မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 April 2010

4 ကော်မာ ( Comma )




တစ်ခါက . . .

လူတစ်ယောက်ရဲ့ အသက်ကို “ ကော်မာ ” လေးတစ်ခုက အောက်ပါ အတိုင်းကယ်ခဲ့တယ်။

မာရီယာ ဖီယိုဒို ရီဝနာဟာ မမျှော်လင့်ဘဲ အောက်မှာ ဖေါ်ပြထားတဲ့ မှတ်ချက်ကလေးကို အမှတ်တမဲ့ တွေ့လိုက်မိတယ်။ သေမိန့် ချထားတဲ့ အောက်ခြေမှာ ပူးတွဲဖေါ်ပြထားတဲ့ မှတ်ချက်ပေါ့။ သူမ ရဲ့ ကြင်ယာတော် တတိယမြောက် အလက်ဇန္ဒားရဲ့ လက်ရေးနဲ့ရေးထားတဲ့ အမိန့်စာ ဖြစ်တယ်။ မှတ်ချက်မှာ ဖေါ်ပြထားတာက ဒီလိုပါ။

Pardon impossible , to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မဖြစ်နိုင်ပါ ၊ ဆိုက်ဗေးရီးယား သို့ ပို့ရန်သာ။

မာရီယာ က ကော်မာလေးကို နေရာ ရွေ့လိုက်ပါတယ်။ အဲဒီတော့ ဖေါ်ပြချက်က ဒီလိုဖြစ်သွားပါတယ်။

Pardon , Impossible to be sent to Siberia.
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါ ။ ဆိုက်ဗေးရီးယားသို့ ပို့ရန် မဖြစ်နိုင်ပါ။

အဲဒီ အကြောင်းကြောင့် ရာဇ၀တ်ပြစ်ဒဏ် ခံနေရတဲ့ အကျဉ်းသားဟာ လွတ်မြောက်သွားပါတယ်။ ဒါကြောင့် ဘယ်အရာ မဆို သေးလွန်းလို့ အရေးမပါဘူးဆိုတာ မရှိပါဘူး။ ကိုယ်အသုံးချတတ်မှု နဲ့ပဲ ဆိုင်ပါတယ်။


source; Chicken Soup For The Soul
မူရင်း ပို့ပေးတဲ့ ညီလေးကိုလည်း ကျေးဇူး။
ကိုဇော်

.
Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

what is good things said...

ကော်မာ (,) လေး တစ်ခုကြောင့် အသက်ချမ်းသာရာရသွား
တယ်ဆိုတော့ ၀မ်းသာစရာပါ။ အခုလို ဗဟုသုတပိုစ့်လေး ဖတ်ရတာ ကျေးဇူးပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

အကြမ်းထည် said...

I like it.
nice post.tks..
carry on!!
with rep;

ရွှေနတ်သား said...

သေးငယ်ပေမဲ့ ..နေ၇ာအလိုက် ကြီးမားတဲ့ ပြောင်းလဲမှုကို ဖြစ်စေတယ်လို့ မှတ်ယူသွားပါတယ်ကိုဇော်ေ၇

မြသွေးနီ said...

ကောင်းပ ကိုဇော်ရေ..
ကျွန်မလည်း အဲ့ဒီလို ဆင်ဆင်တွေးဘူးတယ်။
မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ ကြုံလာရင်ပေါ့..။
ှုIMPOSSIBLE ကို I M POSSIBLE လို့ ..။
ပျော်ရွှင်ပါစေ။