မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 December 2009

0 ချစ်သူဆိုတဲ့ ပိုင်ဆိုင်ခွင့်


အင်း....ကြာတော့ ကြာခဲ့ပါပြီလေ..။ ကျွန်တော် ကျောင်းသားဘ၀ ကပေါ့...။ တစ်နေ့ကျွန်တော့်သူငယ်ချင်း ကောင်မလေးက ကျွန်တော့်ရဲ့ Paper 2 စာအုပ်ငှားတယ်လေ..။ သူက zoo မေဂျာဗျ...။ ကျွန်တော့်ဆီက Phy စာအုပ်ကြီးငှားသွားတာ.. ပြန်လာပေးတော့ ကျွန်တော်သတိမထားမိသေးပါ...။ ကျွန်တော် သတိထားမိတော့ ဒီကဗျာလေးကို စာအုပ်နောက်ကျောမှာ ရေးပြီး ပါလာတယ်လေ..။ နှစ်တွေကြာလာပေမဲ့ ဒီကဗျာ လေးကို သတိရနေဆဲပါ..။ ခံစားကြည့်ပါဦး....



ချစ်သူဆိုတဲ့ ပိုင်ဆိုင်ခွင့်

အဲဒီလို.....
ကြယ်တစ်ရာ ထွန်းလင်းတဲ့...
ညလေးတစ်ညမှာ
ငါ့ရဲ့ အချစ်..
အသတ်ခံရတယ်..။

အသွားမထက်တဲ့ ဓားနဲ့
ကြိတ်လှီးသလို ပါပဲ..။
သွေး တမြမြ မထွက်ပဲ..
တဆစ်ဆစ်ခံစားရတယ်..။

သူရဲ့.......
မျက်ဝန်း ၊ အကြည့်
နှုတ်ခမ်း ၊ အပြုံး
သူ့မိုးပေးတဲ့ ထီးရိပ်အောက်မှာ
သာယာခဲ့ဖူးတယ်....။

ခုတော့........သူ
ပူနေတဲ့ ခြောက်ဆွဲကြော် ကို
အရင်လို အေးအောင်
ဖွမပေးနိုင်တော့ဘူး..။

မောတယ်ဟာ ဆိုရင်
စာအုပ်လေးနဲ့
ယပ်မခပ်ပေးနိုင်တော့ဘူး...။

ကင်တင်းသွားမယ်ဆိုရင်
သွားလေ ဆိုပြီး
မလိုက်ပေးနိုင်တော့ဘူး..။

နင့်နှုတ်ခမ်းနီ
ဒီအရောင်နဲ့ မလှဘူးလို့

သူ မပြောနီုင်တော့ဘူး..။
သူရေးပြီးတဲ့ ကဗျာတွေ
ကိုယ့်ကို
ပေးမဖတ်နိုင်တော့ဘူး...။


ဒီလိုပါပဲလေ....
ကိုယ်နာကျင်စွာနဲ့
နားလည်ပေးပါတယ်..။


ခုတော့....
သူ့ဘေးမှာ.......
သူသွားရာ ပါလာတတ်တဲ့..
ကောင်မလေးကို သူက...
ကိုယ့်တုန်းကလိုပဲ..
ထီးလေးမိုးပေးလို့...........
တစ်ခုပဲထူးတယ်လေ....
“ ကောင်မလေးက
သူ့လက်ကို ချိတ်ထားတယ်..။ ။ ”


( TZN)


ခုထိ မှတ်မိနေတဲ့ သူငယ်ချင်းတစ်ယောက်ဆီသို့ အမှတ်တရပါ..။ တကယ်လို့ အခု စာဖတ်တဲ့ အထဲမှာ သူသာပါလာပြီး ဒီကဗျာလေး ဖတ်မိရင် ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ပြန်ဆုံရတာပေါ့..။

ကိုဇော်

http://zaw357.multiply.com/journal/item/208 မှာ 10.4.2009 ကရေးထားတာပါ။





Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: