မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 December 2009

0 ပဟေဠိလေးတွေ..ဖြေကြည့်ကြမယ်......နှင့် အဖြေမှန်များ



ပျော်ရင်လဲ အတူတူ ၊ ခံစားစရာရှိတော့လဲ အတူတူ ၊ အခု စဉ်းစားစရာရှိတော့လဲ အတူတူပေါ့...။ ကျွန်တော် ရေးတဲ့ စာတွေကို အမြဲတမ်းဖတ်နေရတော့ ..ရိုးပြီး ၊ ငြီးငွေ့မှာစိုးလို့...ကျွန်တော်တို့ ငယ်ငယ်က ကစားတဲ့ ဥာဏ်စမ်းလေးတွေကို ပို့ပေးလိုက်ပါတယ်..။

ကဲ..စလိုက်ရအောင်......


၁။ တစ်ခါကဘုန်းကြီးတစ်ပါးဟာ အိမ်တစ်အိမ်ရှေ့မှာ ဆွမ်းခံရပ်နေတုန်း အဲဒီအိမ်က လင်မယားက ရန်ထဇြစ်ပါလေရော..ဒါနဲ့ ဆွမ်းခံရပ်နေတဲ့ ဘုန်းကြီးလဲ ဘာလုပ်ရမှန်းမသိဘူးတဲ့..။ အဲဒီအခြေအနေအတွက် အလိုက်ဖက်ဆုံး သီချင်းက ဘာသီချင်းလဲ?

၂။ အသုဘမှာ သီချင်းဆိုတယ်ဆိုတာ မြန်မာအသုဘမှာ အဓိပ္ပါယ်ဘယ်ရှိပါ့မလဲ.. ဒါပေမဲ့..ကျွန်တော့်သူငယ်ချင်းတစ်ယောက် သူ့မိန်းမမြွေကိုက်ခံရပြီး ဆုံးသွားတော့ အသုဘချမဲ့နေ့မှာ ဂီတာတီးပြီး သီချင်းဆိုတယ်ဗျာ...။ ဘယ်သူမှ မတားမိတဲ့ အပြင် မျက်ရည်တွေတောင် ၀ဲလို့ ... အဲဒါ ဘာသီချင်းဖြစ်မလဲ..?

၃။ မျိုးကြီး ရဲ့ သီချင်း တစ်ပုဒ်ရှိတယ်...။ အဲဒီ သီချင်းအစကို ဆိုရင် လူတွေ လန့်လန့်သွားတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က အဲဒီအစကိုပဲ အော်အော် ဆိုနေကြဗျ...။ ဘယ် သီချင်းဖြစ်မလဲ...?

၎။ ဒါကတော့ သိမှာပါ...။ တစ်ခါက တရုတ်ကြီး တစ်ယောက်နဲ့ မြန်မာမ နဲ့ လက်ထပ်တော့ သားလေး တစ်ယောက်မွေးတယ်..။ တစ်နေ့ မိန်းမက မီးဖိုထဲမှာ အလုပ်ရှုပ်နေတုန်း ကလေးက နိုးပြီး ပုခက် ထဲကနေ ငိုပါလေရော.။ မိန်းမက အလုပ်ရှုပ်နေတော့ ယောက်ျားကို သီချင်းဆို သိပ်ဖို့ပြောပါတယ်..။ ယောက်ျားက တရုတ်လဲဖြစ် ၊ မြန်မာသီချင်းလဲ မရဘူးလေ.ဒါနဲ့ ရတဲ့ သီချင်းလေးလဲ ဆိုရော လင်မယား ရန်ထဇြစ်တယ်ဆိုပဲ....ဘာသီချင်း ပါလိမ့်....?

၅။ ဒေါ်မာမာအေး အဆိုတော် ဘ၀ကနေ အနားယူသွားရပြီး အမေရိကားကို ထွက်သွားရတဲ့ သီချင်းက ဘာသီချင်းပါလိမ့်..?

၆။ လင်မယားနှစ်ယောက်ကို ဘဲဥ သုံးလုံးဝေချင်တယ်ဗျာ..။ မခွဲရဘူး ၊ မစိတ်ရဘူး ၊ အညီအမျှပဲ...လုပ်ပါဦး။

၇။ လူနှစ်ယောက်ကို ကြက်ဥ ခွန်နှစ်လုံးဝေချင်တယ်ဗျာ...။ မခွဲရဘူး ၊ မစိတ်ရဘူး ၊ အညီအမျှပဲ...လုပ်ပါဦး။

၈။ ပန်းတော့ပန်းပဲတဲ့...သူ့ကိုက ဘုရားတင်လို့လဲ မရဘူး။ ပန်လို့လဲ မရဘူး ၊ ခူးလို့လဲမရဘူး ၊ မွှေးလဲ မမွှေးဘူးတဲ့....ဟီဟိ ဘာပန်းပါလိမ့်...?

၉။ အခုလေ...နတ်က ၃၇ မင်းမဟုတ်တော့ဘူးတဲ့ ။ နောက်ထပ် နှစ်မျိုးတိုးလို့ ၃၉ မင်းဖြစ်သွားပြီတဲ့..။ အသစ်တိုးတဲ့ နတ်တွေက ဘာနတ်တွေလဲ ပြောပါဦး..။

၁၀။ လူကြိုက်အများဆုံး " ယို " က ဘာယိုဖြစ်မလဲ...?

၁၁။ ၀က်ကလေးကပြေးနေတယ်..။ မုဆိုးကြီးးက နောက်ကလိုက်နေတယ်..။ အကာအကွယ်မရှိတဲ့ လယ်ကွင်းထဲလဲရောက်ရော မုဆိုးကြီးက သေနတ်နဲ့ပစ်ပါလေရော.. ၀က်ကလေးအတွက် လွတ်ဖို့ လမ်းတစ်ခုပဲရှိတော့တယ်..ဒါကတော့ ၀ပ် လိုက်တာပါပဲ..။ အပေါ်ကပထမပုံလေးကိုကြည့်လိုက်ပါ သူငယ်ချင်း ...( အဲ..၀က်လေးကို ၀ပ်သွားအောင် လို့ ဒီအထဲက တုတ်ချောင်းလေး ၂ ချောင်းကိုထုတ်ပြီး ပြန်ထည့်ရင် ၀က်ကလေးက ၀ပ်ပြီးသားတဲ့..။ တုတ်ကလေးတွေ မပိုရဘူးနော်...။) ဟာ...လုပ်ပါဦး ၀က်ကလေး ကျည်ဆံမှန်တော့မယ်...လုပ်ပါဗျ မြန်မြန်....ဟာ...

၁၂။ အပေါ်က ပုံ က တော့ အကွက်လေး ၇ ကွက်ပါ...။ အဲဒီထဲက တုတ်လေး ၃ ချောင်းကို ထုတ်ပြီး ပြန်ထည့်ရင် ၅ ကွက်ပဲလိုချင်တယ်ဗျာ..။ လုပ်ကြစမ်းပါဦး...။

အဖြေကတော့ ကျွန်တော်ပြောထားတဲ့ အတိုင်းပါပဲ...။


ခု အောက်က ကတော့..အဖြေတွေပါ...။



၁။ စည်သူလွင် ပြန်ဆိုထားတဲ့ သီချင်းလေ..." ခြေအစုံကိုရပ်လို့ တွေဝေနေဆဲကွယ် ၊ လမ်းခွဲရမှာကို တွေးလို့ မပြတ်သားသေးပါ. ၊ မေးပါရစေဦး " ဆိုတဲ့ သီချင်းလေ..။ ဟုတ်တယ်ဟုတ်...။

၂။ အဲလက်စ် ဆိုထားတာလေ.... " မနက်ဖြန်ဆိုရင်လဲ လွမ်းရဦးမယ်.....ဒီအချိန်မှာ ငါလွမ်းနေတာ မင်းမှ မရှိတာ.......နောက်ဘ၀လဲစောင့်လို့နေပါ..."ဆိုတဲ့ သီချင်းလေ...။

၃။ ရာစုသစ်ထဲက သီချင်းလေဗျာ...." နေမ၀င်အချစ် "ဆိုတာလေ...ဒီလိုစဆိုတယ်လေ.." ခိုး...ခိုး...ခိုး...ခိုး..ခိုးသွားပြီလေ...အရေးကြီးတဲ့ ငါ့နှလုံးသား...." ဆိုတာလေဗျာ..။

၎။ ဒါကတော့သိသင့်ပါတယ်...နိုင်ငံေ တာ် သီချင်းလေဗျာ.." ဒို့သွေးလဲမဟုတ် ၊ ဒို့သားလဲမဟုတ် " ဆိုတာလေ..ဒါမှ လင်မယား ရန်ဖြစ်တော့မပေါ့...။

၅။ ကျွန်တော်လည်း ပြောသာပြောရတာ ကြောက်တယ်ဗျ..။ မျိုးကျော့မြိုင် လုပ်တဲ့ သင်္ကြန်သီချင်းခွေထဲက ... " လမင်းလေးနဲ့တူတယ် မေ့ကိုလားကွယ်..." ဆိုတာလေ.ရက်ပ် (Rap ) လိုဆိုထားလို့.. နိုင်ငံတော်နဲ့ စကားများပြီး အမေရိကားကိုထွက်သွားတာတဲ့...။

၆။ အော်..သေသေချာချာမှ မဖတ်တာကိုး...။ လင် မယား ၂ ယောက်ပါဆိုမှ..လင်က ၁ ယောက် ၊ မယားက ၂ ယောက်လေ.. ၃ ယောက်ဆိုမှတော့ ဘဲဥ ၃ လုံးကို ဒီအတိုင်း ၁ ယောက် ၁ လုံးပေါ့ဗျာ..။

၇။ ကျွန်တော် မှားရေးတယ် ထင်ကြမှာပဲ သူငယ်ချင်းတွေက...မှားမရေးဘူး ရေးရခက်လို့ ဒီလိုရေးလိုက်တာ ခွန်( အခွံ ) နှစ်လုံးပါဆိုမှ..တစ်ယောက် ၁ လုံးပေါ့ဗျာ..နော့..။

၈။ တလွဲမတွေးပါနဲ့ဗျ...ဟဲဟဲ.." ပန်းဆယ်မျိုး " ပါဗျာ...။ ငယ်ငယ်က သင်ရသားပဲ။

၉။ သိသိကြီးနဲ့ မဖြေကြတာဗျ...သူတို့ပဲ မြို့ထဲရောက်ရင် " ဂျေဒိုးနတ် " ထိုင်ချင်ရတာနဲ့...ခုလို " အင်တာနက် " ကစားချင်ရတာနဲ့ သိသိကြီးဟာကို ..မရကြဘူး..ဟင်း..။

၁၀။ ဟာဗျာ...အမြဲတမ်းကြည့်နေကြပြီးေ တာ့....." ဗီဒီယို " လေဗျာ...ဟဲဟဲ..။

၁၁။ ၀က်ကလေး ၀ပ်သွားပြီဗျ...။ အပေါ်မှာ ကျွန်တော် ပုံလေးနဲ့ တွဲဖြေထားပါတယ်.. ပြန်ကြည့်လိုက်ပါ...။ တွေ့တယ်မဟုတ်လား....။

၁၂။ အပေါ်မှာ ကျွန်တော် တွဲဖြေထားတာပါပဲ..၊ သေသေချာချာကြည့်လိုက်ပါ..။ မြင်လာပါလိမ့်မယ်..။


ကိုဇော် ပေါက်ကရ တင်ပြသည်.။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: