မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 April 2010

2 စုဘူး




ဘဝဆိုတာ စုဘူးလေး တစ်ခုနဲ့ တူတယ်။ အဲဒီထဲကို ရည်ရွယ်ချက်နဲ့ ထည့်ထားတာပဲ ပြန်ရတတ်တယ်။ ဒီစကားက နောက်တယ်လို့ ထင်ရပေမဲ့ သွေးထွက်အောင် မှန်တဲ့ စကားသာ ဖြစ်တယ်။ တချို့က ကံကောင်းပြီး ရွှေတွေ ငွေတွေ သူတို့ပဲ ရနေတယ် လို့ ထင်မိတတ်တယ်။ တကယ်တော့ လောကရဲ့ ဖလှယ်မှု သဘောတရား အရ ဒါဟာ မျှတပါတယ်။

စုဘူးထဲကို ကြေးပြားထည့်ပြီး ငွေဒင်္ဂါးထုတ်ယူချင်လို့ မရဘူး။ စုဘူးဆိုတာ သူ့ဖာသာ ထားရင် တိုးပွားမလာသလို လျော့ပါးလည်း မသွားဘူး။ စုဘူးထဲမှာ ရှိနေသမျှက ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အစစ်ပါ။ စုဘူးထဲမှာ ရှိနေတာတွေက ကိုယ်ရဲ့ ပိုင်ဆိုင်မှု အရေအတွက် စစ်စစ်ဖြစ်တယ်။ တစ်ကျပ် ထည့်ထားရင် တစ်ကျပ်ပဲ ရှိမယ်။ ဒီထက် မပိုလာသလို ဒီထက်လည်း မလျော့ပါးနိုင်ဘူး။

ဒီလိုပဲ။ ဘဝစုဘူးထဲကိုလည်း ဘာမှ မထည့်ထားရင် ကိုယ်လည်း ဘာမှ ရလာမှာ မဟုတ်ဘူး။ ဒီလို ဘာမှ မရလာမှု အတွက် ညည်းညူမနေပါနဲ့။ တကယ်တော့ စဉ်းစားကြည့်ရင် ရှင်းလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်ဘာပဲ လုပ်လုပ် နှလုံးသားစုဘူးလေးကို ဖွင့်ပြီး အလုပ်လုပ်ပါ။ ရသမျှကို နှလုံးသား နဲ့ ဦးနှောက်မှာ သိမ်းဆည်းပါ။ 

ဒီလို စုဘူးလေးထဲမှာ စုဆောင်းလာခဲ့ရင် ကိုယ် စိုက်ထုတ် စုဆောင်းမှု အတွက် ပြန်တွက်ကြည့်တဲ့ အခါမှာ ထိုက်တန်တဲ့ အဖိုးတန်အရာများ စုဘူးထဲမှာ စုဆောင်းမိနေတာကို တွေ့ရပါလိမ့်မယ်။ ဒီအထဲက ကိုယ်သုံးသင့် သုံးထိုက်တာကို ဘဝအတွက် အသုံးချပြီး ကျန်တာတွေကို ဘဝအတွက်ပဲ ဆက်လက် ထည့်ဝင် မြှုပ်နှံလိုက်ပါ။ ဒါဆို စူဘူးလေးက အမြဲ သစ်လွင်နေပါလိမ့်မယ်။


source; Money Box By Patience Strong
ကိုဇော် တင်ပြသည်။
24.4.2010 - 6.46 AM

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

မြသွေးနီ said...

စုဘူးလေးတွေ စုရတာဝါသနာပါတယ်။ ခုထိစုတုန်းဘဲ။
စုဘူးဆို တစ်ခါသုံး စုဘူးပဲကြိုက်တယ်။
စုဘူးလေးခွဲရတဲ့ အခါမျိုးတော့ စိတ်မကောင်း ဖြစ်မိရတာပေါ့။
ဒါနဲ့.. နောက် စုဘူးအသစ်လေးနဲ့ ဆက်ပြီးစုရတော့တာပေါ့နော်။

ရွှေနတ်သား said...

ပိုက်ဆံကတော့တစ်ခါမှမစုဘူးသေးဘူးကိုဇော်ေ၇...အဲဒီတော့ကိုယ်ကသူ့ ကိုမချစ်သလို
သူကလည်းကိုယ်ကိုမချစ်ဘူးဗျ..
အမြဲခပ်စိမ်းစိမ်းဘဲ...အဟီးး