မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 April 2010

5 ရှုထောင့်





ဘဝနေထိုင်မှု ဆိုတာ အနုပညာ တစ်ရပ်လည်း ဖြစ်တယ်။ ကိုယ့်မှာ ဘဝနေထိုင်မှုတွေ ဆုံးပါးနေရလား။ မိမိအပေါ် ကမ္ဘာကြီးက ရက်စက်လိုက်တာ လို့ ထင်နေပါသလား။ ဒါကို မေ့ပစ်ပြီး ရှုထောင့်ပြောင်းကြည့်ပါ။ ဘဝဆိုတာ ရှုထောင့်ပြောင်းကြည့်လိုက်တာနဲ့ ပြောင်းလဲ သွားစေနိုင်သော အရာများ ရှိပါတယ်။

ကိုယ်ရည်မှန်းထားတဲ့ အနာဂါတ်အတွက် စိတ်ဓါတ်ကျနေပါသလား။ လင်းလက်တောက်ပ နေတဲ့ မျှော်လင့်ခြင်း အပြာရောင်လေးကိုတောင်မှ မမြင်မိနိုင်တော့ဘူးလား။ ဒါဆို ကိုယ့်ဘဝမှာ ရခဲ့ဖုးတဲ့ ချီးမွမ်းပြောဆိုခံရမှု တွေကို စတင် ရေတွက်ကြည့်ပါ။ ဒါက ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲ လာစေနိုင်တယ်။ စိတ်ဓါတ်ကျမှုကို စိတ်ဓါတ်တတ်ကြွမှုဖြင့် အစားထိုး ကုသပေးသွားနိုင်တယ်။ 

ကိုယ့်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူးလို့ အပြစ်ပယ်ခံ စိတ်ဆင်းရဲမှု တွင်းထဲမှာ နစ်မြှုပ်နေပြီလား။ လုပ်စရာ ရှိတာတွေ လုပ်ရမှာတွေကို ငြီးငွေ့ကာ အရှုံးပေးချင်နေပြီလား။ ဒါကို ကိုယ့်ကိုယ်ကိုယ် ဖြောင့်မှန်စွာ စစ်မေးကြည့်ပါ။ ငါက သူတို့ ဂရုစိုက်မှ အသက်ရှင်ရတော့မှာလား ၊ တခြား ခင်မင်ဖွယ်ရာတွေလည်း မရှိတော့ဘူးလား လို့။ ဒါက  ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲလာစေနိုင်ပါတယ်။ စိတ်ထဲမှ မချမ်းမြေ့ဖွယ်တို့ကို အစားထိုး ကုသ ပေးသွားနိုင်တယ်။

သူများတွေလို ပျော်ရွှင်မြူးစရာတွေကို တပ်မက်လိုချင်နေလား။ အမြဲတမ်း သစ်ဆန်းမှုနောက် တကောက်ကောက် လိုက်ချင်မိနေလား။ တကယ်တော့ ဆန်းသစ်မှု ဆိုတာ ဘယ်တော့မှ မဆုံးနိုင်ပါ။ အသစ်ဆိုတာလည်း မကြာမှီ ဟောင်းသွားမှာပါပဲ။ ဆန်းသစ်မှုထက် ရိုးစင်းတဲ့ စိတ်ကျေနပ်စရာကို ရှာပါ။ ဒါက ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲလာစေနိုင်ပါတယ်။ စိတ်ထဲမှ လိုချင်နေမှုတွေကို အစားထိုး ကုပေးသွားလိမ့်မယ်။

အလုပ်လုပ်ရတာ စိတ်ပျက် ငြီးငွေ့နေပါသလား။ ဘဝဆိုတာ ငါ့အတွက် ဘာမှ ပျော်စရာမှ မရှိပါလား ဆိုပြီး ဘဝဇာတ်ခုံက အနားယူချင်စိတ် ပေါက်နေပြီလား။ ဘဝရဲ့ ရည်မှန်းချက်က ဘာလဲ ၊ ငါ ဘာတွေများ လုပ်နေမိလဲ ဆိုပြီး ဝိုးတဝါး ဖြစ်နေပါသလား။ ကိုယ်နဲ့ အခု စတွေ့တဲ့ အရာလေးကို ဂရုစိုက်ပြီး ထူးခြားမှုလေးတွေ ရှာပေးပါ။ ထူးခြားမှုလေးတွေကို နှစ်သက် ဂုဏ်ယူစွာ ကြည့်ပြီး ခံစားပျော်ရွှင်ပေးပါ။ ဒါဟာ ကိုယ့်ဘဝ ရှုထောင့်ကို ပြောင်းလဲ လာစေနိုင်ပါတယ်။

***ဘဝဆိုတာ ကိုယ် ရှုမြင်လိုက်တဲ့ ထောင့်က ပိုပြီးတော့ အရေးကြီးပြီး ကိုယ့်အတွက် အဓိပ္ပါယ်ရှိပါတယ်။***


source; Point Of View By Patience Strong
ကိုဇော် တင်ပြသည်။
5.4.2010 - 5.21 AM




.
Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုဇော်ဒီpost လေးကို pdf နဲ့တင်ပေးပါလား
သိမ်းထားချင်လို့ပါ ကျေးဇူး

ရနံ့ချို said...

ဘယ်အရာမှ အဆင်မပြေ၊ ဘာလုပ်လုပ် ကပ်လွဲ၊ တေ့လွဲ၊ မတော်တဆလွဲနေလို့ ကိုယ့်ကိုယ်ကိုယ်ဒေါသထွက် စိတ်ပျက်နေပါသလား......ငါ့ထက်ဆိုးတဲ့လူတစ်ယောက်ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာတော့ ရှိမှာပဲလို့ ယုံကြည်ပြီး သနားလိုက်ပါ --> အဲဒါကျွန်မပေါ့။
(post လေးဖတ်ပြီး အရမ်းကြိုက်လို့ လက်ဆော့သွားပါတယ်။ အောင်မြင်ပါစေ။)

မြသွေးနီ said...

လူတွေပေါ်မူတည်ပြီး ရှုထောင့်တွေကလည်း
ကွဲပြားနေမှာပါပဲနော်။
အကောင်းမြင်စိတ်လေး အတတ်နိုင်ဆုံး ထားနိုင်ရင်တော့..
သူတစ်ပါးလည်း ချမ်းမြေ့မှုရမယ်..
ကိုယ်ကိုယ်တိုင်လည်း ထိုက်သင့်တဲ့ စိတ်ချမ်းမြေ့မှုကို ရနိုင်မယ် ထင်ပါတယ်။
ကြိုးစားရဦးမယ် ကိုဇော်ရေ..။

Unknown said...

ဖတ်သားမှတ်သွားပါတယ်ခင်မျာ..
ရှူ့ ထောင့် တွေ အမျိုးမျိုးအကြောင်း .....

မကေ said...

ကိုယ်ကြည့်တဲ့ ရှု့ထောင့်မှန်ဖို့ အရေးကြီးတယ်နော်