မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 April 2010

13 Happy Birthday ပါ ညီမလေး





အစ်ကိုကို အဖေ ၊ အမေထက်ပိုပြီး ခင်တွယ်လေးစားတဲ့ ညီမ တစ်ယောက် ကျွန်တော့်မှာ ရှိတယ်။ သင်္ကြန်ရေတွေ ခန်းပြီး ပိတောက်တွေ နွမ်းတဲ့ ဒီလို နေ့မှ ကျွန်တော့်ညီမကို မွေးခဲ့တာ . . .။

ကျွန်တော် မှတ်မိနေသေးတယ်။ အဲဒီနေ့က အသက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ ကျွန်တော်က အမေ ဗိုက်နာတယ် ဆိုလို့ အဖေ့အလုပ်က ကားကို ဖုန်းဆက် မခေါ်ပဲ ဆိုက်ကားပြေးခေါ်လို့ အမေဘက်က အမျိုးတွေက ပြောမရတဲ့ လူတစ်ကောင် တစ်ကောင်ကို နားဝင်လိုငြား ဝိုင်းပြီး ဆူပူကြသေးတယ်။ ကျွန်တော့်ကလည်း ဒီလိုပဲ သိပ်ပြီးတော့ အတင်စီးခံချင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ( အဲဒီတုန်းက ကျွန်တော်နဲ့မေမေက နှစ်ဘက်မိဘတွေရဲ့ မာန်မာနတွေကြားမှာ အပယ်ခံ ဘဝ။ သူတို့ကစည်းစိမ်တွေ ကြားမှာ ကျွန်တော်တို့ ငစိန်စားနေရတဲ့ အချိန်။) ဒါကြောင့် ကားမှတ်တိုင် နှစ်မှတ်တိုင်ထဲပါဗျာ ဆိုပြီး ကျောက်မြောင်းဈေးဘေးက သားဖွားဆေးရုံကို အမေကို ဆိုက်ကားပေါ်တတ်ပြီး ထွက်လာခဲ့တယ်။

ရေနွေးဓါတ်ဗူးတဲ့ ၊ စောင်တဲ့ ၊ နနွင်းဘူးတဲ့ ဆွေးမျိုးတွေ ဝိုင်းထည့်ပေးတဲ့ ခြင်းတစ်လုံး ကျွန်တော် လှမ်းတောင်မှ မကြည့်ဖြစ်ခဲ့ဘူး။ သားဖွားဆေးရုံသွားမှာ သားဖွားတဲ့ လူကပဲ အဓိကလို့ ကျွန်တော် ယူဆမိတယ်။ မေမေဗိုက်နာနေပါတယ် ဆိုမှ. . ။ ကျွန်တော် ဆိုက်ကားပေါ် ရောက်အောင် တင်တာက ကျွန်တော့်မေမေပဲ။ ပေးချင်တဲ့သူ နောက်က လိုက်ပေး . . မပေးရင်လည်း ကျွန်တော့်ဖာသာ ပြန်လာယူမယ်လို့ ကျွန်တော်ပြောပြီး ဆိုက်ကားဆရာကို အသွက် နင်းခိုင်းခဲ့တယ်။

တကယ်လည်း ခေါင်းမာမာပါပဲ။ ဘယ်သူမှလည်း လိုက်မပေးဘူး။ ကျွန်တော်ကလည်း မျှော်မနေပါဘူး။ ကြိုတင် စာရင်းပေးထားတော့ မေမေ ဗိုက်နာပြီး လာတယ် ဆိုကတည်းက ဆရာမတွေက ပြင်ဆင်ပေးကြတယ်။ ဟဲ့. . ဘာမှ မပါဘူးလား တဲ့။ ဟုတ်တယ် ဆရာမ ဘာမှ မယူလာခဲ့ဘူး။ ဘာတွေ လိုလဲ ဆိုတော့ သူတို့ပြောတာတွေ ကျွန်တော် မှတ်ပြီး ကျွန်တော် ပြန်လာခဲ့တယ်။ တစ်နေ့ကို ကလေး အများကြီး မွေးပေးနေတဲ့ ဆရာမတွေလောက် ဘယ်သူက သိဦးမှာလဲ။ ဒီလိုပဲ ခပ်ရွတ်ရွတ်တွေးမိသေးတယ်။

ဒီလို အကြောတွေကြောင့်လည်း အမျိုးတွေက သူတို့ ကျွန်တော့်ကို ချစ်ပေမဲ့ အစေးကပ်အောင် မပြောရဲကြတာ။ ကျွန်တော်ကလည်း ငယ်ငယ်တုန်းက တော်တော်ကို ထုံပေပေ နိုင်တယ်။ တစ်ခါတစ်လေများ ကျွန်တော် သူတို့ ပြောတာကို အကျိုးအကြောင်းသင့်လို့ လက်ခံလိုက်ပြီ ဆိုရင် သူတို့မှာ ထီပေါက်တာထက်တောင်မှ ပြောမဆုံးအောင် ပျော်တတ်ကြသေးတယ်။ ဒါတွေလည်း ကျွန်တော် မှတ်မိနေသေးတယ်။ ဆေးရုံမှာ မေမေ့ကို ထားခဲ့ပြီး ကားမှတ်တိုင် နှစ်မှတ်တိုင်လောက် ခရီးကို ကျွန်တော် လမ်းလျှောက်ပြန်လာခဲ့တယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဆိုက်ကားစီးရမှာ လူပေါ်လူကျောတယ်လို့ ယူဆမိလို့ လွန်စွာ အရေးမကြီးရင် ကျွန်တော် မစီးဖြစ်။ ( အခုလည်း မစီး။ )

အိမ်ပြန်ရောက်တော့ သူတို့ လုပ်ပေးထားတဲ့ အထုပ်တွေထဲက ဆရာမတွေ အဓိက မှာလိုက်တာတွေ ယူပြီး ကျွန်တော် ပြန်လာခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အချိန်ကာလတွေထဲမှာ အကျဉ်းကြပ်ဆုံးဆိုတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရတဲ့ အချိန်လို့ ဆိုရနိုင်တယ် ဒီအချိန်က။ ဒါပေမဲ့ ကျွန်တော့်အတွေးတွေက လေနဲ့ အတူ လွှင့်နေပြီး ကျွန်တော့်မာနတွေက တိမ်ကို ဖောက်နေတယ်။ ဆေးရုံကို ပြန်လျှောက်လာတော့ လမ်းမှာ ကျွန်တော် ဆုတောင်းမိတယ်။ ညီလေး မွေးရင် ကောင်းမယ်ကွာ။ ငါ့လုပ်ချင်တာတွေ ငါ့ညီလေးနဲ့ အတူတူ လုပ်ပစ်မယ် လို့ မရဲတရဲ တွေးမိတယ်။

ဆေးရုံကို ရောက်တော့ မေမေ မွေးပြီတဲ့။ ဘာလေးလည်း ဆိုတော့ ညီမလေးတဲ့။ ညီလေး လိုချင်ပေမဲ့လည်း ညီမလေး ဆိုတော့ သိပ်ပြီး ထူးထူးခြားခြားလည်း မခံစားရပါဘူး။ ဒါနဲ့ ဆေးရုံကနေ နှစ်လမ်းမြောက်က ဖေဖေ့ အလုပ်ရုံကို သွားတော့ ဖေဖေ နဲ့ တွေ့တယ်။ ပြီးတော့ မေမေမွေးပြီး ဖေဖေ လို့ ပြောလိုက်တော့ ဖေဖေလိုက်လာတယ်။ ဒါနဲ့ ကျွန်တော့်မှာ ညီမလေး တစ်ယောက် ထပ်ရလာတယ်။

ကျွန်တော်နဲ့ သူက ရုပ်ကအစ စိတ်ဓါတ်တွေပါ တူတယ်။ တစ်ခု ရှိတာက သူက စိတ်က ထက်ပေမဲ့ စိတ်က ကျွန်တော်တို့လို ငယ်ငယ်က မနေခဲ့ရတာလည်း ပါတယ်။ သူ စိတ်သိပ်ပြီး မမာဘူး။ သူ့ဘဝမှာလည်း ကျွန်တော်လောက်ပဲ ပြောစရာ ရှိတယ်လို့ ထင်နေခဲ့သူ။ ကျွန်တော့် ဘာလုပ်လဲ ဒါကိုပဲ လိုက်လုပ်တတ်ချင်သူ။ သူ ၉ တန်း ၊ ၁၀ တန်းမှာ သူ့ကို ကျွန်တော် Guide လုပ်ပေးဖို့ မျှော်လင့်ထားသူ။ ဒီနောက်မှာတော့ မိဘတွေရဲ့ ဝရုံးသုန်းကား လုပ်ရပ်တွေထဲမှာ ရည်ရွယ်ချက် ၊ မျှော်လင့်ချက်တွေ ပျောက်ရှပြီး ပစ္စပ္ပုန်ကို သူ့ဖာသာ မရေမရာ ကျွန်တော်နဲ့ တီးတိုးတိုင်ပင်နေခဲ့ရသူ တစ်ယောက်။

ကျွန်တော့်ညီမ ကျွန်တော့်ကို ပြောပြတဲ့ အဖြစ်အပျက်လေး ပေါင်းများစွာ ရှိတယ်။ ဒီအဖြစ်အပျက်တွေ အပေါ်မှာလည်း ကျွန်တော်က ပြန်ပြီး ဖြေရှင်းပြရတာတွေ ရှိတယ်။ တချို့ အဖြစ်အပျက်တွေကျတော့ သူ့အမြင်က ပိုကောင်းနေတတ်တယ်။ တစ်ခါတစ်လေကျတော့လည်း သူ့ကို ဖြစ်စဉ်လေးတွေနဲ့ အားပေးရတာတွေ ရှိတယ်။ အခု ကျွန်တော် ပြောပြချင်တာတွေကတော့ ကုန်မှာ မဟုတ်ဘူး။ သူ့ကို ကျွန်တော် ပြောပြတဲ့ အထဲက တချို့ကို ကျွန်တော် ဖော်ပြလိုက်ပါတယ်။

လူတိုင်းနဲ့တော့ ကိုက်ညီမှာ မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ “ ဒါ. . . ကျွန်တော့်ညီမ ”  အတွက်သာ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တစ်ခါတစ်လေတော့ လူဆိုတာ ကတတ်ပင် လို ဖြစ်သင့်တယ် ညီမလေး။ ကတတ်ပင် ဆိုတာ နဲ့ လူတွေက ကတတ်ညွှန့်ကိုပဲ သွားသတိတရ မြင်မိတတ်တယ်။ ဘာလို့လဲ ဆိုတော့ ကတတ်ပင်ရဲ့ အညွှန့်ဆိုတာ သူ့ကို ခူးလေ ထွက်လေပဲ။ ဒါကြောင့် “ ကတတ်တစ်ပင်ပဲ အညွှန့်နိုင်အောင် ခူးပါဦး ” လို့ ဆိုစကား ဖြစ်လာခဲ့တာပဲ။

ကိုယ်ကလည်း ကတတ်ပင်လို ကိုယ့်ကို တစ်ယောက်ယောက်က မကောင်းကြံစည်ခံရတိုင်း ၊ ကံကြမ္မာမကောင်းတာနဲ့ ကြုံရတိုင်း ၊ ကိုယ်လိုချင်တာ တစ်ခု ဖြစ်မလာတိုင်း စိတ်ဓါတ်ပျက်ပြားပြီး မလုပ်နိုင် မကိုင်နိုင် မဖြစ်သင့်ဘူး။ ဒါက ဒီလို မဖြစ်ဘူးဆိုရင် ဒါကို ဘယ်လို ဖြစ်အောင် လုပ်မလဲ ဆိုတဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ဥာဏ်က ကတတ်ပင်က အညွှန့်လေးကို ချိုးလိုက်သလိုပဲ နောက်ထပ် အသစ် သုံးလေးခု ထပ်ထွက်လာနိုင်ရမယ်။

ဒါမှ လူဆိုတာ အညွှန့်တွေနဲ့ ဝေဖြာနေမှာပေါ့ ညီမလေး။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အပင်လေး တစ်ပင် ရှိတယ် ညီမလေး။ အဲဒီ အပင်က မိုးရာသီ ဆိုရင် သူက အရိုးတွေချည်းပဲ ကျန်ပြီး နေတတ်တယ်။ ဒီအချိန်မှာတော့ တခြားအပင်တွေက မိုးရေကို ရလို့ စိမ်းစို ပွင့်လန်း ဝေဆာနေကြတာပေါ့။ ဒါပေမဲ့ မိုးဆိုတာကလည်း အမြဲ မရှိနေနိုင်ဘူး။ မိုးဆိုပေမဲ့လည်း များလွန်းပြန်တော့လည်း အပင်ကို ရေလွှမ်းပြီး သေကြေကြရပြန်ရော။ မိုးဆိုတာ နဲ့ အတူ လေကပါ ပါလာတတ်တယ်လေ။ ဒီလို အချိန်မှာ မိုးရေကို နှစ်သက်လို့ သုံးစွဲပြီး အရွက် ၊ အပွင့် ၊ အကိုင်းတွေ ထွားကြိုင်းနေပါတယ် ဆိုတဲ့ အပင်တွေပဲ မိုးရေ နဲ့ အတူ ပါလာတဲ့ လေတွေကြောင့် ကျိုးပျက်ကြရတယ်။

ဒီလိုနဲ့ နွေဆိုတဲ့ ပူပြင်းတဲ့ အချိန်ကိုလည်း ရောက်လာရော မိုးရာသီမှာ စိမ်းလန်းစိုပြေပြီး ရှိနေတဲ့ အပင်တွေကတော့ ရွက်ဝါတွေ ချွေချလို့ အရွက်တွေ တဖြုတ်ဖြုတ် ကြွေကျကြရတဲ့ အချိန်မှာ မိုးရာသီမှာ အရွက်မရှိပဲ အကိုင်းကြီးပဲ ကျန်နေတဲ့ သစ်ပင်ကတော့ ဒီလို အချိန်မှ သူ့မှာ ဘယ်ကနေမှန်း မသိတဲ့ အင်အားတွေ ရပြီး အရွက်တွေ ဝေဝေဆာဆာနဲ့ လှပစွင့်ထွားနေတယ်။ ဒီတော့ သူ့ကို နာမည်ပေးကြတယ်။ “ မိုးမခပင် ” တဲ့။

တချို့ကတော့ ပြောကြတယ်။ မိုးတွင်းမှာ မိုးရေ မထိ ၊ မခလို့ မိုးမခပင်လို့ ခေါ်တာတဲ့။ ကိုကြီးကတော့ ဒီလို မထင်ဘူး ညီမလေး သူက မိုးတွင်းမှာ သူများတွေလိုမျိုး မိုးရေတွေကို ရမှ ရှင်သန် စိမ်းလန်းရမယ် ဆိုတဲ့ ခယ တဲ့ အတွေးမရှိပဲ မိုးရေမရတဲ့ နွေဘက်မှ အစွမ်းကုန် စိမ်းလန်းပြနေတာလေ။ ဒါကြောင့် သူ့ကို မိုးကို မခယတဲ့ အပင်မို့ မိုးမခပင် လို့ ခေါ်တယ်လို့ ထင်မိတယ်။

လူဆိုတာလည်း မိုးမခပင်လို စိတ်ဓါတ်လည်း ရှိဖို့လည်း လိုတယ်။ ကိုယ့်ခြေထောက် ကိုယ်ရပ်ဖို့။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

ညီမလေးရေ. . .

တစ်ခါက

တော်အုပ်ကြီး တစ်ခုမှာ သတ္တဝါ တချို့နေထိုင်ကြတယ်။ ကျားတွေလည်း ပါသလို ၊ သမင်တွေလည်း ပါတယ်။ သမင်တွေက ကျားတွေ မစားနိုင်ပေမဲ့ ကျားတွေကတော့ သမင်တွေကို စားကြတယ်။ ဒီတော့ သမင်တွေ အဖို့ ဘယ်လိုမှ မတည်ငြိမ်ခဲ့ဘူး။ ကျားတွေက သူတို့ ဗိုက်ဆာလို့ သမင်တွေကို စားချင်တယ် ဆိုရင် လိုက်ကြတာ နဲ့ သမင်တွေက ဝရုန်းသုံးကား ထွက်ပြေးကြရတယ်။ ဘယ်လိုပဲ ပြေးပြေးပေါ့ တစ်ကောင်မဟုတ် တစ်ကောင်တော့ ကျားတွေရဲ့ အစာဖြစ်သွားတာပါပဲ။ ဒါကလည်း ဖြစ်စဉ်တစ်ခုလို ဖြစ်နေတယ်။

ဒီတော့ ဒါကို မြင်နေရတဲ့ လူတွေက သမင်တွေရဲ့ သေကြေ ပျက်ဆီးမှု အရမ်းများတယ်။ ဒါကလည်း ကျားတွေက စားလို့ ဖြစ်တယ်လို့ တွေးမိကြတယ်။ တကယ်လို့ ကျားတွေသာ မရှိတော့ဘူး ဆိုရင် သမင်တွေ ပိုပြီး ရှင်သန်လာနိုင်မယ် ၊ ပိုပြီး အသက်ရှင်နေနိုင်မယ် လို့ သူတို့ယူဆပြီး ကျားတွေကို တောထဲမှာ မနေနိုင်အောင်လို့ သူတို့ ကြိုးစားကြတယ်။ ကျားတွေကို တောအုပ်ထဲက ထွက်သွားအောင် မောင်းထုတ်ကြတယ်။ ဒါနဲ့ တောထဲမှာ ကျားတွေ မရှိတော့ပဲ သမင်တွေ ချည်းပဲ အျန္တရာယ်ကင်းစွာ နေကြရတယ်။ ဒီတော့ လူတွေက သမင်တွေချည်းပဲ ဆို သမင်တွေ အသက်ပိုရှည်ပြီး နေကြရပြီလို့ ထင်တာပေါ့။

ဒါနဲ့ ၆ လလောက် ကြာတော့ တောထဲမှာ ရှိနေတဲ့ သမင်တွေကို လေ့လာဖို့ လေ့လာရေးလူတချို့က ရောက်လာပြီး လေ့လာတော့ သူတို့ မထင်တာကို သွားတွေ့တယ်။ ဒါကတော့ သူတို့ အသက်ရှည်ပြီး နေနိုင်ကြလိမ့်မယ် လို့ ထင်ထားတဲ့ သမင်တွေက အခုတော့ သမင်တွေ များစွာ သေကြေ ပျက်ဆီးကြပြီး သမင်အကောင်ရေ များစွာ လျော့နည်းနေတာကို တွေ့ရတာပဲ။ ဒါ ဘာကြောင့်လဲ ဆိုပြီး သူတို့ စစ်ဆေးကြည့်တော့ ကျားတွေ မရှိတော့ သမင်တွေအတွက် အန္တရာယ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် သမင်တွေက သူတို့ စမ်းချောင်းမှာ ရေသောက်ပြီးပြီ ဆိုရင် ဘာမှ ကြည့်မနေတော့ဘူး။ အဲဒီနားမှာပဲ လှဲချလိုက်တော့တယ်။ သူတို့ စားစရာ စားပြီးရင်လည်း အရင်လို လာချောင်းနေတဲ့ ကျားတွေများ ရှိနေမလား ဆိုပြီး မစစ်ဆေးတော့ပဲ ခပ်အေးအေးပဲ လှဲချလိုက်တော့တယ်။

ဒီလို အချိန်ကြာလာတော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ပြေးလွှားလှုပ်ရှားမှု မရှိတော့ သွေးလည်ပတ်နှုန်းက မညီညွတ်တော့ပဲ သူတို့ခန္ဓာကိုယ်က အဆီပိုတွေ များလာပြီး တစ်နေ့တခြား ဝလာတယ်။ နောက်တော့ နှလုံးမှာ အဆီတွေ ဖုံး ၊ သွေးတိုး ၊ ကျောက်ကပ် စတဲ့ ရောဂါတွေ ဖြစ်ပြီး သူတို့ သက်တမ်းစေ့ မနေကြရတော့ပဲ သေသွားကြရတာလို့ သေနေတဲ့ သမင်တွေကို ခွဲစိတ် ကြည့်တော့မှ သိကြရတယ်။ ဒါနဲ့ပဲ သဘာဝကို သဘာဝအတိုင်းပဲ ကောင်းတယ် ဆိုတာကို လူတွေက သိသွားပြီး ကျားတွေကို တောထဲကို ပြန်ဝင်နိုင်အောင် လုပ်ပေးလိုက်ရတော့တယ်။ ဒီတော့ အရင်က လေးလံထိုင်းမှိုင်းနေတဲ့ သမင်တွေကလည်း အန္တရာယ်ရဲ့ သတိပေးမှုကြောင့် ပြန်ပြီး လန်းဆန်း ဖြတ်လတ် လာခဲ့တယ်။

ဒီလိုပဲ ညီမလေး။ လောကကြီးမှာလည်း တချို့ ကိစ္စတွေက အန္တရာယ် ရှိတယ် ဆိုတာ ကိုယ့်ကို အမြဲတမ်း ဖြတ်လတ် တတ်ကြွနေအောင် ဆောင်ရွက်ပေးနေတဲ့ အရာတွေ ဖြစ်နေတတ်တယ်။ အန္တရာယ်တွေ များနေရမယ်လို့ ကိုကြီး မပြောဘူးနော်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အရာ အပေါ်မှာ ကိုယ်က အကောင်းဆုံးဖြစ်အောင် လက်ခံ ယူလိုက်နိုင်ဖို့ပဲ လိုတယ်။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုကြီး ဟိုးမှာ မုန်တိုင်း မဟုတ်လား။

မဟုတ်ဘူး ညီမလေး။ အဲဒါ လေပြေတွေ နောက်မှာ ပါလာတယ်လို့ ပြနေတဲ့ လေပြေလာဖို့ ရှေ့ကနေ အမှိုက်ရှင်းနဲ့ အရာပါ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုကြီး ဟိုမှာ ဒီရေတွေ တတ်ပြီး ရေတွေကြီးနေပြီ။

ဒါက ကောင်းတယ်လေ ညီမလေး။ အညစ်အကြေးတွေကို လာဆေးပေးတာပါ။ အဲဒီ အညစ်အကြေးတွေကို သူက ဆွဲခေါ်သွားလိမ့်မယ်။ ကိုယ်ကတော့ အညစ်အကြေး မဖြစ်နေဖို့ပဲ လိုတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် အညစ်အကြေး ဆိုရင်လည်း သူက ခေါ်သွားလိမ့်မယ်။ သူလာပြီးရင် ကမ်းခြေသောင်ပြင်တွေကို သွားကြည့်စမ်း။ လှလိုက် ညီညာပြန့်ပြူးနေလိုက်တာမှ . . ။

~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အိပ်နေတာထက် စာရင် ထိုင်နေတာ ကောင်းတယ် . . . . .
ထိုင်နေတာထက် စာရင် ထနေတာ ကောင်းတယ် . . . .
ထနေတာထက် စာရင် လမ်းလျှောက်နေတာ ကောင်းတယ် . . . .
ရိုးရိုး လမ်းလျှောက်နေတာထက် စာရင် လက်လွှဲပြီး လမ်းလျှောက်နေလိုက်စမ်းပါ ညီမလေး။
ကျန်းမာတာပေါ့. . .။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

အား. . .

မငိုနဲ့ ညီမလေး။ ခလုတ်တစ်ခါတိုက်တယ် ဆိုတာလည်း အတွေ့အကြုံ တစ်ခုပဲ မဟုတ်လား ညီမလေး။ နောက်တစ်ခါ မတိုက်မိဖို့ပဲ လိုတော့တယ်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~

မွေးနေ့မှာ ပျော်ရွှင်ပါစေ ညီမလေး။

ကိုကြီး။
.
Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

ညီမချစ်တဲ့ အစ်ကိုတစ်ယောက်ဆိုတာ ပေါ်လွင်နေတယ်နော်။
မင်္ဂလာမွေးနေ့ပါ ညီမလေးရေ..။

ချစ်သမီး said...

ဟေးးးး
ဟက်ပီဘတ်ဒေးပါ ညီမလေးရေ...
ဒီလို အကိုတယောက်ရှိတာ မိုက်တယ်ဟေးးး
ညီမလေးကို ပြောတဲ့အထဲက
လိုချင်တာတွေ တပွေ့တပိုက်ကြီး
မျှယူသွားတယ်နော်..
ကျေးဇူးတင်ပါတယ် ကိုကိုကြီးးး
ဟဟဟ...

စကားမစပ်
မိုးမခပင်ရဲ့ ပုံလေးရှိရင် တင်ပေးပါဗျာ..
ကျနော် မြင်ဖူးချင်နေတာ ကြာပီ..
မိုးမခပင်တွေ ကဗျာကို
ဖတ်ခဲ့ရကတည်းကပေါ့..

nn

thu thu win said...

မင်္ဂလာမွေးနေ့ဖြစ်ပါစေ ညီမလေးရေ။
ဒီလို အကိုတယောက်ကို ပိုင်ဆိုင်ရတာ တကယ်ကံကောင်းတာပဲ။
အကိုဇော်တို့မောင်နှမတစု အေးချမ်းပျော်ရွှင်ပါစေ။

Crystal said...

ကျမမှာလည်း အစ်ကိုတွေရှိလို့ လာရောက်ခံစားကြည့်ပါတယ်။ ကျောက်မြောင်းနားဝန်းကျင်မှာ နေဖူးတယ်ဆိုတော့ အသိတွေတောင်ဖြစ်နေမလားမသိပါဘူးရှင်။ ဘာပဲဖြစ်ဖြစ် စကားတွေကတော့ ခွန်အားဖြစ်မိပါတယ်။ ညီမလေးလည်း ဒီလိုအစ်ကိုရှိတာ အရိပ်ကောင်းတဲ့ မေတ္တာတစ်ခုမှာ နားခိုခွင့်ရတော့ လုံခြုံတာပေါ့။ ပီတိတွေနဲ့ စာဖတ်ပြီး ပြန်သွားပါတယ်။

သစ်သစ် said...

ဒီနေ့မှ စပြီးလာဖတ်ဖူးတာပါ ညီမလေးအကြောင်းကိုရေးထားတာ ဖတ်ရတော့ အိမ်ကအစ်ကိုတွေကို သတိရမိတယ် ။ ကိုဇော်ချစ်တဲ့ ညီမလေးတစ်ယောက် ပျော်ရွှင်ပါစေနော်...

အောင်မော် said...

ကျနော်ဖတ်ဖတ်ပြီးcomment မေ၇းတာကြာပြီ..ကိုဇော်
ေ၇းတဲ့အကြောင်းအ၇ာတွေက..စိတ်ကိုမထိခိုက်တာ ၂ပါတ်လောက်ရှိပြီ....ဒီနေ့ညီမလေးအတွက်ေ၇းထား
တဲ့post လေးကိုတော့ကြိုက်တယ်...
ညီမလေးကိုချစ်တဲ့ကိုဇော်နဲ့
ကိုဇော်ချစ်တဲ့ညီမလေးတို့ အောင်မြင်သောဘ၀တွေပိုင်ဆိုင်၇င်း ပျော်ရွှင်ကြည်နုးစ၇ာမွေးနေ့များစွာ
ပိုင်ဆိုင်ပါစေဗျာ။

အောင်မော် said...

ကျနော်ဖတ်ဖတ်ပြီးcomment မေ၇းတာကြာပြီ..ကိုဇော်
ေ၇းတဲ့အကြောင်းအ၇ာတွေက..စိတ်ကိုမထိခိုက်တာ ၂ပါတ်လောက်ရှိပြီ....ဒီနေ့ညီမလေးအတွက်ေ၇းထား
တဲ့post လေးကိုတော့ကြိုက်တယ်...
ညီမလေးကိုချစ်တဲ့ကိုဇော်နဲ့
ကိုဇော်ချစ်တဲ့ညီမလေးတို့ အောင်မြင်သောဘ၀တွေပိုင်ဆိုင်၇င်း ပျော်ရွှင်ကြည်နုးစ၇ာမွေးနေ့များစွာ
ပိုင်ဆိုင်ပါစေဗျာ။

ရဲနိုင်ဝင်း said...

ပျော်ရွင်သောနေ့ရက်မျာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ကိုဇော်ရေးထာတာကောင်းတယ်ဗျာ ကျတော်ကတော့ ကိုယ့်ညီမမွေးနေ့ကိုမမှတ်မိတော့ဘူး

~ဏီလင်းညို~ said...

ကိုဇော်......
ခုမှဖတ်ရတယ်......။
နောက်ကျပေမယ့်လည်း...... ဆုတောင်းပေးတယ်......
ကိုဇော့်ညီမလေးအတွက်.........။
လိုအင်အားလုံး ပြည့်စုံပါစေလို့ပေါ့ဗျာ.......။
ပြီးတော့ ခွဲနေရတဲ့ ကိုဇော်နဲ့လည်း...... အမြန်ပြန်တွေ့ပါစေလို့........။
(သူ့မွေးနေ့တုန်းက အများကြီးဆွဲကြပြီး...... သူ့ညီမလေးမွေးနေ့ကျတော့ ဘာမှမကျွေးပါလားဗျ.......း))
ခင်မင်တဲ့
ဏီလင်းညို

ရွှေနတ်သား said...

ကျွန်တော်တို့ အတွက်လည်းမှတ်သားစ၇ာပိုစ့်လေးပါဘဲကိုဇော်ေ၇...ကို့ ဇော့် ညီမအတွက်လည်းပျော်ရွှင်သော
မွေးနေ့ ဖြစ်ပါစေဗျာ

Flower said...

ဟိုနေ့က မန့်မရလို့ဒီနေ့မှာ လာမန့်တာ
ပျော်စရာမွေးနေ့ပေါင်းများစွာပိုင်ဆိုင်ပါစေ ညီမလေးရေ
ဥပမာလေးတွေနဲ့ ပြောဆို ညွှန်ပြတတ်တဲ့ အစ်ကိုတစ်ယောက်ရှိတာ ဂုဏ်ယူစရာနော်
တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့
ဆုတောင်းပေးသွားပါတယ်..

khin oo may said...

ပျော်ရွင်မှုများကိုပိုင်ဆိုင်နှိုင်ပါစေ.ညီမလေး

uo said...

အစ်ကိုလို အစ်ကိုမျိုး ညီမမှာ ရှိခဲ့ရင်
ယောကျာင်္းယူဖြစ်ခဲ့မှာ မဟုတ်ဘူး