မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 December 2009

3 ကျွန်တော် နှင့် Multiply တစ်နှစ်ပြည့်



ဒီနေ့ကတော့ ကျွန်တော် ဒီ Multiply ဘလော့လေးကို စပြီး ပြင်ဆင်တဲ့ နေ့လေး တစ်နေ့ပါ။ လွန်ခဲ့တဲ့ နှစ် ဒီနေ့မှာ ကျွန်တော် ဒီ Multiply ဘလော့လေးကို အသက်သွင်းမိတယ်။ ဘာလို့ အသက်သွင်းတယ် လို့ ပြောတာလဲ ဆိုတော့ ကျွန်တော် အရင်က ဖွင့်ထားပေမဲ့ ဘလော့ကို ( Activate ) အသက်ဝင်အောင်တောင်မှ မသွင်းခဲ့ပါဘူး။

ဘာလို့လည်း ဆိုတော့ ကျွန်တော် Blogger မှာ “ ခြေရာများ ” ဆိုတဲ့ နာမည်နဲ့ နှစ်လလောက် စာတွေ ရေးထားတယ်။ ( အခုတော့ ဖျက်လိုက်ပါပြီ။) နောက်တော့ သူငယ်ချင်းတွေကို ပြကြည့်တာ သူတို့ ဖွင့်မရဘူးတဲ့။ ဒီတော့မှ မြန်မာနိုင်ငံက Blogger ကို ပိတ်ထားတယ် ဆိုတာ သိရတော့တယ်။ အဲဒီနေ့က ၂၄.၁၂.၂၀၀၈ ပါ။ ဒါကြောင့် ဒါဆို မြန်မာနိုင်ငံက ဘယ်ဟာဖွင့်လို့ရလဲ ဆိုပြီး အရင်က ဖွင့်ထားခဲ့တဲ့ Multiply လေးကို အသက်သွင်းခဲ့တာ။ ပြီးတော့မှ ကျွန်တော် မနှစ်က ဒီအချိန် ၂၅.၁၂.၂၀၀၈ မှာ ဒီနေရာလေးကို အသက်သွင်းပြီး စတင်ခဲ့ပါတယ်။

ဒါနဲ့ပဲ ကျွန်တော့်မှာ ဒီ Multiply ဘလော့လေးစတင် ဖြစ်လာပါတော့တယ်။ အခုတော့ တစ်နှစ်ပြည် အနေနဲ့ ကျွန်တော် ကျန်တဲ့ စာလေးတွေကို ရပ်ထားပြီး

“ ကျွန်တော် နှင့်- - -- - ”

ဆိုသော ခေါင်းစဉ်နဲ့ ကျွန်တော် အင်တာနက် အတွေ့အကြုံ ၊ ဘလော့ အတွေ့အကြုံ နဲ့ အထွေထွေကို ကျွန်တော် ရေးပါမယ်။ စိတ်ဝင်စားဖို့ ကောင်းမယ်လို့တော့ ထင်မိပါတယ်။ Tags တစ်ခု အနေနဲ့ ယူပြီး ရေးမှာပါ။ ဒါပေမဲ့ ရေးရမဲ့ စာတွေက များနေတော့ ဘယ်တော့မှ ကျွန်တော် ပြီးမလဲတော့ မသိပါဘူး။ ဒါကြောင့် ဒီခေါင်းစဉ်လေးတွေကို အကုန်ရေးနိုင်ဖို့ ဒီနေ့ Date နဲ့တော့ အကြောင်းအရာတွေ အကုန်ယူထားပါတယ်။ ကျွန်တော် အဆင်ပြေသလို ရေးသွားပါ့မယ်။

အခု အောက်ကတော့ ကျွန်တော်ရဲ့ Multiply Blog ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် Banner လေးပါ။ စိတ်ပေါက်သလို လျှောက်လုပ်ထားတာပါ။ စာရေးချင်တာနဲ့ Photoshop ကို သေချာ မလုပ်ဖြစ်တော့ဘူး.... :)




အောက်က နောက်တစ်ခုကတော့ ဒီနေ့ ၂၅.၁၂.၂၀၀၉ နေ့ ( ဒီနေ့) မနက်မြန်မာနိုင်ငံ ၁း ၀၀ နာရီမှာ ကျွန်တော် Print Screen ဖမ်းထားတဲ့ ကျွန်တော့်နေရာကို လာလည်သော သူငယ်ချင်းမိတ်ဆွေတွေပါပဲ။ ဒါဟာ ကျွန်တော့်ဘလော့လေး စစချင်းမှာ လာလည်ကြတာ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကူးလေး ရခဲ့တဲ့ ၆.၉.၂၀၀၉ နေ့ကနေ စပြီး ရေတွက်ထားတာပါ။ မှတ်မှတ်ရရ ဒီနေ့ဆိုရင် ရက်ပေါင်း ( ၁၁၁ ) ရက်မှာ လာလည်ကြသူ သူငယ်ချင်း မိတ်ဆွေပေါင်းပါပဲ။ အားလုံးပေါင်း နိုင်ငံ ( ၅၃ ) နိုင်ငံက လာရောက်ဖတ်ရှုတဲ့ အလွန်ခင်မင်ဖွယ်ကောင်းသော သူငယ်ချင်းမိတ်ဆွေပေါင်း ( ၇၂၁၂ ) ယောက်လာပြီး ဖတ်ကြပါတယ်။ အောက်ပါ အတိုင်းပေါ့။ ( ကျွန်တော့်ပေါတောတော အရေးတွေကို ဒီလို လာဖတ်လိမ့်မယ် လို့ မထင်မိရိုး အမှန်ပါ။ )



ဒါနဲ့ပဲ နောက်ထပ် စိတ်ကူးလေးရပြီး တစ်နေ့ကို ဘယ်လောက် လာဖတ်လဲကွ. ဆိုပြီး နောက်ထပ် Counter လေးတစ်ခု ထပ်လုပ်မိပါတယ်။ ဒါကတော့ နေ့စဉ် ဘယ်နှစ်ယောက် ဘယ်နိုင်ငံတွေကနေ လာကြည့်နေတယ် ဆိုတာကို သိရတဲ့ Counter လေးပါ။ ဒါနဲ့ပဲ ကျွန်တော်ရဲ့ အိပ်ရေးမဝတဲ့ အချိန်တွေကို ဒီပီတိတွေနဲ့ ဆက်လက် ရေးဖြစ်ခဲ့တယ်။ အောက်ကပုံလေးအတိုင်းပေါ့။




နေ့တိုင်းလာကြည့်တဲ့သူ အယောက် ၇၀၀ ကျော်ရှိတယ်တဲ့။ အရင်က ကျွန်တော်က ကိုယ်ကြိုက်တဲ့ စာလေးတွေ တင်ထားမယ်။ မိသားစု ပုံလေးတွေ တင်ထားမယ် ဆိုပြီး ဒါလေးကို လုပ်ဖြစ်တာ။ ဒါကြောင့် အရင်က ကျွန်တော် တင်တဲ့ စာတွေမှာ ကျွန်တော် နှစ်သက်မိတဲ့ ဘယ်သူရေးမှန်း မသိတဲ့ စာတွေရော ၊ ရေးသူနာမည်ပါတဲ့ စာတွေရော ပါမှာပါ။ ဒါနဲ့ နောက်တော့ ကိုယ့်ဖာသာကိုယ်ပဲ ရေးတော့မယ် ဆိုပြီး စာတွေကို ကျွန်တော် စိတ်ထဲက အမြင်နဲ့ ချပြခဲ့တာပါ။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော် စာတွေကို ဖတ်ပြီး ဒီလို ဖြစ်ရမယ် ၊ ဒီလို မြင်ရမယ် လို့ ကျွန်တော် မပြောလိုပါ။ မတိုက်တွန်းလိုပါ။ ကျွန်တော် မြင်သော မမြင်ကို တင်ပြတာပါ။ ဒါကို ဖတ်မိပြီး အမြင်လေးတစ်ခု ၊ အတွေးလေးတစ်ခု ရပြီး မိမိဖာသာ ကြိုက်သလို နှစ်သက်သွားပါ။ ကြိုက်သလို ဆက်တွေးသွားပါ။ ဒါဆိုရင် ကျွန်တော် ပေးချင်တဲ့ Message ရတယ်လို့ပဲ ကျွန်တော်ခံယူမိပါတယ်။

ဒီနေရာမှာ ကျွန်တော် ဟာသနဲ့ပေးချင်ပေးမယ် ၊ အတွေးနဲ့ ပေးချင်ပေးမယ် ၊ ဗဟုသုတ နဲ့ ပေးချင်လည်း ပေးမယ် ၊ အလွမ်းနဲ့ ပေးချင်လည်း ပေးမယ်။ ကျွန်တော်ကတော့ ကျွန်တော် အမြင်လေး တစ်ခုကို အတွေးစလေး အဖြစ် Message အနေနဲ့ ထည့်ပေးလိုက်တာပါ။ ဒါကို ကျွန်တော့်အတွေးက မဟုတ်ဘူး ငြင်းချင်တယ် ဆိုပြီး ပြောခဲ့ရင် ကျွန်တော် ပြုံးနေမှာ ဖြစ်သလို ၊ ကောင်းလိုက်တဲ့ အတွေးဗျာ..သဘောကျတယ် လို့ ပြောရင်လည်း ကျွန်တော် ရယ်နေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငြင်းခုန်ခြင်းဖြင့် တိုးတတ်တယ် လို့ ကျွန်တော် မခံယူပါ။

ငြင်းခုန်ခြင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ရင်နာဖွယ် ကောင်းပြီး ခါးသီးစရာ အဖြစ်အပျက်လေးတွေလည်း ရှိခဲ့ဖူးတယ်။ ( ကျွန်တော် ရေးပါဦးမယ်။ “ ကျွန်တော်နှင့်.. ” ခေါင်းစဉ်ဖြင့်..။ ) ဒါကြောင့် ငြင်းချင်တယ် ဆိုရင် “ ဟက်စလေ စတုန်း ” ပြောသလို ကိုယ့်ဖာသာ စိတ်ထဲမှာ ငြင်းလိုက်ဗျာ။ ဒါက အကောင်းဆုံးနဲ့ အတိုးတတ်ဆုံးပါ။ သူကတော့ ဂန္ဓီနဲ့ ဥပမာပေးတယ်။ ဂန္ဓီက စက်မှုတော်လှန်ရေးကို အားမပေးဘူး။ ဖြစ်နိုင်ရင် သူက ရထားတွေ ၊ ကားတွေတောင်မှ ရှိစေချင်တာ မဟုတ်ဘူး။ ဒီတော့ ဒါကို သူများနဲ့ သွားမငြင်းပါနဲ့..၊ ကိုယ့်ဖာသာ စိတ်ထဲမှာ ဂန္ဓီကြီးကို ဖိတ်ခေါ်ပြီး စိတ်ထဲက ငြင်းပါ .။ လို့ ပြောခဲ့ဖူးတယ်။

ကဲ...။ ကျွန်တော့်ရဲ့ Blog တစ်နှစ်ပြည့် အထိမ်းအမှတ် ပထမဦးဆုံးစာလေးပါ။ စစချင်းဆိုတာတောင်မှ ဒီလောက်လေရှည်တယ်နော် :P ။ နောက်ထပ် စာတွေကိုတော့ “ ကျွန်တော် နှင့် ...” Tags အသစ်နဲ့ ကျွန်တော် ဆက်ရေးပါမယ်။ ကျွန်တော် ဒီတစ်နှစ်အတောအတွင်း ဖြတ်သန်းခဲ့ရတဲ့ အင်တာနက် ခရီး ၊ Blog ခရီး မှတ်တိုင်များပေါ့ဗျာ။

ပျော်ရွှင်ခင်မင်စွာဖြင့်
ကိုဇော်





Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

နိုင်းနိုင်းစနေ said...

Happy Anniversary :)

Hope will go on, will go on

ကိုဇော် said...

Thanks...Ma Nine.

မြတ်မွန် said...

ဝါးးးးတစ်နှစ်တောင် ရှိပြီပေါ့ ကိုဇော်ရ ကောင်းတယ် ကိုဇော်ရေ..။
ကိုဇော် ဒီထက်မက အောင်မြင်ပါစေရှင်။
အားပေးလျှက်ပါ။