ငါ့ရဲ့ အခန်းက
နည်းနည်းဆန်းတယ်. . .၊
လူတွေနဲ့လည်း
နည်းနည်းလှမ်းတယ်. .။
ခပ်မွဲမွဲနဲ့
အရောင်နည်းတယ်. .
ငါ့ဖာသာ ထွန်းလင်း
နေ့မီးအိမ်ပဲ. .။
စိတ်တံခါးတော့ ဖွင့်ထားလိုက်ပါ
အခန်းညစ်ညစ်ထဲ
ငါ လင်းရှင်းမယ်. .။
မနွမ်း တနွမ်း အိပ်မက်တွေနဲ့
ငါ ည
ပုဝါပါးနဲ့
ခပ်ဝါးဝါးခြားထားတယ်..။
အထီးကျန်တယ်ဆိုတာ
အဖော်မရှိတာ မဟုတ်ဘူး
အဖော်မဲ့နေတာလေ. .။
ငါ့မှာ အိပ်မက်တွေတော့ ရှိတယ်
ငါ့အိပ်မက်တွေကလည်း
သူ့ဖာသာ
အိပ်မက် မက်နေရင်းနဲ့
ငါ့ကို မေ့ထားတယ်. .။
စိတ်ချ ချစ်သူကို
ချစ်တယ်လို့ မပြောမိစေရဘူး. .
ဒါပေမဲ့ . .
ငါ့ကိုယ်ငါတော့ မုန်းတယ်. .။
ဒီလိုနဲ့ပဲ
ငါ့ နေ့ရက်တွေကို
ငါမွေးတယ်. .။
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment