မင်းစိတ်ဟာ အထိအခိုက်မခံဘူးကွာ
အားပေးသူ တစ်ယောက်လောက်တော့ ရှိမှ
သိမ်ငယ်စွာ တစ်ယောက်တည်း သူစိမ်းလူများကြားမှာ
စိတ်ညစ်နေမလား
ကလေးတစ်ယောက်လို နူးညံတယ် သဘောထား
လွတ်လပ်ပေါ့ပါးလွန်းတယ် စိတ်က
အဆင်မပြေတာ ကြုံရင် မင်းတစ်ယောက်တည်းရှင်းဖို့
လွယ်ပါ့မလား
အဖော်မဲ့ ဟိုအဝေးကြီးမှာ
မင်းအထီးကျန်တဲ့အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါ သိခွင့်ရှိမလား
တကယ်တမ်းဆို မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ လက်ခံမှာလား....
မင်းစိတ်ဟာ အထိအခိုက်မခံဘူးကွာ
အားပေးသူ တစ်ယောက်လောက်တော့ ရှိမှ
သိပ်ငယ်စွာ တစ်ယောက်တည်း သူစိမ်းလူများကြားမှာ
စိတ်ညစ်နေမလား
အတွေးလည်း ခေါင်လွန်းတတ်တယ် ခဏခဏ
သံသယနဲ့ စိုးရွံစိတ်ကြီးသမျှ
နေဝင်ချိန် အမှောင်ညထဲ တစ်ယောက်တည်း ကြောက်ကာ
ငိုနေမလား
အဖော်မဲ့ဟို အဝေးကြီးမှာ
မင်းအထီးကျန်တဲ့ အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါ သိခွင့်ရှိမလား
တကယ်တမ်းဆို မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ လက်ခံမှာလား.....
အဖော်မဲ့ ဟိုအဝေးကြီးမှာ
မင်းအထီးကျန်တဲ့ အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါဖြစ်ခွင့်ရှိမလား
ဘာဖြစ်ဖြစ် မင်းဘဝမှာ
အားလုံးခံစားသမျှ ငါ့တစ်ယောက်တည်းပါ
နားလည်နိုင်တာ မင်းလက်ခံပါလား...။
စကားလုံး - မောင်မောင်ဇော်လတ်
တေးဆို - ဝိုင်ဝိုင်း
2 ယောက် ရဲ့ ထင်မြင်ချက်:
အရေးကြီးတဲ့အချိန်မှာ ပုံထိုင်ဆွဲနေတဲ့သူတွေ.... အချိန်ကို အကျိုးမဲ့ ထိုင်ဖြုန်းနေတဲ့ သူတွေ ဒီလောကကြီးရဲ့ တစ်နေရာမှာ ရှိနေတုန်းပါဘဲ.....သူတို့တွေကြောင့် ကမ္ဘာကြီးက ဘာမှထူးခြား လှပမလာပေမဲ့ .. သူတို့တွေကြောင့်တော့ ကမ္ဘာကြီးက ပျက်စီးသွားနိုင်တယ်... ဒီလိုလူမျိုးတွေ များလာခဲ့ရင်ပေါ့နော်..
သိခွင့်လည်းရှိမယ်၊ဖြစ်ခွင့်လည်းရှိမှာပါ၊
Post a Comment