မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 December 2009

1 ကျွန်တော်နှင့် သူငယ်ချင်း အမှတ်တရပုံများ



ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ အမှတ်တရ ပုံလေးတွေပါ။ တကယ်တော့ အခုနေအချိန်မှာ တစ်ယောက်တစ်နေရာစီ ကျွန်တော်တို့ ပြန်ဆုံနိုင်ဖို့ တော်တော် ခက်ခဲနေပြီလေ။ ပြီးတော့ ကြည့်တဲ့သူသာ ဘာမှ မဟုတ်တာဗျ။ ကျွန်တော် ခက်ခက်ခဲခဲ ရိုက်ထားရတဲ့ ပုံလေးတွေမို့လို့ တင်လိုက်တာပါ။




ဒါကတော့ ကျွန်တော်တို့ စက်ရုံရှေ့မှာ မတ်တပ်ရပ်နေပြီး လက်ဝဲဘက်က ကျွန်တော့်ကို တော်တော်ချစ်တဲ့ “ ကိုမြင့်ဦး ” ပြန်ခါနီးမှာ ရိုက်ပေးထားတာပါ။ စက်ရုံထဲမှာ ကားတွေ ၊ လော်ရီတွေက အပြည့်ဆိုတော့ နေရာကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော် မနည်းရိုက်ခဲ့ရတဲ့ ပုံလေးပါ။ ရိုက်လိုက်ပြေးလိုက်နဲ့ လိုချင်တဲ့ Resolution ကိုရအောင် ၇ ခါလောက်ရိုက်ခဲ့ရတယ်။

နေကလည်း ထွက်ခါစ..။ နေထွက်ခါစ အရောင်ဝါဝါတောက်တောက်မှာ နောက်ခံ စက်ရုံကလည်း အဝါရောင် ၊ လုတွေရဲ့ အင်္ကျီတွေကလည်း အဝါရောင်ဆိုတော့ ...ဟီး...အားလုံး မီးနေသည်တွေလိုတော့ ဖြစ်နေတယ်နော်.။



ဒီပုံလေးကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေချည်းပဲ ရိုက်ထားတာပါ။ အလယ်က သူငယ်ချင်း “ မျိုးမြင့်အောင် ” ( ကျွန်တော်တို့ အခေါ် “ အညာသား” ၊ ” ငါးခြောက်ဖုတ် ” ဟီး.။) သူပြန်ခါနီးမှာ သူငယ်ချင်းတွေ စုပြီး နှုတ်ဆက်ရင်း ရိုက်ထားတာပါ။

အခန်းလေးကျဉ်းကျဉ်းလေးထဲမှာ ၆ ပေ အကွာလောက်ကနေ လူငါးယောက်လုံးကို ခြေဆုံး ၊ ခေါင်းဆုံးပါအောင် ရိုက်ထားတဲ့ ပုံလေးပါပဲ။ ပြီးတော့ အခန်းက မီးချောင်းပဲ ရှိတာလေ။ ဒါကို အလင်းရောင် ဒီလိုလေး ဖြစ်အောင် တော်တော် အချိန်ယူခဲ့ရတဲ့ ပုံလေးတစ်ပုံပါ။ ဒီပုံလေးကို ကျွန်တော် တော်တော် နှစ်သက်မိတယ်။ ဒါကြောင့် ပိုပြီးတော့ စိတ်ဝင်စားဖို့ ဖြစ်အောင် အောက်ကလို ကလိထား ၊ လုပ်ထားမိတယ်။






“ သူငယ်ချင်း အပိုင်းအစများ ” ပေါ့ဗျာ။ Photoshop နဲ့ လုပ်ထားတာပါ။ မကျွမ်းကျင်တော့ တင်ရတာတောင်မှ ရှက်တယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့် အကြိုက်ဆုံးပုံလေးပါပဲ။ တစ်ခါတစ်လေ နေရာ အသီးသီးရောက်နေပေမဲ့ အခင်အမင် မပျက် ၊ အဆက်အသွယ်မပြတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေကို သတိရတဲ့ အနေနဲ့ တင်လိုက်တာပါ။

ကျွန်တော် ဒီလို Photoshop နဲ့ ကလိထားတာကို သူတို့ မသိကြသေးဘူးလေ။ သူတို့လည်း မြင်ဖူးအောင်ပါ။ တခြားပုံတွေကတော့ နောက်မှပဲ ဆက်တင်ပါ့မယ်။

ကိုဇော် ကလိမိသမျှ ဖြစ်သည်။



Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

၁။ ထိုင်နေတဲ့ ဘယ်ဘက်အစွန်ဆုံး
၂။ ညာဘက် အစွန်ဆုံး
သူဘယ်သူလဲ။
may