မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 April 2010

5 ၁၅.၄.၂၀၁၀ သို့ ရှုတ်ချခြင်း


ဟုတ်ပါပြီလေ ဒီလို လုပ်တော့ ဘာများ ရသွားကြလဲ ဗုံးဖောက်ခွဲသူများ။ ပီတိတွေများ ဖြာဝေနေကြလား။ အသံကျယ်ကြီးနဲ့ ဝရုန်းသုန်းကားဖြစ်ပြီး သေကြေ ၊ ပြတ်တောက် ၊ ဒဏ်ရာကိုယ်စီ နဲ့ ဖြစ်သွားတာကို တစိမ့်စိမ့် ကြည့်ပြီး ဗုံးထောင်သူ ၊ ဗုံးဖောက်ခွဲသူတို့ ကျေနပ် ပီတိဖြစ်နေကြလား။ အဲဒီအထဲမှာ ငါ့မိသားစုသာ ပါသွားရင်လို့ မတွေးမိဘူးလား။

ကျွန်တော်နဲ့ ပတ်သတ်သူများ ဘာမှ မဖြစ်သော်လည်း မမြင်မတွေ့ရပေမဲ့ ကျွန်တော် စိတ်မကောင်းနိုင်ပါ။ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရသူတွေ ဆိုရင် ပိုတောင်မှ စိတ်မကောင်း ဖြစ်ကြရပါလိမ့်မယ်။ ဒီလို လုပ်တဲ့သူတွေလည်း ကိုယ့်ရဲ့ လိပ်ပြာက ညတိုင်းခြောက်လှန့်နေပြီး တစ်သက်လုံး ကောင်းမွန်စွာ အိပ်ပျော်နိုင်လိမ့်မယ် မဟုတ်ပါ။

အခု ကျွန်တော့်အဖေကို ဖုန်းဆက် မေးကြည့်တော့ ၉ ဦးသေပြီး ဒဏ်ရာရသူ ၇၄ ဦး ရှိတယ် လို့ ပြောတယ်။ မြန်မာတွေမှာ ပျော်စရာ ရိုးရာ ပွဲတော် ဆိုလို့ ဒီသင်္ကြန်လေးပဲ ကျန်တော့တာပါ။ ဒါကို အခုလို ယုတ်မာရိုင်းစိုင်းသော အကြံအစည် နဲ့ လုပ်ရပ်ကတော့ သမိုင်းတွင်စေပါတယ်။ ကျွန်တော် သူများကို အလုံးစုံ ပျော်အောင်  မတတ်နိုင်သေးပါ။ သို့သော် သူများကို စိတ်ဆင်းရဲခြင်း ကြီးစွာ ဖြစ်အောင် မလုပ်မိစေဖို့တော့ တတ်နိုင်ပါတယ်။ အခုလည်း မလုပ် ၊ နောင်လည်း မလုပ်ပါ။

ဘောလုံးသမားတွေထဲမှာ တောင်မှ တစ်ယောက်ယောက် သေဆုံးခဲ့လျှင် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အနက်ရောင် လက်ပတ်များကို ဝတ်ဆင်ပြီး ကစားကြတယ်။ ဘောလုံးပွဲ မကစားခင်မှာလည်း တစ်မိနစ် ငြိမ်သက်စွာ နေပြီး ဝမ်းနည်းကြောင်းပြသကြတယ်။ 

ကျွန်တော် နေ့တိုင်း ပို့စ်အသစ် တစ်ပုဒ် ရအောင် ရေးခဲ့တဲ့ သူပါ။ သို့သော် အခုတော့ ကျွန်တော် ကိုယ်နဲ့ ဆွေမျိုးသားချင်း မတော်သော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေထဲက မြန်မာတွေ သေကြေ ထိခိုက်ရခြင်းကို စိတ်မကောင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ မနက်ဖြန် ကျွန်တော် ပို့စ် အသစ် မတင်သလို ၊ စီဘောက်မှာလည်း ဘာမှ ဝင်ရေးလိမ့်မည် မဟုတ်။ ထို့အတူပဲ ဘယ်သူ့နေရာမှာမှလည်း ဘာမှ ရေးလိမ့်မယ် မဟုတ်။ 

ဒါက ကျွန်တော့် ၁၅.၄.၂၀၁၀ ကြာသပတေးနေ့ကို မြန်မာ့ပျော်ပွဲရွှင်ပွဲ သင်္ကြန်မှာ ရုပ်ဆိုး အကျည်းတန်လှစွာသော ဗုံးဖောက်ခွဲမှုကို “ ရှုတ်ချသော အမှတ်အသား ” နဲ့ “ သေကြေ ဒဏ်ရာရသူတွေကို ဝမ်းနည်းခြင်း အထိမ်းအမှတ် ” အနေနဲ့ Blog Silent Day အဖြစ် ၁၆.၄.၂၀၁၀ ကို သတ်မှတ်ကာ ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း ပြသတာပဲ ဖြစ်တယ်။

ကျွန်တော်နဲ့ အတူတူ စာဖတ်သူများကိုလည်း ၁၅.၄.၂၀၁၀ နေ့ သင်္ကြန်ပွဲတော်ကို သမိုင်းတွင် အကျည်းတန်အောင် ယုတ်မာစွာ “ ဗုံးခွဲသူများကို ဝိုင်းဝန်း ရှုတ်ချကြပါ ” လို့ တောင်းဆို ချင်ပါတယ်။

Update သတင်းပါ။

ဒီနေ့ အကြတ်နေ့ နောက်ဆုံးထပ်မံရရှိသော သတင်းအရ ရန်ကုန်မြို့ ကန်တော်ကြီးတွင် ညနေ ၃း၀၀ ခန့်က မသမာသူအဖျက်သမားလူယုတ်မာများ၏ ဗုံးဖောက်ခွဲမှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၃)ဦး သေဆုံးပြီး အမျိုးသား (၅၉)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၇၅)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု MRTV - 4 နှင့် MRTV - 3 တွင် သတင်းကြောငြာထားသည်ကို သတင်းရရှိသည်။



အောက်မှ ပုံများကို ကိုညီလင်းဆက် ဘလော့မှာ တွေ့သော်လည်း သူက ကူးခွင့်မပြု၍ မကူးယူခဲ့ပါ။ ယခုပုံများကတော့ မေးလ်ထဲကို ရောက်လာတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။











































ကိုဇော်

.                

Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

yinminkhine said...

ကိုဇော်ရေ....သိတ်သနားဖို့ကောင်းတဲ့နှစ်ဦးပေါ့ဟာ

မဖြစ်သင့်ဖူး တော်တော်ဆိုးတယ်ခေတ်ပေါ့ဟာ

ကိုရီး{ကိုကြီး} said...

ပြည်သူလူထုကို ဒီလို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ သင်္ကြန်ဆိုတာ လူတိုင်း စိတ်မွန်းကြပ်မှုတွေကနေ ထွက်ပေါက် တစ်ခုအနေနဲ့ ပျော်ရွှင်ကြတဲ့ပွဲပါ။ အပြစ်မဲ့ လူတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာကတော့ လွန်စွာမှကို အကြည်းတန် လွန်းပါတယ်။

Anonymous said...

It was plotted by Nay Shwe Thwe Aung. Don't worry, police will never be able to find who did it, the same as the previous 5-bodies murder at the Inya street, which was also plotted by the same family.

Anonymous said...

အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။

ချစ်ကြည်အေး said...

တူတူပဲ တူတူပဲ မောင်လေးရေ....