မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 November 2009

0 အောင်သွယ်ပေးခဲ့တဲ့ ကဗျာလေးတွေ



မွေးရာပါတတ်တဲ့ အထဲမှာ အောင်သွယ်လည်း ကျွန်တော်က တော်သဗျ..ဟီး..။ အရင်က ကျွန်တော် အသက်ကလေး ၂၀ အရွယ်လောက်မှာ ရပ်ကွက်ထဲက လူပျိုကြီး နဲ့ အပျိုကြီးကို နောက်ရင်း အောင်သွယ်ပေးခဲ့ဖူးတယ်...။ သူတို့ကို မခံချင်အောင် ဒီကဗျာလေးနဲ့ စရင်း သူတို့ကို တွေ့ပေးပြီးအောင်သွယ်ရင်း ...ဟဲဟဲ..သူတို့ခု ၃ ယောက် နဲ့...။ ရယ်စရာကဗျာလေးပါ....။ ဒီလိုဒီလို......


လူပျိုကြီးအဖြစ်...


ခြေဆေးချင်တာ အိုင်တွေ့တိုင်း
ကိုယ့်မှာက ခြေတစ်ပိုင်း.....၊

တွဲချင်တာက တစ်ဖက်လေးငါးရာ
ကိုယ့်မှာက လက်မပါ.....၊

များချင်မျက်နှာ ဒဿဂီရိ
ကိုယ့်မှာက ခေါင်းမရှိ....။
အလွန်ဝမ်း နည်းမိ ။ ။



အပျိုကြီးအဖြစ်...

ဆရာဝန် နဲ့ သင်္ဘောသား
လုံးလုံး မစဉ်းစား...၊
ရှိုးဂျော့ပြန် နဲ့ အင်္ဂျင်နီယာ
စာရင်း ပယ်ထားပါ.....၊
ဗိုလ်မှူးလေး နဲ့ သူဌေးသား
ဟင့်အင်း ဝေေးဝေးသွား......၊
ကိုရုပ်ချော နဲ့ ကုမ္ပဏီပိုင်ရှင်
နေဦး ထပ်ရှာချင်...၊
ရွေးပယ်ရင်းနဲ့ သူခမျာ
၃၀ နားကပ်လာ...
ရင်ထဲမှာလေ အပူလုံးကြွ...
နောင်တ ဗလပွ...
စဉ်းစားရင်းလေ ထိုခဏ
အတွေးကောင်းကာ အကြံရ...၊
တီဗီ ၊ ကက်ဆက် ၊ရေခဲသေတ္တာ
အဲယားကွန်းလဲပါ...
ချစ်ခွင့်ပန်မဲ့ သူကို မနှေး...
" ကံစမ်းမဲ " တွေပေး....။ ။


ပြီးတော့ ကိုယ့်ဖာသာကိုယ် လုပ်ကြံထားတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိသေးတယ်ဗျာ...။ “ မုဆိုးဒူးထောက် ” လို့ နာမည်ပေးထားတယ် ..သူများတွေပြောတဲ့ဟာမဟုတ်ဘူးနော်..။ ဒီ ပုံပြင်ကိုနားထောင်ပြီး သူငယ်ချင်း( ၇ )ယောက်လောက် အပျိုကြီးဖြစ်သွားတယ်..။ သူတို့ကတော့ ကျွန်တော့်ပုံပြင်ကြောင့်လို့ပြောတယ်...ဒါ ရမယ်ရှာတာပါဗျာ..။ သူတို့ဖာသာဖြစ်ချင်နေတာကို...... ခုလဲ မပြောတော့ပါဘူးဗျာ..။ တော်ကြာ online ပေါ်ပါတတ်ပြီး အပျိုကြီးဖြစ်အောင် လုပ်တယ်ဖြစ်နေပါဦးမယ်..။ နောက်ကြုံရင်ပေါ့ဗျာ....နော်...။

ကိုဇော်

http://zaw357.multiply.com/journal/item/38
မှာ 6.1.2009 က ရေးထားတာပါ။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: