မျှော်လင့်ခြင်းများနဲ့
သူ့ခေါင်းလေးမှီ...
ကိုယ့်ပုခုံးထက်..
သာယာနေဆဲ..အတွေးထဲ.....။
သူ့လက်ကလေး...
ကိုယ်..ဆုပ်ကိုင်....
လေပြေတောင် မသွေးစေပဲ...အိပ်မက်ထဲ.....။
သူ့ရဲ့အပြုံး..
မိုနာလီဇာ ရှုံးမယ်..
ကိုယ်ရင်ခုန်လှိုက်မောနေဆဲ..စိတ်ကူးထဲ....။
သူ့ရဲ့စကား..
သကာပျား..
ကိုယ်နားဝင်ချိုနေဆဲ.......Online ထဲ.......။
သူ့ရဲ့ မျက်ဝန်း...
အပြစ်ကင်းလွန်း...
ကိုယ်စွဲလန်းနေဆဲ...ဓါတ်ပုံထဲ.....။
ချစ်သူရေ.....
မျက်ဝန်းလေးကို...ငေး..
အပြုံးလေးကို....ခံယူ...
မှီထားတဲ့ ခေါင်းလေးကို...လက်ခံ...
လက်ကလေးကို......ဆုပ်ကိုင်ပြီး..
အသံလေးကို...
(အပြင်မှာလေ..)
ကိုယ်........ကြား..ချင်..နေ..ပြီ...။ ။
ကိုဇော်
http://zaw357.multiply.com/journal/item/221 မှာ 25.4.2009 ကရေးခဲ့တာပါ။
1 ယောက် ရဲ့ ထင်မြင်ချက်:
ဆန္ဒတွေပြည့်ပါစေရှင်။
may
Post a Comment