မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 December 2009

0 ချစ်သူဆိုတာ ....ကမ္ဘာ





ချစ်သူဆိုတာ ....ကမ္ဘာ


ချစ်သူရဲ့ မျက်နှာကို...
တွေ့နေရတဲ့ အချိန်တွေဟာ...

ဘ၀ရဲ့ နေ့များစွာမှာ..

နေ သာတယ် ဆိုပါတော့....။

ချစ်သူရဲ့ စကားသံလေးတွေ..

ကြားနေရတဲ့ အချိန်တွေဟာ..
ဘ၀ရဲ့ ညများစွာမှာ....
လ သာတယ် ဆိုပါတော့...။


ချစ်သူရဲ့ အပြုံးကို..

မြင်နေရတဲ့ အချိန်ဟာ....
ဘ၀ရဲ့ ညကောင်းကင်မှာ..

ကြယ်တာရာတွေ စုံတယ် ဆိုပါတော့.....။

ချစ်သူရဲ့ အကြောင်း

တွေးနေရတဲ့ အချိန်ဟာ...

ဘ၀ရဲ့ ညနေခင်းမှာ...

ဆည်းဆာလင်းတယ် ဆိုပါတော့....။


ဘယ်အချိန်ကြည့်ကြည့်...

ချစ်သူဆိုတာ...
ကိုယ့်.....ကမ္ဘာ....။ ။
ကိုဇော်




http://zaw357.multiply.com/journal/item/225 မှာ 26.4.2009 ကရေးခဲ့တာပါ။
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: