- ၁) ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။
- ၂) ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။
- ၃) ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယ်
ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် စိတ်ရှည်လက်ရှည် စောင့်
ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။ - ၄) ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့ အကြောင်းကို အသိပေးလိုက်ပါ..။
- ၅) ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊
- ၆) စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။
- ၇) သစ္စာတရားအပေါ် သစ္စာရှိပါ..။
- ၈) ဟန်မဆောင်ပါနဲ့...။
- ၉) ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။
- ၁၀) တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊
အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။
- ၁၁) တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။
- ၁၂) ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။ အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ ရှာလိုက်ရုံပါပဲ...။
ကိုဇော်
http://zaw357.multiply.com/journal/item/190 မှာ 24.3.2009 က ရေးထားတာပါ။
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment