မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 April 2010

4 ဘာကို မြင်ပါသလဲ







ကျွန်တော်တို့ လူငယ် အရွယ်မှာ ကဗျာတွေ ၊ စာတွေ အပြိုင်းအရိုင်း ရေးနေကြတုန်းက ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရေးထားတဲ့ ကဗျာလေးထဲက စာသားလေး တစ်ခုပဲ အမှတ်ရနေမိတယ်။ အမြဲတမ်း မဟုတ်တာတောင်မှ ဒီလိုမျိုးတိုက်ဆိုင်လာရင် ဒီကဗျာလေးထဲက စာသားလေးက ကျွန်တော့်ကို သတိပေးနေသလိုပါပဲ။

သူ့ကဗျာလေးကို ကျွန်တော်က မူရင်းရေးသားသူ မဟုတ်တော့ သေသေချာချာတော့ အားလုံး မမှတ်မိပါဘူး။ မှတ်မိတဲ့ နေရာလေးက ဒီလို. . . .

“ အစက်ကလေးပေါ့ သေးသေးလေးပါ
ဟုတ်ပါတယ်. . ဒီနေရာဟာ မည်းတယ်။
အမည်းစက်ပေါ့။
ကျန်နေတဲ့ သူ့ဘေးနားက အားလုံး
ဖြူရော်ရော် ဖြစ်နေတာကို ကျတော့
ဘာလို့ မမြင်တာလဲ။ ”

တဲ့။ သူရေးလိုက်တော့မှ သူများတွေ ပြောပြောနေတဲ့ “ အမည်းစက် ” ဆိုတဲ့ စကားကို သူက စဉ်းစားပြီး အဓိပ္ပါယ်ဖွင့်လိုက်တာပါ။ အတော်အတွေးကောင်းးတဲ့ ကဗျာလေးပါပဲ။ အခုလည်း အလားတူ စာလေး တစ်ခုကို ဖတ်ကြည့်ပေးပါဦး။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

တစ်ခါက. . .

စီးပွားရေး ပညာရှင်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင် တစ်စုက ဟောပြောပွဲကို ဖိတ်ကြားပြီး ဖွင့်ဆို ဟောပြောစေတယ်။ ပညာရှင်က စက္ကူဖြူ ခပ်ကြီးကြီး တစ်ချပ်ကို ယူလိုက်ပါတယ်။ ထို စက္ကူပေါ်တွင် ဘေးမှာ ဘောပင် အနက်ရောင်ဖြင့် အမည်းစက် တစ်စက်ရေးပြီး ရှေ့တန်းတွင် ထိုင်နေသူ တစ်ဦးအား

“ ဒီစာရွက်မှာ ဘာမြင်ပါသလဲ။ ”

ဟုမေးပါတယ် ။
                            
ထိုလူက ချက်ချင်းဖြေပါတယ်။  

" အမည်းစက်" ကို မြင်ပါတယ်။ "
                           
ဟောပြောသူက လာရောက်နားထောင်သူတိုင်းအား တစ်ယောက်ပြီး တစ်ယောက် ထိုစာရွက်ကိုပဲ ပြကာ ထိုမေးခွန်းကိုပင် မေးပါတယ်။ လူတိုင်းကလည်း . . .

" အမည်းစက် ကိုမြင်ပါတယ်။" 

ဟုသာဖြေကြပါတယ်။ တစ်ယောက်မကျန် မေးပြီးတဲ့ အခါမှာ  လေးလေးနက်နက် ထားပြီး စီးပွားရေးပညာရှင်က သူ ပြောလိုချက်ကို ဖွင့်ဆို ရှင်းပြတယ်။
                           
" ဟုတ်ပါတယ် ၊ ဒီစာရွက်မှာ အမည်းစက် သေးသေးလေး ရှိနေပါတယ်။ ဒါပေမဲ့  ဝမ်းနည်းဖို့ ကောင်းမှစွာပဲ တစ်ယောက်မှ အမည်းစက်လေးဘေးက စက္ကူဖြူ အချပ်ကြီးကိုတော့ မမြင်ကြဘူး ၊ မဖော်ပြနိုင်ကြဘူး။ အဲဒါ အဓိက ကျွန်မ ပြောချင်တဲ့ စကား အဓိပ္ပါယ် ပါပဲ။

လူဆိုတဲ့ သဘာဝကိုက သူများ အားနည်းချက်ကို အရင်ကြည့်ပြီး တွေ့အောင် ရှာတတ်ကြတာလေ။ " 

တဲ့။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ဒီလိုပါပဲ။ ကျွန်တော်တို့တွေရဲ့ စိတ်တွေမှာလည်း လူတစ်ယောက်ကို ကြည့်တဲ့ အခါမှာ သူ့ရဲ့ ဆိုးကွက် အမည်းစက်ကိုပဲ ကြည့်နေမိလား။ သူ့ရဲ့ ကောင်းကွက် ဆိုတဲ့ အဖြူရောင်ကြီးကြီးကို လျစ်လျူရှူထားမိလား။ ဒါက ပိုပြီး အရေးကြီးပါတယ်။

ဒီနေရာမှာ ကျွန်တော် ဆရာတော် ဦးဇဝန ၊ မေတ္တာရှင် ( ရွှေပြည်သာ ) ရဲ့ စကားလေး တစ်ခွန်းကို ဖြည့်ပြီး ပြောလိုပါတယ်။

၁။ မကောင်းကွက်ကိုသာ ကြည့်မယ် ဆိုရင် ပေါင်းဖို့ရာ လူမရှိ။
၂။ ကောင်းကွက်ကိုသာ ကြည့်မယ် ဆိုရင် မပေါင်းဖို့ရာ လူမရှိ။

တဲ့။ အတော်ကို တာသွားပါတယ်။ လူတစ်ယောက်ကို အပြစ်တွေသာ ထိုင်ပြောနေမယ် ဆိုရင် မကုန်နိုင်သလို ၊ အပြစ်ရှာတဲ့ မျက်လုံးနဲ့ ကြည့်နေရင်လည်း အပြစ်တွေပဲ မြင်နေမှာပါပဲ။

ဒါကြောင့် အရာရာ ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်နိုင်ကြပါစေ။

source; Chicken Soup For The Soul  မှ စာကို မူရင်း ရေးပို့ပေးတဲ့ ညီလေးကိုလည်း ကျေးဇူး တင်ပါတယ်။

ကိုဇော် ခံစားတင်ပြသည်။
     
.

Share/Bookmark

4 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

လူမှုဆက်ဆံေ၇းအတွက်သင်ခန်းစာယူစ၇ာPost လေးပါ

Unknown said...

လူတိုင်းမှာအဆိုးနဲ့ အကောင်းကတော့တွဲပြီး
၇ှိနေမှာဘဲလေဗျာ.....ကောင်းတာများတော့
လူကောင်းပေါ့လေ...ဆိုးတာများတော့လူဆိုးလို့
သတ်မှတ်လိုက်ကြတာပါ.....ကျွန်တော်ကတော့
ဘာလာလာအကုန်ပေါင်းတယ်....

Flower said...

ဒီလိုလေ
အဖြူနဲ့အမဲမှာ ဘယ်အရာက ထင်သာမြင်သာရှိသလဲ ဆိုတဲ့သဘောပေါ့
လူတစ်ယောက်ကောင်းတာဘယ်လောက်လုပ်လုပ်
အဖြူရောင်က အရောင်ဖျော့ဖြစ်တဲ့အတွက် လူတိုင်းသတိမထားမိတတ်ဘူး
မကောင်းတာကို ကိုယ်စားပြုတဲ့ အနက်ရောင်ကျတော့
အင်အားကြီးပြီး မြင်သာတဲ့အရောင်ဖြစ်တာကြောင့်
လူတိုင်းက မကောင်းမှု သေးသေးလေးဘဲဖြစ်စေ
အဲဒါကိုဘဲ အရင်ဆုံးမြင်တတ်ကြတယ်
မှန်ပါတယ်..ဒီပိုစ့်လေးထဲကလိုဘဲ
အဖြူရောင်ကို မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်..

Unknown said...

အင်း ဟုတ်တယ်နော်... တစ်ခါ မကောင်းတာနဲ့ ဆယ်ခါမက ကောင်းခဲ့တာကို မေ့သွားတက်တယ်တဲ့.. သတိထားစရာပါ...