မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


07 December 2009

0 ကုသိုလ်ကို ဘယ်လိုနားလည်ပါသလဲ

ကျွန်တော်ဒီနေ့(19.4.2009) မှာ သူငယ်ချင်းတစ်ယောက်ဖိတ်ထားလို့ သူတို့ စက်ရုံသူငယ်ချင်းတွေ စုလုပ်ကြတဲ့ အလှူကို ရောက်သွားတယ်ဗျာ..။ ဘုန်းကြီးကျောင်းမှာ အလှူကိုလုပ်တာပါ...။

ကျောင်းအမည်------ အသောကာရာမကျောင်း
ဆရာတော်ဘွဲ့---------ဘဒ္ဒန္တ ဒေါက်တာသီလ၀ံသ
ဆရာတော်Email----sivali66@gmail.com
ဆရာတော်ဖုံးနံပါတ်-----0060-169647712
ကျောင်းတည်နေရာ-----ASHOKARAMA BUDDHIST TEMPLE
Lot-4131 Jalan Perkhindmatan
U/19 Kg Baru Sg Bulah

47000, Kuala Lumpur ,
Selangor, Malaysia.


ဆရာတော် ဦးသီလ၀ံသ ဟောကြားတော်မူသော တရားတော်ထဲမှ ကျွန်တော်သိမြင်နာကြားရသော “ ကုသိုလ် ” အကြောင်းကို ဆရာတော် ဟောကြားတော်မူပုံ ဥပမာလေးကို ကျွန်တော် အလွန်နှစ်သက် ၍ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်..။ ဆရာတော်က ဒီလိုဟောပါတယ်..။

“ ဒကာတို့ ကုသိုလ်ဆိုတာ ကိုင်တွယ်ပြလို့မရဘူး...။ ဥပမာ- အချိန်ပို (OT) တစ်နာရီ ဆင်းရင် ၁၀ ကျပ် ၊ ၂၀ ကျပ် ရတယ်ဆိုပါတော့ ဒါဟာ သေချာတဲ့ အလုပ်တစ်ခုပါ...။ ကုသိုလ်ဆိုတာ အလှူတစ်ခုပြုတာနှင့် သေချာရပြီလို့လဲ မဆိုနိုင်သေးပါဘူး..။ စိတ်ထားတတ်ဖို့ လိုပါတယ်..။ သို့သော်....မိမိအတွက် ဘယ်အရာ တွေက မိမိဘ၀သို့ပါလာနိုင်ပါသလဲ..။ မိမိရဲ့ မိဘ ၊ မောင်နှမ ၊ ခင်ပွန်း ၊ ဇနီး ၊ မိတ်ဆွေသူငယ်ချင်း ဒါတွေဟာ လက်ရှိဘ၀အချိန်အတွက်တော့ ကူညီနိုင်ကောင်းပါတယ်..။ ဒါပေမဲ့ မိမိနောက်ဆုံးအချိန် သေဆုံးခါနီးမှာ ဒီအရာ တွေက ဘာမှ အကူအညီမပေးနိုင်ပါဘူး..။ ဒီအချိန်မှာ မိမိကို ထောက်ပံ့ကူညီနိုင်တာက ကုသိုလ်တရားပါ...။ ဒကာတို့ ဒီလို စဉ်းစားကြည့်ပါ....။ ဘုန်းကြီးအမြဲပေးနေတဲ့ ဥပမာလေးနဲ့ ပြောပြပါမယ်..။

ရန်ကုန် - မန္တလေး ရထားစီးသွားပြီဆိုပါတော့...။ ရထားပေါ်မှာ အထူးအိပ်စင်တန်းပါမယ်..။ အထူးတန်းပါမယ်..။ ရိုးရိုးတန်းပါမယ်..။ ဒီရိုးရိုးတန်းမှာမှ နေရာမရလို့ ထိုင်ခုံမဲ့ စီးနင်းလိုက်ပါလာသူတွေပါမယ်..။ နောက်ဆုံးရရာနေရာ မှာ တွယ်ကပ်စီးနင်းရတဲ့ သူတွေပါမယ်..။

ဒီလို အမျိုးမျိုးအထွေထွေ စီနင်းလိုက်ပါလာတဲ့ သူတွေမှာ သူတို့ လမ်းခရီးတွင်သော်လည်းကောင်း ၊ လမ်းခရီးအဆုံးတွင်သော်လည်းကောင်း သုံးစွဲရန်အတွက် ယူဆောင်လာသော ပစ္စည်းများပါပါလိမ့်မယ်..။ ဒီပစ္စည်းတွေဟာ ခရီးမှာ သုံးစွဲရန်အတွက် ဖြစ်ရင် ဖြစ်မယ်...။ သို့မဟုတ် လမ်းခရီးဆုံးတွင် သုံးစွဲရန်အတွက် ဖြစ်ရင်လဲ ဖြစ်မယ်..။

စီးနင်းလိုက်ပါလာသူတွေဟာ နောက်ဆုံးသူတို့ ခရီးအဆုံး မန္တလေးရောက်သောအခါ ခရီးဆုံးပြီဖြစ်တဲ့အတွက် ဆင်းရပါတော့မယ်..။ ဒီအချိန်မှာ သူတို့စီးနင်းလိုက်ပါလာသော နေရာဖြစ်တဲ့ အထူးအိပ်စင်တန်း၊ အထူးတန်း ၊ ရိုးရိုးတန်း ၊ ရိုးရိုးတန်းမှာ နေရာမရလို့ ထိုင်ခုံမဲ့ လိုက်ပါခဲ့တဲ့နေရာ ၊ ရရာနေရာမှာ တွယ်ကပ်စီးခဲ့တဲ့နေရာ ၊ ဒီနေရာတွေကို သူတို့ဟာ ခရီးလမ်းဆုံးပြီးဖြစ်တဲ့ အတွက် ...အော် ..ဒီနေရာလေးဟာ ငါ စီးခဲ့တဲ့ နေရာလေးပါ..၊ ဆိုပြီး သူတို့ သွားတဲ့နေရာကို ယူသွားလို့ရပါသလား...။

မရပါဘူး..ဒကာတို့....ဒီခရီးစဉ်မှာ သူတို့ ဘယ်နေရာကြီး ၊ ဘယ်နေရာမှာပဲ စီးခဲ့စီးခဲ့ လမ်းခရီးဆုံးတော့ သူတို့ စီးခဲ့တဲ့နေရာကို သူတို့ သယ်ဆောင်လို့ မရပါဘူး..။ ဒီနေရာမှာ သူတို့ သယ်ဆောင်သွားလို့ရတာ ကတော့ သူတို့နဲ့ အတုတူသယ်ဆောင်လာခဲ့တဲ့ “ ပစ္စည်းများ” ပါပဲ..။ ဒီပစ္စည်းများကို သူတို့ သွားလေရာ ဆက်လက် သယ်ဆောင်သွားနိုင်ပါတယ်..။ ဒီပစ္စည်းများဟာ နောင်သံသရာမှာမှ အသုံးကျတာ မဟုတ်ပါဘူး..။ လက်ရှိဆိုတဲ့ ရထားပေါ်မှာလဲ အသုံးလိုရင် သုံးလို့ရပါတယ်..။ ဒီပစ္စည်းများဟာ “ ကုသိုလ် ” ပါပဲ..။ ပြုခဲ့တဲ့ ကုသိုလ်များဟာ မိမိရဲ့ နောက်ဆုံးအချိန်မှာ မိမိနောက်ကို ပါလာမဲ့ အရာတွေပါပဲ...။

ဒီတော့ မိမိရဲ့ မိဘ ၊ ဆွေမျိုး ၊ ခင်ပွန်း ၊ ဇနီး ၊ မိတ်ဆွေ ဒါတွေဟာ မိမိနောက်ကို နောက်ပါလာနိုင်မဲ့ အရာတွေ မဟုတ်ပါဘူး..။ မိမိနောက်ကို တကယ်လိုက်ပါနိုင်တာတွေက “ ကုသိုလ် ” တွေပါပဲ....။

ဆရာတော် ဘဒ္ဒန္တဒေါက်တာ သီလ၀ံသ



မှတ်ချက် ။ ။ ဤတရားတော်နှင်ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းလွဲချော်မှု ၊ ချို့ယွင်းချက်များရှိပါက မူလဟောကြားတော်မူသော ဆရာတော် ဦးသီလ၀ံသ ၏ အမှားမဟုတ်ပဲ..။ ကျွန်တော် zaw357@gmail.com ၏ ညံ့ဖျင်းမှု အမှားသာဖြစ်ပါသည်..။

ကိုဇော်

http://zaw357.multiply.com/journal/item/214
မှာ 19.4.2009 ကရေးထားတာပါ။





Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: