စကားပုံ ဆိုတာတွေက ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲ သင့်တယ်လို့ ကျွန်တော် ယူဆမိတယ်။ ဒါကြောင့် တချို့ စကားပုံတွေကို ကျွန်တော် ပြောင်းချင်မိတယ်။ တချို့ စကားပုံလေးတွေကိုတော့ အပျော်သဘောနဲ့ ပြောင်းချင်တာ ပေမဲ့ တချို့စကားပုံတွေ ကိုတော့ တကယ်ကို လူမျိုးရေး အရပါ ပြောင်းပစ်ချင်တယ်။
“ ကိုယ့်ဖက် ကိုယ်ယက်တဲ့ လိပ်.။ ”
တဲ့။ ဒီလို စကားပုံကိုကျတော့ ကျွန်တော် ခေတ်နဲ့ ပိုပြီး ဆီလျော်အောင် ဒီလို ပြောင်းချင်တယ်ဗျာ.။
“ ကိုယ့်ဖက် ကိုယ်ယက်တဲ့ ပေါက်တူး ။ ”
လို့။ ဟုတ်တယ်လေ ပေါက်တူးက ပိုတောင်မှ လိပ်ထက် မြေသားတွေ ပိုပါသေးတယ်။ ဒီထက် ပိုပြီး မော်ဒန်ဆန်ချင်လား။
“ ကိုယ့်ဖက်ကိုယ်ယက်တဲ့ ဘတ်ဖိုး ။ ”
ဒါက ပိုတောင်မှ မြေသားများများပါသေးတယ်လေ။ ဘာရယ် မဟုတ်ပါဘူး။ ဒီလိုပဲ တွေးမိသေးတယ်။
“ ပလိုင်းပေါက်နဲ့ ဖားကောက် ။ ”
တဲ့။ ဒီစကားပုံလေးကိုတော့ ဒီလို ပြောင်းလိုက်ချင်တယ်။
“ ကျန်ကျောင်းအိတ်ပေါက်နဲ့ ဖားကောက်။ ”
လို့. . ဒါကတော့ အရင်က ကျန်ကျောင်းကားတွေ ပြနေတုန်းက ထွက်လာတဲ့ ကျွတ်ကျွတ်အိတ်တွေ ကြောင့်လေ။ အခု ခေတ်နဲ့ ဆိုရင်
“ အွန်စောအိတ်ပေါက်နဲ့ ဖားကောက် ”
“ ဂျွန်စောအိတ်ပေါက်နဲ့ ဖားကောက် ”
ဒီလိုတွေ ဖြစ်လာတော့မှာပေါ့။ ဘာလို့လဲ ဆိုတော့ ဒီခေတ်မှာ ဘယ်သူမှ ဖားရိုက်ထွက်ရင် ပလိုင်းနဲ့ မထွက်တော့ဘူး။ ကျွတ်ကျွတ်အိတ်လေးပဲ ဆွဲသွားတာပဲလေ။ ကျွန်တော်တို့တောင်မှ မိုးတွေရွာလို့ ဂဏာန်းသွားနှိုက်မယ် ဆိုရင် အရင်လို ဘယ်မှာလဲ ပလိုင်း ။ ရှိမှ မရှိတာလေ ၊ ဒါကြောင့် ကျွတ်ကျွတ်အိတ်လေးနဲ့ပဲ သွားနှိုက်ကြတာ...ဟီး။ ဒီလို ဒီလို စကားပုံလေးတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ပြောင်းချင်နေတာလေ။
ဒါတွေက ကျွန်တော် အပျော်သဘောနဲ့ ရေးတာပါ။ ကျွန်တော် တကယ်ကို ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ လူမျိုးရေး အရ ပြောင်းချင်နေမိတဲ့ စကားပုံလေး တစ်ခု ရှိတယ်။ ဒါက ဘာလဲ ဆိုတော့. .
“ တရုတ်လို ရှာ
ကုလားလို စု
မြန်မာလို မဖြုန်းနဲ့။ ”
တဲ့။ ဒါဟာ အကျိုးအကြောင်း သင့်တင့်တဲ့ စကားပေမဲ့ ကျွန်တော် မကြိုက်ဘူးဗျာ။ ဘာလို့လဲ ဆိုတော့ လူတစ်ယောက်ကို ကောင်းစေချင်ရင် ဝေဖန်နေလို့ မရပါ။ ဝေဖန်တယ် ဆိုတာ မကောင်းတာကို ညွှန်ပြနေတာလို့ ခံယူမိတယ်။ ဒီတော့ ကောင်းစေချင်ရင် ကောင်းတဲ့ စကား ၊ အကျိုးကို မျှော်ရည်တဲ့ စကားလေးတွေကို ပြောသင့်တယ် လို့ ကျွန်တော် ခံယူမိတယ်။
ဒီတော့ဗျာ.။ ဒီစကားပုံလေးမှာလည်း ဘာကြီးလဲဗျာ “ ဗမာလို မဖြုန်းနဲ့ ” တဲ့။ တကယ်လို့ ဖြစ်နိုင်ခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ ဒီလို ပြောင်းပစ်ချင်တယ်။
“ တရုတ်လို ရှာ
ကုလားလို စု
မြန်မာလို လှူ ။ ”
ဆိုပြီးတော့ဗျာ။ ဘာလို့လည်း ဆိုတော့ ကမ္ဘာမှာ ကျွန်တော်တို့ မြန်မာ (ဗမာ) လောက် အလှူအတန်း ရက်ရောသူ ဘယ်လူမျိုး ၊ ဘယ်တိုင်းပြည်မှာ မှ မရှိပါ။ ဘယ်နိုင်ငံမှာ ကိုယ်ပိုင် ဘုရားကျောင်းဆိုပြီး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တည်တယ် လို့ ကြားဖူးလဲ။ ဘယ်တရားဒေသနာအတွက် ကျောင်းတစ်ကျောင်းကို ကိုယ်ပိုင် လှူတယ် လို့ ကြားဖူးလဲ။
မရှိဘူး မဟုတ်ဘူး။ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေလောက်တော့ သူတို့မှာ လှူနိုင်မယ် မထင်ပါ။ တစ်ခေတ် တစ်ခါက ပုဂံမှာ ဆို မုဆိုးမကတောင်မှ ဘုရားတည်တယ် ဆိုတာလေ။ ဘာလို့လဲ ။ ပိုက်ဆံရှိလာလို့လေ။ မြန်မာတွေမှာ ပိုက်ဆံ ရှိလာပြီဆိုရင် လှူဖို့ အတွက် တိုက်တွန်းတတ်ကြပါတယ်။ တိုက်တွန်းခံရသူကလည်း လှူဖြစ်သွားတာပါပဲ။
အခုတော့ ဒီစကားပုံက ဘာကြီးလဲ ။ မြန်မာတွေ ပိုက်ဆံရှိရင်ပဲ ဖြုန်းနေတာ ကျနေတာပဲ။ မြန်မာတွေ ပိုက်ဆံရှိလာရင် လှူလည်း လှူတတ်ပါသေးတယ်။ ဒီစကားပုံ မူရင်းကို ကျွန်တော် မကြိုက်လို့ ကျွန်တော် သတိထားမိကတည်းက လုံးဝ မပြောပါ။ တကယ်ဆို ကျွန်တော် ပြောသလို . .
“ တရုတ်လို ရှာ
ကုလားလို စု
မြန်မာလို လှူ ။ ”
လို့ပဲ ကျွန်တော် ပြောင်းလဲ သုံးစွဲတယ်။ အခု စာဖတ်သူ သူငယ်ချင်းတွေကလည်း ဘယ်လို ထင်လဲ။ ဘယ်လို ခံယူမိလဲ။ တစ်ခုခုတော့ တွေးကြည့်ပါ။
ကိုဇော် ခံစားတင်ပြသည်။
5 ယောက် ရဲ့ ထင်မြင်ချက်:
ဟုတ်ပါတယ်..ပိုက်ဆံရှိမှလှူလို့ရမှာပါ..။ပိုက်ဆံရှိအောင် အရင်ရှာ ပြီးရင်စု..ပြီးမှလှူပေါ့..။
“ တရုတ်လို ရှာ
ကုလားလို စု
မြန်မာလို လှူ ။ ”
အဲဒါလေး တော်တော် ကြိုက်သွားပြီ...
ပြောင်းချင်တယ်ဆိုရင်တော့ အာဏာရှင် တယောက် အရင်ဖြစ်ဖို့ လိုမယ်ထင်တယ်
ပြောင်းချင်တယ်ဆိုရင်တော့ အာဏာရှင် တယောက် အရင်ဖြစ်ဖို့ လိုမယ်ထင်တယ်
အဟီး..။
အာဏာရှင်တော့ မဖြစ်ချင်ပါဘူးဗျာ။
စကားပုံဆိုတာ လူတွေရဲ့ ပြောပါများတဲ့ စကားလေးပါ။
ဒါလေးကို ပြောင်းပြောလိုက်ရရင် ရပြီလို့ ထင်မိတယ်။
Post a Comment