မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 April 2010

7 ဖာဂူဆန်ရဲ့ ဟင်းလျာများ




“ ဆာ အဲလက်စ် ဖာဂူဆန် ” ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မန်ယူ လို့ အတိုကောက်ခေါ်ကြတဲ့ မန်ချက်စတာ ယူနိုက်တတ် အသင်းကြီး လူတွေ အားလုံး မျက်လုံးထဲမှာ မြင်ယောင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ် မန်ယူ ဆိုသော အသင်းကြီး လူသိများ အောင်မြင်အောင် ၊ ကမ္ဘာကျော်အောင် ပုံဖော်ပေးခဲ့သူပါပဲ။ မန်ယူအသင်း ၁၉၉၉ ခုနှစ်က ဖလား သုံးလုံးရခဲ့တော့ ဦးဆောင်ညွှန်ကြားခဲ့သူကလည်း သူပါပဲ။ 

မန်ယူမှာ သူနည်းပြ သက်တမ်းဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မန်ယူဟာ သူ့အတွက် အိမ်ဖြစ်သလို ၊ မန်ယူဟာ သူရဲ့ ဘဝလို့လည်း ခေါ်နိုင်တယ်။ သူ့ဘဝရဲ့ အချိန်တွေ အားလုံးထဲက အစိတ်အပိုင်းများစွာကို မန်ယူအသင်းထဲမှာ သူမြူပ်နှံထားခဲ့တယ်။ အားလုံးက ဖာဂူဆန်ရဲ့ အရေးအကြီးဆုံး “ ဝါသနာ ” ဟာ  ဘောလုံးပဲ ဖြစ်ရမယ်လို့ ထင်ကြေးပေးတဲ့ အခါမှာတော့ ဖာဂူဆန်က ပြုံးပြီး ငြင်းခဲ့ပါတယ်။

ဒီတော့ အားလုံး အံ့သြသင့်သွားကြတယ်။ ဘောလုံးလောကမှာ အချိန်ပြည့်နှစ်ထားသူ တစ်ယောက်က သူ့ အဓိက ဝါသနာဟာ ဘောလုံး မဟုတ်ဘူး ဆိုတော့ နားမလည်နိုင်ကြဘူး။ ဒါကြောင့် ဖာဂူဆန်ကို ဒီအကြောင်း အင်တာဗျူးလုပ်ဖို့ ဖိတ်ကြားတယ်။ ဖာဂူဆန်ကလည်း လက်ခံပြီး ပြောခဲ့ပါတယ်။ အောက်ပါ အတိုင်းပေါ့။

“ ကျွန်တော့်ဘဝရဲ့ ဝါသနာ အပါဆုံး ၊ ဖြစ်ချင်ဆုံး ဆန္ဒက ဘာလဲ ဆိုတာ ကျွန်တော် ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ် မေးခဲ့ဖူးတယ်။ ဒီတော့ ကျွန်တော့် စိတ်ဝိဥာဉ်ထဲက ထွက်ပေါ်လာတာက တစ်ခုတည်း ကျွန်တော် အတော်ဆုံး “ စားဖိုမှူး ” ဖစ်ချင်တာပဲ။ ”

“ ဟင်. . . ”

ဖာဂူဆန်ရဲ့ အဖွင့်စကားနဲ့တင် လူတွေ အားလုံး အာမေဋိတ်တွေ ကိုယ်စီ ထွက်သွားတယ်။ ဖာဂူဆန် အခု ဖြစ်နေတာနဲ့ ဝါသနာက တခြားစီပဲ မဟုတ်လား။ သူက ဆက်ပြောတယ်။

“ ဟုတ်ပါတယ်။ တကယ်ကို ကျွန်တော်ဟာ စာဖိုမှူးကောင်း တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ လောကရဲ့ ထုံးစံ အတိုင်း “ ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်းမှု ” ကိုတော့ ကျွန်တော် ကွဲပြားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဝါသနာပါတဲ့ ချက်တဲ့ ပြုတ်တဲ့ စားဖိုမှူးအလုပ်ကို ကျွန်တော့်အသက်မွေးဝမ်းကြောင်း အလုပ်ဖြစ်တဲ့ ဘောလုံးနည်းပြ ရာထူးမှ အထွေထွေ ကိစ္စများပြီးစီးမှ ကျွန်တော် လုပ်ကိုင်ပါတယ်။ အိမ်မှာပေါ့။

ကျွန်တော် အဓိက ပြောလိုတာကတော့ ကျွန်တော် ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်းမှု ကို ကွဲပြားစွာ နားလည်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ “ စားဖိုမှူး နဲ့ ဘောလုံးနည်းပြ ” အလုပ်နှစ်ခုမှာ ဘယ်အရာက ပိုပြီး ဂရုစိုက်ရလဲ လို့ မေးလာခဲ့ရင် ကျွန်တော် ဖြေပါမယ်။ အရာရာမှာ လွဲချော်လို့ မရဘဲ အသေအချာ ဂရုစိုက်ရတာကတော့ “ စားဖိုမှူး ” အလုပ်ပါပဲ။ ”

“ အိုး. . . .။ ”

အာမေဋိတ်တွေ ထပ်၍ ဆင့်ကာ ဆင့်ကာ ညံလာပါတော့တယ်။ ဟုတ်တယ်လေ။ ကမ္ဘာ တစ်ခုလုံးက အာရုံစိုက်နေတဲ့ နာမည်ကျော် မန်ယူလို အသင်းကို နည်းပြနေတဲ့ “ နည်းပြအလုပ် ” က အာရုံစိုက်ဖို့ မကောင်းပဲ။ စားသုံးသူ ရှိမှသာ ချက်ပြုတ်ပေးရတဲ့ “ စာဖိုမှူး ” အလုပ်က ပိုပြီး ဂရုစိုက်ရတယ် ဆိုတော့ အားလုံးက ပိုပြီး နားမလည်ကြဘူး။

“ ကျွန်တော် ဆက်ရှင်းပြပါ့မယ်။ ကျွန်တော် ဘာလို့ ဒီလိုပြောလဲ ဆိုရင် . . .ကျွန်တော် အခု မန်ယူ အသင်းကို နည်းပြ လုပ်နေပါတယ်။ အခု ပရီးမီးယား လိဂ်မှာ တစ်ရာသီကို ကျွန်တော် ၃၈ ပွဲ နည်းပြရပါတယ်။ နောက်တော့ FA Cup ၊ နောက် ချန်ပီယံလိဂ် ၊ နောက် ဖတ်ခေါ်ပွဲတွေ နဲ့ အထွေထွေပေါ့။ ဒီလို ပွဲစဉ်တိုင်းမှာ ကျွန်တော် နည်းပြရပါတယ်။ 

ဒီမှာ ကျွန်တော် အဓိက ပရီးမီးယားလိဂ် နဲ့ပဲ ဥပမာ ဆက်ပေးပါ့မယ်။ ပရီးမီးယားလိဂ်မှာ တစ်ရာသီ အတွက် ကျွန်တော် ၃၈ ပွဲ နည်းပြရတယ်။ ဒီ ၃၈ ပွဲမှာ တစ်ပွဲ မဟုတ် တစ်ပွဲတော့ ကျွန်တော် လူအင်အားတောင့်သော ကျွန်တော့်စိတ်ကြိုက် လူများကို မထည့်ပဲ နောက်ထပ် ငယ်မွေးခြံပေါက် ကစားသမားများကို ထည့်ပြီး ပွဲမှာ စမ်းကြည့်ပါတယ်။ ဆိုပါစို့  ဒီလို စမ်းလိုက်တဲ့ ပွဲမှာ ကျွန်တော်တို့ ခွက်ခွက်လန်အောင် ရှုံးသွားတယ်ပေါ့။ 

ဒါ ကျွန်တော်တို့ ပွဲစဉ် အရေအတွက် ၃၈ ပွဲရဲ့ ပွဲစဉ်တွေထဲက တစ်ပွဲ ရှုံးနိမ့်မှုပါ။ ဒါဟာ နောင်ပွဲစဉ်တွေ အတွက် ပြင်ဆင်တာလည်း ဖြစ်တယ်။ ဒီပွဲစဉ် တစ်ပွဲ ရှုံးနိမ့်သွားတယ် ဆိုပေမဲ့ ကျွန်တော်တို့ နောက်ထပ် ပွဲစဉ် ၃၇ ပွဲမှာ အခြေအနေကောင်းရင် ကျွန်တော်တို့ ပြဿနာ မရှိနိုင်ပါဘူး။ အောင်ပွဲခံနိုင်ပါသေးတယ်။ တစ်ပွဲအမှားကနေ ကျန်တဲ့ ပွဲတွေကို သင်ခန်းစာယူပြီး အောင်မြင်အောင် လုပ်လို့ရပါတယ်။

စာဖိုမှူးမှာတော့ ဒီလို မဟုတ်ပါဘူး။ သူချက်ပြုတ်နေတဲ့ ဟင်းပွဲ ၃၈ ပွဲထဲက တစ်ပွဲ ညံသွားရင် ကျန်တဲ့ ၃၇ ပွဲက လာပြီး အစားထိုးပေးလို့ မရပါဘူး။ ဥပမာ - ငါးခေါင်းဟင်း ဆားများပြီး ငန်သွားတာကို ကြက်ကြော်လေး နဲ့ အစားထိုးပြီး စားပါလို့ ပြောလို့ မရပါဘူး။ ကြက်ကြော် ကောင်းတာက တစ်ပိုင်း ၊ ငါးခေါင်းဟင်း ညံ့သွားတာက တစ်ပိုင်းပါ။  စားဖိုမှူးဆိုတာ သူ့ချက်ပြူတ်တဲ့ ဟင်းပွဲ တစ်ပွဲညံ့သွားတာနဲ့ သူရဲ့ စားဖိုမှူးဘဝ နိဂုံးချုပ်သွားတာပါပဲ။ ဒါကြောင့်မို့ ကျွန်တော်က “ နည်းပြအလုပ် နဲ့ စားဖိုမှူး ” အလုပ်မှာ “ စားဖိုမှူး ” အလုပ်က ပိုပြီး ဂရုစိုက်ရတယ် လို့ ပြောတာပါ။

ဒါနဲ့ အတူ ကျွန်တော် အားလုံးကို မေတ္တာလက်ဆောင် စကားလေး တစ်ခွန်း ပြောချင်ပါသေးတယ်။ ”

ဖာဂူဆန်က စကားကို ရပ်ပြီး အားလုံးကို ဝေ့ကြည့်လိုက်တယ်။ အခန်းထဲမှာ အသံ မထွက်ကြ ၊ ငြိမ်လို့။

“ ကျွန်တော် ဒီ ဥပမာပေးလေးကို ဆင်ခြင်မိတော့ ဘာပဲ လုပ်လုပ် ကျွန်တော် “ စာဖိုမှူး ” အနေနဲ့ ချက်ပြုတ်နေရတယ် လို့ပဲ ခံစားပြီး လုပ်ကိုင်ပါတယ်။ ကျွန်တော့်တို့ အားလုံးနဲ့ ထိတွေ့နေရတဲ့ ဘဝရဲ့ အပိုင်းအစများကလည်း စားဖိုမှူးက ချက်ပြူတ်နေရတဲ့ ဟင်းလျာတွေ ဆိုပါတော့ ၊ ကျွန်တော်တို့ ဟင်းခွက် တစ်ခွက် မှားလို့ မရဘူး။ တစ်ခွက်မှားလိုက်တာနဲ့ ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး အစားထိုးလို့ မရတော့တဲ့ အချိန် နဲ့ ဘဝတွေ နစ်နာကြရတယ်။ 

ကျွန်တော့်ရဲ့ အခု ဘောလုံးနည်းပြ အလုပ်ကလည်း ကျွန်တော် စားဖိုးမှူး လုပ်ပြီး ချက်ပြုတ်နေတဲ့ စားသောက်ဖွယ် ဟင်းလျာထဲက တစ်ခွက်ပါပဲ။ ဒါကြောင့် ကျွန်တော် ဘောလုံးနည်းပြ အလုပ်ကိုလည်း အထူးကို အာရုံစူးစိုက်ခဲ့ပါတယ်။ 

အခု ပရိသတ်များကိုလည်း ကျွန်တော် စကားလက်ဆောင်ပါးလိုက်ချင်တာက ကိုယ့်ကိုယ်ကိုယ် စားဖိုမှူးလို့ သဘောထားပါ။ ပြီးတော့ ကိုယ်နဲ့ ထိတွေ့ လုပ်ဆောင်နေရတဲ့ ကိစ္စတိုင်းကို ကိုယ်ချက်ပြုတ်မဲ့ ဟင်းလျာတစ်ခွက်လို့ သဘောထားပြီး ဂရုစိုက် လုပ်ဆောင်ခဲ့မယ် ဆိုရင် ကျွန်တော် ပြောရဲပါတယ်။ နေရာတကာမှာ အောင်မြင်ပါလိမ့်မယ်။ ”

ဖာဂူဆန် စကားပြီးတော့ ခန်းလုံးပြည့် မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးကြတယ်။ 

*** အခု စာဖတ်သူကရော ဟင်းလျာတိုင်းကို ဂရုစိုက်နေတဲ့ စာဖိုမှူး တစ်ယောက် မဖြစ်နိုင်ဘူးလား။ ***

source; စက်ရုံကို ဂျပန်ကနေ ပို့လိုက်တဲ့ ပစ္စည်းထုတ်တဲ့ သေတ္တာထဲမှာ ပစ္စည်းမပွန်းအောင် အောက်ကခံထားတဲ့ ဂျာနယ်လေးထဲကပါ။ The Voice  Of England လို့တော့ ရေးထားတယ်။ ခုနှစ် ၊ လတော့ မပါပါ။ 

ကိုဇော် ခံစားပုံဖော်သည်။
5.4.2010 - 6.15 AM

.  

Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

မကေ said...

ကောင်းတယ် ဆိုးတယ်ဆိုတာ ကိုယ်ကြည့်တဲ့ ရှု့ထောင့်ပေါ်မှာ မူတည်တယ်နော်

ဇောင်း said...

မှတ်သားသွား၏ ကိုဇော်

ZaunG

မြသွေးနီ said...

စာဖိုမှူးတော့ မလုပ်ချင်ဘူး..။
အခုအချိန်မှာ အဖြစ်ချင်ဆုံးကိုပြောပါဆိုရင်..
ပေါ်လီယာနာ..ဖြစ်ချင်တယ်..။
တကယ်တော့..
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျသူဆိုတာရှားပါတယ်။
ဒါကြောင့်.. ကျွန်မအမြဲဆုမွန်ချွေမိတယ်..။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ..လို့။

အဖြူရောင်နတ်သမီး said...

ခေါင်းတစ်ချက် ညှိတ်ပြီး ပြန်သွားသည်...

Unknown said...

ဟင်း လျာ များဆိုလို့  သွားေ၇ကျပြီးပြေးလာတာ
အခုတော့ ပါးစပ်လေးဟောင်းလောင်းနဲ့ ပြန်သွား၇ပြီ...လူဇိုးကြီး

Flower said...

ဘာဘဲပြောပြော ဖာဂူဆန်ချက်တဲ့ ဟင်းတော့ စားချင်သား...
နည်းပြတာ ကောင်းသလို ဟင်းချက်တာလဲ ကောင်းမှာဘဲ.. ရှလွှတ်...
ဒါလဲ သူ့အမြင်နဲ့သူတော့ မှန်နေမှာဘဲ...
လူတွေမှာ လက်ဖမိုးနဲ့ လက်ဖ၀ါးဆိုတာရှိတယ်
လူတိုင်းမှာ ဘယ်အရာမှတော့ ကိုယ်မြင်စေချင်သလို
မြင်ချင်မှ မြင်ကြမှာဖြစ်သလို
ကိုယ်ဖြစ်စေချင်သလို ဖြစ်ချင်မှ ဖြစ်ကြပါလိမ့်မယ်..
ကိုယ့်ရဲ့ perspective ပေါ်မူတည်ပါတယ်..

Unknown said...

စားဖိုမှူး တစ်ယောက်ဖြစ်ချင်တာထက် စားဖိုမှူးကောင်း တစ်ယောက်ကို အရမ်းပိုင်ဆိုင်ချင် မိပါတယ်။ :P (ပိန်ဦးမယ်.. )