မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 December 2009

1 တချို့စကားလုံးတွေက နားလည်ရခက်တယ် (၁)


ကျွန်တော်တို့ ကြားဖူးနေတဲ့ စကားလုံးတွေ ပေမဲ့ တချို့ စကားလုံးတွေက သူ့နေရာနဲ့ သူ သုံးရပါတယ်.။ ပြီးတော့ တချို့စကားတွေက နားလည်ရခက်တယ်.။

ကျွန်တော် ငယ်စဉ်က “ ဆရာကြီး ဦးနိုး ” ရေးတဲ့ စာအုပ်လေးကို ဦးလေးရဲ့ သူငယ်ချင်းက ပေးဖတ်လို့ ဖတ်ခွင့်ရခဲ့တယ်.။ သူကလည်း ဒီစာအုပ်လေးကို ဘယ်လောက်များ တန်ဖိုးထားလဲ ဆိုတော့ ဘယ်သူ့ကိုမှ မငှားဘူးဗျာ.။ ကျွန်တော့်ကို ပေးဖတ်တယ် ဆိုတာကလည်း ကျွန်တော့်ဦးလေးက သူ့အချစ်ဆုံး သူငယ်ချင်း ဖြစ်ပြီး ကျွန်တော့်ကိုလည်း သူက တော်တော် ချစ် ၊ တော်တော်ခင်လို့ပါ.။

သူ့ဧည့်ခန်းထဲမှာ ကျွန်တော် ၂ ရက်လောက် ဖတ်ခွင့်ရလောက်တယ်.။ ဆရာကြီး ဦးနိုး ဆိုတာ မြန်မာ့အတွေးဆရာကြီးလို့ အားလုံးက လေးစားထားခဲ့ကြပါတယ်.။ ဒီလို ပြောလို့ သဘောပေါက်ကြမှာ မဟုတ်ဘူးဗျ.။

ကျွန်တော် ဥပမာလေးနဲ့ ပြောပြမယ်.။ ကျွန်တော်တို့ ၁၀ တန်းမှာ သင်ရတယ်လေ “နံကာလ ” ဆိုတာ နံကာလ ဆိုတာ ဘာလဲ.။ နံကာလ ဆိုတာ “ ဝါခေါင်လ ” လို့ပဲ ပြောကြတယ်လေ.။ ဟုတ်ပြီ ဘာလို့ နံကာလ လို့ ခေါ်တာလဲ ဆိုရင် ဘယ်သူမှ မဖြေနိုင်တော့ဘူး.။ ဒါကို ဆရာကြီး ဦးနိုး ကတော့ ဒီလို ရှင်းပြထားတယ်.။

“ ဝါခေါင်လသည် မိုးဦးကျစ လဖြစ်သည်.။ သို့သော် မိုးမများသေး.။ ထိုကြောင့် မြက်ပင် စိမ်းစိမ်းများသည် နေရာ တကာမှာ ပေါက်ရောက်နေကြသည်.။ ထိုအခါ နွေရာသီမှာ အစာရှားပါးနေခဲ့ကြသော နွားများ ၊ ကျွဲများသည် သူတို့အကြိုက် မြက်နုနုများကို စားခွင့်ရသောကြောင့် သူတို့သည် နွေမှ ငတ်သမျှကို အတိုးချ နံများကားနေအောင် စားသောကြောင့် နွားများ ၊ ကျွဲများသည် အားလုံး နံများကားနေကြသည်.။

ထို့ကြောင့် နွားများ ၊ ကျွဲများ နံကားသောလ ဟူ၍ အစွဲပြုခေါ်ရာမှ ကာလရွေ့လျောလာသော အခါတွင် “ နံကာလ ” ဟူ၍ဖြစ်လာလေသည်.။ ”
ဟု ဖော်ပြထားလေသည်.။

ဆရာကြီး ဦးနိုး တင်ပြချက်ကို ဘယ်သူမှလည်း မငြင်းနိုင်.။ ဆရာကြီးကလည်း မြန်မာပီပီ မြန်မာလိုပဲ ရအောင်တွေးသည်.။ တကယ်လည်း လေးစားလိုက်သော စကားများကို ကြားရသည်.။

ကျွန်တော် ဆရာကြီး ဦးနိုး စာအုပ်ကို ကျွတ်ကျွတ်ကြေအောင် မဝါးနိုင်ခဲ့ပါ.။ အတော်အတန်သိရုံမျှသာ ဖတ်မိပါသည်.။ ထိုစဉ်အခါက ငယ်သေးတာလည်း ပါပါလိမ့်မယ်.။ ဒါပေမဲ့ ကျွန်တော် သေချာ ရလိုက်တာကတော့ ဆရာကြီးရဲ့ အတွေးလေးတွေ ၊ အတွေးတွေကို ရှင်းရှင်းလင်းလင်းနဲ့ သိမြင်တာတွေကိုပါ.။ ဒါကြောင့် ကျွန်တော်လည်း အတွေးတွေကို ရှင်းရှင်းလေးနဲ့ လိုက်ပြီး တွေးကြည့်မိတယ်.။ သို့သော် အမြဲတော့လည်း အရာရာမှာ တွေးနေနိုင်လိမ့်မယ်တော့ မဟုတ်ပါ.။ သို့သော် ကျွန်တော် တွေးကြည့်နေမိတယ်.။




ကျွန်တော့်မှာ အခင်ဆုံးသော ဆိုသော သူငယ်ချင်းတွေထဲမှာပါတဲ့ သူငယ်ချင်း တစ်ယောက်က LLB တတ်နေတယ်.။ အဲ..ကျွန်တော်ရေးတာ မှားများနေလား.။ ဥပဒေပေါ့ဗျာ.။ ပြီးတော့ ရှေ့နေဆိုတာ စကားလုံးကြွယ်ရမယ်လို့ ဘယ်သူကများ သင်ပေးလိုက်တယ် .(သို့) ကျောင်းက ဆရာ၊ ဆရာမတွေကပဲ ပြောလိုက်တာလဲ မသိပါ.။

သူ ကျောင်းတတ်ပြီး တစ်နှစ်လောက်နေတော့ အရမ်းကို စကားလုံးတွေ အကြီးကြီးတွေနဲ့ စကားပြောရင် ပစ်ပစ်ပေါက်တယ်.။ သူကလည်း ဥပဒေ ပညာကို တကယ်ကို ဝါသနာပါလို့ ယူတာ ဆိုတော့ ထူးချွန်ပါတယ်.။ ဒါပေမဲ့ ရပ်ကွက်ထဲက .. ၊ နောက်ပြီး တခြားသူငယ်ချင်းတွေကိုပါ သူနဲ့ ပြိုင်ပြီး တရားခွင်မှာ ယှဉ်လုရသူလို့ သူထင်နေတာတော့ မကောင်းလှပါ.။ သူကလည်း သူပြောရင် နိုင်အောင်ပြောချင်တယ်.။

ဒီတော့ သူလို့ နှုတ်လှန်မထိုးနိုင်သူ ၊ မထိုးချင်နဲ့ တွေ့ရင် သူက အသာရတယ် ဆိုပြီး အမြဲပျော်နေတတ်သူ ၊ နောက်ကွယ်မှာလည်း ငါပြောလိုက်ရင် ပြန်မပြောနိုင်ဘူးလို့ သူက ဂုဏ်ယူတတ်တယ်.။ ဒါပေမဲ့ တချို့သူငယ်ချင်းတွေက သူရဲ့ ဟာကွက် ပျော့ကွက်ကို တွေ့ပါတယ်။ လူငယ်တွေ ဖြစ်တော့ သူရဲ့ ငြင်းချင် ၊ ခုန်ချင်ကြတာကိုလည်း တချို့ မငြင်းချင် မခုန်ချင်သော သူငယ်ချင်း တချို့က သူ့ရဲ့ အားနည်းချက်ကို တွေ့ပေမဲ့ ..

“ ငါတို့လည်း သူ့ကို ဘယ်လို ပြောလိုက်ရင် ဘယ်လို အထိနာမယ် ဆိုတာ သူငယ်ချင်းတွေပဲ သိတာပေါ့.။ ဒါပေမဲ့ မပြောချင်ဘူး ၊ မငြင်းချင်ဘူး.။ သူငယ်ချင်း အချင်းချင်း မျက်နှာပျက်စရာ မလုပ်ချင်ဘူး.။ ဒါကို သူက သူ့ကို ပြန်မပြောနိုင်လို့ ပြန်မပြောရဲလို့လို့ ထင်နေတယ်.။ ရှိပါစေတော့..။ ”

ဒီလိုမျိုး တချို့က တကယ်ကို ရင့်ကျက်ကြပါတယ်.။ သူတို့အချိန်တွေကို တခြားတန်ဖိုးရှိရာ နေရာမှာပဲ အသုံးချတယ်.။ သူတို့ကလည်း ရှေ့နေတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် သူတို့ နှုတ်လည်း သွေးနေစရာမလို..။

အဲ..ဒါပေမဲ့ တစ်နေ့တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကင်တင်းမှာ စားနေကြတုန်း ၊ ကျွန်တော်က ဒီလိုပဲ ရောက်ရာပေါက်ရာ ပေါက်ကရလေးတွေ ပြောပြဖြစ်တယ် ။ ဒါကို အားလုံးနားထောင်နေရင်း သူက ဟိုဟာက ဟိုလို ဆိုရင် ဒီဟာက ဒီလို ဆိုရင် ဆိုပြီး ဝင်ဝင်ထောက်ပြီး ကစ်တယ်.။ ကျွန်တော်လည်း စိတ်တော့ မဆိုးပါ.။ သူ့အကြောင်းကိုလည်း သိနေတာပဲလေ.။ ဒါပေမဲ့ ကြာလာတော့ စကားပြောရတာ မကောင်းတော့ဘူး.။ ဒါကြောင့် သူ့ကို ကျွန်တော် ဒီလို ပြောခဲ့ပါတယ်.။

“ ဒီမှာ သူငယ်ချင်း.။ တချို့စကားလုံးတွေက နားလည်ရခက်တယ်.။ ရှင်းပြဖို့မလွယ်ဘူး.။ “

ဒီတော့ သူက...

“ အမ်..ဘာလို့ ရှင်းလို့မရရမှာလဲ. .။ ရှင်းလို့မရတဲ့ စကားလုံးဆိုတာ မရှိဘူး.။ ငါ့ကို ပြော ငါ ရအောင် ရှင်းမယ်.။ ”

ကျွန်တော်လည်း တကယ်ကို မပြောချင်ပါ.။ ဒီလို ငြင်းခုန်ခဲ့တဲ့ အတွေ့အကြုံ ခါးခါးသီးသီးတွေလည်း ကျွန်တော့်မှာ ရှိနေတယ်.။ သို့သော်. . .

“ အေး . . ငါပြောပြမယ်.။ ဥပမာ - ဘာလို့ “ ဝမ်းနည်း ပက်လက် ” လို့ ပြောတာလဲ.။ ဝမ်းနည်းတာပဲ မှောက်ခုံဝမ်းနည်း လို့ မရဘူးလား.။ ”

သူ ဘာမှ မပြောပါ.။ ကျွန်တော်ပဲ ဆက်ပြောလိုက်တယ်.။

“ နောက် “ ရှိုက်ကြီး တငင် ” တဲ့.။ ဘာလဲ.။ ဘာကို ငင် တာလဲ.။ နောက်ထပ် “ ငိုကြီး ချက်မ ” တဲ့ ..။ ဘာလို့ ချက်ကို မ ရတာလဲ ပြောတာလဲ..။ ဒီလိုမျိုးတွေ အများကြီး .. ရှင်းပါဦး.ဒါလေးတွေက ဘာလဲ.။ ”

သူ ယောင်ပေပေနဲ့ ဘာမှ မပြောပါ.။ ကျွန်တော်လည်း မပြောချင်ဘူးဆိုတာ အဲဒါက ကျွန်တော်က ပြောမိရင် မဆုံးတတ်ဘူး.။ ဒါနဲ့ သူ့ကို တစ်ခု ပြောလိုက်တယ်.။

“ ကဲပါ..ဒါတွေ ထားလိုက်တော့..။ မင်းနဲ့ ပတ်သတ်တဲ့ မင်းကို ဥပဒေလောက က ရှေ့နေတွေနဲ့ ပတ်သတ်တာပဲ ပြောကြည့်မယ် ..ဘယ်လိုလဲ..။ ”

ဒီတော့ သူခေါင်းထောင်သွားတယ်.။ ဟုတ်တယ်လေ.။ ဥပဒေ ပညာမှာတော့ သူ့ကို ကျွန်တော် ဘယ်လိုမှ မှီလိမ့်မယ် မဟုတ်ပါ.။ ဒါကြောင့် သူက ခပ်ရဲရဲ ဖြစ်လာတယ်.။ ကျွန်တော် ပြောလိုက်တယ်.။

“ ဟုတ်ပြီ..။ မင်းတို့ ရှေ့နေလောက က စကားပေါ့ကွာ.။ “ ရှေ့နေများလည်း လိမ်ကြသည်.။ ရှေ့နေများသည် အမှန်ကို မပြောတတ်ကြ...။ ” ဆိုတဲ့ စကားလေး ရှိတယ် မလား..။ ”

ဒါကိုတော့ သူ ခေါင်းငြိမ့်တယ်.။ ကျွန်တော် ဆက်ပြောလိုက်တယ်.။

“ ဟုတ်တယ်နော်.။ အခု ဒီစကား “ ရှေ့နေများလည်း လိမ်ကြသည်.။ ရှေ့နေများသည် အမှန်ကို မပြောတတ်ကြ...။ ” ကို မင်းတို့ ရှေ့နေတွေက ပြောကြတယ် ဆိုပါစို့ .။ ဘယ်လို မှတ်ချက်ချမလဲ သူငယ်ချင်း.။ ဒီစကားကို ဘယ်လို အဓိပ္ပါယ် ကောက်ရမလဲ.။ ”

သူ ကျွန်တော့်ကို မျက်လုံးပြူးပြီး ကြည့်နေတယ်.။ ကျွန်တော့်ကို သူ မမြင်ဖူးတော့ဘူးလား မသိ.။ ဒါနဲ့ပဲ ဒီစကားလေးကို ကျွန်တော် အခုအချိန်အထိ သူ့ဆီက အဖြေမရသေးပါ.။ အားလုံးကလည်း သူ့ကို သူက တစ်ခုခု ဝင်ပြီး နှောင့်နေပြီ ဆိုရင်

“ ရှေ့နေများလည်း လိမ်ကြသည်.။ ရှေ့နေများသည် အမှန်ကို မပြောတတ်ကြ...။ ” ဆိုတဲ့ စကားကို ရှေ့နေတွေက ပြောမယ် ဆိုရင် ......

ဆိုပြီး သူ့ကို နောက်တတ်ကြပါတယ်.။ ဒါဆို သူ ရယ်ပြီး ဘာမှ ဆက်မပြောတော့..။

အခု စာဖတ်သူရော..ဘယ်လိုစဉ်းစားမိလည်း ဒီစကားလုံးလေးကို


“ ရှေ့နေများလည်း လိမ်ကြသည်.။ ရှေ့နေများသည် အမှန်ကို မပြောတတ်ကြ...။ ” ဆိုတဲ့ စကားကို ရှေ့နေတွေက ပြောမယ် ဆိုရင်.......................

အဲဗျာ..အဖြေရရ ၊ မရရ ကျွန်တော် နောက်တစ်ခုပါ ခေါင်းစားထားခဲ့မယ်.။


“ အသည်းကွဲ၍ မသေနိုင်ပါ.။ မသေပဲနဲ့ အသည်းကွဲနေသူသည် သေသူနှင့်မခြား..။ ”

ဒါဆိုရင်ရော..။



ကိုဇော် ခံစားတင်ပြသည်.။









Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကျွန်တော်ဒီလိုတွေးကြည့်မယ်နော်။ ရှေ့နေဆိုတာ လူလိုဘဲ အများဆိုင်နာမ်နော်။ ၀ါးလုံးရှည်နဲ့ ရမ်းမယ်ဆိုရင်တော့ မမှန်နိုင်ဘူးထင်တယ်။ ပုဂွိုလ်တစ်ဦးတစ်ယောက်ချင်းဆီ ဆိုရင်တော့မှန်နိုင်တာပေါ့။ လူတွေအားလုံး မကောင်းဘူး။ လူညာတွေဆိုရင် ကောမှန်နိုင်မယ်ထင်သလား။ ရှေ့နေအလုပ်က မုသားသုံးရတယ်ဆိုပေမယ့် မုသားမသုံးဘဲ အမှန်ဘက်က ရပ်တည်ပေးခဲ့တဲ့ရှေ့နေဆိုရင်ကော လိမ်တယ်လို့ပြောနိုင်မယ်ထင်သလား။ ဘာရယ်မဟုတ်ဘာဘူး။ တွေးကြည့်ကြည့်တာဘာ။

ထို့အတူ အသည်းကွဲပြီးတော့လဲသေတဲ့လူရှိတာဘဲ။ ရည်းစားပြစ်လို့သေတဲ့လူရော ဘယ်လိုပြောမလဲ။ ကိုယ့်ကို ကြိုးဆွဲချသေတာတို့။ ရှုးရူးမူးမူး ခပ်မိုက်မိုက် လုပ်တဲ့လူတွေပေါ့ဗျာ။ အသည်းကွဲသူသည် သေသူနဲ့မခြား ဆိုတာကလဲ အသည်းကွဲပြီး ဘာမှ မဖြစ်သူကရော သေသူလို့ပြောလို့ရမယ်ထင်သလား။
တောင်တောင်မြောက်မြောက်တွေးကြည့်တာဘာ။