မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 April 2010

2 အပြစ်ရှာခြင်း



အပြစ်ရှာတယ် ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခုပါ။ ဝေဖန်ရေးဆိုတာ စာနာထောက်ထားစိတ် ခေါင်းပါးတဲ့ အရာ ဆိုတာ မှန်ကောင်း မှန်နိုင်ပါတယ်။ လူတွေရဲ့ အပြောအဆို ၊ အမူအရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လူတွေ အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီ နိုင်ပါဘူး။ ပုံသဏ္ဍာန်မတူ ၊ အရွယ်အစားမတူ ၊ စရိုက်သဘာဝ မတူ ၊ ရည်မှန်းချက် မတူ ၊ အမြင်မတူနိုင်ကြပါဘူး။ တကယ်လို့ ကျွန်တော်တို့ အားလုံး တသွေမတိမ်း တူညီနေရင် ကမ္ဘာလောကကြီးဟာ စိတ်ပျက်ငြီးငွေ့စရာ ကောင်းလာပါလိမ့်မယ်။

လူဆိုတာ ပုံစံ တစ်ခုတည်း ဖြစ်အောင် ပုံသွင်းထားလိုက်တာနဲ့ ဘဝ ဆိုတာ သာယာ မလာနိုင်ပါဘူး။ အရာရာတိုင်းကို အကောင်းဆုံး ဖြစ်အောင် ရှုမြင်ကြရပါလိမ့်မယ်။ အပြစ်အနာတွေကိုသာ ရှာမနေပါနဲ့။ တခြားသော တစ်ဖက်ကို ကိုယ်က မမြင်ရသေးခင် အပြစ်တင် မစောပါနဲ့။ ဘာလို့ ဆိုတော့ တချို့သူတွေက သူတို့ရဲ့ တကယ့် ခံစားချက်ကို ဖုံးကွယ် ထားတတ်လို့ပါပဲ။

သူတို့ ဘာဖြစ်နေတယ် ဆိုတာကို မမြင်နိုင်ပါဘူး။ သူတို့ ဘာလုပ်နေတယ် ဆိုတာကိုပဲ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဘယ်လို အဆုံးသတ်မယ် ဆိုတာကို ကိုယ်ကလည်း မမြင်နိုင်ပါဘူး။ ဒါကြောင့် သူတို့ ရင်ထဲမှာ ပျော်နေပြီး မျက်မှောင်ကြုံ့နေတယ် ဆိုတာ မျက်နှာဖုံး တစ်ခုပဲ ဖြစ်နေနိုင်ပါတယ်။ သူတို့ ကြိုးစား ပမ်းစား ဆောင်ရွက်နေတဲ့ ကိစ္စ အဆုံးသတ်ကို မမြင်နိုင်သောကြောင့် ဘာပဲဖြစ်နေပါစေ  “ အပြစ်တင် ” မစောပါနဲ့။

source; Finding Fault By Patience Strong 
ကိုဇော် တင်ပြသည်။
18.4.2010 - 2.33 AM

.

Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

တချို့သူတွေကသူတို့၇ဲ့ခံစားချက်ကိုတကယ်ဖုံးကွယ်ထား
တတ်လား။ဘာကြောင့်ဖုံးကွယ်ထားတတ်သလဲ။
လူတွေကိုအကဲခတ်၇တာမလွယ်ဘူးပေါ့နော်

Unknown said...

အပြစ်တင်မစောဖို့ ဆိုတာတကယ်ကိုအေ၇းကြီးပါတယ်ဗျာ..
ကျွန်တော်တို့ လွယ်လွယ်နဲ့  ဝေဖန်ချက်တွေပေး
သူများကို အပေါ်ယံလေးနဲ့ များ တွေးမိနေသလားဘဲဗျာ