မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 April 2010

5 ကိန္နရီ ၊ ကိန္နရာ အလွမ်း






တစ်ခါတလေတော့လည်း ကျွန်တော့်ဖာသာပဲ အတွေးများခေါင်တာလား မသိဘူးဗျာ။ လျှောက်တွေးမိတယ်။ အခုတော့ အတူတူ တွေးကြည့်ရအောင်။
               
ကျွန်တော် ငယ်ငယ်ကဖတ်ရတဲ့ စာအုပ်တွေမှာ ရေးကြတယ်။ လေပြင်း မုန်တိုင်းတိုက်လို့ တစ်ညတာ ဟိုဘက် ဒီဘက်ကမ်းလေးခြားပြီး ဝေးကြရတာကို “ ------ပေါင်း ၇၀၀ ” လွမ်းကြတယ် ဆိုတဲ့ ကိန္နရီ ၊ ကိန္နရာ ဇာတ်လမ်းလေးကိုလေ။ ဒီမှာ တချို့ ဆရာတွေက “ နှစ်ပေါင်း ၇၀၀ ” လို့ ရေးတယ်။ တချို့ဆရာတွေကျတော့ “ ရက်ပေါင်း ၇၀၀ ” လို့ ရေးကြတယ်။

ဘယ်ဟာ အမှန်လဲ ၊ ဘယ်ဟာ အမှားလည်းလို့တော့ ကျွန်တော့်မှာ ဆရာတွေကို ဝေဖန်နိုင်ဖို့ အင်အား မရှိပါ။ သို့သော် ဆရာတွေကတော့ သူတို့ သန်ရာ သန်ရာ ရေးကြပါတယ်။
               
ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ နှစ်နဲ့ချီပြီး တွေးနေခဲ့တာ တစ်ခု ရှိတယ်ဗျာ။ ဥပမာ -  စာဖတ်သူမှာ ချစ်သူရှိတယ်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ဝေးနေကြတယ် ဆိုပါစို့။ မတွေ့ရတာကို ဘယ်လိုများ ၊ ဘယ်လောက်များ လွမ်းလေလိမ့်မလဲ။
                
တကယ်တော့ဗျာ။ ချစ်သူတွေ မဆိုကြပါနဲ့။ ချစ်ခင်ကြသော သူငယ်ချင်းတွေတောင်မှ ဝေးနေရရင် နှစ်ပေါင်းများစွာ သတိရ ၊ လွမ်းတတ်ကြတာပဲလေ။ ၄ ၊ ၅ နှစ်ကြာအောင် မတွေ့ရတာတောင်မှ မေးမိတယ် ၊ ပြောမိတယ်. ဒီလို သူငယ်ချင်းတွေ အများကြီးပါ။ ပြန်တွေ့ကြပြန်တော့လည်း အရင်က အကြောင်းတွေ ပြောရင်း သတိရတတ် ၊ လွမ်းတတ်ကြတယ်လေ။ ဒါမျိုးနဲ့ ချစ်ခင်ရင်းနှီးမှု အရ  နှစ်ပေါင်းများစွာ သတိရ ၊ လွမ်းနေတတ်ပါတယ်။
                
တစ်နှစ်မှာ ၃၆၅ ရက် ၊ နှစ်နှစ်ဆိုရင် ရက်ပေါင်း ၇၃၀။
ဒါဆိုရင် ရာဇဝင်နဲ့ကို ချီပြီး လူတွေ ပြောပြောနေတဲ့ ကိန္နရီ ၊ ကိန္နရာ တွေရဲ့ အလွမ်းဟာ ရက်ပေါင်း ၇၀၀ ဆိုတာ ဖြစ်နိုင်ပါတော့မလား။ ရက်ပေါင်း နဲ့သာ ၇၀၀ ၊ နှစ်နဲ့ တွက်လိုက်ရင် နှစ်နှစ်တောင်မှ မရှိတော့ဘူးလေ။
               
တကယ်တော့ ကိန္နရီ ၊ ကိန္နရာ တွေ ဆိုတာ နှစ်ပေါင်း ထောင်ချီပြီး နေထိုင်နိုင်သူတွေပါ။ အဲဒီခေတ်တုန်းကပေါ့လေ။ အခုတော့ ကိန္နရီ ၊ ကိန္နရာ တွေရှိသေးလား ၊ မရှိတော့ဘူးလား ကျွန်တော်လည်း မသိတော့ဘူး။ ဒါဆိုရင် နှစ်ပေါင်း ထောင်ချီနေနိုင်သူတွေ အနေနဲ့ သူတို့ လွမ်းမယ် ဆိုရင် “ နှစ်ပေါင်း ၇၀၀ ” လို့ပဲ ကျွန်တော် ယူဆမိတယ်ဗျာ။
                
သူတို့ဟာ လက်ရှိ နှစ်ပေါင်း ၂၅၀ ကျော် ၊ ၃၀၀ လောက်မှ လေပြင်မုန်တိုင်းကြောင့် တစ်ညတာ ဟိုဘက် ဒီဘက်ကမ်း ဝေးသွားကြတာကို နောက်ထပ် သူတို့ နေထိုင်ခွင့်ကျန်နေခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လုံးလုံး လွမ်းသွားလို့ “ ကိန္နရီ ၊ ကိန္နရာ အလွမ်း ” ဆိုပြီး နာမည်ကြီးခဲ့တာပါ။               
                
အခုတော့ ကျွန်တော်က ကိန္နရီ ၊ ကိန္နရာ တို့လောက် သက်တမ်းမရှိလေတော့ ကျွန်တော်တို့မှာ သူတို့လောက် လွမ်းခွင့် မရှိပဲ ၊ ရှိသလောက်နဲ့ပဲ လွမ်းခွင့်ရှိ ကြတာပေါ့လေ...။
              
အကယ်၍...
                 
အကယ်၍ပေါ့လေ....

ကျွန်တော်သာ နှစ်ပေါင်း ထောင်ချီပြီး နေထိုင် ခွင့်ရှိနေပါစေ။ ကျွန်တော် ကိန္နရီ ၊ ကိန္နရာ တွေထက် ပိုပြီး လွမ်းပြမှာပါ။ အခုတော့ ရသလောက် အချိန်လေးနဲ့ပဲ အချိန်ရှိတိုင်း လွမ်းမိပါတယ်။ ( အဟဲ. . . လူရှိန်တာပေါ့။ )

ကိုဇော် ခံစားပုံဖော်သည်။


http://zaw357.multiply.com/journal/item/797 မှာ 28.11.2009 က ရေးထားတာပါ။
.
Share/Bookmark

5 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ရှေးဆရာ့ဆရာတွေက ချဲ့ကားပြီး ပြောလွန်းတာတွေကြောင့် ခုခေတ်မှာ ဘာသာရေးအယူအဆတွေ ငြင်းခုန်ကြတဲ့အခါ ကျွန်တော်တို့ဗုဒ္ဓဘာသာတွေမှာ အရယ်ခံရစရာဖြစ်နေတယ်ဗျာ။

မြသွေးနီ said...

မှန်မမှန်တော့မသိဘူး..။
တစ်စုံတစ်ယောက်ကို အသင်လွမ်းနေပုံရ၏။
:P

Unknown said...

ဖတ်ပြီးတော့ လွမ်းသွားပြီဗျာ...ကိုဇော်ကတောာ့အစဖော်ပြီ
ကိုဇော်ပြောထားသလို သူ့ အထွာနဲ့ သူတော့
လွမ်းကြတာဘဲလေဗျာ

Flower said...

အဟွတ်
အဟွတ်...
comment ရေးခါနီးမှ ချောင်းကလဲဆိုးလိုက်တာ..
လွမ်းရင်လဲကိုယ့်ဟာကိုယ် လွမ်းတာမဟုတ်ဘူး
မဆီမဆိုင် ကိန္ဒရီ ကိန္ဒရာ ဆွဲထည့်ပြန်ပြီ..
အလွမ်းမှော်ရုံတောမှာ ကူးခတ်ရင်း
လက်ပန်းကျနေတဲ့ သနားစရာ အလွမ်းသမားလေးပါလား
ခိခိ

Unknown said...

လွမ်းပါ လွမ်းပါ.. လွမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်.. ဟီဟိ...