မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 April 2010

7 ဆားပုလင်းကိုဇော်နှင့် စကားဝါရေ မှန်မှန်ပြော

ဒီစာလေးကို ကျွန်တော် ဘာလို့ တင်လဲ ဆိုတာ အရင်ပြောရမှာပါပဲ။ အရင် ကျွန်တော် ငယ်ငယ်က ဟာသမဂ္ဂဇင်း တစ်စောင်မှာ ဒီလို တွေးတွေးရယ်ရတဲ့ ဟာသလေး အခန်းတွဲလိုလို ရေးဖူးတယ်ဗျာ။ ကြာပြီပေါ့။ ငယ်ငယ်ကဆိုတော့ အားအားယားယား ရေးအားလည်း ကောင်းပါတယ်။ ပေါက်ကရ အတွေးတွေကလည်း ထွက်တယ်။ ဗဟုသုတရယ်တော့ မပါပေမဲ့ ဟာသ အနေနဲ့တော့ သူ့ဖာသာ ရယ်ပျော်ပါတယ်။

အခု စာရေးဖော် မာတီက ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) က ကျွန်တော့်ကို ခင်မင်စွာ နောက်ပြောင်ပြီး အမှတ်တရ ရေးပေးထားတာလေးပါ။ သူက ဒီလို ပြန်အစဖော် ရေးလိုက်တော့ မေ့နေတာတွေက ပြန်နိုးလာတယ်။ ဒါကြောင့် နောင်တစ်နေ့ အားတဲ့ အချိန်ကျရင် ရေးဖြစ်မလားရယ် လို့တော့ စဉ်းစားပြီး သူ့စာလေးကို အရင် အမြည်းတင်လိုက်တာပါ။

ကျွန်တော်ရေးတုန်းကတော့ “ စုံထောက် ဦးရှာစား နှင့် X X X X X ” ဆိုပြီး ရေးခဲ့တာပါ။ အခု ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) ကတော့ ကျွန်တော့်ကို နောက်ပြီး ကျွန်တော့်ကို ဇာတ်လိုက်လုပ်ထားတာပေါ့ဗျာ..။ ကျွန်တော် နောက်ထပ် အဆက်တွေ မရေးနိုင်ခင်မှာတော့ ကိုကြည့်နိုင်စာလေးကို အရင် အမြည်းဖတ်ပေးကြပါဦး။



အခန်း(၁)
ကျွန်ုပ်တို့ထံသို့ ကျုံတိုင်းသား ဆိုက်ရောက်ခြင်း

တစ်နေ့သ၌ အင်းစိန် စီအိုင်ဒီရုံးအတွင်း ကျွန်ုပ်အိုင်ပီကြည်နိုင်နှင့် ဆာပုလင်းကိုဇော်တို့သည် အလုပ်ပါးလျားနေပြီး ပုလိပ်မင်းကြီး မစ္စတာ စတီးဝပ်သတိုးလည်း အင်္ဂလန်သို့ ခေတ္တ ပြန်သွားသဖြင့် ဆူပူကြိမ်းမောင်း မည့်သူ မရှိသည့်အားလျော်စွာ ရောက်တတ်ရာရာများကို ပြောဆိုနေကြလေသည်။


ဆားပုလင်းကိုဇော်က သူလေ့လာဆည်းပူးခဲ့သည့် အိန္ဒိယမှ ပေါက်စီလုပ်နည်း အတတ်ပညာများ၊ တရုတ်ပြည်မှ ဆာဒူးကြီးများ အကြောင်း၊ အင်္ဂလန်သို့ သူကိုယ်တိုင် ကုန်သည်အဖြစ် ငါးပိကုန်ကူးခဲ့သည့် အကြောင်းတို့ကို ဗဟုသုတ ဖြစ်ဖွယ် စိကာပတ်ကုံး ပြောပြနေချိန်  ......   .......


“၀င်ခွင့်ပြုပါခင်ဗျာ”
 

ရုံးခန်းဝပုဏ္ဏားကွယ်မှ တစ်စုံတစ်ယောက်က လှမ်းအသံပြုခြင်း ဖြစ်သည်။ ဆားပုလင်း ကိုဇော်က  .......   ........
 
“၀င်ခဲ့ပါ.....သြော်.....ခင်ဗျား လက်ထဲက ငှက်ပျောခိုင်ကြီးကို အပြင်မှာထားခဲ့ဗျာ.....”


မကြာမီ စစ်အင်္ကျီတစ်ပတ်နွမ်း၊ ပုဆိုးတိုတို၊ ဂတုံးဆံပင်ပေါက်နှင့် တောသူတောင်သားမှန်း မြင်ရုံဖြင့် သိသာလောက်သည့် လူတစ်ယောက်သည် အံ့သြတကြီး မျက်နှာဖြင့် ရုံးခန်းတွင်း ၀င်လာလေသည်။
 

“ဟို.....ဒီရုံးမှာ.....ဆား.....”

ဆားပုလင်းကိုဇော်က လက်ကာပြလိုက်ပြီး  .....   ......

“ခင်ဗျားကျုံတိုင်းရွာက လာခဲ့တယ် မှတ်တယ်။ ဒါနဲ့များဗျာ ကားပေါ်က ဆင်းဆင်းချင်း တည့်တည့် လျှောက်လာလည်း ဒီရောက်တဲ့ဟာကို ဂေါက်ကွင်းဘက်ကများ ပတ်လာရတယ်လို့ ...... ခရီးပိုဝေးတာပေါ့”

ဧည့်သည် ။     ။ (အလွန်အံ့သြ၀မ်းသာသွားဟန်ဖြင့်) “မှန်လိုက်လေဆရာရယ်. . . .နောက်
ကလိုက်ကြည့်နေတဲ့ အတိုင်းပဲ..... ဒါ......ဒါဆိုရင် ဆရာက ဆားပုလင်းကိုဇော် ပေါ့နော်.....တည့်တည့်ကိုတိုးတာပဲ.....၀မ်းသာလိုက်တာဗျာ”

ဇော်        ။     ။ ထားပါဦးဗျာ.....လာရင်းကိစ္စလေးေ
ပြာပါဦး

ဧည့်        ။     ။ ဒီလိုပါဆရာ။ ကျွန်တော့်နာမည် ကိုသော်တာပါ။ ကျုံတိုင်းသားပေါ့. . . . .ဖြစ်ပုံ
ကတော့ဆရာရယ်. . . . . .ကျွန်တော်တောင် ဘာမှန်းမသိရတဲ့ ကိစ္စကို တိုင်ချက်လာဖွင့်တာပါ။

နုပ်         ။     ။ ဟမ်.....သေသေချာချာပြောပါဦးဗျ.
.....ခင်ဗျားဟာက ......   ......

ဧည့်       ။     ။ အင်း ..... ကျွန်တော့်မှာ ညီမလေးတစ်ယောက် ရှိပါတယ်။ ရွာရဲ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ပေါ့။ စကားဝါ လို့ခေါ်ပါတယ်ဆရာ။ အခု ပြဿနာက ညီမလေးရဲ့ အရေးကြီး လျှို့ဝှက်ပစ္စည်း သေတ္တာ ပျောက်သွားလို့တဲ့ဗျာ......

နုပ်         ။     ။ ရတနာတွေလားဗျ။

ဧည့်       ။     ။ မဟုတ်ပါဘူး ဆရာရယ် (အန် .....လွဲပဟ) ကျွန်တော်တို့မှာ ရွှေတောင်မူးလို့ ရှူစရာမရှိပါဘူး

ဇော်       ။     ။ ဆက်ပြောပါ။

ဧည့်       ။     ။ ဘာသေတ္တာလဲ မေးတော့လည်း မပြောချင်ဘူး ရှက်တယ်တဲ့။ ဒါမျိုးက အခုမှ ပြန်ဝယ်လို့လည်း ရတာ မဟုတ်ဘူးတဲ့။ ၀ယ်လို့ရသည့်တိုင်အောင် လိုက်ဝယ်ရမှာ ရှက်တယ်ဆိုပဲ ဆရာရယ် ကျွန်တော်လည်း ဘာမှန်းကို မေးမရပါဘူးဗျာ.....

ဇော်       ။     ။ (မျက်နှာကျက်သို့ အတန်ကြာမော့ကြည့် စဉ်းစားနေပြီး) ကောင်းပြီလေ ..... ခင်ဗျားပြန်နှင့်ပါ ကိုသော်တာ။ ကျုပ်တို့ လိုက်လာခဲ့ပါမယ်။ ခင်ဗျားညီမရဲ့ အမှုကို (၃) ရက်အတွင်း အမှုမှန် ပေါ်စေရမယ်ဗျာ......ဟုတ်ြ
ပီလား။

ဧည့်       ။     ။ သြော် ..... ဆရာတို့အတွက် လက်ဆောင် ငှက်ပျောခိုင်လေး......

ဇော်       ။     ။ ထားခဲ့ ..... ထားခဲ့ ကျုပ် ရုံးစေလေး လာသယ်လိမ့်မယ်။



(ဟွန်း ..... ဟန်တောင်မဆောင်ဘူး)

_______________ ။ ______________


အခန်း(၂)
ဆားပုလင်းကိုဇော်နှင့် စကားဝါရေ မှန်မှန်ပြော

`ကဲ.....အိုင်ပီရေ ခရီးထွက်ကြစို့ဗျာ။ သြော် လိုရမယ်ရ ခြောက်လုံးပြူးလည်း ယူခဲ့ဦးဗျ။ ဟိုရောက်လို့ ကျုပ်က ပစ် ဆိုလက်မနှေးစေနဲ့ဗျို့။ အခုအမှုမှာ လူဆိုးက ဥာဏ်ရည် အင်မတန်ထက်ပြီး  ကျုပ်တို့ထက် တစ်လှမ်းသာနေတယ်ဗျ။ လက်ရဲဇက်ရဲလည်းရှိပုံ .....´´

ဤသို့ဖြင့် ကျွန်ုပ်တို့သည် လက်စွဲတော် အော်စတင်ကားစုတ်လေးဖြင့် ကျုံတိုင်းရွာသို့ ရေးကြီးသုတ်ပြာ ထွက်လာကြလေသည်။

(အမှုထက် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကို ပိုစိတ်ဝင်စားလို့ဆိုတာကိုတော့ မည်သည့်အခါမှ ၀န်ခံမည်မဟုတ်)
 

ကားပေါ်၌ ဆားပုလင်းကိုဇော်သည် သူအလွန်နှစ်သက်သည့် ရေခဲတောင် စီးကရက်ကိုခဲရင်း အမှုနှင့် မည်သို့မျှ မသက်ဆိုင်သည့် အနုပညာ အကြောင်းများကို ကျွန်ုပ်အား ခရေစေ့တွင်းကျ ရှင်းပြနေလေသည်။ တယောတစ်လက်တွင် ခလုတ်အဖြူနှင့် ခလုတ်အမည်းတို့ သည် အရောင် မတူကြကြောင်း။ စန္ဒရားတစ်လုံးသည် လေမှုတ်တူရိယာများတွင် အသံအသာဆုံး ဖြစ်ကြောင်းများပင်။

နုပ်        ။      ။ အိုင်ဆေး ကိုဇော် ကျုပ်မေးစရာရှိလို့ဗျ။

ဇော်      ။      ။ ဟိုလူ ငှက်ပျောခိုင်ပါလာတာ ဘယ်လိုလုပ်သိလဲ ၊ ကျုံတိုင်းသားမှန်း ဘယ်လိုသိလဲ ၊ ဂေါက်ကွင်းဘက်က လှည့်လာတာ ဘယ်လိုသိလဲ ဒါမေးမလို့လား အိုင်ပီ ။ ဟင်း ..... ဟင်း ..... ဟင်း  လွယ်ပါတယ်ဗျာ။

  (သိချင်ပါတယ်ဆိုမှ အိုင်တင်ခံနေသေးတယ်.....ငါနော်.
....ဟင်း )

ဇော်      ။       ။ ဒီလိုဗျ ..... ရုံးထဲမှာ အိုင်ပီနဲ့ စကားပြောနေရင်း ကျုပ် အပေါ့ထ သွားသေးတယ်လေ ။ အိမ်သာဝကနေ ကားဂိတ်ဘက် လှမ်းကြည့်လိုက်တော့ ကျုံတိုင်းကား ၀င်လာတာတွေ့တယ်ဗျ ။ အဲဒီလူက ငှက်ပျောခိုင်ကြီး ထမ်းပြီး ကားပေါ်က ဆင်းလာတာ         တွေ့တယ်ဗျာ ။ နောက် ဂေါက်ကွင်းဘက်က ပတ်ပြီး ကျုပ်တို့ ရုံးဝန်းထဲဝင်လာတာ တွေ့တယ်ဗျာ.. ကဲ ရှင်းပြီလား။

နုပ်       ။       ။ ( ကိုယ့်နဖူးကိုယ် ဖျပ်ကနဲရိုက်ရင်း ) အမလေးနော် ..... အတော်စုံစမ်းထောက်လှမ်း လိုက်ရတာ
ပဲ ငါ့နှယ်။

____________။____________


အခန်း(၃)
အမှုမှန်ပေါ်ပြီ


ထို့နောက် မေးရင်းမြန်းရင်းဖြင့် ကျုံတိုင်းရွာ ကိုသော်တာတို့အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လေ၏ ။

သော်    ။      ။ ဟာ    ဆရာတို့  ကြွပါ။ ညီမလေးရေ  ဆရာကိုဇော်တို့ လာပြီဟေ့ အခန်းတွင်းမှ တစ်ပတ်လျှိုဆံထုံး ၊ သနပ်ခါးရေကျဲ ပါးပါးလေးဖြင့်   ဤရွာနှင့် လားလားမျှ မလိုက်ဖက် မသက်ဆိုင်လေဟန်ရှိသော အချောအလှ မိန်းကလေးတစ်ယောက် ယဉ်ယဉ်လေး လှမ်းလာလေ၏ ။

သော်။    ။ အဲဒါ ညီမလေး စကားဝါပါဆရာ။ ဆရာတို့ မေးစရာရှိတာ သူ့ကိုမေးပါ။ ကျွန်တော်တော့ ကလေးနှစ်ယောက် ရွာထဲ မွှေဆော့နေလို
့ လိုက်ခေါ်ဦးမယ် ဆရာရေ။

နုပ်။     ။ သြော် ကိုသော်တာ့ သားတွေလား ။

သော်။    ။ ဟုတ်ကဲ့ အကြီးက ကိုရီးတဲ့ အငယ်လေးက မင်းနောင်ရိုးတဲ့ ဆရာရယ် အရမ်းကဲပေါ့။ ခွင့်ပြုပါဦးဆရာ...ကိုသော်တာ အိမ်ပေါ်မှ ဆင်းသွားပြီးသည်နှင့်...  ....

ဇော် ။   ။ ကဲ..ညီမလေးစကားဝါ အဖြစ်အပျက်ကို အစအဆုံးသာ ပြောပြပေတော့ ။

ဝါ။       ။ ( ဖျာစောင်းကို လက်သည်းချွန်လေးဖြင့် အဓိပ္ပါယ်မဲ့ ကုတ်ခြစ်နေရာမှ...) ဟို ....ညီမ... တနေ့ကအထိ အဲဒီသေတ္တာကို ဖွင့်ဖြစ်သေးတယ်ဆရာ
။ အဲဒါ မနေ့ကတော့ သေတ္တာက မတွေ့တော့ဘူး ဆရာ...ဒါပါပဲ ။

ဇော်။  ။( အတော် အစဉ်းစားရခက်ဟန်ဖြင့် ) ကဲ ညီမလေး ဘာပစ္စည်းဆိုတာ မပြောပြချင်လည်း အစ်ကိုမေးတာပဲ အမှန်အတိုင်းဖြေ ဟုတ်ပြီလား ညီမလေး ဘိုဘိုကို သိလား ။

ဝါ။   ။ အရမ်း ရင်းနှီးတာပေါ့ ဆရာ။

ဇော်။   ။ ဂျောက်ဂျက်။

ဝါ။    ။ သိပါတယ်ဆရာ ။

ဇော်။   ။ ပြာဂလောင်၊ ပြာလချောင်

ဝါ။    ။ အသည်းစွဲပေါ့ဆရာ။

နုပ်။   ။ အိုင်ဆေး ကိုဇော် ဘယ်သူတွေတုန်းဗျ ။ လူဆိုးဂိုဏ်းခေါင်းဆောင် တွေလား  ဆားပုလင်းကိုဇော် ကျွန်ုပ်ကို လက်ကာပြလိုက်ပြီး အိမ်အောက်သို့ ဆင်းသွားလေ၏ ။ ခြံဝတွင် ကိုသော်တာတို့ သားအဖသုံးယောက် နှ
င့် ဆုံပြီး ကလေးများနှင့် အတန်ကြာ စကားလက်ဆုံ ကျနေသည်ကို လှမ်းမြင် ရလေ၏ ။

ထို့နောက် ဆားပုလင်းကိုဇော်က ကလေးများကို မုန့်ဖိုးပေးနေသည်
ကို တွေ့ရလေ၏ ။ အတန်ကြာမှ  ဆားပုလင်းကိုဇော် အိမ်ပေါ်ပြန်တက်လာပြီး .....
 

“ ညီမလေး စကားဝါ .. .. ညီမလေး ပျောက်သွားတဲ့ ပစ္စည်းက အိမ်နောက်ဖက် စပါးကျီထဲမှာပါ ။ ”

မိန်းမချောလေး စကားဝါလည်း ဟန်ပင်မဆောင်နိုင်တော့ပဲ စပါးကျီထဲသို့ ဒရောသောပါး ပြေးဝင်သွားပါလေတော့သည် ။

“ ဟာ......တွေ့ပြီးဆရာ ၀မ်းသာလိုက်တာ ကျေးဇူးတင်လိုက်တာ ဆရာရယ် ။ ”



____________ ။  __________


အခန်း(၄)
နိဂုံး


ကျုံတိုင်းရွာမှ အပြန်လမ်းတွင် ဖြစ်၏ ။

နုပ်။    ။ အိုင်ဆေးကိုဇော်  သေတ္တာထဲက ဘာတွေတုန်းဗျာ...     ခင်ဗျားလိုက်တော့လည်း အမှုက လွယ်လွယ်လေး ပြီးသွားပါလား ။ ကျုပ်ဖြင့် သေနတ်တပြင်ပြင် ဖြစ်နေတာ. . .

ဇော်။     ။ ခင်ဗျားကို အစအဆုံး ရှင်းပြပါ့မယ် အိုင်ပီ .....ဒီလိုအိုင်ပီရဲ့..  ..  ..  စကားဝါကို ကျုပ်မေးနေတာတွေက ကာတွန်းဇာတ်ကောင် တွေဗျ ။ အဲဒါတွေ အားလုံးကို တရင်းတနှီး သိတယ် ဆိုကတည်းက အမှုက ပြီးသွားပြီဗျာ ဒါပဲပေါ့ ။

နုပ်။      ။ အမ်  !!!! လုပ်ပါဦး ကိုယ့်ဆရာရဲ့ ကျုပ်ဥာဏ်မမှီဗျ ...

ဇော် ။     ။ ဟဲ  ဟဲ  အဲဒီ သေတ္တာထဲက ရွှေသွေးစာစောင်တွေဗျ ...  ... သူ့အရွယ်ကြီးနဲ့ ဒါတွေဖတ်တယ် ဆိုတော့ စကားဝါခင်ဗျာ ရှက်ရှာမှာပေါ့ ။ အခုမှ ပြန်ဝယ်ဖို့ ကျတော့လည်း အပတ်စဉ်ထုတ် စာစောင်ဗျ ။ ဘယ်လိုလုပ် ရှေ့ကဟာတွေ ပြန်ရတော့မတုန်း ။ အဲဒါနဲ့ ကျုပ်လည်း ကလေးတွေကို မုန့်ဖိုးပေးပြီး မေးကြည့်လိုက်တော့ သူတို့ဖတ်ချင်လို့ ယူပြီးဝှက်ထားတယ် ဆိုတာ သိရတော့တာပဲဗျို ...  ...  ဟား  ဟား

နုပ်။    ။ အန် ! အိုင်ဆေးကိုဇော်...လူဆိုးက လက်ရဲဇက်ရဲဆို ၊ ဥာဏ်ပြေးတယ်ဆို ၊ ကျုပ်တို့ထက် ခြေတစ်လှမ်းသာနေတယ်
ဆို ၊ ပစ်လို့အသံကြားတာနဲ့ ဆော်ထည့်လိုက်ဆို ၊ ကဲ...လင်းစမ်းပါဦး အဲဒီကိစ္စ...ဟွင်းးးးးး

ဇော်။     ။ ဟီး ...အဲဒါတော့သိဘူးလေဗျာ...
ဝတ္ထုထဲမှာလည်း စုံထောက်တွေက အဲဒီလိုပဲ ပြောနေကျဟာကို..

                                                                သဗ္ဗေ
သတ္တာ ကမ္မသကာ
                                                                          
ကိုကြည်နိုင်




___________ ပြီးပါပြီ __________


ကျွန်တော်တင်သမျှကို ကောင်းကောင်း/ ဆိုးဆိုး လာအားပေးလေ့ရှိသော၊
လိုအပ်သည်များတွေ့က အကြံပေးလေ့ရှိသော ကိုဇော် 357 နှင့် ညီလေးစကားဝါ
(ခ) မင်းနောင်ရိုးတို့အတွက် မှတ်မှတ်ရရ

ကိုဇော် ထပ်ဆင့်တင်၍ ဆားချက်သည်။
.

Share/Bookmark

7 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

I have been reading your blog but I hardly ever leave a comment. But this one, I really like it. And I like your blog and your thoughts a lot. It seems that you are always different from others. Sorry to type in English since I can't type Myanmar here in the Philippines. Again thank u and I like your blog a lot. There are only a few blogs that I always take a look every time I come online. Can i ask you how can i type in Myanmar in my computer especially in Microsoft Word?

ကိုဇော် said...

ဟုတ်ကဲ့. . .
ပြောပြချင်ပါတယ်။
အခု ကျနော့်ဘလော့မှာ Font ယူရန် ဆိုတာကို နှိပ်ပြီး ယူလိုက်ပါ။ ဒါက အားလုံးအတွက် အဆင်ပြေဆုံး ဇော်ဂျီဖောင့်ပါပဲ။
Word ထဲမှာ ရေးပုံ ရေးနည်းကတော့ ဖောင့်ထည့်ပြီးရင် အဲဒီက Font ဆိုတာလေးကို နှိပ်ပြီး zawgyi - one ဆိုတာကို ရွေးပြီး ရေးရင် ရေးလို့ ရပါပြီ။
အဆင်ပြေပါစေ

YMK said...

Thanks for your instruction on how to type in Myanmar font. I have been trying it for awhile and do not know how.... Thanks again.

YMK said...

Hello Ko Zaw,
I still cannot type words with Myanmar font. Please help me. Though I followed the instruction you have provided above, Word document still appears to be in English only. Thank you in advance for your help.

ကိုဇော် said...

ဘယ်မှာ ရေးလို့ မပေါ်တာလဲ မသိဘူး။
တကယ်လို့ web page တွေမှာ ဆိုရင် မော်ဇီလာနဲ့ ဆိုရင် Tools > Options > Content > Defult font မှာ Zawgyi-One ဆိုတာကို ရွေးပြီးတော့ OK ဆိုရင် ရသွားပါလိမ့်မယ်။

အဆင်ပြေပါစေဗျာ။

YMK said...

Thank you par Ko Zaw.
May be I have lack of IT knowledge and have no idea what to do with it. I have tried it again and still it does not seem to be working. I just want to give it up. I don't know why things are not coming to my ways most of the time. Thanks again Ko Zaw.

Anonymous said...

Do you feel that Syria spying on dissidents?