ဟိုးအရင် ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ “ အိုမာခရမ် ရဲ့ “ I ” နဲ့ ယန်ပေါဆက် ရဲ့ “ Me ” စာလေးတွေကို သတိရလို့ ဒီနေ့ ရသလောက် လျှောက်ရှာဖွေ ဖတ်ရင်း ကိုယ့်ဖာသာကိုယ် လျှောက်ရေးကြည့်မိတာပါ.။
ငါ....မီးတောက်တော့ မဟုတ်ဘူး ..ထွန်းလင်းနေမယ်။
ငါ....လေပြေတော့ မဟုတ်ဘူး...တိုက်ခတ်နေမယ်။
ငါ....စမ်းချောင်းတော့ မဟုတ်ဘူး...စီးဆင်းနေမယ်။
ငါ....လှေတော့ မဟုတ်ဘူး.......ရွက်လွှင့်နေမယ်။
ငါ....သစ်ပင်တော့ မဟုတ်ဘူး....စိမ်းလန်းနေမယ်။
ငါ....ကတတ်ပင်တော့ မဟုတ်ဘူး အညွှန့်တွေ ဝေဖြာနေမယ်။
ငါ....တိမ်တော့ မဟုတ်ဘူး လွှင့်မျောနေမယ်။
ငါ....ကာရံတော့ မဟုတ်ဘူး ကဗျာဖြစ်နေမယ်။
ငါ....ငိုမှာတော့ မဟုတ်ဘူး ဝမ်းနည်းမိနေမယ်။
ငါ....အိပ်မက်တော့ မဟုတ်ဘူး အိပ်မက်ပါပဲ။
ကိုဇော်

1 ယောက် ရဲ့ ထင်မြင်ချက်:
ကောင်းတယ်ရှင်။ ကောင်းတယ်။
may
Post a Comment