"မေ့ဆေး"
* အတင်းအကြပ်ရယ် မဟုတ်ပါဘူး...
သတင်းတစ်ရပ်ရဲ့ ဝေဒနာကို ကုဖို့..
မေ့ဆေးတစ်ခွက် သောက်ခိုင်းရတာပါ...။ ။
* အတင်းအကြပ်ရယ် မဟုတ်ပါဘူး....
"ယပင့်" ၊ "ရရစ်" ဤနှစ်ဖြစ်မှာ...
သူကို "ရရစ်" နဲ့ "ခြစ်" လိုက်ပါ....။ ။
* မချစ်ခိုင်းတာ မဟုတ်ပါဘူး...
အပြစ်တံတိုင်းမှာ...
သူကို လှောင်ခတ်ထားလိုက်ပါ...။ ။
* မချစ်ခိုင်းတာ မဟုတ်ပါဘူး....
စစ်တိုင်းဟာလည်း မအောင်မြင်ပါဘူး....
မျက်ရည်ရွဲလဲ ငိုပွဲတွေပါပဲ...။ ။
* မုန်းခိုင်းတာ မဟုတ်ပါဘူး...
ဒါဟာ...မင်းအတွက်..
အကောင်းဆုံး ဆေးခါးပါ...။ ။
* မုန်းခိုင်းတာ မဟုတ်ပါဘူး....
ဒါပေမဲ့.....
မင်း....မေ့ဖို့တော့ လိုလိမ့်မယ်...။ ။
ကိုဇော်
မှတ်ချက်။ ။ ဒီကဗျာဟာ အသစ်တော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်က သူငယ်ချင်း တစ်ယောက် အတွက် ရေးထားတာပါ။ ပြီးတော့ ကျွန်တော် နံပါတ် ၉ မှာလည်း ဒီကဗျာ ဖြစ်လာပုံက စပြီး ပို့စ် တင်ဖူးပါတယ်။ အခုတော့ ကဗျာလေးအနေနဲ့ သီးသန့် ပြန်တင်ချင်လာတာနဲ့ တင်လိုက်တာ.။ နောက်တစ်ခုက အခု ပုံပြင်ဇာတ်လမ်း အရှည်တစ်ခု ရေးနေလို့ လောလောဆယ် ပို့စ်ပြတ်မှာ စိုးလို့ ပြန်တင်လိုက်တာပါ။ ဘယ်တော့ ပြီးမလဲတော့ မသိဘူး အဟီး။
ကိုဇော် ခံစားရေးဖွဲ့သည်။
2 ယောက် ရဲ့ ထင်မြင်ချက်:
ကြာတော့လည်း မေ့သွားကြတာပါပဲ...။
ခဏနဲ့ မေ့ချင်ရင်တော့ မေ့ဆေး အကူအညီ လိုတာပေါ့နော်..
ကဗျာလေးကောင်းလိုက်တာနော်
Post a Comment