- ၁) အန္တရာယ်ကို မြင်နိုင် တွေနိုင်တဲ့ အကွက်အကွင်း ကောင်းကောင်းမှာ အနားယူတတ်ပါစေ...။
- ၂) လမ်းသွားစဉ် ၊ အစာဖမ်းစဉ် ၊ လွတ်ရာသို့ပြေးစဉ် အချိန်အခါမရွေး ညင်သာစွာ ရွေ့လျားတတ်ပါစေ..။
- ၃) မိမိအလိုရှိရာမရမချင်း အကြိမ်ကြိမ်ရအောင် တောင်းလိုက်စမ်းပါ..။
- ၄) စားသမျှ ကျေညက်စွာ ၀ါးစားပြီး အ၀စားနိုင်တာထက် များစွာလျှော့စားပါ..။
- ၅) အန္တရာယ်ရှိသော နေရာ ၊ ပြဿနာရှိသော အိမ်ပူများကို စွန့်ခွာပါ..။
- ၆) မိမိရဲ့အလုပ် အဆုံးသတ် ၊ အလေအလွင့်များကို သူတပါးမသိ ၊ မမြင်အောင် သိုသိုသိပ်သိပ် ဖုံးအုပ်လုပ်ကိုင်ပါ..။
- ၇) မိမိတို့ရဲ့ ဆွေစဉ်မျိုးဆက်ပညာ နဲ့ တိုးတတ်လာသော ပညာများကို သားသမီးများအား ဆင့်ပွားသင်ပေးတတ်ပါစေ..။
- ၈) စိတ်ဝင်စားလို့ ဆော့ကစားမယ် ဆိုရင် ကလေးငယ်လို ပေါ့ပေါ့ပါးပါး ဖြစ်ပါစေ...။
- ၉) လိုအပ်လာရင် မတုန်မလှုပ်ငိုက်မြည်းရင်း နဲ့ အမှောင်ထဲလည်းမြင်တတ်ပါစေ...။
- ၁၀) လိုအပ်လာရင် မိမိ ပညာ နဲ့ အတတ်ပညာကို မမြင်အောင် ဖွက်တတ်ပါစေ...။
- ၁၁) ဘယ်အချိန်ကြည့်ကြည့် အနံ့အသက်မရှိ ၊ သန့်သန့်ပြန့်ပြန့်နေတတ်အောင် လေ့ကျင့်ပြင်ဆင်ထားပါ...။
- ၁၂) မိမိမလိုချင်တာ ၊ မကြိုက်နှစ်သက်တာ ဆိုရင် အားနာပါးနာ လက်မခံပါနှင့်။
မတို့ မထိမိပါစေနှင့်.....။
ကိုဇော်
မှတ်ချက်။ ။ Reader Digest နှင့် ဆရာအတ္တကျော် ရေးသော “ မောဟပြေ ပုံတိုပတ်စများ ” စာအုပ်မှ ခွေးတွေဆီမှ အတုယူစရာများကို နှစ်သက်လို့ ဤစာကို လေ့လာရေးထားခြင်းမျှသာ ဖြစ်ပါသည်..။
http://zaw357.multiply.com/journal/item/191 မှာ 24.3.2009 ကရေးထားတာပါ.။
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment