မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


14 December 2009

0 မ------ရဲသူ







မ ---- ရဲသူ

ချစ်တာခြင်းပြိုင်
ကိုယ်ကနိုင်မယ် သိပေမဲ့
ချစ်သူရှုံးမှာ . . စိုး
မပြိုင်ရဲပါဘူး။

မြတ်နိုးတာခြင်းပြိုင်
ကိုယ်ကပိုမယ် သိပေမဲ့
ချစ်သူငိုင်မှာ . . စိုး
မတိုင်း ရဲပါဘူး။

ကြင်နာတာခြင်းပြိုင်
ကိုယ်ကများမယ် သိပေမဲ့
ချစ်သူ သိမ်ငယ်မှာ . . စိုး
မနှိုင်းရဲပါဘူး။

သတိရတာခြင်းပြိုင်
ကိုယ်ကကဲမယ် သိပေမဲ့
ချစ်သူ အားငယ်မှာ . . စိုး
မယှဉ်ရဲပါဘူး။

လွမ်းတာခြင်းပြိုင်
ကိုယ်ကသာမယ် သိပေမဲ့
နောက်လွမ်းရမှာ ကြောက်လို့
ခုကတည်းက . . အစလုပ်
မလွမ်းရဲပါဘူး။ ။


ကိုဇော်


http://zaw357.multiply.com/journal/item/219 မှာ 25.4.2009 ကရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: