Gtalk ပေါ်မှာလ...
သူ့အလုံးလေး စိမ်းနေလို့....
ပျော်လို့သာရေးနေမိ...၊
ကိုယ်ရေးတာ သူ့ဆီမရောက်..
သူရေးတာ ကိုယ့်ဆီမရောက်..
တောက်....
ဘာလို့ ပြန်မရေးတာလဲ....
Hello..Hello..Hello..လို့ အထပ်ထပ်ခေါ်..
ဘာလုပ်နေတာလဲလို့ အကြိမ်ကြိမ်မေး..
ငါ့ကို ဘာကောင်ထင်နေလဲ..လို့တွေး..
ကောက်ကြ ၊ ကွေးကြ..
ပြတ်ကြ ၊ စဲကြ (ဆဲကြ)..
လုပ်ရက်ပါ့..Teleport ရယ်...။
မာရဇ္ဇ သီချင်း...
“ သံသယနဲ့ ချစ်နေမဲ့ အစား
ခုထဲက မုန်းလိုက်ပါ..” ဆိုသလို...
Teleport ရယ်...
“ ဖြတ်တောက်ပြီး ပေးနေမဲ့အစား
တခါတည်းသာ ဖြတ်လိုက်ပါတော့...”
လို့ပြောရမလိုလို...
အဖေ....အမေလေ.
သားကိုခေါ်င်းခေါက်တယ်..လို့လဲ...
တိုင်စရာ လူမရှိ...။
Teleport က မြန်မာမှာ
အိမ်ဦးနတ်လေ..။
အကြိမ်ကြိမ် ဦးထပ်ကာပြောရရင်တော့....
“ လိမ်တယ်...ညာတယ်..
Teleport ရယ်..
ယုံအောင်ဖြီးတတ်တယ်..။
Connection ကိုကောင်းအောင်ဆိုပြီး
သူလေ....ရက်ရွေ့တယ်...။ ။”
( ဘယ်လိုမှ သဘောမထားပါနဲ့ Teleport ရေ..။ ပျော်စရာလေးရေးမိတာပါ...။ sorry နော် Teleport ရေ..။ )
ကိုဇော်
http://zaw357.multiply.com/journal/item/209 မှာ 13.4.2009 ကရေးထားတာပါ။
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment