မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 December 2009

0 စာပေဟောပြောပွဲ ဖိတ်စာ




မနေ့က ကျွန်တော့်ကို သူငယ်ချင်း ကိုကိုမောင်က ဖုန်းဆက်လာပါတယ်။ “ စာပေဟောပြောပွဲ မသွားဘူးလား။ ” တဲ့။ စာပေဟောပြောပွဲကို အရမ်းဝါသနာပါတဲ့ ကျွန်တော် သွားချင်နေတာ ကြာပါပြီ။ အခုကတော့ တတိယအကြိမ်ပါ။ ပထမအကြိမ်ကလည်း အလုပ်ကြောင့် မသွားလိုက်ရဘူး။ ဒုတိယအကြိမ်ကလည်း သူငယ်ချင်းတွေ ပြန်မှာကို လုပ်ပေးနေရတာနဲ့ ဝယ်ထားတဲ့ လက်မှတ်တောင်မှ ဆုံးသွားတယ်။

အခု ဒီနှစ်လည်း သွားချင်ပေမဲ့ ဘယ်က ဘာကိစ္စတွေ ပေါ်လာမယ်မှန်း မသိတာနဲ့ သွားဖြစ်တော့မှသာ သွားတာပေါ့ကွာ ဆိုပြီး ကျွန်တော် ထားထားလိုက်တာ။ အခုတော့ သူငယ်ချင်း “ ကိုကိုမောင် ” က လှမ်းပြီး ဖုန်းဆက်တယ်။ “ ဟုတ်ကဲ့.ကျွန်တော် လာဖြစ်ရင်လည်း လာဖြစ်မယ်ဗျ..။ ” လို့ပဲ ပြန်ပြောလိုက်မိတယ်။ အခုတော့ သူက လက်မှတ်ဝယ်ပြီး ကျွန်တော့်ကို တွန်းအားပေးတယ်...အဟီး။

ကောင်းပါတယ်. . ကျေးဇူးပါပဲ။ ကိုယ့်ဖာသာကိုယ်ဆိုရင် နေပစေကွာ အဆုံးခံလိုက်ရတော့မှာပဲ ဆိုပြီး သွားဖြစ်ချင်မှ သွားဖြစ်ဦးမယ် အခုတော့ “ ကျွန်တော် လာခဲ့ပါ့မယ်။ ”

အခု တတိယအကြိမ် စာပေဟောပြောပွဲမှာ ဟောမဲ့သူတွေကတော့ “ ဆရာ ချစ်ဦးညို ၊ ဆရာ နေဝင်းမြင့် ၊ ဆရာမ ဂျူး ” တို့ပါပဲ။ အင်း..ဆရာ ၊ ဆရာမတွေဆီက အတွေးအမြင် ဒဿနလေးတွေ ၊ မှတ်သားစရာလေးတွေ ကြားရဦးမှာပေါ့ဗျာ.။ ဒါဆိုရင်လည်း သူငယ်ချင်းတွေလည်း တဆင့်ကြားရမှာပါပဲ။ ဟောပြောပွဲ ကျင်းပမဲ့ ရက်က ၂၇ ၊ ၁၂ ၊ ၂၀၀၉ ပါ။




သူငယ်ချင်း ကိုကိုမောင် ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ကိုဇော်




Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: