မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2010

3 အတင်းအဖျင်းစကားဆိုတာ





တစ်ရံသောအခါက...

သတို့သားတစ်ယောက်ဟာ ဘုရားရှင်ရှေ့မှောက်သို့ ရောက်ရှိလာပြီး ဘုရားရှင်အား လျှောက်တင်လေသည်။

“ အရှင်ဘုရား တပည့်တော်သည် ပုဂ္ဂိုလ်တစ်ဦးအား မလိုတမာသော စိတ်ထားဖြင့် သူ၏ မကောင်းသတင်းများကို ပြောကြားခဲ့မိပါတယ်.။ ”

ထိုအခါမှာ ဘုရားရှင်က သေချာစွာ နားထောင်ပြီး .....

“ ထိုပုဂ္ဂိုလ်ကို ပြောထားခဲ့တာတွေက အမှန်တကယ်တွေလား။ လုပ်ကြံ ပြောဆိုတာတွေလား။ ”

ဟု သတို့သားကို မေးခဲ့လေသည်။ ထိုအခါ သတို့သားမှ...

“ မဟုတ်ပါ ဘုရား။ တပည့်တော် ထိုပုဂ္ဂိုလ်အား မလိုမုန်းထား၍ ပြောဆိုမိခြင်း သက်သက်ပါ။ ”

ဟု ပြန်လည် ဖြေကြားလေသော အခါ ဘုရားရှင်က...

“ ဒါဆိုရင်တော့ ထိုစကားတွေက အတင်းအဖျင်းစကားများ ဖြစ်သွားလေပြီ။ ထိုကဲသို့ စကားများကို အတင်းအဖျင်း စကားဟု ခေါ်ပေတယ်။ ”

ဟု ပြန်လည် မြွတ်ကြားလေးသည်..။ ထိုအခါ သတို့သားက....

“ ဒါဆိုရင်လည်း တပည့်တော် ထိုသူအား ပြောမိသော အတင်းအဖျင်းစကားများကို ပြန်လည် ပျောက်ပျက်အောင် အဘယ်ကဲ့သို ပြုလုပ်ရမည်ကို သင်ကြားပေးတော်မူပါ ဘုရား။ ”

ဟု လျှောက်ထားလေတော့သည်။ ထိုအခါ ဘုရားရှင်က...

“ ကောင်းပြီ။ အသင် သတို့သား။ သင်သညှ်ငှက်မွှေး ၊ ငှက်တောင်များကို အိတ်တစ်လုံးထဲသို့ ထည့်ပါ။ ထိုနောက် ဟိုးဘုံပြဿသ် အဆင့်အမြင့်ဆုံးမှ နေ၍ ထို ငှက်မွှေး ၊ ငှက်တောင်များကို အိတ်ထဲမှာ သွန်ချလိုက်ပါ။ ထိုနောက် အောက်သို့ဆင်း၍ သင်သွန်ချလိုက်သော ငှက်မွှေး ၊ ငှက်တောင်များကို တစ်ခု မကျန် ပြန်လည်၍ ကောက်ယူပါ။ ပြီးလျှင် အိတ်ထဲသို့ ပြန်လည်ထည့်၍ မူလအစ ငှက်မွှေး ၊ ငှက်တောင် အိတ်ကဲ့သို့ ဖြစ်အောင် ပြန်လည်၍ လုပ်ပါ။ ”

ဟု မြွတ်ကြားသော အခါ။ သတို့သားမှ....

“ ဒီလိုကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါ အရှင်ဘုရား။ ”

ထိုအခါ ဘုရားရှင်မှ...

“ အဘယ်အတွက်ကြောင့် များပါလိမ့်. . .အသင် သတို့သား။ ”

“ ငှက်မွှေး ၊ ငှက်တောင် ဆိုတာ အလွန်မှ ပေါ့ပါး ပျံနှံလွယ်ပါတယ် အရှင်ဘုရား။ သူတို့ကို ဘုံပြဿသ်ဆောင်မှ လွတ်ချလိုက်ရင် သူတို့ဟာ လေနဲ့အတူ နေရာတကာကို ရောက်ရှိသွားမှာပါ. . . အရှင်ဘုရား။

ထိုငှက်မွှေး ၊ ငှက်တောင်များဟာ အရပ်ရှစ်မျက်နှာသို့ လေ၏ အလိုရှိရာ အတိုင်း လွှင့်ပျံကုန်မှာပါ ဘုရား။ ထိုကဲ့သို့ ဘယ်နေရာ ဒေသသို့ ရောက်သွားမည် မသိသော ငှက်မွှေး ၊ ငှက်တောင်များကို အဘယ်ကဲ့သို့ တစ်ခု မကျန် ပြန်လည်၍ ရှာဖွေလို့ ရပါတော့မလဲ အရှင်ဘုရား။ ”


ထိုအခါ ဘုရားမှ နေ၍ အောက်ပါ အတိုင်း မြွတ်ကြားလေသည်။

“ မှန်ပေသည်.အသင်သတို့သား။ ငှက်မွှေး ၊ ငှက်တောင်တို့သည် ပေါ့ပါးပျံနှံ့ လွယ်ပြီး အဘယ်နေရာသို့ ရောက်မှန်း မသိသလို ၊ အတင်းအဖျင်းဆိုသော စကားများသည်လည်း ပေါ့ပါးပျံနှံ့ လွယ်သည်။ ပြောလိုက်သည်သာ လွယ်၏ အဘယ်နေရာသို့ ရောက်ပြီး ဘယ်နေရာသို့ ရောက်သွားမည်ဟူ၍ ဘယ်သူမှ သေချာ မပြောနိုင်။ ထိုအတူ ထိုစကားများကိုလည်း ငှက်မွှေး ၊ ငှက်တောင်များကဲ့သို့ ပြန်လည် သိမ်းဆည်းရ ခက်လေတော့သည်။ ”

ဟု ထို သတို့သားအား ဆုံးမဖူးလေသည်။

မှတ်ချက်။    ။ ငယ်ငယ်က ဖတ်ဖူးတာလေးပါ.။ ဘယ်စာအုပ် ၊ ဘယ်ကျမ်းဂန် ဆိုတာတော့ မမှတ်မိတော့ပါ။
ကိုဇော် ခံစားပုံဖော်သည်။




http://zaw357.multiply.com/journal/compose/800 မှာ 29.11.2009 က ရေးထားတာပါ။


.
Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

အနောနီးမတ် said...

ရေးသူ မမှတ်မိပေမဲ့ ဘာသာပြန်ဖြစ်ပြီးတော့ ဘုရားကျောင်း က သင်းအုပ်ဆရာကြီးဆီ အမျိုးသမီးကြီးက သူမရဲ့ အိမ်နီးချင်း အမျိုးသမီး မကောင်းကြောင်းတွေ လျှောက်ပြောလို့ ဆုံးမတဲ့ စာလေး ဆိုတာမှတ်မိပါတယ်။ ငှက်မွေးတွေကတော့ တူတူပါပဲ။

Unknown said...

ဟုတ်တယ်ဗျာ....ဘူးတစ်၇ာပိတ်လို့ ၇ပေမဲ့ 
ပါးစပ်တစ်ပေါက်ပိတ်လို့ မ၇နိင်ဘူးတဲ့ ...
အတင်းစကားဆိုတာကြောက်ဖို့ ကောင်းတယ်
နော်

Unknown said...

ကောင်းတယ်ကိုဇော်.. ဒို့ဘုရားရှင်ရဲ့ ဆုံးမစကားတွေ ဟာ တစ်ကယ်ကို ထိရောက်တန်ဖိုးရှိလွန်းလှတယ်.. ပြန်လည်ဝေမျှပေးတာ ကျေးဇူးပါ....