မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 December 2009

2 ဘာသာကို စော်ကားရဲသူ

.





ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။“

ဒါဟာ ဒီနအဖကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင် စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။” ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါသည်။

ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော် ကူးယူဖော်ပြတဲ့ နေရာက ဒီလို ဆိုထားပါတယ်။ သူတင်သော မူရင်းစာအတိုင်း ထပ်တင်လိုက်တာပါ။ တစ်ခုပါပဲ။ သူ့ပုံက သေးနေလို့ ကျွန်တော်က ပိုပြီး ထင်ထင်ရှားရှား မြင်သာအောင် ထပ်ချဲ့လိုက်ပါတယ် ဒါလေးပါပဲ။

ဟိုးအရင်ကလည်း Apple ကုမ္ပဏီက ipod ကြော်ငြာကိုလည်း ဒီလိုပဲ သုံးလူ့ထွဋ်ထား ဗုဒ္ဓမြတ်စွာ ဘုရား ပဉ္စဝဂီ ငါးပါးကို တရားဟောနေတဲ့ပုံနေရာမှာ သူတို့ထဲက အကြီးအကဲ ပုံကို အစားထိုးပြီး သူတို့ကြော်ငြာကြတယ်။

နောက်တစ်ခုက ဟိုးတလောကလည်း အမျိုးသမီးတွေ အတွက် အတွင်းခံတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုက ဗုဒ္ဓမြတ်စွာဘုရားပုံတော်ကို အမျိုးသမီး ရေကူးဝတ်စုံ လို့ ပြောရမဲ့ နွေရာသီ ဖက်ရှင် အဝတ်စုံမှာ ဒီဇိုင်းဆွဲပြီး ဖော်ပြပါတယ်။ ဒါကြောင့် ဘုရားပုံတော်ဟာ မဟုတ်တဲ့နေရာတွေကိုပါ ရောက်နေပါတော့တယ်။

ဟိုးတလောကလည်း မိန်းမအဆိုတော် တစ်ယောက်က သူ့ရဲ့ ရှိုးပွဲမှာ ဗုဒ္ဓမြတ်စွာ ဘုရား ရဲ့ ရင်ဘတ်တော်ကနေ ခွဲထွက်လာပြီး သူတို့ ထုံးစံအတိုင်း မိန်းမတွေ အဆိုတော် ဆိုရင် အတို အပြတ်တွေနဲ့ ဖော်ပြပြီး လှုပ်ခါ ကပြ သီဆိုသွားပါတယ်။ ပြီးတော့ ဒီအဝတ်အစားတွေနဲ့ပဲ ။ ဗုဒ္ဓမြတ်စွာ ဘုရားပုံတော်ကို အနမ်းတွေ ခြွေသွားပါတယ်။

ဒါတွေ ဘာလို့ လုပ်ကြတာလဲ..၊ ဘာကြောင့် လုပ်ကြတာလဲတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် တွေးလို့ ရမိသမျှတော့ ပြောကြည့်မယ်။

“ နိုင်ငံခြားတော်တော်များများက မြန်မာနိုင်ငံက ဗုဒ္ဓမြတ်စွာ ဘုရားကို ခိုးဝယ်ကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ပေးတဲ့ အဖြေက တစ်ခုတည်းပါ ။ “ မျက်နှာတော် လှလို့ ” တဲ့။ ကျွန်တော်တို့ အပြောနဲ့ပြောရရင် “ မျက်နှာတော် သပ္ပယ်လို့ပေါ့။ ”

သူတို့နိုင်ငံတွေမှာ အောင်မြင်ကျော်ကြားဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး။ ဒါကြောင့် သူတို့ သူများထက် ထူးအောင် လုပ်ကြတာပါ။ သူတို့နိုင်ငံမှာတော့ ဘာမှ မထူးခြားပါဘူး။ သူတို့ ယေရှု ကိုလည်း ဟိုနေရာမှာ ဆေးမှင်ကြောင် ထိုးလည်း ဘာမှမဖြစ်ပါဘူး။ အချိန်တန် တနင်္ဂနွေ ဘုရားကျောင်းတတ် ၊ တရားပြ ဘုန်းတော်ကြီးဆီမှာ အပြစ်တွေကို ဝန်ခံလိုက်ရင် သူတို့ရဲ့ အပြစ်တွေက ကျေသွားတာပါပဲ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာကတော့ ကိုယ်ပြုတဲ့ ကံ ကိုယ်သာ ခံရမယ် ဆိုတာ ဘုရားက ဟောထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယူဆ မိသလို သူတို့ မယူဆမိပါဘူး။ ဒါကြောင့် သူတို့ကလည်း သူတို့ စိတ်နဲ့ သူတို့ လုပ်တာပါ။ ဒီလိုတွေ တွေ့လာခဲ့ရင် အကောင်းဆုံးကတော့ သူတို့ကို တိုက်ရိုက် ကန့်ကွက် ပြောဆိုတာ အကောင်းဆုံးပါပဲ။

ပြောစရာတွေ အများကြီး ရှိပေမဲ့ မပြောတော့ပါဘူးဗျာ။ လိုရင်းပဲ ပြောတော့မယ်။ ဗုဒ္ဓဘာသာကို အလေးထား မြတ်နိုး ကိုးကွယ် ဆည်းကပ်သူတိုင်း ဗုဒ္ဓပုံတော်ကိုလည်း အလေးထားသင့်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ကန့်ကွက် ကြပါ။


ကိုဇော် ထပ်ဆင့်တင်ပြသည်။



Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

rocket.com said...

Hi brother,

What the hell are u talking about? I don't like the way ur thinking about other religions. What purpose r u comparing ur religion with others . I think that ur just copy writer. At first i thought that ur a good writer ,then how the most from ur blog i read ,I have known what ur standard.Including this one , You have insulted other religion two times .If U r going to write like this again, You will be like ricist person .

Best regards,
roney

rocket.com said...

Hi brother,

What the hell are u talking about? I don't like the way ur thinking about other religions. What purpose r u comparing ur religion with others . I think that ur just copy writer. At first i thought that ur a good writer ,then how the most from ur blog i read ,I have known what ur standard.Including this one , You have insulted other religion two times .If U r going to write like this again, You will be like ricist person .

Best regards,
roney