မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 April 2010

6 တာဝန်




ကျေးဇူးတင်မခံရမဲ့ အလုပ်ကို ပုံမှန် လုပ်ဆောင်နေတာ ၊ မလွဲမသွေ ဆောင်ရွက်ရမည့် အလုပ်ကို လုပ်ငန်း သဘာဝကြောင့် လုပ်ဆောင်နေတာတွေကို “ တာဝန် ” လို့ ခေါ်ပါတယ်။ တာဝန် ဆိုတာ လေးနက်ခက်ခဲလေဟန် ရှိပေမဲ့ လူတိုင်း သာမာန်အနေနဲ့ တာဝန်သိစိတ် ဖြစ်ပေါ်အောင် ဖန်တီး ပေးထားပါတယ်။

ကျွန်တော်တို့မှာ လုပ်ဖို့ ဆိုပြီး သတ်မှတ်ပေးထားတဲ့ အလုပ်တွေ ရှိနေတယ်။ ဘယ်လောက်ပဲ မနှစ်သက်ဘူး ဆိုနေပါစေ ဒီအလုပ်တွေကို ပြီးအောင် လုပ်ရမယ်လို့ ကျွန်တော်တို့ နားလည်ထားရမယ်။ ဒါဟာ ကျွန်တော်တို့ကို ပြန်ပြီး အကျိုးပေးစေနိုင်မဲ့ အရာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံပြီး စိတ်ကို မှန်ကန်အောင်ထိန်းသိမ်းပါ။ ဒါဟာ ကိုယ့်ကို ပြန်ပြီး အမြဲအကျိုးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ တာဝန်တစ်ခုကို ငြူစူပြီး ဆောင်ရွက်နေမဲ့ အစား စိတ်ပါလက်ပါ ဆောင်ရွက်တာ ပိုပြီး မကောင်းဘူးလား။ အပြုံးနဲ့ ဆောင်ရွက်တဲ့ အခါ အလုပ်မှာ ချောမွေ့စွာ အဆင်ပြေစေပါတယ်။

ကိုယ်အတွက် တာဝန် ၊ လုပ်သင့်လုပ်ထိုက်တာကို သိရှိနားလည်ပါ။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေရင်တော့ ကိုယ့်ထက် မိုက်သူ ရှိတော့မှာ မဟုတ်ပါ။ ကိုယ့်တာဝန်ကို ရှောင်တမ်း နေတာက ဘာများ ကိုယ့်အတွက် စိတ်ကျေနပ်ဖွယ် အနေအထားမျိုး ဖြစ်ပေါ်လာလိမ့်မလဲ။ နောင်တစ်နေ့မှာ ကိုယ်ရှောင်ခဲ့တဲ့ တာဝန် အတွက် မပြေလည်မှုများဖြင့် ပြန်လည် ပေးဆပ်ရပါလိမ့်မယ်။

တရားမျှတမှု ဥပဒေသက ဘယ်လို တိတိကျကျ ပြဌာန်းထားတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ လူတိုင်းလူတိုင်း ကိုယ့်တာဝန် ကျေပွန်ကြမယ်ဆိုရင် ၊ လူတိုင်းသူ့ဝေပုံကျ အလုပ်ကို လုပ်မယ် ဆိုရင် လောကမှာ သောကနဲ့ ဒုက္ခတွေဟ တစ်ဝက်လောက်စီ လျော့ကျသွားပြီး သာယာလှပ ပြည့်စုံတဲ့ နေရာဆိုတာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း အလုပ်လက်မဲ့ ဆိုတာ လုံးဝ ကင်းရှင်းသွားလိမ့်မယ် လို့ ကျွန်တော် စိတ်ကူးယဉ်ထားတဲ့ ဒီကမ္ဘာမှာ ပုံဖော်မိတယ်။

source; Duty By Patience Strong
ကိုဇော် တင်ပြသည်။
25.4.2010 - 4.40 AM

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ဟုတ်တယ် အစ်ကို ...
အစ်ကိုပြောတာတွေက လုံးဝ ကွက်တိကို မှန်တယ် ...
အော် ... တာဝန် .. တာဝန် ...

မန်းကိုကို said...

တာဝန်နဲ့ ဝတ္တရား မကွဲမပြား ဖြစ်နေတယ်ထင်ပါတယ်၊ ကွက်စိတ်ဆရာ မဟုတ်တော့လည်း ရှင်းပြရတော့ အခက်သား။ ဒါပေမယ့် ဆက်လုပ်ပါ၊ လမ်းမမှားဖူးလို့ ထင်မိပါတယ်။

ကိုဇော် said...

တာဝန် ကို Responsibility ကိုမှ တာဝန်ကို ခေါ်ဆိုချင်ပုံ ရပါတယ် ကိုမန်းကိုကို...
သို့သော် မူရင်း စာတစ်ပုဒ်လုံးကို ခြုံပြီးမှ အဓိပ္ပါယ် ပေါ်စေအောင် ရေးရတော့ လူတိုင်းနဲ့တော့ ကိုက်ညီလိမ့်မယ် မထင်ပါ။
ဘာပဲ ပြောပြော လိုနေသူတွေ အတွက်ပဲ ရည်ရွယ်ပါတယ်. . ဥပမာ - ကျနော်ပေါ့။

ရွှေနတ်သား said...

လူတိုင်းဟာတာဝန်သိကြမယ်
စည်းကမ်းရှိကြမယ်ဆို၇င်ဗျာ ပျော်စရာကြီး
နေမှာဘဲဗျ...

နှင်း said...

ဟုတ်တာပေါ့နော် တာဝန်သိ စည်းကမ်းရှိသူများပဲဆိုရင် ပျော်စရာကမ္ဘာကြီး ဖြစ်မှာ သေချာတာပေါ့

မြသွေးနီ said...

တာဝန်မမဲ့အောင် ကြိုးစားနေဆဲ...
တာဝန်ယူနိုင်အောင် ကြိုးစားနေဆဲ...
သြော်...တာ...၀န်..
၂လုံးလေးမို့သာနော်...။