မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 April 2010

1 ကိုယ့်ကိုယ်ကိုယ် အမှန်မြင်ပါ




ကိုယ့်ကိုယ်ကိုယ် အမှန်ဖြင့်သာ ရှု့မြင်ပေးပါ။ ကိုယ့်ရဲ့ ရည်မှန်းချက် ၊ ကိုယ့်ရဲ့ အိပ်မက်တွေအပေါ် အမှန်အတိုင်း ရှု့မြင်ပါ။ ကိုယ့်ကိုယ်ကိုယ် အရာရာ အမှန်အတိုင်း မြင်တတ်လာရင် အောင်မြင်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်မြင်ပါ။ ကိုယ့်ရဲ့ လိုအပ်ချက် ၊ အဇ္ဈတ္တထဲမှ အလိုဆန္ဒများကို အလိုက်သင့် နာခံရင်း ကိုယ့်လိပ်ပြာသန့်စေရန် ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မြင်ပေးပါ။

ကိုယ့်ကိုယ်ကိုယ် အမှန်ဖြင့်သာ ရှု့မြင်ပေးပါ။ ကိုယ့်ဂုဏ်သိက္ခာကို အစွန်းအထင်းမရှိအောင် ထိန်းပါ။ အမြင့်မားဆုံးနဲ့ အကောင်းဆုံးတွေ အတွက် အမှန်မြင်နိုင်မှုကို ထိန်းသိမ်းပါ။ အမြင့်မားဆုံးနဲ့ အကောင်းဆုံးတွေ အတွက် အသက်ရှင်သန် နေထိုင်ပါ။ ကိုယ်မြတ်နိုးသော မျှော်လင့်ချက်များအပေါ် အမှန်အတိုင်း ရှု့မြင်ပါ။  ကိုယ်စွဲမြဲ ယုံကြည်ချက် အပေါ် အမှန်အတိုင်း သုံးသပ်ပါ။

ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အမှန်အတိုင်း သုံးသပ်နေခဲ့ရင် ဘယ်တော့မှ  မမှားနိုင်ပါဘူး။ အခြားသူတွေကို ပြောတာ ဆိုတာကို အရေးယူ ဂရုစိုက်နေစရာ မလိုပါဘူး။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ရှု့မြင်နေရင် မိတ်ဆွေအပေါ်မှာရော ၊ ရန်သူအပေါ်မှာပါ ဘယ်တော့မှ မတရားမှု ဆိုတာ ကျူးလွန်မိလိမ့်မယ် မဟုတ်တော့ပါ။

သူများတွေရဲ့ မြှောက်ပင့်ပြောဆိုမှု ၊ အကျိုးလိုလို့ လာဘ်ပေးမှု ၊ ကိုယ့်ကျင့်တရား ပျက်ယွင်းမှု တွေနဲ့ ဥစ္စာဓန ရလိုမှုတွေကြောင့် ကိုယ့်ရဲ့ အမှန်တရားအပေါ် ရှုမြင်မှု စံချိန်များကို မထိခိုက်ပါစေနဲ့။ ဘယ်သူ့ကိုမှ လည်း စိတ်ညစ်နွမ်း ၊ အားကုန်ခန်းအောင် မလုပ်ပါနဲ့။ ဒါဆို ငါဟာ အမြဲတမ်း အမှန်တရားကို ချစ်မြတ်နိုးတယ် လို့ ဘယ်သူ့ကိုမှ ပြောပြနေစရာ မလိုပဲ ကိုယ့်ရင်ထဲမှာ အမြဲကိန်းအောင်းနေပါလိမ့်မယ်။

source; True to Yourself By Patience Strong
ကိုဇော် တင်ပြသည်။
19.4.2010 - 4.30 AM

.

Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

အမည်မဲ့ said...

တကယ်ကိုမှတ်သားသင့်တာလေးပါ။
တင်ပြပေးလို့ ကျေးဇူးနော်။
ကိုယ်တိုင်ကျင့်သုံးနိုင်ရင်ပိုကောင်းမယ်နော်။:)