဖက်ထားလိုက်တယ်။ ကျွန်တော့်အသက် ၄၂ နှစ် ရှိတော့မယ် မေမေ ။ ဒါပေမဲ့ မေမေ မျက်စိအောက်မှာ ကျွန်တော်က ကလေးလေး တစ်ယောက်လိုပါပဲလား မေမေရယ်။

စိတ်ချပါ မေမေ ကျွန်တော် ဒီပိုက်ဆံလေးနဲ့ ဘာမှ မတည့်တာလည်း ဝယ်မစားပါဘူး။ ကျွန်တော် ထာဝရ တစ်သက်လုံး သိမ်းထားမှာပါ။ ဘာလို့လည်း ဆိုတော့ . . .

ဒါက ကျွန်တော် မေမေ ပေးတဲ့ ကျွန်တော့်အတွက် “ အမေ့မုန့်ဖိုး ” လေ။


“ မိဘကျေးဇူးကို အထွေအထူး မဆပ်နိုင်တဲ့ သားသမီးတွေက မိဘစကားကို တသွေမတိမ်း လိုက်နာတာ တစ်ခုတည်းနဲ့ မိဘကျေးဇူးကို ဆပ်ကြတယ်။ ”

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

မှတ်ချက်။ ။ ဒီဝတ္ထုလေးဟာ တကယ်တော့ ကျွန်တော်ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ပါ။ အခုတော့ ဝတ္ထုတို သာသာလောက်နဲ့ ရအောင် “အမေများနေ့ ” အမှတ်တရ အဖြစ်နဲ့ ရေးလိုက်တာပါ။

အမေများနေ့မှာ မိဘကို သတိတရ စိတ်ချမ်းသာအောင် ထားနိုင်ကြပါစေ။ အမေများနေ့အတွက် အမှတ်တရ ရေးပါတယ်။


ကိုဇော် ခံစားပုံဖော်သည်။
30.12.2009
http://www.zaw357.net



ကိုဇော်

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

အဖြူရောင်နတ်သမီး said...

ကိုဇော်ရေ....
“အမေ”အကြောင်းဖတ်ရင်း...
နောက်ဆုံးအပိုဒ် အရောက်မှာ ငိုမိသွားတယ်...
ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေ့ကိုသတိရသွားလို့ပါ..
ညီမမေမေလည်း လေဖြတ်သွားခဲ့ဖူးတယ်လေ...
အဲဒါတွေ မျက်စိထဲပြန်မြင်လာတယ်...
အဲဒီအဖြစ်အပျက်တွေကို မခံစားနိုင်လို့ မေ့ထားခဲ့တာ....

thu thu win said...

Bro,good evening. I miss my mother so much when I read this post. Thanks a lotttttttttttt.

ပန်းခေ၇ said...

ကြီးလာတော. မုန်.ဖိုးတောင်မကတော.ပါ ဘူး
ကိုဇော်ကြီးေ၇
တော်တော်ပင်းပန်းနေမှာ ခုထိလည်း သိတတ်တာလေးတခုက ပိုလာလို. ဘာမှ လက်တွေမလုပ်ပေးနိုင်သေးဘူး
အ၇မ်းခံစားသွား၇ပါတယ်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.