မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 December 2009

0 Improve ဆိုတဲ့ စကားလုံးလေး တစ်လုံးအကြောင်း




Improve ဆိုတဲ့ စကားလုံးလေးဟာ တော်တော် အံ့သြဖို့ကောင်းပါတယ်..။ English - Myanmar Dictionary မှာ ရှာကြည်လိုက်ပါ..။သူ့အပေါ် ၅ လုံး ၊ သူ့အောက် ၅ လုံး တစ်လုံးမှ ကောင်းတာ မရှိပါ..။

သူတစ်လုံးတည်းသာ.........................................................။

ဒီလိုပါပဲ ..........။
( Improve ကို ပို၍ကောင်းမွန်သညလို့ဘာသာပြန်ပါတယ်..။ ကျွန်တော်ကတော့ ဆင့်ကဲတိုးတတ်မှု လို့ ဘာသာပြန်ပါ့မယ်..။)

ဆင့်ကဲတိုးတတ်မှု ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာ တခြားနေရာမှာ မကြည့်ပါနဲ့ English - Myanmar Dictionary ထဲမှာတောင်မှ မြင်သာပါတယ်..။ လူပတ်ဝန်းကျင်မှာလဲ ဒီလိုပါပဲ...။ တိုးတတ်မှု တစ်ခု ဖြစ်ဖို့ ဆိုတာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကျော်လွှားရပါတယ်..။ အသက် ၂၁ နှစ် ရှိပြီ ဖြစ်တဲ့ ကျွန်တော့်ညီမက ကျွန်တော် ဖတ်ဖို့ ဆိုပြီး သူဖတ်ဖူးခဲ့တဲ့ အင်္ဂလိပ်ဂျာနယ်လေး တစ်ခုထဲက အဖြစ်အပျက်လေးကို ဘာသာပြန်ပြီး ပို့ပေးဖူးပါတယ်..။ ဖတ်ကြည့်ပါဦး....ခံစားမှု တစ်ခုခုတော့ ပေးနိုင်မယ်ထင်ပါတယ်..။

တစ်ခါက

ပိုးတုန်းလေးတစ်ကောင်ဟာ သူ့ဘာသာဘာဝ လိပ်ပြာဖြစ်ချိန်တန်တော့ ပိုးတုန်းလုံးဘဝကို စွန့်ခွာဖို့ သစ်ပင်ကြီးကနေ အကိုင်းတစ်နေရာကို လျောဆင်း လာသတဲ့..။ သူလျောဆင်းလာတာကို ကောင်လေးတစ်ယောက်က ကြည့်နေတယ်..။ ပိုးတုန်းလုံးလေး ဘာလုပ်နေပါလိမ့်ပေါ့လေ...။ ဒါနဲ့ ခဏကြာတော့ ပိုးတုန်းလုံးလေးဟာ လိပ်ပြာ ဘ၀ကို ကူးပြောင်းဖို့ ပိုးတုန်းလုံးလေးဘ၀ အခွံထဲက ဖောက်ထွက်ဖို့ ကြိုးစားပါလေရော..။

ဒါကို ကောင်လေးက ဒီပိုးတုန်းလေးတော့ အခွံထဲက မထွက်နိုင်ရှာဘူးလို့ထင်နေတာပေါ့လေ..။ ဒါနဲ့ ဒီလို စဉ်းစားမိပြီး ပိုးတုန်းလုံးလေး အဖြစ်ကနေ လိပ်ပြာဖြစ်စေဖို့အတွက် ပိုးတုန်းလုံးလေး အခွံကို ကောင်လေးက ဝိုင်းပြီးခွာပေးသတဲ့..။
ဒါနဲ့ ပိုးတုန်းလေးလဲ လိပ်ပြာအဖြစ် လွတ်လွတ်လပ်လပ် ထွက်ပြိး ပျံသန်းခွင့် ရသွားသတဲ့..။ ဒီတော့ ကောင်လေးက ပျော်တာပေါ့...။

“ ဟေး...ငါကူညီလိုက်လို့ ပိုးတုန်းလေး လိပ်ပြာအဖြစ်ကို လွယ်လွယ်နဲ့ ထွက်သွားနိုင်တာကွ....။”

ဆိုပြီး ဟစ်ကြွေးတယ်..။

ဒါပေမဲ့ ကိုကြီး လောကမှာ ဒီထက် အရေးကြီးတာ ရှိသေးတယ်..။ ဒါပေမဲ့ ကောင်လေးကတော့ မသိရှာဘူး..။ ဒါက ဘာလဲဆိုတော့ ...........

“ ဒီလိုသာ ကောင်လေး တွေ့တဲ့ ပိုးတုန်းလုံးတွေကိုသာ ပိုးတုန်းလုံးဘဝကနေ လိပ်ပြာဖြစ်အောင် အခွံတွေထဲကနေထွက်ဖို့ လိုက်ကူညီနေရင် နောက်ဆိုရင် ပိုးတုန်းလုံးလေးတွေဟာ သူတို့အကူအညီမပါပဲနဲ့ ပိုးတုန်းလုံးအခွံထဲက ထွက်နိုင်တော့မှာ မဟုတ်ဘူး..။ ဒါဆိုရင် ပိုးတုန်းလုံးတွေဟာ နောင်ဆိုရင် ဘယ်တော့မှ လိပ်ပြာဖြစ်တော့မှာ မဟုတ်ဘူး..။ ဒါကြောင့် လောကကြီးမှာ လူတွေဟာ အကူအညီသူများတွေကပေးတိုင်း ယူတာ ကောင်းတာမဟုတ်ဘူး..။ ကိုယ့်ရဲ့ ဖွံဖြိုးတိုးတတ်မှုကို ထိခိုက်စေတယ်..။ ”


ကျွန်တော့်ညီမရဲ့ ဘာသာပြန်ချက်လေးပါ..။ ကလေးဆိုတော့လဲ လိုတာတွေ ရှိသေးတာပေါ့လေ..။


ကိုဇော် ခံစားတင်ပြသည်..။


http://zaw357.multiply.com/journal/item/197
မှာ 2.4.2009 ကရေးထားတာပါ။




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: